Premier League

ခ်န္ပီယံျဖစ္ဖို႔ အေစာဆုံး ၆ ရက္သာ ေစာင့္ရႏုိင္တဲ့ အေနအထားကို ေရာက္လာတဲ့ လီဗာပူးလ္

ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံဆုကို ႏွစ္ ၃၀ အတြင္း ရယူႏုိင္ဖို႔ အေစာဆုံးအေနနဲ႔ ၆ ရက္သာ ေစာင့္ဆုိင္းရႏုိင္တဲ့ အေနအထားတစ္ရပ္ကို ၿပီးခဲ့တဲ့ မန္ခ်က္စတာဒါဘီရဲ႕ ရလဒ္ေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ ေရာက္ရွိလာႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေဒးလီးေမးလ္သတင္းဌာနက သုံးသပ္ေရးသားလုိက္ပါတယ္။

ဒုတိယေနရာက မန္စီးတီးအသင္းထက္ တစ္ပြဲပုိကစားၿပီး ၂၅ မွတ္ ျဖတ္ထားႏုိင္ခဲ့တဲ့ လီဗာပူးလ္အသင္းဟာ လာမယ့္ တနလၤာေန႔ညမွာ အဲဗာတန္အသင္းနဲ႔ မာေဆးဆုိက္ဒါဘီကို အေဝးကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ သြားေရာက္ကစားရမွာျဖစ္ေပမယ့္ ဒီပြဲကို မကစားရေသးဘဲနဲ႔ေတာင္မွ စေနေန႔မွာ ပရီးမီးယားလိဂ္ကို ရရွိႏုိင္တဲ့ အေနအထားျဖစ္ေနခဲ့တယ္လုိ႔လည္း သိရပါတယ္။

လီဗာပူးလ္အသင္းကို မန္စီးတီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လႊဲအပ္ဖို႔ အခ်ိန္ဆြဲထားႏုိင္ခဲ့မယ္ဆုိရင္ အမ်ားဆုံးအေနနဲ႔ ၃ ပြဲေလာက္သာ ျဖစ္ႏုိင္ေတာ့ၿပီး ေျခေခ်ာ္ခဲ့မယ္ဆုိရင္ေတာ့ လာမယ့္ စေနေန႔ ပြဲစဥ္ေတြ အၿပီးမွာပဲ လက္ေလွ်ာ့ရဖို႔ ရွိေနတာျဖစ္ပါတယ္။

၁၁ ရက္ေန႔ညမွာ အာဆင္နယ္၊ ၁၄ ရက္ေန႔ညေနမွာ ဘန္ေလအသင္းေတြနဲ႔ အိမ္ကြင္းအစ္တီဟတ္မွာ ယွဥ္ၿပဳိင္ကစားရမယ့္ မန္စီးတီးအသင္းအေနနဲ႔ ဒီႏွစ္ပြဲကို အႏုိင္ကစားဖို႔ အေရးႀကီးေနၿပီး တကယ္လုိ႔ ဒီထဲက တစ္ပြဲရွဳံးခဲ့ရင္ေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ မာေဆးဆုိက္ဒါဘီကို အႏုိင္ရတာနဲ႔ အေျဖေပၚသြားေတာ့မွာျဖစ္ပါတယ္။

တကယ္လုိ႔ မန္စီးတီးအေနနဲ႔ ဒီႏွစ္ပြဲစလုံးကို အႏုိင္ရခဲ့ရင္ လီဗာပူးလ္အေနနဲ႔ အဲဗာတန္အျပင္ ၂၂ ရက္ေန႔မွာ ကစားရမယ့္ ပဲေလ့စ္နဲ႔ အိမ္ကြင္း ပြဲကိုပါ အႏုိင္ရရမွာျဖစ္ၿပီး ႏွစ္ပြဲစလုံး ရွဳံးနိမ့္ခဲ့ရင္ေတာ့ ကစားဖို႔ေတာင္ မလိုေတာ့ဘဲ လီဗာပူးလ္တုိ႔ ဆုဖလားကို သိမ္းပုိက္ႏုိင္မွာျဖစ္ၿပီး တစ္ပြဲႏုိင္ တစ္ပြဲသေရ ရလဒ္ထြက္ေပၚခဲ့ရင္ေတာ့ ပဲေလ့စ္နဲ႔ပြဲမွာ လီဗာပူးလ္တုိ႔ တစ္မွတ္ရေအာင္ ႀကဳိးစားရဦးမွာျဖစ္တယ္လုိ႔လည္း ေဒးလီးေမးလ္က ေဖာ္ျပခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆုကို နှစ် ၃၀ အတွင်း ရယူနိုင်ဖို့ အစောဆုံးအနေနဲ့ ၆ ရက်သာ စောင့်ဆိုင်းရနိုင်တဲ့ အနေအထားတစ်ရပ်ကို ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီရဲ့ ရလဒ်ကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ရောက်ရှိလာနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းဌာနက သုံးသပ်ရေးသားလိုက်ပါတယ်။

ဒုတိယနေရာက မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီး ၂၅ မှတ် ဖြတ်ထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် တနင်္လာနေ့ညမှာ အဲဗာတန်အသင်းနဲ့ မာဆေးဆိုက်ဒါဘီကို အဝေးကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ သွားရောက်ကစားရမှာဖြစ်ပေမယ့် ဒီပွဲကို မကစားရသေးဘဲနဲ့တောင်မှ စနေနေ့မှာ ပရီးမီးယားလိဂ်ကို ရရှိနိုင်တဲ့ အနေအထားဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။

လီဗာပူးလ်အသင်းကို မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လွှဲအပ်ဖို့ အချိန်ဆွဲထားနိုင်ခဲ့မယ်ဆိုရင် အများဆုံးအနေနဲ့ ၃ ပွဲလောက်သာ ဖြစ်နိုင်တော့ပြီး ခြေချော်ခဲ့မယ်ဆိုရင်တော့ လာမယ့် စနေနေ့ ပွဲစဉ်တွေ အပြီးမှာပဲ လက်လျှော့ရဖို့ ရှိနေတာဖြစ်ပါတယ်။

၁၁ ရက်နေ့ညမှာ အာဆင်နယ်၊ ၁၄ ရက်နေ့ညနေမှာ ဘန်လေအသင်းတွေနဲ့ အိမ်ကွင်းအစ်တီဟတ်မှာ ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီးအသင်းအနေနဲ့ ဒီနှစ်ပွဲကို အနိုင်ကစားဖို့ အရေးကြီးနေပြီး တကယ်လို့ ဒီထဲက တစ်ပွဲရှုံးခဲ့ရင်တော့ လီဗာပူးလ်အသင်းအနေနဲ့ မာဆေးဆိုက်ဒါဘီကို အနိုင်ရတာနဲ့ အဖြေပေါ်သွားတော့မှာဖြစ်ပါတယ်။

တကယ်လို့ မန်စီးတီးအနေနဲ့ ဒီနှစ်ပွဲစလုံးကို အနိုင်ရခဲ့ရင် လီဗာပူးလ်အနေနဲ့ အဲဗာတန်အပြင် ၂၂ ရက်နေ့မှာ ကစားရမယ့် ပဲလေ့စ်နဲ့ အိမ်ကွင်း ပွဲကိုပါ အနိုင်ရရမှာဖြစ်ပြီး နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ရင်တော့ ကစားဖို့တောင် မလိုတော့ဘဲ လီဗာပူးလ်တို့ ဆုဖလားကို သိမ်းပိုက်နိုင်မှာဖြစ်ပြီး တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ရင်တော့ ပဲလေ့စ်နဲ့ပွဲမှာ လီဗာပူးလ်တို့ တစ်မှတ်ရအောင် ကြိုးစားရဦးမှာဖြစ်တယ်လို့လည်း ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.