Premier League

9 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု


– အက်စ်တန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ သောမတ်စ် ပါတေးအနေနဲ့ ဆိုးရွားတဲ့ ထိခိုက်မှုမျိုး မဟုတ်တာကြောင့် လာမယ့် တနင်္ဂနွေနေ့ညမှာ ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ဖို့ အခြေအနေကောင်းနေ။


– အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ဝက်စ်ဘရွန်းအသင်းဆီ အငှားချခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သူတို့အနေနဲ့ ဘယ်နောက်ခံလူသစ်တစ်ဦးကို လာမယ့် နွေရာသီမှာ မဖြစ်မနေ ခေါ်ယူသွားဖို့ ရည်ရွယ်ထားတာကြောင့် ဖြစ်တယ်လို့ အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်း ပြောကြား။


– ဝီလီယန်ဟာ ပြီးခဲ့တဲ့ပွဲမှာ အက်စတန်ဗီလာအသင်းဘက်က အကောင်းဆုံးကစားပေးခဲ့တဲ့ ကစားသမားဖြစ်ခဲ့တယ်လို့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တိုနီ ကက်စ်ကာရီနိုက သရော်လှောင်ပြောင်လိုက်ပြီး သူနဲ့ အူဘာမီယန်းဟာ ဆာကာနဲ့ စမစ်ရိုးတို့ကို လိုက်မမီနိုင်သေးကြောင်း ဝေဖန်။


– ချဲလ်ဆီးနဲ့ ပြင်သစ်နောက်ခံလူဟောင်း ဖရန့်ခ် လူးဘတ်ဖ်က သူ့အနေနဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ နည်းစနစ်တွေကို နားမလည်နိုင်ကြောင်းနဲ့ တစ်ဂိုးရှုံးနေချိန်မှာ လာကာဇက်လို အထောင်တိုက်စစ်မှူးကို နှစ်ပွဲဆက်တိုက် လူစားလဲသွားခဲ့တာတွေကို ထောက်ပြသွားခဲ့။


– ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကို ခေါက်ထားခဲ့ပြီး ဝီလီယန်ကိုသာ အခွင့်အရေး ပေးနေတာအတွက် နည်းပြ အာတီတာကို ပရိသတ်တွေ စိတ်ပျက်နေကြပြီး ဒီနှစ်ယောက်ကြားက လုပ်ပြနိုင်တဲ့ အစွမ်းအစကို မသိတာက ပွဲရှုံးရတာထက် စိတ်ပျက်ရတယ်လို့ ဆိုနေကြ။


– သူ့ကို နှစ်ပွဲနဲ့ ၄၅ မိနစ်အတွင်း အဆင်သင့်မဖြစ်သေးဘူးလို့ ဆုံးဖြတ်သွားခဲ့တဲ့ အာတီတာရဲ့ အာဆင်နယ်အသင်းမှာ ကစားဖို့ထက် ပျော်ပျော်ရွှင်ရွှင် ကစားနိုင်မယ့် အခွင့်အရေးကို ပေးအပ်ခဲ့တဲ့ ပြင်သစ်ကလပ် နိစ်အတွက်ပဲ ပိုကစားပေးလိုကြောင်း နောက်ခံလူ ဝီလီယမ် ဆာလီဘာက အင်တာဗျူးတစ်ခုမှာ ဖြေကြား။


– နီကိုလာ ပေပေ၊ ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့ သောမတ်စ် ပါတေးတို့ကို ခေါ်ယူခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ၂၀၁၆ နွေရာသီကစလို့ အပြောင်းအရွှေ့ အသုံးစရိတ်မှာ ပေါင် ၂၆၂ သန်း အရှုံးပေါ်ခဲ့တယ်လို့ သိရပြီး ၅၅၄ သန်း အရှုံးပြထားခဲ့တဲ့ မန်စီးတီးကတော့ သူတို့ထက် နှစ်ဆကျော်နဲ့ အများဆုံးဖြစ်နေ။


– ပေါ်တူဂီနိုင်ငံရဲ့ ကိုဗစ်ဖြစ်ပွားမှုနဲ့ ရောဂါကူးစက်မှုကို အနီရောင်အဆင့် သတ်မှတ်ခံထားခဲ့ရမှုကြောင့် ဘင်ဖီကာအသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်ကို သွားရောက်ကစားပြီး တစ်သင်းလုံး ကွာရန်တင်း ၁၀ ရက် ဝင်ရမယ့် ပြဿနာရှိနေတာကြောင့် အီတလီမြေက ရိုးမားနဲ့ လာဇီယိုတို့ရဲ့ အိုလံပီကိုကွင်းမှာ ကစားနိုင်ဖို့ အာဆင်နယ်တို့ ညှိနှိုင်းနေ။


– အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေပေမယ့်လည်း အကောင်းဆုံးပုံစံနဲ့ ပြန်လည်နိုးထလာပြီး ဥရောပဝင်ခွင့်တစ်နေရာကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း အငှားနဲ့ လာရောက်ကစားနေပြီး လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမား မတ် ရိုင်ယန်က ပြောကြားခဲ့သလို ရာသီကုန်အထိ အချိန်တွေ အများကြီး ကျန်သေးကြောင်း အားပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက္စ္တန္ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ ေသာမတ္စ္ ပါေတးအေနနဲ႔ ဆိုး႐ြားတဲ့ ထိခိုက္မႈမ်ိဳး မဟုတ္တာေၾကာင့္ လာမယ့္ တနဂၤေႏြေန႔ညမွာ ကစားမယ့္ လိဒ္စ္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္မွာ ျပန္လည္ပါဝင္လာႏိုင္ဖို႔ အေျခအေနေကာင္းေန။


– အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ဝက္စ္ဘ႐ြန္းအသင္းဆီ အငွားခ်ခဲ့တဲ့ ဆုံးျဖတ္ခ်က္ဟာ သူတို႔အေနနဲ႔ ဘယ္ေနာက္ခံလူသစ္တစ္ဦးကို လာမယ့္ ေႏြရာသီမွာ မျဖစ္မေန ေခၚယူသြားဖို႔ ရည္႐ြယ္ထားတာေၾကာင့္ ျဖစ္တယ္လို႔ အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္း ေျပာၾကား။


– ဝီလီယန္ဟာ ၿပီးခဲ့တဲ့ပြဲမွာ အက္စတန္ဗီလာအသင္းဘက္က အေကာင္းဆုံးကစားေပးခဲ့တဲ့ ကစားသမားျဖစ္ခဲ့တယ္လို႔ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း တိုနီ ကက္စ္ကာရီႏိုက သေရာ္ေလွာင္ေျပာင္လိုက္ၿပီး သူနဲ႔ အူဘာမီယန္းဟာ ဆာကာနဲ႔ စမစ္႐ိုးတို႔ကို လိုက္မမီႏိုင္ေသးေၾကာင္း ေဝဖန္။


– ခ်ဲလ္ဆီးနဲ႔ ျပင္သစ္ေနာက္ခံလူေဟာင္း ဖရန႔္ခ္ လူးဘတ္ဖ္က သူ႔အေနနဲ႔ အာဆင္နယ္နည္းျပ အာတီတာရဲ႕ နည္းစနစ္ေတြကို နားမလည္ႏိုင္ေၾကာင္းနဲ႔ တစ္ဂိုးရႈံးေနခ်ိန္မွာ လာကာဇက္လို အေထာင္တိုက္စစ္မႉးကို ႏွစ္ပြဲဆက္တိုက္ လူစားလဲသြားခဲ့တာေတြကို ေထာက္ျပသြားခဲ့။


– ၿပီးခဲ့တဲ့ ရာသီက ေျခစြမ္းျပခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီကို ေခါက္ထားခဲ့ၿပီး ဝီလီယန္ကိုသာ အခြင့္အေရး ေပးေနတာအတြက္ နည္းျပ အာတီတာကို ပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး ဒီႏွစ္ေယာက္ၾကားက လုပ္ျပႏိုင္တဲ့ အစြမ္းအစကို မသိတာက ပြဲရႈံးရတာထက္ စိတ္ပ်က္ရတယ္လို႔ ဆိုေနၾက။


– သူ႔ကို ႏွစ္ပြဲနဲ႔ ၄၅ မိနစ္အတြင္း အဆင္သင့္မျဖစ္ေသးဘူးလို႔ ဆုံးျဖတ္သြားခဲ့တဲ့ အာတီတာရဲ႕ အာဆင္နယ္အသင္းမွာ ကစားဖို႔ထက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ကစားႏိုင္မယ့္ အခြင့္အေရးကို ေပးအပ္ခဲ့တဲ့ ျပင္သစ္ကလပ္ နိစ္အတြက္ပဲ ပိုကစားေပးလိုေၾကာင္း ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာက အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကား။


– နီကိုလာ ေပေပ၊ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔ ေသာမတ္စ္ ပါေတးတို႔ကို ေခၚယူခဲ့တာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ၂၀၁၆ ေႏြရာသီကစလို႔ အေျပာင္းအေ႐ႊ႕ အသုံးစရိတ္မွာ ေပါင္ ၂၆၂ သန္း အရႈံးေပၚခဲ့တယ္လို႔ သိရၿပီး ၅၅၄ သန္း အရႈံးျပထားခဲ့တဲ့ မန္စီးတီးကေတာ့ သူတို႔ထက္ ႏွစ္ဆေက်ာ္နဲ႔ အမ်ားဆုံးျဖစ္ေန။


– ေပၚတူဂီႏိုင္ငံရဲ႕ ကိုဗစ္ျဖစ္ပြားမႈနဲ႔ ေရာဂါကူးစက္မႈကို အနီေရာင္အဆင့္ သတ္မွတ္ခံထားခဲ့ရမႈေၾကာင့္ ဘင္ဖီကာအသင္းနဲ႔ ယူ႐ိုပါလိဂ္ ပြဲစဥ္ကို သြားေရာက္ကစားၿပီး တစ္သင္းလုံး ကြာရန္တင္း ၁၀ ရက္ ဝင္ရမယ့္ ျပႆနာရွိေနတာေၾကာင့္ အီတလီေျမက ႐ိုးမားနဲ႔ လာဇီယိုတို႔ရဲ႕ အိုလံပီကိုကြင္းမွာ ကစားႏိုင္ဖို႔ အာဆင္နယ္တို႔ ညႇိႏႈိင္းေန။


– အသင္းရဲ႕ ရလဒ္ေတြ ဆိုး႐ြားေနေပမယ့္လည္း အေကာင္းဆုံးပုံစံနဲ႔ ျပန္လည္ႏိုးထလာၿပီး ဥေရာပဝင္ခြင့္တစ္ေနရာကို ရယူႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း အငွားနဲ႔ လာေရာက္ကစားေနၿပီး လက္စြမ္းျပႏိုင္ခဲ့တဲ့ ဂိုးသမား မတ္ ႐ိုင္ယန္က ေျပာၾကားခဲ့သလို ရာသီကုန္အထိ အခ်ိန္ေတြ အမ်ားႀကီး က်န္ေသးေၾကာင္း အားေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.