Premier League

အဝေးကွင်းမှာ ဘလိတ်ဓားတွေကို နင်းပြီး တူဟယ်လ်အတွက် နိုင်ပွဲဆက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ သီယာဂို ဆေးလ်ဗား မပါနိုင်ချိန်မှာ ခရစ္စတင်ဆန်နဲ့ ပွဲထုတ်ခဲ့ရပြီး အထောင်တိုက်စစ်မှာ ဂျီရူးကို ထားပြီး နောက်က တီမို ဗာနာနဲ့ မေဆန်မောင်တို့ကို ရံပေးလာခဲ့သလို ကွင်းလယ်အထိုင်မှာတော့ ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်ကိုပဲ သုံးပြီး ခြေစွမ်းပြခဲ့တဲ့ မားကို့စ် အလွန်ဆိုကိုတော့ ကွင်းလယ်လူ ကွန်တေနဲ့အတူ အရန်ခုံမှာပဲ ထားခဲ့ပါတယ်။

ပွဲစစချင်းမှာပဲ အက်ဇ်ပီလီကွေတာ လူပေးမှားမှုကနေ ချဲလ်ဆီးတို့ ရင်ခုန်ခဲ့ရပြီး ရှက်ဖီးလ်ဒ်ဘက်က မက်ဘာနီ ပေးတာကို ဘာ့ခ် အသုံးမချနိုင်ခဲ့လို့ ကျေးဇူးတင်ခဲ့ရသလို ပွဲချိန် ၁၂ မိနစ်မှာတော့ ပင်နယ်တီပေးခဲ့ရပေမယ့် VAR ပြန်ကြည့်ပြီး လွတ်မြောက်ခဲ့တဲ့ အခိုက်အတန့်တွေကတော့ နည်းပြသစ် တူဟယ်လ်အတွက် ခက်ခဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးတို့ရဲ့ ဖန်တီးမှုတွေက တီမို ဗာနာဆီ မရောက်သလို ဂျာမန်တိုက်စစ်မှူး ဘာကြိုက်သလဲဆိုတာကို မသိကြသလိုဖြစ်နေပြီး သူ့ရဲ့ စွမ်းရည်တွေက ဖန်တီးမှုလောက်နဲ့ပဲ ကျေနပ်နေရတာ နှမြောစရာဖြစ်ခဲ့သလို ပွဲချိန် ၄၃ မိနစ်မှာတော့ သူ့ရဲ့ ဖန်တီးမှုဖြစ်တဲ့ Cut Back ကနေ မေဆန်မောင့်က ဧရိယာထဲက ပိတ်သွင်းပြီး အဖွင့်ဂိုးရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ အိမ်ရှင်တို့ တိုက်စစ်မြှင့်ကစားလာခဲ့သလို ကွင်းလယ်ကနေ ဖိအားပေးခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်ရဲ့ ဘာ့ခ်ဆီ ပွဲစစချင်းတုန်းကလိုပဲ မက်ဘာနီက ထိုးပေးလိုက်တဲ့ ဘောလုံးကို နည်းပြအဆက်ဆက် ဒုက္ခပေးနေကျ ရူဒီဂါက ဂိုးသမား မန်ဒီနဲ့ တိုင်မင်မကိုက်ဘဲ ကိုယ့်ဂိုးထဲကိုယ် နောက်ပြန်ပေးပြီး တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်နောက်တန်းက နောက်ပြန်ပေးတဲ့ ဘောလုံးကို တီမို ဗာနာ ကြားဖြတ်ရယူပြီး ဂိုးသမားဘေးကနေ ဘောလုံးထုတ်ပြီး ပြေးထွက်ဖို့ ကြိုးစားရာမှာ ပြစ်ဒဏ်ဘော ကျူးလွန်ခံရလို့ ပင်နယ်တီရခဲ့ပြီး ဒီအခွင့်အရေးကို ဂျော်ဂျင်ညို ကန်သွင်းရာမှာ ရမ်းစ်ဒေးလ် မကာကွယ်နိုင်ခဲ့လို့ ချဲလ်ဆီးတို့ အနိုင်ဂိုးရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ တီမို ဗာနာဟာ ဂိုးမသွင်းနိုင်ပေမယ့် နှစ်ဂိုးစလုံးကို ဖန်တီးရှာဖွေပေးနိုင်ခဲ့တာဖြစ်ပြီး တူဟယ်လ်အတွက်တော့ အဓိကကျတဲ့ ကစားသမားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သလို သူကစားခွင့်ရခဲ့တဲ့ နောက်ဆုံးသုံးပွဲမှာ ပင်နယ်တီအပါအဝင် ဂိုးဖန်တီးမှု သုံးကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ဘက်က ဟဒ်ဆန်-အိုဒွိုင်း၊ အလွန်ဆို၊ ကွန်တေတို့ကို ထည့်သွင်းပြီး အနိုင်အတွက် ထိန်းကစားသွားခဲ့သလို ရှက်ဖီးလ်ဒ်တို့အနေနဲ့လည်း အခွင့်အရေး ထပ်မရတော့တာကြောင့် ပွဲပြီးဆုံးချိန်မှာ တူဟယ်လ်တို့အဖွဲ့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဘရမ်းမောလ်လိန်းမှာ သုံးမှတ်ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ ရမှတ် ၃၉ မှတ်နဲ့ အဆင့်လေးက လီဗာပူးလ်နဲ့ ၁ မှတ်အကွာ အဆင့် ၅မှာ ရပ်တည်နိုင်ခဲ့ပြီး ခန့်မှန်းဖို့ ခက်ခဲတဲ့ EPL မှာ တူဟယ်လ်နဲ့အတူ ၄ ပွဲမှာ ရရှိခဲ့တဲ့ ၁၀ မှတ်က အသင်းကို လမ်းကြောင်းမှန်ပေါ်ကို ဥရောပဝင်ခွင့်အတွက် ပြန်လည်တက်ရောက်လာနိုင်ခဲ့ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သီယာဂို ေဆးလ္ဗား မပါႏိုင္ခ်ိန္မွာ ခရစၥတင္ဆန္နဲ႔ ပြဲထုတ္ခဲ့ရၿပီး အေထာင္တိုက္စစ္မွာ ဂ်ီ႐ူးကို ထားၿပီး ေနာက္က တီမို ဗာနာနဲ႔ ေမဆန္ေမာင္တို႔ကို ရံေပးလာခဲ့သလို ကြင္းလယ္အထိုင္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ကိုဗာခ်စ္ကိုပဲ သုံးၿပီး ေျခစြမ္းျပခဲ့တဲ့ မားကို႔စ္ အလြန္ဆိုကိုေတာ့ ကြင္းလယ္လူ ကြန္ေတနဲ႔အတူ အရန္ခုံမွာပဲ ထားခဲ့ပါတယ္။

ပြဲစစခ်င္းမွာပဲ အက္ဇ္ပီလီေကြတာ လူေပးမွားမႈကေန ခ်ဲလ္ဆီးတို႔ ရင္ခုန္ခဲ့ရၿပီး ရွက္ဖီးလ္ဒ္ဘက္က မက္ဘာနီ ေပးတာကို ဘာ့ခ္ အသုံးမခ်ႏိုင္ခဲ့လို႔ ေက်းဇူးတင္ခဲ့ရသလို ပြဲခ်ိန္ ၁၂ မိနစ္မွာေတာ့ ပင္နယ္တီေပးခဲ့ရေပမယ့္ VAR ျပန္ၾကည့္ၿပီး လြတ္ေျမာက္ခဲ့တဲ့ အခိုက္အတန႔္ေတြကေတာ့ နည္းျပသစ္ တူဟယ္လ္အတြက္ ခက္ခဲမႈေတြ ျဖစ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ရဲ႕ ဖန္တီးမႈေတြက တီမို ဗာနာဆီ မေရာက္သလို ဂ်ာမန္တိုက္စစ္မႉး ဘာႀကိဳက္သလဲဆိုတာကို မသိၾကသလိုျဖစ္ေနၿပီး သူ႔ရဲ႕ စြမ္းရည္ေတြက ဖန္တီးမႈေလာက္နဲ႔ပဲ ေက်နပ္ေနရတာ ႏွေျမာစရာျဖစ္ခဲ့သလို ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ သူ႔ရဲ႕ ဖန္တီးမႈျဖစ္တဲ့ Cut Back ကေန ေမဆန္ေမာင့္က ဧရိယာထဲက ပိတ္သြင္းၿပီး အဖြင့္ဂိုးရယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အိမ္ရွင္တို႔ တိုက္စစ္ျမႇင့္ကစားလာခဲ့သလို ကြင္းလယ္ကေန ဖိအားေပးခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္ရဲ႕ ဘာ့ခ္ဆီ ပြဲစစခ်င္းတုန္းကလိုပဲ မက္ဘာနီက ထိုးေပးလိုက္တဲ့ ေဘာလုံးကို နည္းျပအဆက္ဆက္ ဒုကၡေပးေနက် ႐ူဒီဂါက ဂိုးသမား မန္ဒီနဲ႔ တိုင္မင္မကိုက္ဘဲ ကိုယ့္ဂိုးထဲကိုယ္ ေနာက္ျပန္ေပးၿပီး တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္ေနာက္တန္းက ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို တီမို ဗာနာ ၾကားျဖတ္ရယူၿပီး ဂိုးသမားေဘးကေန ေဘာလုံးထုတ္ၿပီး ေျပးထြက္ဖို႔ ႀကိဳးစားရာမွာ ျပစ္ဒဏ္ေဘာ က်ဴးလြန္ခံရလို႔ ပင္နယ္တီရခဲ့ၿပီး ဒီအခြင့္အေရးကို ေဂ်ာ္ဂ်င္ညိဳ ကန္သြင္းရာမွာ ရမ္းစ္ေဒးလ္ မကာကြယ္ႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ အႏိုင္ဂိုးရခဲ့ပါတယ္။

ဒီေန႔ပြဲမွာ တီမို ဗာနာဟာ ဂိုးမသြင္းႏိုင္ေပမယ့္ ႏွစ္ဂိုးစလုံးကို ဖန္တီးရွာေဖြေပးႏိုင္ခဲ့တာျဖစ္ၿပီး တူဟယ္လ္အတြက္ေတာ့ အဓိကက်တဲ့ ကစားသမားတစ္ဦးအျဖစ္ ခိုင္ခိုင္မာမာ ရပ္တည္ႏိုင္ခဲ့သလို သူကစားခြင့္ရခဲ့တဲ့ ေနာက္ဆုံးသုံးပြဲမွာ ပင္နယ္တီအပါအဝင္ ဂိုးဖန္တီးမႈ သုံးႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ဟဒ္ဆန္-အိုဒြိဳင္း၊ အလြန္ဆို၊ ကြန္ေတတို႔ကို ထည့္သြင္းၿပီး အႏိုင္အတြက္ ထိန္းကစားသြားခဲ့သလို ရွက္ဖီးလ္ဒ္တို႔အေနနဲ႔လည္း အခြင့္အေရး ထပ္မရေတာ့တာေၾကာင့္ ပြဲၿပီးဆုံးခ်ိန္မွာ တူဟယ္လ္တို႔အဖြဲ႕ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဘရမ္းေမာလ္လိန္းမွာ သုံးမွတ္ရယူႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ရမွတ္ ၃၉ မွတ္နဲ႔ အဆင့္ေလးက လီဗာပူးလ္နဲ႔ ၁ မွတ္အကြာ အဆင့္ ၅မွာ ရပ္တည္ႏိုင္ခဲ့ၿပီး ခန႔္မွန္းဖို႔ ခက္ခဲတဲ့ EPL မွာ တူဟယ္လ္နဲ႔အတူ ၄ ပြဲမွာ ရရွိခဲ့တဲ့ ၁၀ မွတ္က အသင္းကို လမ္းေၾကာင္းမွန္ေပၚကို ဥေရာပဝင္ခြင့္အတြက္ ျပန္လည္တက္ေရာက္လာႏိုင္ခဲ့ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.