Premier League Transfer News

5 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာအနေနဲ့ အမှားတွေကြောင့် ဦးစားပေးအဆင့်အတန်း လျော့ကျခဲ့ပေမယ့် သူ့ကိုယ်သူ အမြဲတမ်းအဆင်သင့်ရှိအောင် လေ့ကျင့်ထားခဲ့တဲ့ ဂိုးသမား အဲလက်စ် ရူနာဆန်ကို ချီးကျူးလိုက်ပြီး လာမယ့် ဗီလာနဲ့ပွဲမှာလည်း ဆက်လက်သုံးစွဲဖွယ်ရှိနေ။

– ပရီးမီးယားလိဂ်ကို အယူခံတင်သွင်းခဲ့တဲ့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ အနီကတ်ကို ပယ်ဖျက်မပေးခဲ့ဘဲ တစ်ပွဲပယ်ပြစ်ဒဏ် ဆက်လက်ချမှတ်ခဲ့ပြီး လာမယ့်ပွဲမှာ သူ့နေရာအတွက် ကယ်လမ် ချိမ်းဘားစ်နဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်တို့ကို အစားထိုးသုံးစွဲသွားဖို့ရှိနေ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ ခြေစွမ်းပြသနေတဲ့ ချက်ကွင်းလယ်လူ သောမတ်စ် ဆူးချက်ခ်ကို ချာကာနဲ့ အယ်လ်နန်နီတို့နေရာတွေမှာ အစားထိုးဖို့ အလိုရှိနေပြီး သူဟာ အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာလို ကစားသမားမျိုးလို့ ချီးကျူးနေကြ။

– အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်း ပြန်လည်ပါဝင်လာရင် နီကိုလာ ပေပေကို အရန်ခုံထိုင်ခိုင်းမှာလားဆိုတဲ့ မေးခွန်းက နည်းပြ အာတီတာအတွက် ခက်ခဲနေပြီး ဆက်လက်သုံးစွဲချင်စိတ်ရှိကြောင်းကိုတော့ စပိန်သားနည်းပြက တောင်ပံသမား အနေနဲ့ တိုးတက်လာတယ်လို့ သုံးသပ်ပြောကြားသွား။

– ဆောက်သမ်တန်နောက်ခံလူ ဘက်ဒ်နာရက်ခ်ရဲ့ အနီကတ်ကို ပယ်ဖျက်ပေးခဲ့ပြီး ဒေးဗစ် လူးဝစ်ဇ်ရဲ့ အနီကတ်ကိုတော့ ဆက်လက် တည်ရှိစေခဲ့တဲ့ အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို အာဆင်နယ်ပရိသတ် တောင်ပံကစားသမား ယန်းနစ်ခ် ဘိုလာစီက လှောင်ပြောင်လိုက်ပြီး ဘာက ကွာခြားချက်လဲလို့ မေးခွန်းထုတ်။

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းမှာ ဂျိုးဝီလော့ခ် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ နည်းပြဟောင်းဖြစ်သူ ဖရက်ဒီ ယွန်းဘတ်က ပြောကြားလိုက်ပြီး ကစားသမားရဲ့ အကောင်းဆုံးနေရာက Box to Box နေရာဖြစ်သလို အူဘာမီယန်းလိုပဲ လျင်မြန်တဲ့ ကစားသမားလို့ သုံးသပ်။

– ဝက်စ်ဟမ်းအသင်းရဲ့ အသုံးပြုသွားတဲ့ နည်းစနစ်တွေကို ပုံတူကူးချပြီး အက်စ်တန်ဗီလာအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်သွားဖို့ အာဆင်နယ်အသင်းကို မီကာ ရစ်ချတ်က တိုက်တွန်းလိုက်ပြီး ညာတောင်ပံခံစစ်နှစ်ထပ်ပုံစံနဲ့ ဂရီးလစ်ရှ်ကို ထိန်းချုပ်ဖို့ ညွှန်ပြသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ကြံ့ခိုင်မှု ကောင်းကောင်း မပြည့်ဝသေးတဲ့ သြစတေးလျဂိုးသမား မတ် ရိုင်ယန်သာ အရန်ခုံပေါ်ကို ပါဝင် မလာနိုင်ဘူးဆိုရင် ယူ-၂၃ အသင်းက ဂိုးသမား အာသာ အိုကွန်ကဝိုကို အရန်ဂိုးသမားအဖြစ် ဗီလာနဲ့ပွဲမှာ ခေါ်ယူသွားရှိဖို့ရှိနေ။

– ဝုလ်ဗ်စ်နဲ့ပွဲရဲ့ ပွဲစစချင်း ထိုးဖောက်မှုဖြစ်တဲ့ ပါတေးနဲ့ ဆာကာတွဲလုံးကို ပရိသတ်တွေ သဘောကျနေကြပြီး ဂါနာကွင်းလယ်လူအနေနဲ့ လာမယ့်ပွဲတွေမှာ ဒီလိုမျိုး ထပ်မံဖန်တီးနိုင်ဖို့ မျှော်လင့်နေကြသလို ဆာကာကိုလည်း ဂိုးမဝင်ရာကနေ ပိုမိုပြီး အဆုံးသတ်ကောင်းအောင် မခံချင်စိတ်နဲ့ ကြိုးစားလေ့ကျင့်ဖို့ တိုက်တွန်းခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အမွားေတြေၾကာင့္ ဦးစားေပးအဆင့္အတန္း ေလ်ာ့က်ခဲ့ေပမယ့္ သူ႔ကိုယ္သူ အၿမဲတမ္းအဆင္သင့္ရွိေအာင္ ေလ့က်င့္ထားခဲ့တဲ့ ဂိုးသမား အဲလက္စ္ ႐ူနာဆန္ကို ခ်ီးက်ဴးလိုက္ၿပီး လာမယ့္ ဗီလာနဲ႔ပြဲမွာလည္း ဆက္လက္သုံးစြဲဖြယ္ရွိေန။

– ပရီးမီးယားလိဂ္ကို အယူခံတင္သြင္းခဲ့တဲ့ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အနီကတ္ကို ပယ္ဖ်က္မေပးခဲ့ဘဲ တစ္ပြဲပယ္ျပစ္ဒဏ္ ဆက္လက္ခ်မွတ္ခဲ့ၿပီး လာမယ့္ပြဲမွာ သူ႔ေနရာအတြက္ ကယ္လမ္ ခ်ိမ္းဘားစ္နဲ႔ ဂါဘရီယယ္လ္ မာဂါလိုင္စ္တို႔ကို အစားထိုးသုံးစြဲသြားဖို႔ရွိေန။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ဝက္စ္ဟမ္းအသင္းမွာ ေျခစြမ္းျပသေနတဲ့ ခ်က္ကြင္းလယ္လူ ေသာမတ္စ္ ဆူးခ်က္ခ္ကို ခ်ာကာနဲ႔ အယ္လ္နန္နီတို႔ေနရာေတြမွာ အစားထိုးဖို႔ အလိုရွိေနၿပီး သူဟာ အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာလို ကစားသမားမ်ိဳးလို႔ ခ်ီးက်ဴးေနၾက။

– အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္း ျပန္လည္ပါဝင္လာရင္ နီကိုလာ ေပေပကို အရန္ခုံထိုင္ခိုင္းမွာလားဆိုတဲ့ ေမးခြန္းက နည္းျပ အာတီတာအတြက္ ခက္ခဲေနၿပီး ဆက္လက္သုံးစြဲခ်င္စိတ္ရွိေၾကာင္းကိုေတာ့ စပိန္သားနည္းျပက ေတာင္ပံသမား အေနနဲ႔ တိုးတက္လာတယ္လို႔ သုံးသပ္ေျပာၾကားသြား။

– ေဆာက္သမ္တန္ေနာက္ခံလူ ဘက္ဒ္နာရက္ခ္ရဲ႕ အနီကတ္ကို ပယ္ဖ်က္ေပးခဲ့ၿပီး ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အနီကတ္ကိုေတာ့ ဆက္လက္ တည္ရွိေစခဲ့တဲ့ အက္ဖ္ေအရဲ႕ ဆုံးျဖတ္ခ်က္ကို အာဆင္နယ္ပရိသတ္ ေတာင္ပံကစားသမား ယန္းနစ္ခ္ ဘိုလာစီက ေလွာင္ေျပာင္လိုက္ၿပီး ဘာက ကြာျခားခ်က္လဲလို႔ ေမးခြန္းထုတ္။

– နယူးကာဆယ္လ္ယူႏိုက္တက္အသင္းမွာ ဂ်ိဳးဝီေလာ့ခ္ ေအာင္ျမင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း သူ႔ရဲ႕ နည္းျပေဟာင္းျဖစ္သူ ဖရက္ဒီ ယြန္းဘတ္က ေျပာၾကားလိုက္ၿပီး ကစားသမားရဲ႕ အေကာင္းဆုံးေနရာက Box to Box ေနရာျဖစ္သလို အူဘာမီယန္းလိုပဲ လ်င္ျမန္တဲ့ ကစားသမားလို႔ သုံးသပ္။

– ဝက္စ္ဟမ္းအသင္းရဲ႕ အသုံးျပဳသြားတဲ့ နည္းစနစ္ေတြကို ပုံတူကူးခ်ၿပီး အက္စ္တန္ဗီလာအသင္းကို အေဝးကြင္းမွာ ရင္ဆိုင္သြားဖို႔ အာဆင္နယ္အသင္းကို မီကာ ရစ္ခ်တ္က တိုက္တြန္းလိုက္ၿပီး ညာေတာင္ပံခံစစ္ႏွစ္ထပ္ပုံစံနဲ႔ ဂရီးလစ္ရွ္ကို ထိန္းခ်ဳပ္ဖို႔ ၫႊန္ျပသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ႀကံ့ခိုင္မႈ ေကာင္းေကာင္း မျပည့္ဝေသးတဲ့ ၾသစေတးလ်ဂိုးသမား မတ္ ႐ိုင္ယန္သာ အရန္ခုံေပၚကို ပါဝင္ မလာႏိုင္ဘူးဆိုရင္ ယူ-၂၃ အသင္းက ဂိုးသမား အာသာ အိုကြန္ကဝိုကို အရန္ဂိုးသမားအျဖစ္ ဗီလာနဲ႔ပြဲမွာ ေခၚယူသြားရွိဖို႔ရွိေန။

– ဝုလ္ဗ္စ္နဲ႔ပြဲရဲ႕ ပြဲစစခ်င္း ထိုးေဖာက္မႈျဖစ္တဲ့ ပါေတးနဲ႔ ဆာကာတြဲလုံးကို ပရိသတ္ေတြ သေဘာက်ေနၾကၿပီး ဂါနာကြင္းလယ္လူအေနနဲ႔ လာမယ့္ပြဲေတြမွာ ဒီလိုမ်ိဳး ထပ္မံဖန္တီးႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကသလို ဆာကာကိုလည္း ဂိုးမဝင္ရာကေန ပိုမိုၿပီး အဆုံးသတ္ေကာင္းေအာင္ မခံခ်င္စိတ္နဲ႔ ႀကိဳးစားေလ့က်င့္ဖို႔ တိုက္တြန္းခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.