Premier League Transfer News

9 Feb နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု


– ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းရရှိတဲ့ နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ ဒဏ်ရာအနည်းငယ်ရှိနေပြီး သူ့ကို လူစားလဲဖို့ နည်းပြ သောမတ်စ် တူဟယ်လ်ဆီ တောင်းဆိုခဲ့ရကြောင်း ဝန်ခံသွား။

– ချဲလ်ဆီးအသင်းရဲ့ လက်ရှိလူစာရင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ ပြည့်စုံလုံလောက်တယ်လို့ မထင်မိသေးကြောင်းနဲ့ သူတို့ အနေနဲ့ ကမ္ဘာ့အဆင့် နံပါတ် ၉ တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူနိုင်မှ ဒီဆုဖလားအတွက် ထည့်သွင်းစဉ်းစားနိုင်မယ်လို့ မိုက်ကယ် အိုဝင် သုံးသပ်။

– နည်းပြသစ် သောမတ်စ် တူဟယ်လ် တောင်းဆိုထားခဲ့တဲ့ နွေရာသီ အင်အားဖြည့်တင်းမှုတွေကို အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်နဲ့ အပြောင်းအရွှေ့ဘက်က အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာတို့ လိုက်လျောပေးခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ နောက်ခံလူ ဘိုတန်း၊ တောင်ပံကစားသမား ဆန်ချိုနဲ့ တိုက်စစ်မှူး ဟားလန်းတို့ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ မြင်ရမယ်လို့ Football London ရေးသား။

– ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားပြီး ချဲလ်ဆီးပရိသတ်တွေကြားမှာ အချစ်နဲ့ အမုန်း နှစ်ခြမ်းကွဲစေခဲ့တဲ့ တောင်ပံကစားသမား အီဒင် ဟာဇတ်က သူ့ရဲ့ လူငယ်ကစားသမားဘဝမှာ အွန်နရီ၊ ပီရက်စ်၊ ဗီယာရာ၊ ဝီးလ်တော့ဒ်တို့ရဲ့ အာဆင်နယ်အသင်းကို အားပေးပြီး ကြီးပြင်းလာခဲ့ကြောင်း ဝန်ခံသွား။

– ဘန်စလေအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်ကို ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကို စွန့်စားသုံးစွဲဦးမှာ မဟုတ်ကြောင်း သိရပြီး လာမယ့်နှစ်ပွဲလောက်ကို လွဲချော်နိုင်ချိန်မှာ သူ့ရဲ့နေရာကိုတော့ ဒိန်းမတ်နောက်ခံလူ အန်ဒရီးယက်စ် ခရစ္စတင်ဆန်နဲ့ပဲ ဖြည့်ဆည်းသွားဖို့ရှိနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းကနေ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာပြီး ကစားနေခဲ့တဲ့ ဘရာဇီးလ်သားကြီးကို နောက်ထပ် တစ်ရာသီ သက်တမ်းတိုးသွားဖို့ စီစဉ်နေပြီး လက်ရှိခြေစွမ်းအရ ပရိသတ်တွေနဲ့ လူငယ်ကစားသမားတွေရဲ့ အချစ်တော်ဖြစ်နေတဲ့သူကို သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှာ အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ဟာ ဆုံချက်ကစားသမားဖြစ်နေခြင်းက တိုက်စစ်မှူး တီမို ဗာနာရဲ့ သွင်းဂိုးတွေကို ထိခိုက်စေတဲ့ အကြောင်းတစ်ရပ်ဖြစ်တယ်လို့ စကိုင်းစပို့စ်ရဲ့ ပေါလ် မာဆန် သုံးသပ်သွားခဲ့။

– လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူဖို့ အမှန်တကယ် အလိုရှိနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ သူ့ရဲ့ တောင်းဆိုတဲ့ လစာငွေကို လျှော့ချပေးဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ခေါ်ယူရဖွယ်ရှိနေ။

– အသင်းရဲ့ ခံစစ်ပိုင်းမှာ အန်တိုနီယို ရူဒီဂါရော ကတ်ဇူးမားကပါ ယုံကြည်စိတ်ချရတဲ့သူတစ်ယောက် မဖြစ်နိုင်ချိန်မှာ သီယာဂို ဆေးလ်ဗားနဲ့ တွဲဖက်ကစားဖို့အတွက် လာမယ့်ရာသီမှာ RB လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ အီဘရာဟီမာ ကိုနာတေကို ခေါ်ယူဖို့ ချဲလ်ဆီးတို့ စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းရရွိတဲ့ ႏွစ္ဂိုးစလုံးကို ဖန္တီးေပးခဲ့တဲ့ တိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ ဒဏ္ရာအနည္းငယ္ရွိေနၿပီး သူ႔ကို လူစားလဲဖို႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္ဆီ ေတာင္းဆိုခဲ့ရေၾကာင္း ဝန္ခံသြား။

– ခ်ဲလ္ဆီးအသင္းရဲ႕ လက္ရွိလူစာရင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူဖို႔ ျပည့္စုံလုံေလာက္တယ္လို႔ မထင္မိေသးေၾကာင္းနဲ႔ သူတို႔ အေနနဲ႔ ကမာၻ႔အဆင့္ နံပါတ္ ၉ တိုက္စစ္မႉးတစ္ဦးကို ထပ္မံေခၚယူႏိုင္မွ ဒီဆုဖလားအတြက္ ထည့္သြင္းစဥ္းစားႏိုင္မယ္လို႔ မိုက္ကယ္ အိုဝင္ သုံးသပ္။

– နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္ ေတာင္းဆိုထားခဲ့တဲ့ ေႏြရာသီ အင္အားျဖည့္တင္းမႈေတြကို အသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္နဲ႔ အေျပာင္းအေ႐ႊ႕ဘက္က အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာတို႔ လိုက္ေလ်ာေပးခဲ့မယ္ဆိုရင္ လာမယ့္ရာသီမွာ ေနာက္ခံလူ ဘိုတန္း၊ ေတာင္ပံကစားသမား ဆန္ခ်ိဳနဲ႔ တိုက္စစ္မႉး ဟားလန္းတို႔ကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ျမင္ရမယ္လို႔ Football London ေရးသား။

– ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕သြားၿပီး ခ်ဲလ္ဆီးပရိသတ္ေတြၾကားမွာ အခ်စ္နဲ႔ အမုန္း ႏွစ္ျခမ္းကြဲေစခဲ့တဲ့ ေတာင္ပံကစားသမား အီဒင္ ဟာဇတ္က သူ႔ရဲ႕ လူငယ္ကစားသမားဘဝမွာ အြန္နရီ၊ ပီရက္စ္၊ ဗီယာရာ၊ ဝီးလ္ေတာ့ဒ္တို႔ရဲ႕ အာဆင္နယ္အသင္းကို အားေပးၿပီး ႀကီးျပင္းလာခဲ့ေၾကာင္း ဝန္ခံသြား။

– ဘန္စေလအသင္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္ကို ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို စြန႔္စားသုံးစြဲဦးမွာ မဟုတ္ေၾကာင္း သိရၿပီး လာမယ့္ႏွစ္ပြဲေလာက္ကို လြဲေခ်ာ္ႏိုင္ခ်ိန္မွာ သူ႔ရဲ႕ေနရာကိုေတာ့ ဒိန္းမတ္ေနာက္ခံလူ အန္ဒရီးယက္စ္ ခရစၥတင္ဆန္နဲ႔ပဲ ျဖည့္ဆည္းသြားဖို႔ရွိေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ပီအက္စ္ဂ်ီအသင္းကေန တစ္ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕လာၿပီး ကစားေနခဲ့တဲ့ ဘရာဇီးလ္သားႀကီးကို ေနာက္ထပ္ တစ္ရာသီ သက္တမ္းတိုးသြားဖို႔ စီစဥ္ေနၿပီး လက္ရွိေျခစြမ္းအရ ပရိသတ္ေတြနဲ႔ လူငယ္ကစားသမားေတြရဲ႕ အခ်စ္ေတာ္ျဖစ္ေနတဲ့သူကို သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈေတြ ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မွာ အဂၤလန္ကြင္းလယ္လူ ေမဆန္ေမာင့္ဟာ ဆုံခ်က္ကစားသမားျဖစ္ေနျခင္းက တိုက္စစ္မႉး တီမို ဗာနာရဲ႕ သြင္းဂိုးေတြကို ထိခိုက္ေစတဲ့ အေၾကာင္းတစ္ရပ္ျဖစ္တယ္လို႔ စကိုင္းစပို႔စ္ရဲ႕ ေပါလ္ မာဆန္ သုံးသပ္သြားခဲ့။

– လာမယ့္ေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူဖို႔ အမွန္တကယ္ အလိုရွိေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူ႔ရဲ႕ ေတာင္းဆိုတဲ့ လစာေငြကို ေလွ်ာ့ခ်ေပးဖို႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနၿပီး လီဗာပူးလ္၊ မန္စီးတီးတို႔နဲ႔ ယွဥ္ၿပိဳင္ေခၚယူရဖြယ္ရွိေန။

– အသင္းရဲ႕ ခံစစ္ပိုင္းမွာ အန္တိုနီယို ႐ူဒီဂါေရာ ကတ္ဇူးမားကပါ ယုံၾကည္စိတ္ခ်ရတဲ့သူတစ္ေယာက္ မျဖစ္ႏိုင္ခ်ိန္မွာ သီယာဂို ေဆးလ္ဗားနဲ႔ တြဲဖက္ကစားဖို႔အတြက္ လာမယ့္ရာသီမွာ RB လိုက္ပ္ဇစ္အသင္းရဲ႕ ျပင္သစ္ေနာက္ခံလူ အီဘရာဟီမာ ကိုနာေတကို ေခၚယူဖို႔ ခ်ဲလ္ဆီးတို႔ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.