Premier League

9 Feb နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– လာမယ့်ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ရက်ပိုင်းအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ဖွယ်ရှိနေတယ်လို့ သိရပြီး အသက် ၃၅ နှစ်အရွယ် စပိန်သားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှာ တွေ့ရဖို့ နီးစပ်နေ။


– လာမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းခေါင်းဆောင်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားကို အနားပေးသွားဖို့ ရှိနေကြောင်းနဲ့ သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေကို ထိန်းသိမ်းပြီး ဒဏ်ရာတွေ ရမလာစေဖို့ ချွေတာသွားဖို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား အရိပ်အမြွက်ဆို။


– အဲဗာတန်နဲ့ပွဲရဲ့ ပထမပိုင်းမှာကတည်းက ပေါင်နောက်ကြော ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဆက်လက်စွန့်စားကစားစေခြင်းမရှိခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ ပြန်လည်ကစားနိုင်ဖို့ မရှိသေးဘဲ ရက်သတ္တပတ်အနည်းငယ် အချိန်ယူကုသရဖို့ရှိနေ။


– တစ်နှစ်လုပ်ခ ပေါင် ၂၇ သန်း ရရှိနေတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လုပ်ခငွေကို လျှော့ချသွားဖို့ ဂျူဗင်တပ်စ်အသင်းက စီစဉ်နေတာကြောင့် ပေါ်တူဂီသားကို ပြန်လည်အလိုရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နွေရာသီမှာ ရရှိနိုင်ဖို့ ဆွေးနွေးသွားဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာ။


– လူမျိုးရေးခွဲခြားမှုတွေနဲ့ တိုက်ခိုက်ခံနေရပြီး အဲဗာတန်ကို နောက်ကျသရေဂိုးပေးခဲ့ရချိန်မှာ သားကောင်ဖြစ်ခဲ့ရတဲ့ အိတ်ဇယ်လ် တွမ်ဇီဘီ အနေနဲ့ ဒီဖြစ်ရပ်မှာ တာဝန်မရှိကြောင်းနဲ့ ဝါရင့်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားနဲ့ ဂိုးသမား ဒဟေးယားတို့ရဲ့ ပေါ့ဆမှုတွေကြောင့်သာ ဖြစ်ကြောင်း ရီယို ဖာဒီနန် ကာကွယ်ပြောကြား။


– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ပေါ်တူဂီမြေမှာ ကစားရမယ့် ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်ကို ဗြိတိန်ရဲ့ ခရီးသွားစည်းမျဉ်းတွေအရ အီတလီမြေ ရောမမှာ ကစားဖို့ ညှိနှိုင်းနေသလိုပဲ စပိန်မြေမှာ ကစားရမယ့် ရီးရဲလ် ဆိုစီဒက်နဲ့ အဝေးကွင်းပွဲစဉ်ကို တူရင်မြို့မှာ ကစားနိုင်ဖို့ ယူနိုက်တက်တို့ ညှိနှိုင်းနေ။


– မန်ချက်စတာယူနိုက်တက်ရဲ့ အာဂျင်တီးနားဂိုးသမား ဆာဂျီယို ရိုမဲရိုးအနေနဲ့ အသင်းအတွက် နောက်တစ်ကြိမ် ကစားခွင့်ရဖို့ထက် မိခင်မြေ အာဂျင်တီးနားကို ပြန်ပြီး သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ကုန်ဆုံးဖို့ စိတ်အားထက်သန်နေပြီး ရာသီကုန်မှာ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသင်းဘက်က အသုံးမပြုဖို့ မျှော်လင့်နေ။


– ချေပဂိုးပြန်လည်ရရှိဖို့ အင်တိုက်အားတိုက် ဖိကစားနေခဲ့တဲ့ အဲဗာတန်အသင်းကို နောက်ဆုံးမိနစ်မှာ ကိုယ့်ရဲ့ ဂိုးဧရိယာအနား မဆင်မခြင် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တဲ့ ညာနောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာဟာ ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားတို့ထက် ပိုမိုအပြစ်တင်သင့်တဲ့သူလို့ ရီယို ဖာဒီနန် ဝေဖန်သွားခဲ့။


– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ လာမယ့် ဝက်စ်ဟမ်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ရဲ့ လက်စွမ်းကို စောင့်ကြည့်ဖွယ်ရှိနေပြီး အမှားတွေ ကျူးလွန်နေတဲ့ ဒဟေးယားနေရာမှာ အစားထိုးဖို့ နည်းပြ ဆိုးလ်ရှားက စဉ်းစားနေသလို အင်္ဂလန်သားရဲ့ စိတ်ရှည်သည်းခံမှုကိုလည်း ချီးကျူးထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လာမယ့္ရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ကို ေခၚယူႏိုင္ဖို႔ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ရက္ပိုင္းအတြင္း အၿပီးသတ္ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနတယ္လို႔ သိရၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ စပိန္သားကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔အတူ အိုးလ္ထရက္ဖို႔ဒ္မွာ ေတြ႕ရဖို႔ နီးစပ္ေန။


– လာမယ့္ ဝက္စ္ဟမ္းအသင္းနဲ႔ ရင္ဆိုင္ရမယ့္ အက္ဖ္ေအဖလားပြဲစဥ္မွာ အသင္းေခါင္းေဆာင္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားကို အနားေပးသြားဖို႔ ရွိေနေၾကာင္းနဲ႔ သူ႔ရဲ႕ ႀကံ့ခိုင္မႈအေျခအေနကို ထိန္းသိမ္းၿပီး ဒဏ္ရာေတြ ရမလာေစဖို႔ ေခြၽတာသြားဖို႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွား အရိပ္အႁမြက္ဆို။


– အဲဗာတန္နဲ႔ပြဲရဲ႕ ပထမပိုင္းမွာကတည္းက ေပါင္ေနာက္ေၾကာ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ဆက္လက္စြန႔္စားကစားေစျခင္းမရွိခဲ့ေပမယ့္ လက္ရွိအေျခအေနမွာေတာ့ ျပန္လည္ကစားႏိုင္ဖို႔ မရွိေသးဘဲ ရက္သတၱပတ္အနည္းငယ္ အခ်ိန္ယူကုသရဖို႔ရွိေန။


– တစ္ႏွစ္လုပ္ခ ေပါင္ ၂၇ သန္း ရရွိေနတဲ့ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ လုပ္ခေငြကို ေလွ်ာ့ခ်သြားဖို႔ ဂ်ဴဗင္တပ္စ္အသင္းက စီစဥ္ေနတာေၾကာင့္ ေပၚတူဂီသားကို ျပန္လည္အလိုရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ေႏြရာသီမွာ ရရွိႏိုင္ဖို႔ ေဆြးေႏြးသြားဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚလာ။


– လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ တိုက္ခိုက္ခံေနရၿပီး အဲဗာတန္ကို ေနာက္က်သေရဂိုးေပးခဲ့ရခ်ိန္မွာ သားေကာင္ျဖစ္ခဲ့ရတဲ့ အိတ္ဇယ္လ္ တြမ္ဇီဘီ အေနနဲ႔ ဒီျဖစ္ရပ္မွာ တာဝန္မရွိေၾကာင္းနဲ႔ ဝါရင့္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားနဲ႔ ဂိုးသမား ဒေဟးယားတို႔ရဲ႕ ေပါ့ဆမႈေတြေၾကာင့္သာ ျဖစ္ေၾကာင္း ရီယို ဖာဒီနန္ ကာကြယ္ေျပာၾကား။


– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေပၚတူဂီေျမမွာ ကစားရမယ့္ ယူ႐ိုပါလိဂ္အေဝးကြင္းပြဲစဥ္ကို ၿဗိတိန္ရဲ႕ ခရီးသြားစည္းမ်ဥ္းေတြအရ အီတလီေျမ ေရာမမွာ ကစားဖို႔ ညႇိႏႈိင္းေနသလိုပဲ စပိန္ေျမမွာ ကစားရမယ့္ ရီးရဲလ္ ဆိုစီဒက္နဲ႔ အေဝးကြင္းပြဲစဥ္ကို တူရင္ၿမိဳ႕မွာ ကစားႏိုင္ဖို႔ ယူႏိုက္တက္တို႔ ညႇိႏႈိင္းေန။


– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အာဂ်င္တီးနားဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးအေနနဲ႔ အသင္းအတြက္ ေနာက္တစ္ႀကိမ္ ကစားခြင့္ရဖို႔ထက္ မိခင္ေျမ အာဂ်င္တီးနားကို ျပန္ၿပီး သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ေတြကို ကုန္ဆုံးဖို႔ စိတ္အားထက္သန္ေနၿပီး ရာသီကုန္မွာ တစ္ႏွစ္သက္တမ္းတိုးခြင့္ကို အသင္းဘက္က အသုံးမျပဳဖို႔ ေမွ်ာ္လင့္ေန။


– ေခ်ပဂိုးျပန္လည္ရရွိဖို႔ အင္တိုက္အားတိုက္ ဖိကစားေနခဲ့တဲ့ အဲဗာတန္အသင္းကို ေနာက္ဆုံးမိနစ္မွာ ကိုယ့္ရဲ႕ ဂိုးဧရိယာအနား မဆင္မျခင္ ျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ့တဲ့ ညာေနာက္ခံလူ အာ႐ြန္ ဝန္ဘစ္ဆာကာဟာ ဂိုးသမား ေဒးဗစ္ ဒေဟးယားနဲ႔ ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားတို႔ထက္ ပိုမိုအျပစ္တင္သင့္တဲ့သူလို႔ ရီယို ဖာဒီနန္ ေဝဖန္သြားခဲ့။


– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ လာမယ့္ ဝက္စ္ဟမ္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ရဲ႕ လက္စြမ္းကို ေစာင့္ၾကည့္ဖြယ္ရွိေနၿပီး အမွားေတြ က်ဴးလြန္ေနတဲ့ ဒေဟးယားေနရာမွာ အစားထိုးဖို႔ နည္းျပ ဆိုးလ္ရွားက စဥ္းစားေနသလို အဂၤလန္သားရဲ႕ စိတ္ရွည္သည္းခံမႈကိုလည္း ခ်ီးက်ဴးထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.