Premier League

ဂီးလ္မိုးဟာ ပြဲေတြကို လြယ္တယ္ထင္ရေအာင္ လုပ္ေနတယ္လို႔ ရြဳိင္းကီးန္နဲ႔ ရက္ဒ္နက္ပ္ ခ်ီးက်ဴး

စကိုင္းစပို႔စ္ရဲ႕ အစီအစဥ္တင္ဆက္သူႏွစ္ဦးျဖစ္ၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္ဂႏၴဝင္ ရြဳိင္းကီးန္နဲ႔ လီဗာပူးလ္ကစားသမားေဟာင္း ေဂ်မီ ရက္ဒ္နက္ပ္တုိ႔က ခ်ဲလ္ဆီးလူငယ္ကြင္းလယ္လူ ဘီလီ ဂီးလ္မိုးဟာ ပရီးမီးယားလိဂ္ပြဲေတြကို လူေတြက လြယ္တယ္ထင္ေအာင္ ေလွ်ာက္လုပ္ေနတယ္လို႔ အျပစ္တင္တဲ့ ပုံစံနဲ႔ ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရပါတယ္။

အသင္းရဲ႕ စီနီယာကြင္းလယ္လူေတြျဖစ္ၾကတဲ့ အန္ဂိုလို ကန္ေတ၊ မက္တီယို ကိုဗာခ်စ္နဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔ရဲ႕ ဒဏ္ရာနဲ႔ ပြဲပယ္ျပစ္ဒဏ္ေတြေၾကာင့္ ခ်ဲလ္ဆီးအတြက္ ေနာက္ဆုံးႏွစ္ပြဲဆက္တိုက္ ကစားခြင့္ရရွိထားခဲ့တဲ့ ဂီးလ္မုိးဟာ တျခားကြင္းလယ္လူေတြနဲ႔ တစ္မူကြဲျပားတဲ့ ေျခစြမ္းနဲ႔ ကစားပုံကိုလည္း ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

“ပထမဆုံးႏွစ္ပြဲေလာက္က သူ႕အတြက္ အေရးႀကီးတယ္ဆုိေပမယ့္ ခ်ီးက်ဴးမွဳေတြကိုေတာ့ ရရွိခဲ့ပါၿပီ။ သူ႕အေနနဲ႔ ဒီလို တစ္ပတ္ၿပီးတစ္ပတ္ ဆက္တုိက္ေျခစြမ္းျပႏိုင္တာဟာ ထူးျခားေကာင္းမြန္ၿပီး ပြဲေတြကို လြယ္တယ္လုိ႔ ျမင္ရေအာင္လုပ္ေနခဲ့သလိုပါပဲ။ အေျခအေနကို အေကာင္းဆုံး သုံးသပ္တတ္တာ၊ ေရြ႕လ်ားမွဳေတြ ျပဳလုပ္ၿပီး ေပးပုိ႔မွဳ ေကာင္းေကာင္းလုပ္ႏိုင္တာေတြက သူ႕ရဲ႕ အရည္အေသြးေတြပါပဲ။ အဲဗာတန္က ဒီေလာက္မလြယ္ေပမယ့္ သူက လြယ္ေအာင္လုပ္ခဲ့တာပါ”လို႔ ရြဳိင္းကီးန္က ခ်ီးက်ဴးခဲ့ပါတယ္။

ေဂ်မီ ရက္ဒ္နက္ပ္ကေတာ့ “သူ႕ရဲ႕ပုံစံက နည္းနည္းေရွး႐ိုးဆန္ေပမယ့္ ရင္ဆုိင္ဖို႔ေတာ့ မလြယ္ပါဘူး။ သူ႕ကို ကပ္ထားဖို႔က ခက္ခဲၿပီး သူက အျမဲတမ္း ေဘာလုံးေပးပုိ႔ၿပီးတာနဲ႔ ေနရာလြတ္ေတြဆီ ေရြ႕လ်ားေနတတ္ပါတယ္။ ေဘာလုံးလက္ခံဖို႔ အဆင္သင့္ျဖစ္သလို အက်ဳိးျပဳႏိုင္မယ့္ေနရာေတြကိုပဲ ေပးႏုိင္ဖို႔ ႀကဳိးစားတတ္သူျဖစ္ၿပီး ဒီလူငယ္အတြက္ေတာ့ ပရီးမီးယားလိဂ္ကို လြယ္တယ္လုိ႔လည္း ထင္ေနေလာက္ပါၿပီ”လို႔ သုံးသပ္သြားပါတယ္။

မာေဆးဆုိက္ဒ္အေျခစိုက္အသင္းႏွစ္သင္းျဖစ္တဲ့ လီဗာပူးလ္နဲ႔ အက္ဖ္ေအဖလား၊ အဲဗာတန္နဲ႔ ပရီးမီးယားလိဂ္၊ အိမ္ကြင္းပြဲစဥ္ႏွစ္ပြဲမွာ ပြဲထြက္ခြင့္ရရွိခဲ့တဲ့ ဂီးလ္မုိးဟာ သူ႕ရဲ႕ေျခစြမ္းနဲ႔ ေတာက္ပလာႏုိင္ေျခကို ျပသခဲ့ၿပီးျဖစ္သလို ဖာဘရီဂက္စ္ကို အတုယူအားက်တဲ့ သူ႕အေနနဲ႔ လမ္းပတ္ရဲ႕ အနာဂတ္အသင္းမွာ ေထာက္တုိင္တစ္ခုျဖစ္လာဖို႔ နီးစပ္ေနေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: စကိုင်းစပို့စ်ရဲ့ အစီအစဉ်တင်ဆက်သူနှစ်ဦးဖြစ်ကြတဲ့ မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ရွိုင်းကီးန်နဲ့ လီဗာပူးလ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နက်ပ်တို့က ချဲလ်ဆီးလူငယ်ကွင်းလယ်လူ ဘီလီ ဂီးလ်မိုးဟာ ပရီးမီးယားလိဂ်ပွဲတွေကို လူတွေက လွယ်တယ်ထင်အောင် လျှောက်လုပ်နေတယ်လို့ အပြစ်တင်တဲ့ ပုံစံနဲ့ ချီးကျူးသွားခဲ့ကြောင်း သိရပါတယ်။

အသင်းရဲ့ စီနီယာကွင်းလယ်လူတွေဖြစ်ကြတဲ့ အန်ဂိုလို ကန်တေ၊ မက်တီယို ကိုဗာချစ်နဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ ဒဏ်ရာနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ချဲလ်ဆီးအတွက် နောက်ဆုံးနှစ်ပွဲဆက်တိုက် ကစားခွင့်ရရှိထားခဲ့တဲ့ ဂီးလ်မိုးဟာ တခြားကွင်းလယ်လူတွေနဲ့ တစ်မူကွဲပြားတဲ့ ခြေစွမ်းနဲ့ ကစားပုံကိုလည်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

“ပထမဆုံးနှစ်ပွဲလောက်က သူ့အတွက် အရေးကြီးတယ်ဆိုပေမယ့် ချီးကျူးမှုတွေကိုတော့ ရရှိခဲ့ပါပြီ။ သူ့အနေနဲ့ ဒီလို တစ်ပတ်ပြီးတစ်ပတ် ဆက်တိုက်ခြေစွမ်းပြနိုင်တာဟာ ထူးခြားကောင်းမွန်ပြီး ပွဲတွေကို လွယ်တယ်လို့ မြင်ရအောင်လုပ်နေခဲ့သလိုပါပဲ။ အခြေအနေကို အကောင်းဆုံး သုံးသပ်တတ်တာ၊ ရွေ့လျားမှုတွေ ပြုလုပ်ပြီး ပေးပို့မှု ကောင်းကောင်းလုပ်နိုင်တာတွေက သူ့ရဲ့ အရည်အသွေးတွေပါပဲ။ အဲဗာတန်က ဒီလောက်မလွယ်ပေမယ့် သူက လွယ်အောင်လုပ်ခဲ့တာပါ”လို့ ရွိုင်းကီးန်က ချီးကျူးခဲ့ပါတယ်။

ဂျေမီ ရက်ဒ်နက်ပ်ကတော့ “သူ့ရဲ့ပုံစံက နည်းနည်းရှေးရိုးဆန်ပေမယ့် ရင်ဆိုင်ဖို့တော့ မလွယ်ပါဘူး။ သူ့ကို ကပ်ထားဖို့က ခက်ခဲပြီး သူက အမြဲတမ်း ဘောလုံးပေးပို့ပြီးတာနဲ့ နေရာလွတ်တွေဆီ ရွေ့လျားနေတတ်ပါတယ်။ ဘောလုံးလက်ခံဖို့ အဆင်သင့်ဖြစ်သလို အကျိုးပြုနိုင်မယ့်နေရာတွေကိုပဲ ပေးနိုင်ဖို့ ကြိုးစားတတ်သူဖြစ်ပြီး ဒီလူငယ်အတွက်တော့ ပရီးမီးယားလိဂ်ကို လွယ်တယ်လို့လည်း ထင်နေလောက်ပါပြီ”လို့ သုံးသပ်သွားပါတယ်။

မာဆေးဆိုက်ဒ်အခြေစိုက်အသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ အက်ဖ်အေဖလား၊ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်၊ အိမ်ကွင်းပွဲစဉ်နှစ်ပွဲမှာ ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ဂီးလ်မိုးဟာ သူ့ရဲ့ခြေစွမ်းနဲ့ တောက်ပလာနိုင်ခြေကို ပြသခဲ့ပြီးဖြစ်သလို ဖာဘရီဂက်စ်ကို အတုယူအားကျတဲ့ သူ့အနေနဲ့ လမ်းပတ်ရဲ့ အနာဂတ်အသင်းမှာ ထောက်တိုင်တစ်ခုဖြစ်လာဖို့ နီးစပ်နေကြောင်းလည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.