Premier League

အဂၤလန္နဲ႔ စပါးစ္ပရိသတ္ေတြအတြက္ သတင္းေကာင္းအျဖစ္ ဟာရီကိန္း ေလ့က်င့္ခန္းစတင္ျပဳလုပ္

အဂၤလန္လက္ေရြးစင္အသင္းနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းပရိသတ္ေတြအတြက္ ႀကီးမားတဲ့ သတင္းေကာင္းတစ္ခုအေနနဲ႔ တုိက္စစ္မွဴး ဟာရီကိန္းအေနနဲ႔ စပါးစ္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ တစ္ကိုယ္ေတာ္ေလ့က်င့္ခန္းေတြ စတင္ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း ပုံေတြနဲ႔တကြ ေတြ႕ျမင္ခဲ့ရသလို အင္စတာဂရမ္မွာလည္း ေဖာ္ျပခဲ့ပါတယ္။

ကံဆုိးခဲ့တဲ့ New Year ေန႔ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ ေပါင္ေနာက္ေၾကာဒဏ္ရာကို ျပင္းျပင္းထန္ထန္ရရွိသြားခဲ့တဲ့ အဂၤလန္တုိက္စစ္မွဴးဟာ ေလ့က်င့္ေရးကြင္းမွာ ႀကံ့ခိုင္ေရးနည္းျပတစ္ဦးနဲ႔အတူ ပုံမွန္အေျပးနဲ႔ ႀကံ့ခိုင္မွဳေလ့က်င့္ခန္းေတြ ေဆာင္ရြက္ႏုိင္ခဲ့ၿပီျဖစ္ၿပီး သုံးလအၾကာမွာ ျမက္ခင္းစိမ္း ေတြေပၚ ျပန္လည္ေျခခ်ႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

စပါးစ္အသင္းရဲ႕ အင္ဖီးလ္ဒ္ေလ့က်င့္ေရးစင္တာမွာ အေျပးေလ့က်င့္ေနပုံနဲ႔ ေလ့က်င့္ေရးအေထာက္အကူ ကေတာ့ခၽြန္ေတြကို ေရွာင္ရွား ေျပးလႊားေနတဲ့ ပုံစံကို ဟာရီကိန္းက ျမက္ခင္းေတြေပၚကို ျပန္ေရာက္လာႏုိင္ခဲ့ၿပီး ေဘာလုံးနဲ႔ ေျခေထာက္ ထိေတြ႕ရတာကို ႏွစ္သက္မိတယ္လုိ႔ အင္စတာဂရမ္မွာ ေရးသားသြားခဲ့ပါတယ္။

ဂိုးေပါက္အေသးစားဆီကို ကန္သြင္းမွဳေတြ၊ ေဘာလုံးေပးပုိ႔မွဳေတြနဲ႔ အထိန္းအသိမ္းေတြကို ၁၅ မိနစ္ၾကာေအာင္ ျပဳလုပ္ခဲ့တဲ့ အဂၤလန္ အသင္းေခါင္းေဆာင္အေနနဲ႔ ပထမအေက်ာ့မွာ ရွဳံးနိမ့္ထားခဲ့တဲ့ RB လုိက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ဒုတိယအေက်ာ့ပြဲစဥ္ကိုေတာ့ ေျပာင္းျပန္လွန္ပစ္ႏုိင္ဖို႔ အဆင့္သင့္မျဖစ္ႏုိင္ေသးတာေတာ့ အမွန္ပဲျဖစ္ပါတယ္။

လက္ရွိအေနအထားအရေတာ့ ဟာရီကိန္းအေနနဲ႔ ဒီထက္ျပင္းထန္တဲ့ ႀကံ့ခိုင္မွဳ စစ္ေဆးခ်က္ေတြကို ေက်ာ္ျဖတ္ရဦးမွာျဖစ္ၿပီး အသင္းနဲ႔အတူ လုံေလာက္တဲ့ အင္အားနဲ႔ ျပန္လည္ေလ့က်င့္ခန္းဆင္းႏုိင္ဖို႔ လုပ္ေဆာင္ရဦးမွာလည္းျဖစ္လို႔ ပရိသတ္ေတြအေနနဲ႔ တစ္လေက်ာ္ ႏွစ္လနီးပါးေတာ့ သူ႕ကို သည္းခံေစာင့္ဆုိင္းရဖြယ္ရွိၿပီး ေမလေလာက္မွာ ျပန္လည္ကစားႏုိင္ဖို႔ ပစ္မွတ္ထားေနတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းပရိသတ်တွေအတွက် ကြီးမားတဲ့ သတင်းကောင်းတစ်ခုအနေနဲ့ တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ စပါးစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ တစ်ကိုယ်တော်လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပုံတွေနဲ့တကွ တွေ့မြင်ခဲ့ရသလို အင်စတာဂရမ်မှာလည်း ဖော်ပြခဲ့ပါတယ်။

ကံဆိုးခဲ့တဲ့ New Year နေ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ပေါင်နောက်ကြောဒဏ်ရာကို ပြင်းပြင်းထန်ထန်ရရှိသွားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်ရေးနည်းပြတစ်ဦးနဲ့အတူ ပုံမှန်အပြေးနဲ့ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး သုံးလအကြာမှာ မြက်ခင်းစိမ်း တွေပေါ် ပြန်လည်ခြေချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စပါးစ်အသင်းရဲ့ အင်ဖီးလ်ဒ်လေ့ကျင့်ရေးစင်တာမှာ အပြေးလေ့ကျင့်နေပုံနဲ့ လေ့ကျင့်ရေးအထောက်အကူ ကတော့ချွန်တွေကို ရှောင်ရှား ပြေးလွှားနေတဲ့ ပုံစံကို ဟာရီကိန်းက မြက်ခင်းတွေပေါ်ကို ပြန်ရောက်လာနိုင်ခဲ့ပြီး ဘောလုံးနဲ့ ခြေထောက် ထိတွေ့ရတာကို နှစ်သက်မိတယ်လို့ အင်စတာဂရမ်မှာ ရေးသားသွားခဲ့ပါတယ်။

ဂိုးပေါက်အသေးစားဆီကို ကန်သွင်းမှုတွေ၊ ဘောလုံးပေးပို့မှုတွေနဲ့ အထိန်းအသိမ်းတွေကို ၁၅ မိနစ်ကြာအောင် ပြုလုပ်ခဲ့တဲ့ အင်္ဂလန် အသင်းခေါင်းဆောင်အနေနဲ့ ပထမအကျော့မှာ ရှုံးနိမ့်ထားခဲ့တဲ့ RB လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်ကိုတော့ ပြောင်းပြန်လှန်ပစ်နိုင်ဖို့ အဆင့်သင့်မဖြစ်နိုင်သေးတာတော့ အမှန်ပဲဖြစ်ပါတယ်။

လက်ရှိအနေအထားအရတော့ ဟာရီကိန်းအနေနဲ့ ဒီထက်ပြင်းထန်တဲ့ ကြံ့ခိုင်မှု စစ်ဆေးချက်တွေကို ကျော်ဖြတ်ရဦးမှာဖြစ်ပြီး အသင်းနဲ့အတူ လုံလောက်တဲ့ အင်အားနဲ့ ပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ဖို့ လုပ်ဆောင်ရဦးမှာလည်းဖြစ်လို့ ပရိသတ်တွေအနေနဲ့ တစ်လကျော် နှစ်လနီးပါးတော့ သူ့ကို သည်းခံစောင့်ဆိုင်းရဖွယ်ရှိပြီး မေလလောက်မှာ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.