Premier League

လေထဲရောက်နေစဉ်အတွင်း ပြစ်ဒဏ်ကျူးလွန်ခံရတဲ့ ကစားသမားတစ်ယောက် ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ထိခိုက်နိုင်သလဲ

အာဆင်နယ်အသင်းရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အတွင်း ထိခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်စစ်မှူး လာကာဇက်ဟာ ခဏ ကောင်းကောင်းသတိမရဘဲ နာကျင်မှု ခံစားခဲ့ရပြီးနောက် နောက်ထပ် ဘာထိခိုက်မှုမှမခံစားခဲ့ရတာ တော်တော်လေး ကံကောင်းခဲ့တယ်လို့ ပြောရမှာပါ။

အဲဒီအခိုက်အတံ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ လာကာဇက်ရဲ့ ပွဲကစားချိန်က အဆုံးသတ်သွားခဲ့ပြီလို့ ထင်ကောင်း ထင်မိမှာဖြစ်ပြီး ပြီးခဲ့တဲ့ လနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ ဒီလိုမျိုးဖြစ်စဉ်တွေကြောင့် စိတ်ထဲမှာ ဒီအဖြစ်အပျက်ကို ကြုံဖူးသလို ခံစားနေရမှာဖြစ်ပါတယ်။ ဘောလုံးက လေထဲမှာ ရှိနေပြီး လာကာဇက်က ခေါင်းခုန်တိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သူ့ရဲ့ ခြေထောက်တွေဟာ လေထဲမှာ ရောက်နေတုန်း နောက်ကျောနဲ့ ခံထားတဲ့ ဟယ်ရီမက်ဂွိုင်းယားကြောင့် ဟန်ချက်ပြန်ပြီး လုံးဝ ခြေလွတ်လက်လက်လွတ်ကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

လာကာဇက်ဟာ အဲဒီ စက္ကန့်ဝက်အချိန်ပိုင်းအတွင်းမှာ ဇောက်ထိုးမကျဘဲ ကျောနဲ့ ကျခဲ့ပြီး မက်ဂွိုင်းယားရဲ့ ဦးစားပေးက ဘောလုံးကို မရရှိဖို့ ဖြစ်ပါတယ်။ မြေကြီးပေါ်လဲကျသွားတဲ့အချိန်မှာ လာကာဇက်အနေနဲ့ သတိလစ်သွားတာ ဒါမှမဟုတ် အရိုးတစ်ခုခု ကျိုးသွားတာမျိုး မရှိအောင် သေချာအောင် လုပ်ရပါတယ်။ စစစ်ရမှာကတော့ သူ့ရဲ့ လည်ပင်းပါ။ သင်သာ ပရီးမီးယားလိဂ်ပရိသတ်ဆိုရင် အဲဒီအဖြစ်အပျက်ဟာ ဟယ်ရီကိန်းရဲ့ သင်္ကေတတစ်ခုအဖြစ် ရည်ညွှန်းခြင်းခံခဲ့ရတာကို မြင်ဖူးမှာပါ။

ဒါပေမယ့် ဟယ်ရီကိန်းကပဲ ဒီလိုနည်းနဲ့ ပြိုင်ဘက်တွေကို အန္တရာယ်ရှိတဲ့အပြစ်မျိုး ကျူးလွန်သူဖြစ်အောင် လုပ်ခဲ့တဲ့ ကစားသမားမဟုတ်ပါဘူး။ လာကာဇက်လည်း တစ်ဦးအနေနဲ့ ပါပါတယ်။ မက်ဂွိုင်းယားက သူ့ကို အဲဒီလို လေထဲမှာ တစ်ပတ်လည်သွားအောင် မလုပ်ခင် မိနစ် ၂၀ အလိုတုန်းက လာကာဇက်က ပေါ့ဂ်ဘာကို အလားတူပုံစံမျိုး ပြုလုပ်ခဲ့ပါသေးတယ်။ နောက်ထပ်တစ်ကြိမ် ဘောလုံးက လေထဲမှာ ရှိနေခဲ့တဲ့အချိန်မှာ ပေါ့ဂ်ဘာက ခုန်ခဲ့ပြီး လာကာဇက်ကတော့ မခုန်ဖို့ ရွေးချယ်ခဲ့ပြီး ကိုယ်ခန္ဓာကို ညွတ်ကွေးပြီး နောက်ကျောနဲ့ ခံခဲ့ပါတယ်။

ပေါ့ဂ်ဘာက ဘောလုံးကို ခေါင်းတိုက်ရာမှာ အနိုင်ရအောင် တော်တော်မြင့်မြင့်ခုန်ခဲ့ပြီး လာကာဇက်ရဲ့ ပုခုံးက သူ့ကို လည်ထွက်သွားစေခဲ့ပါတယ်။ ပေါ့ဂ်ဘာက သတိတော့ လစ်မသွားခဲ့ပေမယ့် ပြန်ထဖို့အတွက် တော်တော်လေးအချိန်ယူခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ မာကျောတဲ့ မြေကြီးနဲ့ ပြုတ်ကျတဲ့အချိန်မှာ ရိုက်မိတဲ့အရှိန်က အမြဲတမ်း နာကျင်ရတာမို့လို့ပါ။ အဲဒါကလည်း နောက်ပိုင်း အဲဒီပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စက တိုက်ဆိုင်ခဲ့ရုံသက်သက် ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် မက်ဂွိုင်းယားက လာကာဇက်ကို ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန် စမ်းစားခိုင်းလိုက်တာလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။

ဖြစ်စဉ် ၂ ခုစလုံးမှာ အဲဒီလို အမြင့်၊ အဲဒီလို အရှိန်နဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားက ပြုတ်ကျတဲ့ဘယ်သူမဆို ပြင်းထန်တဲ့ဒဏ်ရာ ရစေနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ဂယ်ရီနဗီး ထောက်ပြခဲ့တဲ့ တစ်ခုခုလုပ်ခဲ့ရမယ်ဆိုတဲ့ အချက်ကလည်း မှန်ကန်ခဲ့ပါတယ်။ တကယ်လို့ အဲဒါက စိုးရိမ်စရာကိစ္စမဟုတ်ဘူးဆိုရင် အရင်တုန်းက ဖြစ်ပျက်ခဲ့ဖူးတာတစ်ခုကို မမေ့ဖို့ လိုပါတယ်။ ၁၉၉၇ ခုနှစ် ဇွန်လမှာ အင်္ဂလန်အသင်းက ဘရာဇီးလ်နဲ့ ၁၉၉၈ ကမ္ဘာ့ဖလားအကြို Le Tournoi de France ပြိုင်ပွဲကစားခဲ့ပြီး မိနစ် ၂၀ မှာ မာတင်ကီယွန်က ခေါင်းယှဉ်တိုက်ဖို့ လေထဲကို ခုန်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ ကျောနံပါတ် ၁၀ ကစားသမား လီယိုနာဒိုဟာ မတ်တပ်ရပ်နေတဲ့အနေအထားကနေ ကုန်းလိုက်ပြီး မာတင်ကီယွန်ဟာ လေထဲကနေ ခြေလွတ်လက်လွတ်ပြုတ်ကျပြီး ပုခုံးရိုးကျိုးသွားခဲ့ပါတယ်။ အဲဒီဒဏ်ရာကြောင့်ပဲ မာတင်ကီယွန်က နောက်ထပ် ၅ လလောက် မကစားဘဲ နားနေခဲ့ရဖူးပါတယ်။

စိတ်ဝင်စားစရာ အပိုင်းက ဘာကြောင့် ပရီးမီးယားလိဂ်မှာ ဒီလို ပုံစံမျိုး တောက်လျှောက် ရုတ်ချည်းဆိုသလို ရှိလာခဲ့တာလဲဆိုတာပါ။ ဒါပေမယ့် ယခုရာသီ အစောပိုင်း ဘရိုက်တန်နဲ့ စပါးတို့ ပွဲစဉ်မှာ ဖြစ်ခဲ့တာကို ပြန်တွေးရင် ကျွန်တော်တို့ နောက်ထပ်ဖြစ်လာရင် အန္တရာယ်ရှိကောင်းရှိနေတယ်ဆိုတာကို မှန်းဆလို့ရပါတယ်။ ဟယ်ရီကိန်းက အရမ်းတော်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်နိုင်ပေမယ့် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ အလွတ်တည်ကန်ဘော ရယူခြင်းအနုပညာမှာ တဖက်ကမ်းခတ် တတ်မြောက်ထားသူလည်းဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ပွဲတာဝန်ရှိသူတွေဟာ လှည့်စားခြင်းခံခဲ့ရတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

ဟယ်ရီကိန်းဟာ ပြစ်ဒဏ်ဘောရယူရာမှာ အထူးကျွမ်းကျင်သူဖြစ်ပြီး ဒီလို ဘောလုံးယှဉ်လုတဲ့ပုံစံမျိုးက ပြစ်ဒဏ်ဘော ရနိုင်တဲ့နည်းလမ်းတစ်ခုဆိုတာ သိသွားခဲ့တာဖြစ်ပါတယ်။ အဒမ် လယ်လာနာက ဘောလုံးရယူဖို့ ခုန်ခဲ့ပြီး ဟယ်ရီကိန်းက ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို အသာ တစ်ချက်စောင်းကြည့်ခဲ့ပြီးနောက်မှာ ကျောနဲ့ ခံခဲ့ပါတယ်။ လယ်လာနာက လေထဲမှာ ခုန်ပျံနေတဲ့အချိန်မှာ ကိန်းက မဟာဗျူဟာကျကျ လဲကျလိုက်ပါတယ်။ တစ်နည်းနည်းနဲ့တော့ ပင်နယ်တီက ရခဲ့တာပဲ။ နည်းပြ မော်ရင်ညိုက အများကြီး သဘောမတူပေမယ့် အဲဒါက မျှတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပွဲပြီးရလဒ်ကတော့ စပါး ၂- ၁ ဘရိုက်တန်ပါ။

“ကျွန်တော်တို့က ပြိုင်ဘက်နောက်ခံကစားသမားနဲ့ မိနစ်တိုင်းမှာ ထိတွေ့မှုရှိနိုင်တဲ့ ဘောလုံးပွဲကို ကစားနေတာပါ။ အဲဒီတော့ ခင်ဗျား ပွဲစဉ်အတွင်းမှာ လုံးဝကြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုဖြစ်အောင် မလုပ်ခဲ့ဘူးဆိုရင် ၅၀-၅၀ ဖြစ်တဲ့ ဆုံးချက်ချက်ကို ရလိမ့်မယ်။ ဖြစ်ခဲ့တာက အဲဒါပဲ”လို့ ကိန်းက ပြောခဲ့ပါတယ်။ ကစားသမားတစ်ဦးက လေထဲကို ဘောလုံးရယူဖို့ ခုန်နေတဲ့အချိန်မှာ နောက်ထပ်ကစားသမားတစ်ဦးက ရည်ရွယ်ချက်ရှိရှိ နောက်ကျောနဲ့ ခုခဲ့တာကတော့ ၅၀-၅၀ လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ ရပ်ဘီအားကစားမှာဆိုရင် အမြင့်ဘောကို ရယူဖို့ ခုန်တဲ့ ဘယ်လိုကစားသမားမျိုးကိုမဆို ဖျက်ထုတ်တာက တရားမဝင်ဘဲ ၂ ဦးစလုံး မြေကြီးပေါ်ကနေ ခုန်ဖို့ လိုပါတယ်။ အဲဒီလုပ်ရပ်ဟာ အနီကတ်နဲ့ အပြစ်ပေးလို့ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒဏ်ရာရရှိဖို့ ဖြစ်နိုင်ခြေက သိသာနေတာကြောင့်ပါ။

ဒါပေမယ့်လည်း ဘောလုံးမှာကတော့ အခုအချိန်အထိ အဲဒီကိစ္စက ဘယ်တုန်းကမှ ပြဿနာအမှန်တကယ် မဖြစ်ခဲ့ဖူးသေးလို့ ဖြစ်ပါတယ်။ အဲဒီလို ဘောလုံးလုတဲ့ပုံစံမျိုးအတွက် သီးသန့် စည်းမျဉ်းစည်းကမ်းမျိုးလည်း မရှိပါဘူး။ အရေးအကြီးဆုံးအပိုင်းက ဒိုင်လူကြီးတွေက အနီကတ်နဲ့ ထုတ်ပယ်ဖို့ ထိုက်တန်တယ်လို့ လုံးဝမတွေးတဲ့အပြင် အလွတ်တည်ကန်ဘောတောင် မပေးချင်ကြတာဖြစ်ပါတယ်။

“ဒါက ဟယ်ရီ ကိန်း လုပ်ခဲ့တာပါ။ သူ ဘာလုပ်နေတယ်ဆိုတာ သူ သေချာသိမယ်လို့ ကျွန်တော် ယုံတယ်။ သူ့ရဲ့ပြိုင်ဘက်ကို သူ ကြည့်လိုက်ပြီးတဲ့နောက်မှာ သူ ဘာလုပ်မရလဲ သိသွားပြီး ပြိုင်ဘက်ကစားသမားအတွက် သူ့ကျောကို ခုလိုက်တယ်။ အဲဒါက အန္တရာယ်များတဲ့ ကစားနည်းလို့ ကျွန်တော် ထင်တယ်။ ကိန်းကို ကျွန်တော်တို့ သေချာသိအောင် မုသားဖော်စက်နဲ့ စစ်ဆေးရလိမ့်မယ်။ ဒါပေမယ့် သူ လုပ်နေတာကို သူ သိမယ်ထင်ပါတယ်”လို့ မာတင်ကီယွန်က ပြောကြားခဲ့ပါတယ်။ ကိန်းက လှုပ်ရှားမှု မပြုလုပ်ခင် သူ့ရဲ့ ပြိုင်ဘက်ကို နောက်ပြန်လှည့်ကြည့်လေ့ရှိတာက မကောင်းတဲ့ပုံပေါ်နေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နောက်ထပ် ဒီလို ဖြစ်စဉ်မျိုး တစ်ခု ရှိသေးပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက စပါးအသင်း အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဂက်ဘရီရယ်ရဲ့ အလှည့်ဖြစ်ပြီး လေထဲကနေ မြက်ခင်းပြင်ပေါ်ကို ခြေကားရားလက်ကားရားနဲ့ကို ကျသွားခဲ့ပါတယ်။ နောက်ထပ်တစ်ပွဲကတော့ ဝက်စ်ဟမ်းနဲ့ ၃-၃ ရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲဖြစ်ပြီး ကိန်းက အာရွန် ခရက်စ်ဝဲလ် ဘောလုံးကို ခေါင်းခုန်တိုက် ရှင်းထုတ်တော့မယ်ဆိုတာ သိသွားတဲ့အချိန်မှာ သူ့ရဲ့ တူညီတဲ့ နည်းဗျူဟာအတိုင်း ထပ်လုပ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မစတင်မီမှာ ကိန်းဆီကနေ နောက်ထပ်တစ်ကြိမ် အကြည့်တစ်ခု ရှိနေခဲ့တာဖြစ်ပါတယ်။ ခရက်စ်ဝဲလ်ရဲ့ မျက်လုံးကတော့ အန္တရာယ်ကို မမြင်ဘဲ ဘောလုံးကိုပဲ ကြည့်နေခဲ့ပြီး ကိန်းကတော့ ပြိုင်ဘက်ကစားသမားကို ကြည့်နေခဲ့တာဖြစ်ပါတယ်။ ခရက်စ်ဝဲလ်က လေထဲကနေ ဒူးနဲ့ ကျခဲ့ပြီး ဟယ်ရီကိန်းကတော့ ခေါင်းကိုကိုင်ပြီး မြက်ခင်းပြင်ပေါ်မှာ လဲနေခဲ့ပါတယ်။

ဟယ်ရီကိန်းက ဘောလုံးထက် ခရက်စ်ဝဲလ်ကို ပိုစိတ်ဝင်စားနေခဲ့တယ်။ အလွတ်တည်ကန်ဘောရဖို့ ကြိုးပမ်းတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်”လို့ Sky Sports အတွက် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးနေတဲ့ လီဗာပူးလ် ဂန္တဝင် ကာရေဂါကလည်း မှတ်ချက်ပေးခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ဒီလိုလုပ်ရပ်မျိုးကို ၇ ပတ်အတွင်းမှာ ၃ ကြိမ်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလို လုပ်ခဲ့တာကလည်း သူတစ်ယောက်တည်းမဟုတ်တာကြောင့် ပရီးမီးယားလိဂ်၊ EFL၊ နိုင်ငံလိဂ်ဒိုင်လူကြီးများ တာဝန်ယူနေတဲ့ PGMOL အဖွဲ့အစည်းက ဒီအဖြစ်အပျက်ကို သိရှိအောင် ဖော်ပြရမှာဖြစ်ပြီး အဲဒါမှ သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်သလို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ ဒီတိုင်း ဆက်လုပ်တာကို ခွင့်ပြုဖို့ဖြစ်ပေမယ့် PGMOL အနေနဲ့ သတိပြုရမှာက ဂရီးလစ်ရှ်ရဲ့ ခြေအိတ်တိုတို ချဝတ်တဲ့စတိုင်လ်၊ ရော်နယ်ဒိုရဲ့ ဂိုးသွင်းအောင်ပွဲခံတဲ့ပုံစံ၊ ယိုဟန် ခရိုက်ဖ်ရဲ့ တစ်ပတ်လှည့်လိမ်နည်းတို့ကို နောက်တက်ကစားသမားတွေက တီဗွီမှာ မြင်တဲ့အတိုင်း အတူယူသလိုပဲ အန္တရာယ်များတဲ့နည်းဗျူဟာကို အတုယူကြလိမ့်မယ်ဆိုတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံးအိမ္ကြင္းပြဲစဥ္အတြင္း ထိခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ တိုက္စစ္မႉး လာကာဇက္ဟာ ခဏ ေကာင္းေကာင္းသတိမရဘဲ နာက်င္မႈ ခံစားခဲ့ရၿပီးေနာက္ ေနာက္ထပ္ ဘာထိခိုက္မႈမွမခံစားခဲ့ရတာ ေတာ္ေတာ္ေလး ကံေကာင္းခဲ့တယ္လို႔ ေျပာရမွာပါ။

အဲဒီအခိုက္အတံ့မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ပြဲစဥ္မွာ ပါဝင္ကစားခဲ့တဲ့ လာကာဇက္ရဲ႕ ပြဲကစားခ်ိန္က အဆုံးသတ္သြားခဲ့ၿပီလို႔ ထင္ေကာင္း ထင္မိမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ လနည္းငယ္က ျဖစ္ပ်က္ခဲ့တဲ့ ဒီလိုမ်ိဳးျဖစ္စဥ္ေတြေၾကာင့္ စိတ္ထဲမွာ ဒီအျဖစ္အပ်က္ကို ႀကဳံဖူးသလို ခံစားေနရမွာျဖစ္ပါတယ္။ ေဘာလုံးက ေလထဲမွာ ရွိေနၿပီး လာကာဇက္က ေခါင္းခုန္တိုက္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ သူ႔ရဲ႕ ေျခေထာက္ေတြဟာ ေလထဲမွာ ေရာက္ေနတုန္း ေနာက္ေက်ာနဲ႔ ခံထားတဲ့ ဟယ္ရီမက္ဂြိဳင္းယားေၾကာင့္ ဟန္ခ်က္ျပန္ၿပီး လုံးဝ ေျခလြတ္လက္လက္လြတ္ကို ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။

လာကာဇက္ဟာ အဲဒီ စကၠန႔္ဝက္အခ်ိန္ပိုင္းအတြင္းမွာ ေဇာက္ထိုးမက်ဘဲ ေက်ာနဲ႔ က်ခဲ့ၿပီး မက္ဂြိဳင္းယားရဲ႕ ဦးစားေပးက ေဘာလုံးကို မရရွိဖို႔ ျဖစ္ပါတယ္။ ေျမႀကီးေပၚလဲက်သြားတဲ့အခ်ိန္မွာ လာကာဇက္အေနနဲ႔ သတိလစ္သြားတာ ဒါမွမဟုတ္ အ႐ိုးတစ္ခုခု က်ိဳးသြားတာမ်ိဳး မရွိေအာင္ ေသခ်ာေအာင္ လုပ္ရပါတယ္။ စစစ္ရမွာကေတာ့ သူ႔ရဲ႕ လည္ပင္းပါ။ သင္သာ ပရီးမီးယားလိဂ္ပရိသတ္ဆိုရင္ အဲဒီအျဖစ္အပ်က္ဟာ ဟယ္ရီကိန္းရဲ႕ သေကၤတတစ္ခုအျဖစ္ ရည္ၫႊန္းျခင္းခံခဲ့ရတာကို ျမင္ဖူးမွာပါ။

ဒါေပမယ့္ ဟယ္ရီကိန္းကပဲ ဒီလိုနည္းနဲ႔ ၿပိဳင္ဘက္ေတြကို အႏၲရာယ္ရွိတဲ့အျပစ္မ်ိဳး က်ဴးလြန္သူျဖစ္ေအာင္ လုပ္ခဲ့တဲ့ ကစားသမားမဟုတ္ပါဘူး။ လာကာဇက္လည္း တစ္ဦးအေနနဲ႔ ပါပါတယ္။ မက္ဂြိဳင္းယားက သူ႔ကို အဲဒီလို ေလထဲမွာ တစ္ပတ္လည္သြားေအာင္ မလုပ္ခင္ မိနစ္ ၂၀ အလိုတုန္းက လာကာဇက္က ေပါ့ဂ္ဘာကို အလားတူပုံစံမ်ိဳး ျပဳလုပ္ခဲ့ပါေသးတယ္။ ေနာက္ထပ္တစ္ႀကိမ္ ေဘာလုံးက ေလထဲမွာ ရွိေနခဲ့တဲ့အခ်ိန္မွာ ေပါ့ဂ္ဘာက ခုန္ခဲ့ၿပီး လာကာဇက္ကေတာ့ မခုန္ဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး ကိုယ္ခႏၶာကို ၫြတ္ေကြးၿပီး ေနာက္ေက်ာနဲ႔ ခံခဲ့ပါတယ္။

ေပါ့ဂ္ဘာက ေဘာလုံးကို ေခါင္းတိုက္ရာမွာ အႏိုင္ရေအာင္ ေတာ္ေတာ္ျမင့္ျမင့္ခုန္ခဲ့ၿပီး လာကာဇက္ရဲ႕ ပုခုံးက သူ႔ကို လည္ထြက္သြားေစခဲ့ပါတယ္။ ေပါ့ဂ္ဘာက သတိေတာ့ လစ္မသြားခဲ့ေပမယ့္ ျပန္ထဖို႔အတြက္ ေတာ္ေတာ္ေလးအခ်ိန္ယူခဲ့ရပါတယ္။ ဘာလို႔လဲဆိုေတာ့ မာေက်ာတဲ့ ေျမႀကီးနဲ႔ ျပဳတ္က်တဲ့အခ်ိန္မွာ ႐ိုက္မိတဲ့အရွိန္က အၿမဲတမ္း နာက်င္ရတာမို႔လို႔ပါ။ အဲဒါကလည္း ေနာက္ပိုင္း အဲဒီပြဲစဥ္မွာ ျဖစ္ပ်က္ခဲ့တဲ့ကိစၥက တိုက္ဆိုင္ခဲ့႐ုံသက္သက္ ျဖစ္ေကာင္းလည္း ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ မက္ဂြိဳင္းယားက လာကာဇက္ကို ကိုယ္ေဖာ္တဲ့ေဆး ကိုယ္ျပန္ စမ္းစားခိုင္းလိုက္တာလည္း ျဖစ္ရင္ျဖစ္ႏိုင္ပါတယ္။

ျဖစ္စဥ္ ၂ ခုစလုံးမွာ အဲဒီလို အျမင့္၊ အဲဒီလို အရွိန္နဲ႔ ပုံမွန္မဟုတ္တဲ့ အေနအထားက ျပဳတ္က်တဲ့ဘယ္သူမဆို ျပင္းထန္တဲ့ဒဏ္ရာ ရေစႏိုင္တဲ့ အႏၲရာယ္ရွိတာေၾကာင့္ ဂယ္ရီနဗီး ေထာက္ျပခဲ့တဲ့ တစ္ခုခုလုပ္ခဲ့ရမယ္ဆိုတဲ့ အခ်က္ကလည္း မွန္ကန္ခဲ့ပါတယ္။ တကယ္လို႔ အဲဒါက စိုးရိမ္စရာကိစၥမဟုတ္ဘူးဆိုရင္ အရင္တုန္းက ျဖစ္ပ်က္ခဲ့ဖူးတာတစ္ခုကို မေမ့ဖို႔ လိုပါတယ္။ ၁၉၉၇ ခုႏွစ္ ဇြန္လမွာ အဂၤလန္အသင္းက ဘရာဇီးလ္နဲ႔ ၁၉၉၈ ကမာၻ႔ဖလားအႀကိဳ Le Tournoi de France ၿပိဳင္ပြဲကစားခဲ့ၿပီး မိနစ္ ၂၀ မွာ မာတင္ကီယြန္က ေခါင္းယွဥ္တိုက္ဖို႔ ေလထဲကို ခုန္ခဲ့ပါတယ္။ ဘရာဇီးလ္အသင္းရဲ႕ ေက်ာနံပါတ္ ၁၀ ကစားသမား လီယိုနာဒိုဟာ မတ္တပ္ရပ္ေနတဲ့အေနအထားကေန ကုန္းလိုက္ၿပီး မာတင္ကီယြန္ဟာ ေလထဲကေန ေျခလြတ္လက္လြတ္ျပဳတ္က်ၿပီး ပုခုံး႐ိုးက်ိဳးသြားခဲ့ပါတယ္။ အဲဒီဒဏ္ရာေၾကာင့္ပဲ မာတင္ကီယြန္က ေနာက္ထပ္ ၅ လေလာက္ မကစားဘဲ နားေနခဲ့ရဖူးပါတယ္။

စိတ္ဝင္စားစရာ အပိုင္းက ဘာေၾကာင့္ ပရီးမီးယားလိဂ္မွာ ဒီလို ပုံစံမ်ိဳး ေတာက္ေလွ်ာက္ ႐ုတ္ခ်ည္းဆိုသလို ရွိလာခဲ့တာလဲဆိုတာပါ။ ဒါေပမယ့္ ယခုရာသီ အေစာပိုင္း ဘ႐ိုက္တန္နဲ႔ စပါးတို႔ ပြဲစဥ္မွာ ျဖစ္ခဲ့တာကို ျပန္ေတြးရင္ ကြၽန္ေတာ္တို႔ ေနာက္ထပ္ျဖစ္လာရင္ အႏၲရာယ္ရွိေကာင္းရွိေနတယ္ဆိုတာကို မွန္းဆလို႔ရပါတယ္။ ဟယ္ရီကိန္းက အရမ္းေတာ္တဲ့ တိုက္စစ္မႉးတစ္ေယာက္ ျဖစ္ႏိုင္ေပမယ့္ အဂၤလန္အသင္းေခါင္းေဆာင္ဟာ အလြတ္တည္ကန္ေဘာ ရယူျခင္းအႏုပညာမွာ တဖက္ကမ္းခတ္ တတ္ေျမာက္ထားသူလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ပဲ ပြဲတာဝန္ရွိသူေတြဟာ လွည့္စားျခင္းခံခဲ့ရတယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။

ဟယ္ရီကိန္းဟာ ျပစ္ဒဏ္ေဘာရယူရာမွာ အထူးကြၽမ္းက်င္သူျဖစ္ၿပီး ဒီလို ေဘာလုံးယွဥ္လုတဲ့ပုံစံမ်ိဳးက ျပစ္ဒဏ္ေဘာ ရႏိုင္တဲ့နည္းလမ္းတစ္ခုဆိုတာ သိသြားခဲ့တာျဖစ္ပါတယ္။ အဒမ္ လယ္လာနာက ေဘာလုံးရယူဖို႔ ခုန္ခဲ့ၿပီး ဟယ္ရီကိန္းက ၿပိဳင္ဘက္ရဲ႕ လႈပ္ရွားမႈကို အသာ တစ္ခ်က္ေစာင္းၾကည့္ခဲ့ၿပီးေနာက္မွာ ေက်ာနဲ႔ ခံခဲ့ပါတယ္။ လယ္လာနာက ေလထဲမွာ ခုန္ပ်ံေနတဲ့အခ်ိန္မွာ ကိန္းက မဟာဗ်ဴဟာက်က် လဲက်လိုက္ပါတယ္။ တစ္နည္းနည္းနဲ႔ေတာ့ ပင္နယ္တီက ရခဲ့တာပဲ။ နည္းျပ ေမာ္ရင္ညိဳက အမ်ားႀကီး သေဘာမတူေပမယ့္ အဲဒါက မွ်တဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ပြဲၿပီးရလဒ္ကေတာ့ စပါး ၂- ၁ ဘ႐ိုက္တန္ပါ။

“ကြၽန္ေတာ္တို႔က ၿပိဳင္ဘက္ေနာက္ခံကစားသမားနဲ႔ မိနစ္တိုင္းမွာ ထိေတြ႕မႈရွိႏိုင္တဲ့ ေဘာလုံးပြဲကို ကစားေနတာပါ။ အဲဒီေတာ့ ခင္ဗ်ား ပြဲစဥ္အတြင္းမွာ လုံးဝႀကီး ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈျဖစ္ေအာင္ မလုပ္ခဲ့ဘူးဆိုရင္ ၅၀-၅၀ ျဖစ္တဲ့ ဆုံးခ်က္ခ်က္ကို ရလိမ့္မယ္။ ျဖစ္ခဲ့တာက အဲဒါပဲ”လို႔ ကိန္းက ေျပာခဲ့ပါတယ္။ ကစားသမားတစ္ဦးက ေလထဲကို ေဘာလုံးရယူဖို႔ ခုန္ေနတဲ့အခ်ိန္မွာ ေနာက္ထပ္ကစားသမားတစ္ဦးက ရည္႐ြယ္ခ်က္ရွိရွိ ေနာက္ေက်ာနဲ႔ ခုခဲ့တာကေတာ့ ၅၀-၅၀ လို႔ သတ္မွတ္လို႔ မရႏိုင္ပါဘူး။ ရပ္ဘီအားကစားမွာဆိုရင္ အျမင့္ေဘာကို ရယူဖို႔ ခုန္တဲ့ ဘယ္လိုကစားသမားမ်ိဳးကိုမဆို ဖ်က္ထုတ္တာက တရားမဝင္ဘဲ ၂ ဦးစလုံး ေျမႀကီးေပၚကေန ခုန္ဖို႔ လိုပါတယ္။ အဲဒီလုပ္ရပ္ဟာ အနီကတ္နဲ႔ အျပစ္ေပးလို႔ရႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒဏ္ရာရရွိဖို႔ ျဖစ္ႏိုင္ေျခက သိသာေနတာေၾကာင့္ပါ။

ဒါေပမယ့္လည္း ေဘာလုံးမွာကေတာ့ အခုအခ်ိန္အထိ အဲဒီကိစၥက ဘယ္တုန္းကမွ ျပႆနာအမွန္တကယ္ မျဖစ္ခဲ့ဖူးေသးလို႔ ျဖစ္ပါတယ္။ အဲဒီလို ေဘာလုံးလုတဲ့ပုံစံမ်ိဳးအတြက္ သီးသန႔္ စည္းမ်ဥ္းစည္းကမ္းမ်ိဳးလည္း မရွိပါဘူး။ အေရးအႀကီးဆုံးအပိုင္းက ဒိုင္လူႀကီးေတြက အနီကတ္နဲ႔ ထုတ္ပယ္ဖို႔ ထိုက္တန္တယ္လို႔ လုံးဝမေတြးတဲ့အျပင္ အလြတ္တည္ကန္ေဘာေတာင္ မေပးခ်င္ၾကတာျဖစ္ပါတယ္။

“ဒါက ဟယ္ရီ ကိန္း လုပ္ခဲ့တာပါ။ သူ ဘာလုပ္ေနတယ္ဆိုတာ သူ ေသခ်ာသိမယ္လို႔ ကြၽန္ေတာ္ ယုံတယ္။ သူ႔ရဲ႕ၿပိဳင္ဘက္ကို သူ ၾကည့္လိုက္ၿပီးတဲ့ေနာက္မွာ သူ ဘာလုပ္မရလဲ သိသြားၿပီး ၿပိဳင္ဘက္ကစားသမားအတြက္ သူ႔ေက်ာကို ခုလိုက္တယ္။ အဲဒါက အႏၲရာယ္မ်ားတဲ့ ကစားနည္းလို႔ ကြၽန္ေတာ္ ထင္တယ္။ ကိန္းကို ကြၽန္ေတာ္တို႔ ေသခ်ာသိေအာင္ မုသားေဖာ္စက္နဲ႔ စစ္ေဆးရလိမ့္မယ္။ ဒါေပမယ့္ သူ လုပ္ေနတာကို သူ သိမယ္ထင္ပါတယ္”လို႔ မာတင္ကီယြန္က ေျပာၾကားခဲ့ပါတယ္။ ကိန္းက လႈပ္ရွားမႈ မျပဳလုပ္ခင္ သူ႔ရဲ႕ ၿပိဳင္ဘက္ကို ေနာက္ျပန္လွည့္ၾကည့္ေလ့ရွိတာက မေကာင္းတဲ့ပုံေပၚေနခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ေနာက္ထပ္ ဒီလို ျဖစ္စဥ္မ်ိဳး တစ္ခု ရွိေသးၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာလက စပါးအသင္း အာဆင္နယ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ဂက္ဘရီရယ္ရဲ႕ အလွည့္ျဖစ္ၿပီး ေလထဲကေန ျမက္ခင္းျပင္ေပၚကို ေျခကားရားလက္ကားရားနဲ႔ကို က်သြားခဲ့ပါတယ္။ ေနာက္ထပ္တစ္ပြဲကေတာ့ ဝက္စ္ဟမ္းနဲ႔ ၃-၃ ရလဒ္ထြက္ေပၚခဲ့တဲ့ပြဲျဖစ္ၿပီး ကိန္းက အာ႐ြန္ ခရက္စ္ဝဲလ္ ေဘာလုံးကို ေခါင္းခုန္တိုက္ ရွင္းထုတ္ေတာ့မယ္ဆိုတာ သိသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ တူညီတဲ့ နည္းဗ်ဴဟာအတိုင္း ထပ္လုပ္ခဲ့ပါတယ္။ အဲဒီျဖစ္စဥ္မစတင္မီမွာ ကိန္းဆီကေန ေနာက္ထပ္တစ္ႀကိမ္ အၾကည့္တစ္ခု ရွိေနခဲ့တာျဖစ္ပါတယ္။ ခရက္စ္ဝဲလ္ရဲ႕ မ်က္လုံးကေတာ့ အႏၲရာယ္ကို မျမင္ဘဲ ေဘာလုံးကိုပဲ ၾကည့္ေနခဲ့ၿပီး ကိန္းကေတာ့ ၿပိဳင္ဘက္ကစားသမားကို ၾကည့္ေနခဲ့တာျဖစ္ပါတယ္။ ခရက္စ္ဝဲလ္က ေလထဲကေန ဒူးနဲ႔ က်ခဲ့ၿပီး ဟယ္ရီကိန္းကေတာ့ ေခါင္းကိုကိုင္ၿပီး ျမက္ခင္းျပင္ေပၚမွာ လဲေနခဲ့ပါတယ္။

ဟယ္ရီကိန္းက ေဘာလုံးထက္ ခရက္စ္ဝဲလ္ကို ပိုစိတ္ဝင္စားေနခဲ့တယ္။ အလြတ္တည္ကန္ေဘာရဖို႔ ႀကိဳးပမ္းတာ ျဖစ္ေကာင္းျဖစ္လိမ့္မယ္”လို႔ Sky Sports အတြက္ အစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ေပးေနတဲ့ လီဗာပူးလ္ ဂႏၲဝင္ ကာေရဂါကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။ ဟယ္ရီကိန္းဟာ ဒီလိုလုပ္ရပ္မ်ိဳးကို ၇ ပတ္အတြင္းမွာ ၃ ႀကိမ္အထိ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အဲဒီလို လုပ္ခဲ့တာကလည္း သူတစ္ေယာက္တည္းမဟုတ္တာေၾကာင့္ ပရီးမီးယားလိဂ္၊ EFL၊ ႏိုင္ငံလိဂ္ဒိုင္လူႀကီးမ်ား တာဝန္ယူေနတဲ့ PGMOL အဖြဲ႕အစည္းက ဒီအျဖစ္အပ်က္ကို သိရွိေအာင္ ေဖာ္ျပရမွာျဖစ္ၿပီး အဲဒါမွ သက္ဆိုင္ရာတာဝန္ရွိသူေတြက လိုအပ္သလို ေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။ ေနာက္ထပ္ေ႐ြးခ်ယ္စရာတစ္ခုကေတာ့ ဒီတိုင္း ဆက္လုပ္တာကို ခြင့္ျပဳဖို႔ျဖစ္ေပမယ့္ PGMOL အေနနဲ႔ သတိျပဳရမွာက ဂရီးလစ္ရွ္ရဲ႕ ေျခအိတ္တိုတို ခ်ဝတ္တဲ့စတိုင္လ္၊ ေရာ္နယ္ဒိုရဲ႕ ဂိုးသြင္းေအာင္ပြဲခံတဲ့ပုံစံ၊ ယိုဟန္ ခ႐ိုက္ဖ္ရဲ႕ တစ္ပတ္လွည့္လိမ္နည္းတို႔ကို ေနာက္တက္ကစားသမားေတြက တီဗြီမွာ ျမင္တဲ့အတိုင္း အတူယူသလိုပဲ အႏၲရာယ္မ်ားတဲ့နည္းဗ်ဴဟာကို အတုယူၾကလိမ့္မယ္ဆိုတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.