Premier League

အန်းဖီးလ်မှာ အခြေမလှတဲ့ လီဗာပူးလ်ကို ပြတ်ပြတ်သားသားအနိုင်ယူတဲ့ ထိပ်ဆုံးက မန်စီးတီး

နိုင်ပွဲဆက်နေခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ရုန်းကန်ရနိုင်တယ်လို့ စောင့်ကြည့်သူတွေက တွက်ချက်ခဲ့ကြပေမယ် အိမ်ကွင်းပုံစံကောင်း ပျောက်ဆုံးနေပြီး ဖိအားဝင်နေတဲ့ လီဗာပူးလ်အသင်းကို သူတို့ရဲ့ အမှားတွေကနေတစ်ဆင့် အခွင့်ကောင်းယူပြီး ဂိုးပြတ်နိုင်ပွဲနဲ့ အလဲထိုးသွားနိုင်ခဲ့ပါတယ်။


လီဗာပူးလ်ကတော့ ခံစစ်မှာ ကစားသမားသစ်တွေကို မသုံးသေးဘဲ ဟန်ဒါဆန်+ဖာဘင်ညိုအတွဲနဲ့ပဲ ပွဲထွက်လာသလို ကစားအားကောင်းဖို့ ကားတစ်ဂျုံးစ်ကိုလည်း ထည့်သုံးခဲ့ပေမယ့် အံမဝင်သေးတဲ့ သီယာဂိုအတွက် အနည်းငယ် ရုန်းကန်ခဲ့ရချိန်မှာ စီးတီးကတော့ တိုက်စစ်မှူး မသုံးဘဲ ကွင်းလယ်နဲ့ တောင်ပံတွေကို အားကိုးပြီး တိုက်စစ်သန်တဲ့ အိမ်ရှင်တောင်ပံခံစစ်သမားတွေကို ဖိအားပေးခဲ့တာပါ။


ပွဲချိန် ၃၇ မိနစ်မှာ မန်စီးတီးတို့ ပင်နယ်တီရခဲ့ပြီး ဘယ်ခြမ်းကနေ ဂိုးဧရိယာထဲ ဆွဲဝင်လာတဲ့ စတာလင်ကို ဖာဘင်ညို တားဆီးရာကနေ လဲကျခဲ့ရာမှာ ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက အမှတ်အသားကို လက်ညှိုးထိုးခဲ့ပေမယ့် ကွင်းလယ်လူ ဂွန်ဒိုးဝမ် အသုံးမချနိုင်ခဲ့ဘဲ အပေါ်ထောင့်ကို ကန်သွင်းရာမှာ အားများပြီး ဘေးထွက်သွားခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

နှစ်သင်းအနေနဲ့ ကွင်းလယ်ချင်း အားပြိုင်နေခဲ့ပြီး အမှားသိပ်မခံခဲ့ကြတာကြောင့် ဂိုးဖန်တီးမှုနဲ့ ကန်သွင်းခွင့်လည်း နည်းခဲ့ပြီး တစ်ပွဲလုံးမှာမှ ၈ ကြိမ်စီသာ ရခဲ့ချိန်မှာ အိမ်ရှင်တွေက ၃ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး ဧည့်သည်တွေက ၅ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့ချိန်မှာ အမှားများတဲ့သူတွေ ပေးဆပ်ခဲ့ရပါတယ်။


ပွဲချိန် ၅၂ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဆွဲဝင်လာခဲ့တဲ့ စတာလင်က ဂိုးဧရိယာထဲမှာ အနီးကပ်ချပေးတာကို ဖိုဒန်က ကန်သွင်းခဲ့ပြီး အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ဂွန်ဒိုးဝမ်က သူ့ရဲ့ ပင်နယ်တီအမှားကို ချေဖျက်ပြတဲ့အနေနဲ့ ပိတ်သွင်းယူခဲ့ရာမှာ လီဗာပူးလ် ခံစစ်က နောက်ကျနေတာကြောင့် မကာကွယ်နိုင်ဘဲ ဂိုးစပေးခဲ့ရပါတယ်။


ပွဲချိန် ၆၃ မိနစ်မှာ လီဗာပူးလ်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ညာခြမ်းက ကျော်ဖြတ်ခဲ့တဲ့ ဆာလားရဲ့ လက်ကို ဆွဲတဲ့ ရူဘင် ဒီယက်စ် အဝါထိခဲ့သလို ပင်နယ်တီပါ သတ်မှတ်ခံခဲ့ရတာကို အီဂျစ်တိုက်စစ်မှူးက သူ့ရဲ့ ဆရာကျလွန်းပြီး အမှားအယွင်းမရှိတဲ့ ကန်ချက်နဲ့ ကိုယ်တိုင်ကန်သွင်း ရယူနိုင်ခဲ့ပါတယ်။


ပွဲချိန် ၇၄ မိနစ်မှာတော့ မန်စီးတီးတို့ ထပ်မံဦးဆောင်နိုင်ခဲ့ပြီး မာရက်ဇ်ကို ဂျေဆူးစ်နဲ့ လူစားလဲလိုက်လို့ ညာခြမ်းရောက်သွားခဲ့တဲ့ ဖိုဒန်က အယ်လစ်ဆန်ရဲ့ ပေးပို့မှုအမှားကနေ ပြန်ရလာတဲ့ ဘောလုံးကို တစ်ကိုယ်တော်ခြေစွမ်းနဲ့ လီဗာပူးလ်ခံစစ်ကို ကျော်ဖြတ်ပြီး အတွင်းပြန်ချိုးပေးတာကို လွတ်နေတဲ့ ဂွန်ဒိုးဝမ်ကပဲ အနီးကပ်ထပ်မံပိတ်သွင်းနိုင်ခဲ့တာပါ။


ဆက်တိုက်ဆိုသလိုပဲ လီဗာပူးလ်တို့ကို စတာလင်က ထပ်မံအသည်းခွဲခဲ့ပြီး အယ်လစ်ဆန်ပဲ လူပေးမှားခဲ့ရာကနေ ဘောလုံးရသွားတဲ့ ဘာနာဒို ဆေးလ်ဗားက ညာခြမ်းကနေ ကျော်ကန်သွင်းယူခဲ့ရာမှာ လွတ်နေတဲ့ အင်္ဂလန်သားက ဘောလုံးဂိုးဝင်မဝင် လမ်းကြောင်းကို စောင့်ကြည့်ပြီး မဝင်နိုင်တာ သေချာမှ ဒိုင်ဗင်ထိုးပြီး ခေါင်းတိုက်သွားခဲ့လို့ ပွဲချိန် ၇၇ မိနစ်မှာ စီးတီးတို့ သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။


ပွဲချိန် ၈၃ မိနစ်မှာတော့ ဂျေဆူးစ်ပေးလိုက်တဲ့ ဘောလုံးကို ဖိုဒန်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ ညာတောင်ပံကနေ ထိုးဖောက်ပြီး ဘယ်ခြေနဲ့ အပိုင်ကန်သွင်းခဲ့ရာမှာ အနီးကပ်ဖြစ်နေခဲ့တာကြောင့် ဂိုးသမား အယ်လစ်ဆန် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးထပ်ပေးခဲ့ရပြီး ပွဲအပြီးမှာတော့ လီဗာပူးလ်တို့ တုံ့ပြန်နိုင်ခြင်းမရှိတော့ဘဲ လေးဂိုး-တစ်ဂိုးနဲ့ စီးတီးတို့ အနိုင်ရရှိခဲ့ပါတယ်။


ဒီနေ့ပွဲအနိုင်ကြောင့် မန်ချက်စတာစီးတီးနဲ့ အိမ်ရှင်လီဗာပူးလ်တို့ အမှတ်ပေးဇယားမှာ ၁၀ မှတ်အထိ ပြတ်သွားခဲ့သလို အစ်တီဟတ်သားတွေ အနေနဲ့ လက်ထဲမှာ ပွဲကျန်တစ်ပွဲပါ ရှိသေးတာကြောင့် ပထမနေရာက အခြေအနေကောင်းသွားခဲ့ပြီး မြို့ခံပြိုင်ဘက် ယူနိုက်တက်ကိုလည်း ငါးမှတ် ဖြတ်လိုက်သလို ဒီရာသီ ချန်ပီယံဆုအတွက် ကြီးမားတဲ့ အားသာချက်ကို ရယူနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ႏိုင္ပြဲဆက္ေနခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ႐ုန္းကန္ရႏိုင္တယ္လို႔ ေစာင့္ၾကည့္သူေတြက တြက္ခ်က္ခဲ့ၾကေပမယ္ အိမ္ကြင္းပုံစံေကာင္း ေပ်ာက္ဆုံးေနၿပီး ဖိအားဝင္ေနတဲ့ လီဗာပူးလ္အသင္းကို သူတို႔ရဲ႕ အမွားေတြကေနတစ္ဆင့္ အခြင့္ေကာင္းယူၿပီး ဂိုးျပတ္ႏိုင္ပြဲနဲ႔ အလဲထိုးသြားႏိုင္ခဲ့ပါတယ္။


လီဗာပူးလ္ကေတာ့ ခံစစ္မွာ ကစားသမားသစ္ေတြကို မသုံးေသးဘဲ ဟန္ဒါဆန္+ဖာဘင္ညိဳအတြဲနဲ႔ပဲ ပြဲထြက္လာသလို ကစားအားေကာင္းဖို႔ ကားတစ္ဂ်ဳံးစ္ကိုလည္း ထည့္သုံးခဲ့ေပမယ့္ အံမဝင္ေသးတဲ့ သီယာဂိုအတြက္ အနည္းငယ္ ႐ုန္းကန္ခဲ့ရခ်ိန္မွာ စီးတီးကေတာ့ တိုက္စစ္မႉး မသုံးဘဲ ကြင္းလယ္နဲ႔ ေတာင္ပံေတြကို အားကိုးၿပီး တိုက္စစ္သန္တဲ့ အိမ္ရွင္ေတာင္ပံခံစစ္သမားေတြကို ဖိအားေပးခဲ့တာပါ။


ပြဲခ်ိန္ ၃၇ မိနစ္မွာ မန္စီးတီးတို႔ ပင္နယ္တီရခဲ့ၿပီး ဘယ္ျခမ္းကေန ဂိုးဧရိယာထဲ ဆြဲဝင္လာတဲ့ စတာလင္ကို ဖာဘင္ညိဳ တားဆီးရာကေန လဲက်ခဲ့ရာမွာ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာက အမွတ္အသားကို လက္ညႇိဳးထိုးခဲ့ေပမယ့္ ကြင္းလယ္လူ ဂြန္ဒိုးဝမ္ အသုံးမခ်ႏိုင္ခဲ့ဘဲ အေပၚေထာင့္ကို ကန္သြင္းရာမွာ အားမ်ားၿပီး ေဘးထြက္သြားခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ႏွစ္သင္းအေနနဲ႔ ကြင္းလယ္ခ်င္း အားၿပိဳင္ေနခဲ့ၿပီး အမွားသိပ္မခံခဲ့ၾကတာေၾကာင့္ ဂိုးဖန္တီးမႈနဲ႔ ကန္သြင္းခြင့္လည္း နည္းခဲ့ၿပီး တစ္ပြဲလုံးမွာမွ ၈ ႀကိမ္စီသာ ရခဲ့ခ်ိန္မွာ အိမ္ရွင္ေတြက ၃ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ၿပီး ဧည့္သည္ေတြက ၅ ႀကိမ္အထိ ဂိုးေပါက္တည့္ခဲ့ခ်ိန္မွာ အမွားမ်ားတဲ့သူေတြ ေပးဆပ္ခဲ့ရပါတယ္။


ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဆြဲဝင္လာခဲ့တဲ့ စတာလင္က ဂိုးဧရိယာထဲမွာ အနီးကပ္ခ်ေပးတာကို ဖိုဒန္က ကန္သြင္းခဲ့ၿပီး အယ္လစ္ဆန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ ဂြန္ဒိုးဝမ္က သူ႔ရဲ႕ ပင္နယ္တီအမွားကို ေခ်ဖ်က္ျပတဲ့အေနနဲ႔ ပိတ္သြင္းယူခဲ့ရာမွာ လီဗာပူးလ္ ခံစစ္က ေနာက္က်ေနတာေၾကာင့္ မကာကြယ္ႏိုင္ဘဲ ဂိုးစေပးခဲ့ရပါတယ္။


ပြဲခ်ိန္ ၆၃ မိနစ္မွာ လီဗာပူးလ္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ညာျခမ္းက ေက်ာ္ျဖတ္ခဲ့တဲ့ ဆာလားရဲ႕ လက္ကို ဆြဲတဲ့ ႐ူဘင္ ဒီယက္စ္ အဝါထိခဲ့သလို ပင္နယ္တီပါ သတ္မွတ္ခံခဲ့ရတာကို အီဂ်စ္တိုက္စစ္မႉးက သူ႔ရဲ႕ ဆရာက်လြန္းၿပီး အမွားအယြင္းမရွိတဲ့ ကန္ခ်က္နဲ႔ ကိုယ္တိုင္ကန္သြင္း ရယူႏိုင္ခဲ့ပါတယ္။


ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ၿပီး မာရက္ဇ္ကို ေဂ်ဆူးစ္နဲ႔ လူစားလဲလိုက္လို႔ ညာျခမ္းေရာက္သြားခဲ့တဲ့ ဖိုဒန္က အယ္လစ္ဆန္ရဲ႕ ေပးပို႔မႈအမွားကေန ျပန္ရလာတဲ့ ေဘာလုံးကို တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ လီဗာပူးလ္ခံစစ္ကို ေက်ာ္ျဖတ္ၿပီး အတြင္းျပန္ခ်ိဳးေပးတာကို လြတ္ေနတဲ့ ဂြန္ဒိုးဝမ္ကပဲ အနီးကပ္ထပ္မံပိတ္သြင္းႏိုင္ခဲ့တာပါ။


ဆက္တိုက္ဆိုသလိုပဲ လီဗာပူးလ္တို႔ကို စတာလင္က ထပ္မံအသည္းခြဲခဲ့ၿပီး အယ္လစ္ဆန္ပဲ လူေပးမွားခဲ့ရာကေန ေဘာလုံးရသြားတဲ့ ဘာနာဒို ေဆးလ္ဗားက ညာျခမ္းကေန ေက်ာ္ကန္သြင္းယူခဲ့ရာမွာ လြတ္ေနတဲ့ အဂၤလန္သားက ေဘာလုံးဂိုးဝင္မဝင္ လမ္းေၾကာင္းကို ေစာင့္ၾကည့္ၿပီး မဝင္ႏိုင္တာ ေသခ်ာမွ ဒိုင္ဗင္ထိုးၿပီး ေခါင္းတိုက္သြားခဲ့လို႔ ပြဲခ်ိန္ ၇၇ မိနစ္မွာ စီးတီးတို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့ပါတယ္။


ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ေဂ်ဆူးစ္ေပးလိုက္တဲ့ ေဘာလုံးကို ဖိုဒန္က တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ညာေတာင္ပံကေန ထိုးေဖာက္ၿပီး ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းခဲ့ရာမွာ အနီးကပ္ျဖစ္ေနခဲ့တာေၾကာင့္ ဂိုးသမား အယ္လစ္ဆန္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးထပ္ေပးခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ လီဗာပူးလ္တို႔ တုံ႔ျပန္ႏိုင္ျခင္းမရွိေတာ့ဘဲ ေလးဂိုး-တစ္ဂိုးနဲ႔ စီးတီးတို႔ အႏိုင္ရရွိခဲ့ပါတယ္။


ဒီေန႔ပြဲအႏိုင္ေၾကာင့္ မန္ခ်က္စတာစီးတီးနဲ႔ အိမ္ရွင္လီဗာပူးလ္တို႔ အမွတ္ေပးဇယားမွာ ၁၀ မွတ္အထိ ျပတ္သြားခဲ့သလို အစ္တီဟတ္သားေတြ အေနနဲ႔ လက္ထဲမွာ ပြဲက်န္တစ္ပြဲပါ ရွိေသးတာေၾကာင့္ ပထမေနရာက အေျခအေနေကာင္းသြားခဲ့ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္ကိုလည္း ငါးမွတ္ ျဖတ္လိုက္သလို ဒီရာသီ ခ်န္ပီယံဆုအတြက္ ႀကီးမားတဲ့ အားသာခ်က္ကို ရယူႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.