Premier League

8 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများစုစည်းမှု

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီးတစ်ဦးဖြစ်တဲ့ ကီဗင် ကမ်းဘဲလ်က လာမယ့် လိဒ်စ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်မှာ နောက်ခံလူ ကီရန် တီယာနီ ပြန်လည်ပါဝင်လာနိုင်မယ်ဆိုတာဟာ အသင်းအတွက် ကြီးမားတဲ့ အပြောင်းအလဲနဲ့ အားတက်စရာ ဖြစ်လာလိမ့်မယ်လို့ ပြီးခဲ့တဲ့ ရှုံးပွဲဆက်မှုတွေအပြီးမှာ ပြောကြား။


– ကွင်းလယ်လူ သောမတ်စ် ပါတေးက အာဆင်နယ်မှာ သူ့ကို နည်းပြ မီခယ်လ် အာတီတာက ကြီးကြီးမားမား ကူညီခဲ့ပြီး အသင်းသစ်မှာ ကစားရတာက အများကြီး ပြောင်းလဲသွားတာမျိုး မရှိသလို သူ့အနေနဲ့ ကျန်တဲ့ ကွင်းလယ်ကစားပုံမှာ Pressing တက်ကစားတတ်ဖို့ ကြိုးစားခဲ့ရတာပဲ ရှိတယ်လို့ ဆီမီယွန်နီ၊ အက်သလက်တီကိုတို့နဲ့ကြားက ကွာခြားချက်ကို နှိုင်းယှဉ်ပြခဲ့။


– ဘယ်လ်ဂျီယမ်ကလပ် ဂျန့်အသင်းက လိုင်လီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဒုတိယရာသီဝက်မှာ ခြေစွမ်းပြလာနိုင်ခဲ့တဲ့ ကနေဒါတိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်က အနာဂတ်မှာ သူ့ရဲ့ ဟီးရိုးတွေဖြစ်ကြတဲ့ ပက်ထရစ် ဗီယာရာနဲ့ သီယာရီ အွန်နရီတို့ရဲ့ အသင်းဖြစ်တဲ့ အာဆင်နယ်မှာ ကစားချင်တယ်လို့ ဖွင့်ဟသွား။


– အာဆင်နယ်အသင်းရဲ့ လစ်လပ်နေတဲ့ အားကစားဒါရိုက်တာ ရာထူးကို ရယူဖို့ ဆန္ဒရှိနေပြီး လက်ရှိမှာ နည်းစနစ်ဒါရိုက်တာအဖြစ်က ဒီရာထူးကို တွဲဖက်ကိုင်တွယ်နေရတဲ့ အီဒူးနဲ့အတူ လက်တွဲလုပ်ဆောင်နိုင်တယ်လို့ အိုင်းယက်စ်အသင်းမှာ တာဝန်ယူနေတဲ့ ဂန်းနားဟောင်း မာ့ခ် အိုဗာမားစ်က ထုတ်ဖော်သွားခဲ့။


– ပရီးမီးယားလိဂ်ကို တင်သွင်းရမယ့် ရာသီဝက်လူစာရင်းမှာ အာဆင်နယ်အသင်းအနေနဲ့ ဂိုးသမား မတ် ရိုင်ယန်နဲ့ ဒီယန် အီလီယက်ဗ်၊ လူငယ်နောက်ခံလူ အိုမာ ရီကစ်နဲ့ ရီးရဲလ်မက်ဒရစ်က အငှားရောက်ရှိနေတဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်တို့ လေးဦးကို ထည့်သွင်းခဲ့။


– ဟာသာဘာလင်အသင်းမှာ ရောက်ရှိနေခဲ့တဲ့ လူငယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီက အာဆင်နယ်အသင်းမှာ သူလက်တွဲခဲ့ဖူးသမျှ အထဲမှာ အကောင်းဆုံးနည်းပြဟာ အူနိုင်း အမ်မရီဖြစ်ပြီး အကောင်းဆုံးကစားသမားကတော့ မီဆွတ် အိုဇေးလ်လို့ ရွေးချယ်သွား။


– အက်စတန်ဗီလာနဲ့ပွဲက အာဆင်နယ်အသင်းရဲ့ ကစားပုံဟာ လုံးဝ ထိရောက်မှု မရှိဘဲ အမှားမှားအယွင်းယွင်းဖြစ်နေတဲ့ ကစားဟန်နဲ့ အဆုံးသတ်ပိုင်းကို ပြသခဲ့တာဖြစ်ပြီး ရှုံးနိမ့်သွားခဲ့တဲ့ အသင်းရဲ့ပုံစံကို နူးညံ့တဲ့ ပေါင်ဒါတို့ဖတ်နဲ့ နှိုင်းယှဉ်ပြီး ရီယို ဖာဒီနန် ဝေဖန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းႀကီးတစ္ဦးျဖစ္တဲ့ ကီဗင္ ကမ္းဘဲလ္က လာမယ့္ လိဒ္စ္ယူႏိုက္တက္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ေနာက္ခံလူ ကီရန္ တီယာနီ ျပန္လည္ပါဝင္လာႏိုင္မယ္ဆိုတာဟာ အသင္းအတြက္ ႀကီးမားတဲ့ အေျပာင္းအလဲနဲ႔ အားတက္စရာ ျဖစ္လာလိမ့္မယ္လို႔ ၿပီးခဲ့တဲ့ ရႈံးပြဲဆက္မႈေတြအၿပီးမွာ ေျပာၾကား။


– ကြင္းလယ္လူ ေသာမတ္စ္ ပါေတးက အာဆင္နယ္မွာ သူ႔ကို နည္းျပ မီခယ္လ္ အာတီတာက ႀကီးႀကီးမားမား ကူညီခဲ့ၿပီး အသင္းသစ္မွာ ကစားရတာက အမ်ားႀကီး ေျပာင္းလဲသြားတာမ်ိဳး မရွိသလို သူ႔အေနနဲ႔ က်န္တဲ့ ကြင္းလယ္ကစားပုံမွာ Pressing တက္ကစားတတ္ဖို႔ ႀကိဳးစားခဲ့ရတာပဲ ရွိတယ္လို႔ ဆီမီယြန္နီ၊ အက္သလက္တီကိုတို႔နဲ႔ၾကားက ကြာျခားခ်က္ကို ႏႈိင္းယွဥ္ျပခဲ့။


– ဘယ္လ္ဂ်ီယမ္ကလပ္ ဂ်န႔္အသင္းက လိုင္လီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ဒုတိယရာသီဝက္မွာ ေျခစြမ္းျပလာႏိုင္ခဲ့တဲ့ ကေနဒါတိုက္စစ္မႉး ဂ်ိဳနသန္ ေဒးဗစ္က အနာဂတ္မွာ သူ႔ရဲ႕ ဟီး႐ိုးေတြျဖစ္ၾကတဲ့ ပက္ထရစ္ ဗီယာရာနဲ႔ သီယာရီ အြန္နရီတို႔ရဲ႕ အသင္းျဖစ္တဲ့ အာဆင္နယ္မွာ ကစားခ်င္တယ္လို႔ ဖြင့္ဟသြား။


– အာဆင္နယ္အသင္းရဲ႕ လစ္လပ္ေနတဲ့ အားကစားဒါ႐ိုက္တာ ရာထူးကို ရယူဖို႔ ဆႏၵရွိေနၿပီး လက္ရွိမွာ နည္းစနစ္ဒါ႐ိုက္တာအျဖစ္က ဒီရာထူးကို တြဲဖက္ကိုင္တြယ္ေနရတဲ့ အီဒူးနဲ႔အတူ လက္တြဲလုပ္ေဆာင္ႏိုင္တယ္လို႔ အိုင္းယက္စ္အသင္းမွာ တာဝန္ယူေနတဲ့ ဂန္းနားေဟာင္း မာ့ခ္ အိုဗာမားစ္က ထုတ္ေဖာ္သြားခဲ့။


– ပရီးမီးယားလိဂ္ကို တင္သြင္းရမယ့္ ရာသီဝက္လူစာရင္းမွာ အာဆင္နယ္အသင္းအေနနဲ႔ ဂိုးသမား မတ္ ႐ိုင္ယန္နဲ႔ ဒီယန္ အီလီယက္ဗ္၊ လူငယ္ေနာက္ခံလူ အိုမာ ရီကစ္နဲ႔ ရီးရဲလ္မက္ဒရစ္က အငွားေရာက္ရွိေနတဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္တို႔ ေလးဦးကို ထည့္သြင္းခဲ့။


– ဟာသာဘာလင္အသင္းမွာ ေရာက္ရွိေနခဲ့တဲ့ လူငယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီက အာဆင္နယ္အသင္းမွာ သူလက္တြဲခဲ့ဖူးသမွ် အထဲမွာ အေကာင္းဆုံးနည္းျပဟာ အူႏိုင္း အမ္မရီျဖစ္ၿပီး အေကာင္းဆုံးကစားသမားကေတာ့ မီဆြတ္ အိုေဇးလ္လို႔ ေ႐ြးခ်ယ္သြား။


– အက္စတန္ဗီလာနဲ႔ပြဲက အာဆင္နယ္အသင္းရဲ႕ ကစားပုံဟာ လုံးဝ ထိေရာက္မႈ မရွိဘဲ အမွားမွားအယြင္းယြင္းျဖစ္ေနတဲ့ ကစားဟန္နဲ႔ အဆုံးသတ္ပိုင္းကို ျပသခဲ့တာျဖစ္ၿပီး ရႈံးနိမ့္သြားခဲ့တဲ့ အသင္းရဲ႕ပုံစံကို ႏူးညံ့တဲ့ ေပါင္ဒါတို႔ဖတ္နဲ႔ ႏႈိင္းယွဥ္ၿပီး ရီယို ဖာဒီနန္ ေဝဖန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.