Premier League

ဒီပုံစံနဲ႔ဆုိ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေမ့လုိက္ေတာ့လုိ႔ ေျပာတဲ့ အန္ဆယ္ေလာ့တီ

ခ်ဲလ္ဆီးအသင္းကို အေဝးကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အရွက္တကြဲ ရွဳံးနိမ့္သြားခဲ့တဲ့ အဲဗာတန္အသင္းနည္းျပ ကာလို အန္ဆယ္ေလာ့တီက ဒီလိုမ်ဳိး စြမ္းေဆာင္ရည္နဲ႔ဆုိရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေစာေစာစီးစီး ေမ့ထားလုိက္တာ ေကာင္းလိမ့္မယ္လို႔ ပြဲအၿပီးမွာ မေပ်ာ္ရႊင္တဲ့ ပုံစံကို ျပသရင္း ေျပာၾကားလိုက္ပါတယ္။

ဒီပြဲစဥ္ရဲ႕ ထူးျခားခ်က္ကေတာ့ ခ်ဲလ္ဆီးအသင္းမွာ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးမွ မပါဘဲ ပြဲထြက္လာခဲ့တာျဖစ္ၿပီး ေရာ့စ္ ဘာကလီလို တုိက္စစ္သန္တဲ့ Box to Box ကစားသမား၊ လူငယ္ကြင္းလယ္လူ ဂီးလ္မုိးလို Deep-lying Playmaker နဲ႔ ေမဆန္ေမာင့္လို ကြင္းလယ္တုိက္စစ္နဲ႔ ေတာင္ပံသမားေတြကိုေတာင္မွ အဲဗာတန္ကြင္းလယ္က ယွဥ္မကစားႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲကို ရွဳံးနိမ့္သြားခဲ့တဲ့ အဲဗာတန္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ယွဥ္ၿပဳိင္ေနတဲ့ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ ၁၁ မွတ္အထိ ကြာဟသြားခဲ့ၿပီး မန္စီးတီးရဲ႕ ျပစ္ဒဏ္ရရွိႏုိင္ေျခေၾကာင့္ အဆင့္ ၄ ကေန ၇၊ ၈ ေနရာေတြကို လုယူၾကမယ့္ ၾကားထဲက မန္ယူ၊ ဝုလ္ဗ္စ္၊ ရွက္ဖီးလ္ဒ္၊ စပါးစ္၊ အာဆင္နယ္၊ ဘန္ေလနဲ႔ ပဲေလ့စ္တုိ႔ရဲ႕ေနာက္ အဆင့္ ၁၂ ကိုလည္း ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

“အသင္းရဲ႕ အနာဂတ္ရည္မွန္းခ်က္ကေတာ့ ခ်န္ပီယံလိဂ္နဲ႔ ဥေရာပမွာ ယွဥ္ၿပဳိင္ႏုိင္ဖို႔ျဖစ္ၿပီး ဒီေန႔ပုံစံကေတာ့ ဒီရည္မွန္းခ်က္ေတြကို ေမ့ထားရဦးမယ့္ ပုံစံပါပဲ”လို႔ အန္ဆယ္ေလာ့တီက ဆုိခဲ့ၿပီး “ၿပီးခဲ့တဲ့ အပတ္က မန္ခ်က္စတာယူႏုိက္တက္နဲ႔ ေျခရည္တူ ကစားႏုိင္ခဲ့ေပမယ့္ ဒီေန႔ေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ တူညီတဲ့ ေျခမ်ဳိး မရွိခဲ့ဘူး”လုိ႔လည္း ဝန္ခံသြားခဲ့ပါတယ္။

အန္ဆယ္ေလာ့တီက သူတုိ႔အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ စစခ်င္းကတည္းကိုက ကစားပုံ မွားယြင္းေနခဲ့တာျဖစ္တယ္လို႔လည္းဆုိခဲ့ၿပီး ခံစစ္ကစားပုံ၊ စုဖြဲ႕ပုံေတြဟာ လိုခ်င္တဲ့အတုိင္း မျဖစ္ခဲ့တဲ့အျပင္ ခ်ဲလ္ဆီးအသင္းကို အခြင့္အေရးေတြ အမ်ားႀကီး ေပးမိခဲ့တာေၾကာင့္ ရွဳံးနိမ့္ခဲ့ရတာ မဆန္းဘူးလို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းကို အဝေးကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့တဲ့ အဲဗာတန်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီက ဒီလိုမျိုး စွမ်းဆောင်ရည်နဲ့ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို စောစောစီးစီး မေ့ထားလိုက်တာ ကောင်းလိမ့်မယ်လို့ ပွဲအပြီးမှာ မပျော်ရွှင်တဲ့ ပုံစံကို ပြသရင်း ပြောကြားလိုက်ပါတယ်။

ဒီပွဲစဉ်ရဲ့ ထူးခြားချက်ကတော့ ချဲလ်ဆီးအသင်းမှာ ကွင်းလယ်အဖျက်ကစားသမားတစ်ဦးမှ မပါဘဲ ပွဲထွက်လာခဲ့တာဖြစ်ပြီး ရော့စ် ဘာကလီလို တိုက်စစ်သန်တဲ့ Box to Box ကစားသမား၊ လူငယ်ကွင်းလယ်လူ ဂီးလ်မိုးလို Deep-lying Playmaker နဲ့ မေဆန်မောင့်လို ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံသမားတွေကိုတောင်မှ အဲဗာတန်ကွင်းလယ်က ယှဉ်မကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲကို ရှုံးနိမ့်သွားခဲ့တဲ့ အဲဗာတန်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေတဲ့ အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၁၁ မှတ်အထိ ကွာဟသွားခဲ့ပြီး မန်စီးတီးရဲ့ ပြစ်ဒဏ်ရရှိနိုင်ခြေကြောင့် အဆင့် ၄ ကနေ ၇၊ ၈ နေရာတွေကို လုယူကြမယ့် ကြားထဲက မန်ယူ၊ ဝုလ်ဗ်စ်၊ ရှက်ဖီးလ်ဒ်၊ စပါးစ်၊ အာဆင်နယ်၊ ဘန်လေနဲ့ ပဲလေ့စ်တို့ရဲ့နောက် အဆင့် ၁၂ ကိုလည်း ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

“အသင်းရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ ချန်ပီယံလိဂ်နဲ့ ဥရောပမှာ ယှဉ်ပြိုင်နိုင်ဖို့ဖြစ်ပြီး ဒီနေ့ပုံစံကတော့ ဒီရည်မှန်းချက်တွေကို မေ့ထားရဦးမယ့် ပုံစံပါပဲ”လို့ အန်ဆယ်လော့တီက ဆိုခဲ့ပြီး “ပြီးခဲ့တဲ့ အပတ်က မန်ချက်စတာယူနိုက်တက်နဲ့ ခြေရည်တူ ကစားနိုင်ခဲ့ပေမယ့် ဒီနေ့တော့ ချဲလ်ဆီးအသင်းနဲ့ တူညီတဲ့ ခြေမျိုး မရှိခဲ့ဘူး”လို့လည်း ဝန်ခံသွားခဲ့ပါတယ်။

အန်ဆယ်လော့တီက သူတို့အသင်းအနေနဲ့ ဒီနေ့ပွဲမှာ စစချင်းကတည်းကိုက ကစားပုံ မှားယွင်းနေခဲ့တာဖြစ်တယ်လို့လည်းဆိုခဲ့ပြီး ခံစစ်ကစားပုံ၊ စုဖွဲ့ပုံတွေဟာ လိုချင်တဲ့အတိုင်း မဖြစ်ခဲ့တဲ့အပြင် ချဲလ်ဆီးအသင်းကို အခွင့်အရေးတွေ အများကြီး ပေးမိခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာ မဆန်းဘူးလို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.