Premier League Transfer News

5 Feb ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ နောက်ခံလူဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဂျေမီ ကာရေဂါက သူ့ရဲ့အသင်းဟောင်းအနေနဲ့ လာမယ့် အန်းဖီးလ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းကို အနိုင်ကစားနိုင်မှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အခွင့်အရေးရှိဦးမှာဖြစ်တယ်လို့ဆို။

– လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားရဲ့ ဝက်စ်ဟမ်းအသင်းဘက်ကို သွင်းယူခဲ့တဲ့ ဒုတိယအနိုင်ဂိုးကို ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ဖို့အတွက် ပဏာမစာရင်းထဲမှာ ပါဝင်နေပြီး ဒီဂိုးအတွက် ရှာကျီရီရဲ့ ဖန်တီးမှုကိုလည်း ချီးကျူးခံနေရ။

– မန်ချက်စတာစီးတီးအသင်းနဲ့ ကစားမယ့်ပွဲအပြီး အဓိကကစားသမားသုံးဦးရဲ့ ကြံ့ခိုင်မှုအခြေအနေကို နည်းပြ ယာဂန် ကလော့ပ်က ထုတ်ပြောလိုက်ပြီး ဂိုးသမား အယ်လီဆန်ဟာ တစ်ကိုယ်တော် လေ့ကျင့်နေသလို ဖာဘင်ညိုနဲ့ ဆာဒီယို မာနေးတို့ကလည်း အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းခဲ့ကြောင်းဆို။

– နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ လာမယ့် မန်စီးတီးနဲ့ပွဲမှာ ဟန်ဒါဆန်ကို ကွင်းလယ်ပြန်ပို့ပြီး တစ်ဖက်အသင်းရဲ့ ကစားကွက်ကို ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်သင့်သလို ခံစစ်ဗဟိုမှာလည်း အိုဇန် ကာဘက်ခ်ကို စတင်ပွဲထုတ်ပြီး ဗန်ဒိုက်ခြေရာကို နင်းနိုင်မလား ကြည့်ရမယ်လို့ ကာရေဂါ သုံးသပ်။

– လီဗာပူးလ်အသင်းရဲ့ မန်ချက်စတာစီးတီးအပေါ် အိမ်ကွင်းနိုင်ပွဲရယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မျှော်လင့်ချက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေး ပြန်ကစားနိုင်ဖို့က အဓိကကျနေပြီး ဒါဟာ အသင်းအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားလည်းဖြစ်လာမယ်လို့ လော်ရို ပြောကြား။

– Deadline Day ခေါ်ယူမှုတစ်ခုဖြစ်ပြီး ပရက်စတန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်ဟာ လီဗာပူးလ်အသင်းရဲ့ အကွက်ရွှေ့မှုကောင်းတစ်ရပ်ဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင်ငါးသိန်းသာ ကျသင့်ခဲ့တဲ့ သူ့အတွက် နွေရာသီမှာ ပြန်ရောင်းရင် ပေါင်ဆယ်သန်း အနည်းဆုံးရနိုင်မယ်လို့ လိဒ်စ်ကွင်းလယ်လူ အဒမ် ဖော်ရှော ခန့်မှန်း။

– ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် RB လိုက်ပ်ဇစ်အသင်းရဲ့ စီအီးအို အိုလီဗာ မင့်ဇ်လတ်ဖ်က မိမိကို လီဗာပူးလ်ပွဲနဲ့ ပတ်သက်လို့ ဘာမှ ထူးထူးခြားခြား ပြောထားတာ မရှိဘူးလို့ အသင်းနည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းက ပြောကြားလိုက်ပြီး ပွဲပျက်ဖို့က မဖြစ်နိုင်ကြောင်းဆို။

– လီဗာပူးလ်အသင်းက နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေခဲ့တဲ့ ဖလူမီနန်စီ လူငယ်တိုက်စစ်မှူး ကေကီဟာ ဘရာဇီးလ်မှာ ဘယ်သန် နေမာလို့ အခေါ်ခံရတယ်လို့ ယူ-၁၆ လက်ရွေးစင်ဟောင်းအနေနဲ့ ချီးကျူးမှုတွေများစွာ ရရှိထားသလို အန်းဖီးလ်ကို လာရောက်ခွင့်ရဖို့ ပစ်မှတ်ထားနေ။

– နောက်ခံလူသစ် ဘန်ဒေးဗီးစ်က မိမိအနေနဲ့ လီဗာပူးလ်အသင်းလို အင်္ဂလန်ချန်ပီယံက ခေါ်ယူတာကို ခံခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အဆင့်ကစားသမားတွေကြား ကစားဖို့နဲ့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ညွှန်ကြားပြသမှုတွေကို လေ့လာရဖို့အတွက် ဆန္ဒပြင်းပြခဲ့ရကြောင်း ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူေဟာင္းႀကီးတစ္ဦးျဖစ္တဲ့ ေဂ်မီ ကာေရဂါက သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ လာမယ့္ အန္းဖီးလ္ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးအသင္းကို အႏိုင္ကစားႏိုင္မွ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ အခြင့္အေရးရွိဦးမွာျဖစ္တယ္လို႔ဆို။

– လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားရဲ႕ ဝက္စ္ဟမ္းအသင္းဘက္ကို သြင္းယူခဲ့တဲ့ ဒုတိယအႏိုင္ဂိုးကို ဇန္နဝါရီလအတြက္ ပရီးမီးယားလိဂ္အေကာင္းဆုံးဂိုးအျဖစ္ ေ႐ြးခ်ယ္ဖို႔အတြက္ ပဏာမစာရင္းထဲမွာ ပါဝင္ေနၿပီး ဒီဂိုးအတြက္ ရွာက်ီရီရဲ႕ ဖန္တီးမႈကိုလည္း ခ်ီးက်ဴးခံေနရ။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ကစားမယ့္ပြဲအၿပီး အဓိကကစားသမားသုံးဦးရဲ႕ ႀကံ့ခိုင္မႈအေျခအေနကို နည္းျပ ယာဂန္ ကေလာ့ပ္က ထုတ္ေျပာလိုက္ၿပီး ဂိုးသမား အယ္လီဆန္ဟာ တစ္ကိုယ္ေတာ္ ေလ့က်င့္ေနသလို ဖာဘင္ညိဳနဲ႔ ဆာဒီယို မာေနးတို႔ကလည္း အသင္းနဲ႔ အတူ ေလ့က်င့္ခန္း ဆင္းခဲ့ေၾကာင္းဆို။

– နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ လာမယ့္ မန္စီးတီးနဲ႔ပြဲမွာ ဟန္ဒါဆန္ကို ကြင္းလယ္ျပန္ပို႔ၿပီး တစ္ဖက္အသင္းရဲ႕ ကစားကြက္ကို ယွဥ္ၿပိဳင္ႏိုင္ဖို႔ လုပ္ေဆာင္သင့္သလို ခံစစ္ဗဟိုမွာလည္း အိုဇန္ ကာဘက္ခ္ကို စတင္ပြဲထုတ္ၿပီး ဗန္ဒိုက္ေျခရာကို နင္းႏိုင္မလား ၾကည့္ရမယ္လို႔ ကာေရဂါ သုံးသပ္။

– လီဗာပူးလ္အသင္းရဲ႕ မန္ခ်က္စတာစီးတီးအေပၚ အိမ္ကြင္းႏိုင္ပြဲရယူၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ေမွ်ာ္လင့္ခ်က္ကို ဆက္လက္ ထိန္းသိမ္းထားႏိုင္ဖို႔ ေတာင္ပံတိုက္စစ္မႉး ဆာဒီယို မာေနး ျပန္ကစားႏိုင္ဖို႔က အဓိကက်ေနၿပီး ဒါဟာ အသင္းအတြက္ စိတ္ပိုင္းဆိုင္ရာ ခြန္အားလည္းျဖစ္လာမယ္လို႔ ေလာ္႐ို ေျပာၾကား။

– Deadline Day ေခၚယူမႈတစ္ခုျဖစ္ၿပီး ပရက္စတန္အသင္းကေန ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူ ဘန္ေဒးဗီးစ္ဟာ လီဗာပူးလ္အသင္းရဲ႕ အကြက္ေ႐ႊ႕မႈေကာင္းတစ္ရပ္ျဖစ္ၿပီး ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ငါးသိန္းသာ က်သင့္ခဲ့တဲ့ သူ႔အတြက္ ေႏြရာသီမွာ ျပန္ေရာင္းရင္ ေပါင္ဆယ္သန္း အနည္းဆုံးရႏိုင္မယ္လို႔ လိဒ္စ္ကြင္းလယ္လူ အဒမ္ ေဖာ္ေရွာ ခန႔္မွန္း။

– ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ RB လိုက္ပ္ဇစ္အသင္းရဲ႕ စီအီးအို အိုလီဗာ မင့္ဇ္လတ္ဖ္က မိမိကို လီဗာပူးလ္ပြဲနဲ႔ ပတ္သက္လို႔ ဘာမွ ထူးထူးျခားျခား ေျပာထားတာ မရွိဘူးလို႔ အသင္းနည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းက ေျပာၾကားလိုက္ၿပီး ပြဲပ်က္ဖို႔က မျဖစ္ႏိုင္ေၾကာင္းဆို။

– လီဗာပူးလ္အသင္းက ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေနခဲ့တဲ့ ဖလူမီနန္စီ လူငယ္တိုက္စစ္မႉး ေကကီဟာ ဘရာဇီးလ္မွာ ဘယ္သန္ ေနမာလို႔ အေခၚခံရတယ္လို႔ ယူ-၁၆ လက္ေ႐ြးစင္ေဟာင္းအေနနဲ႔ ခ်ီးက်ဴးမႈေတြမ်ားစြာ ရရွိထားသလို အန္းဖီးလ္ကို လာေရာက္ခြင့္ရဖို႔ ပစ္မွတ္ထားေန။

– ေနာက္ခံလူသစ္ ဘန္ေဒးဗီးစ္က မိမိအေနနဲ႔ လီဗာပူးလ္အသင္းလို အဂၤလန္ခ်န္ပီယံက ေခၚယူတာကို ခံခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ ကမာၻ႔အဆင့္ကစားသမားေတြၾကား ကစားဖို႔နဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ၫႊန္ၾကားျပသမႈေတြကို ေလ့လာရဖို႔အတြက္ ဆႏၵျပင္းျပခဲ့ရေၾကာင္း ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.