Premier League

အင္တာမီလန္နဲ႔ သတင္းေတြကို အဆုံးသတ္ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ သက္တမ္းတုိးလိုက္တဲ့ တာဟစ္ခ်ဳံး

မန္ခ်က္စတာယူႏုိက္တက္အသင္းကေန ေႏြရာသီမွာ ထြက္ခြာေတာ့မယ္လို႔ သတင္းထြက္ေနခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား တာဟစ္ခ်ဳံးအေနနဲ႔ သူ႕ရဲ႕ ေကာလဟာလေတြကို အဆုံးသတ္ၿပီး အသင္းနဲ႔ ႏွစ္ႏွစ္သက္တမ္းတုိးစာခ်ဳပ္ကို ၂၀၂၂ ခုႏွစ္ ေႏြရာသီအထိ ခ်ဳပ္ဆုိသြားခဲ့ေၾကာင္း သိရပါတယ္။

ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးေတာ့မွာျဖစ္ခဲ့တဲ့ တာဟစ္ခ်ဳံးဟာ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ဖို႔ ေဆြးေႏြးခဲ့သူလည္းျဖစ္ၿပီး လစာေငြနဲ႔ လက္မွတ္ထိုးေၾကးတုိ႔ကို သူ႕ရဲ႕ေအးဂ်င့္နဲ႔ အီတလီကလပ္ဘက္က တာဝန္ရွိသူေတြၾကား ညႇိႏွဳိင္းမွဳမွာ ေအာင္ျမင္မွဳမရဘဲ ပ်က္ျပယ္ထားခဲ့တာလည္း ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီအလာအလာေကာင္းေတြရွိတဲ့ နယ္သာလန္လူငယ္လက္ေရြးစင္ကစားသမားကို အင္တာမီလန္အသင္းဆီ သူေတာင္းဆုိခဲ့တဲ့ ပမာဏပဲျဖစ္တဲ့ တစ္ပတ္လုပ္ခ ေပါင္သုံးေသာင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးခဲ့တာလည္းျဖစ္တယ္လို႔ ထုတ္ျပန္ေၾကျငာမွဳအရ သိရပါတယ္။

အသက္ ၂၀ အရြယ္ ေတာင္ပံကစားသမားဟာ ယူႏုိက္တက္ပရိသတ္ေတြနဲ႔ ေစာင့္ၾကည့္ေလ့လာသူေတြၾကားမွာ သူ႕ရဲ႕ ဆန္းျပားတဲ့ ဆံပင္ပုံစံေၾကာင့္ လူသိမ်ားသူျဖစ္ေပမယ့္ အလိမ္အေခါက္နဲ႔ ကၽြမ္းက်င္မွဳျပသတာေတြ လိုတာထက္ ပုိေနတဲ့ ကစားဟန္ကိုေတာ့ ထိေရာက္တဲ့ဘက္ကို ေရာက္ေအာင္ ျပဳျပင္ရဦးမယ္လုိ႔လည္း သုံးသပ္ရပါတယ္။

တာဟစ္ခ်ဳံးနဲ႔အတူ စာခ်ဳပ္သစ္လက္မွတ္ေရးထုိးမွဳမွာ အတူရွိေနခဲ့တဲ့ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားကေတာ့ ဒီလူငယ္ဟာ တစ္ေန႔ထက္တစ္ေန႔ တုိးတက္ေနသူျဖစ္ၿပီး အရည္အေသြးေကာင္းေတြရွိတဲ့ ကစားသမားတစ္ဦးအေနနဲ႔ အသင္းမွာ ဆက္ရွိဖို႔ ဆုံးျဖတ္ခဲ့တာကိုလည္း ႀကဳိဆုိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကနေ နွေရာသီမှာ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေခဲ့တဲ့ လူငယ်တောင်ပံကစားသမား တာဟစ်ချုံးအနေနဲ့ သူ့ရဲ့ ကောလဟာလတွေကို အဆုံးသတ်ပြီး အသင်းနဲ့ နှစ်နှစ်သက်တမ်းတိုးစာချုပ်ကို ၂၀၂၂ ခုနှစ် နွေရာသီအထိ ချုပ်ဆိုသွားခဲ့ကြောင်း သိရပါတယ်။

နွေရာသီမှာ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ခဲ့တဲ့ တာဟစ်ချုံးဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့သူလည်းဖြစ်ပြီး လစာငွေနဲ့ လက်မှတ်ထိုးကြေးတို့ကို သူ့ရဲ့အေးဂျင့်နဲ့ အီတလီကလပ်ဘက်က တာဝန်ရှိသူတွေကြား ညှိနှိုင်းမှုမှာ အောင်မြင်မှုမရဘဲ ပျက်ပြယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီအလာအလာကောင်းတွေရှိတဲ့ နယ်သာလန်လူငယ်လက်ရွေးစင်ကစားသမားကို အင်တာမီလန်အသင်းဆီ သူတောင်းဆိုခဲ့တဲ့ ပမာဏပဲဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသောင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာလည်းဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာမှုအရ သိရပါတယ်။

အသက် ၂၀ အရွယ် တောင်ပံကစားသမားဟာ ယူနိုက်တက်ပရိသတ်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေကြားမှာ သူ့ရဲ့ ဆန်းပြားတဲ့ ဆံပင်ပုံစံကြောင့် လူသိများသူဖြစ်ပေမယ့် အလိမ်အခေါက်နဲ့ ကျွမ်းကျင်မှုပြသတာတွေ လိုတာထက် ပိုနေတဲ့ ကစားဟန်ကိုတော့ ထိရောက်တဲ့ဘက်ကို ရောက်အောင် ပြုပြင်ရဦးမယ်လို့လည်း သုံးသပ်ရပါတယ်။

တာဟစ်ချုံးနဲ့အတူ စာချုပ်သစ်လက်မှတ်ရေးထိုးမှုမှာ အတူရှိနေခဲ့တဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ ဒီလူငယ်ဟာ တစ်နေ့ထက်တစ်နေ့ တိုးတက်နေသူဖြစ်ပြီး အရည်အသွေးကောင်းတွေရှိတဲ့ ကစားသမားတစ်ဦးအနေနဲ့ အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း ကြိုဆိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.