Premier League

မန္ခ်က္စတာယူႏုိက္တက္ကို လစာအေလွ်ာ့ခံၿပီး ေျပာင္းလာခဲ့တဲ့ အီဂါလို

တ႐ုတ္ကလပ္အသင္း ရွန္ဟိုင္းဂရင္းလန္းရွင္ဟြာအသင္းကေန အေျပာင္းအေရႊ႕ေနာက္ဆုံးအခ်ိန္မွာ မန္ခ်က္စတာယူႏုိက္တက္ကို ေျခာက္လအငွားစာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့တဲ့ တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုအေနနဲ႔ လစာေငြေလွ်ာ့ယူၿပီး ေျပာင္းေရႊ႕ကစားခဲ့တာျဖစ္တယ္လို႔ ထုတ္ေဖာေျပာၾကားလုိက္ပါတယ္။

အငွားေျပာင္းေရႊ႕ေၾကး ေပါင္ ၄ သန္း ေပးေခ်ခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းရရွိမယ့္ အီဂါလိုက သူ႕ကို အဂၤလန္ရဲ႕ အေျပာင္းအေရႊ႕ကာလ ပိတ္သိမ္းခါနီးမွာ ေအးဂ်င့္ျဖစ္သူက ဆက္သြယ္ခဲ့တာနဲ႔ သူ႕ဘက္က ဘာမွ စဥ္းစားမေနခဲ့ေၾကာင္းကိုလည္း ျပန္ေျပာျပပါတယ္။

“ေတာ္ေတာ္ေလးေတာ့ ဇာတ္လမ္းဆန္တယ္ဗ်။ အေျပာင္းအေရႊ႕မပိတ္ခင္ တစ္ရက္အလိုမွာ မန္ခ်က္စတာယူႏုိက္တက္က ကမ္းလွမ္းမွဳ ရွိတယ္လို႔ ေအးဂ်င့္က လာေျပာၿပီး တျခားအသင္းေတြကလည္း စိတ္ဝင္စားမွဳေတြ ရွိေသးတယ္တဲ့။ သူ႕ကို ေက်းဇူးျပဳၿပီး ယူႏုိက္တက္ကိုပဲ ေရြးေပးပါ။ အဆင္ေျပမယ္ဆုိရင္ေပါ့လို႔ ကၽြန္ေတာ္ ျပန္ေျပာလိုက္တယ္”လို႔ အီဂါလိုက မန္ခ်က္စတာယူႏုိက္တက္ရဲ႕ MUTV ကို ေျပာၾကားခဲ့ပါတယ္။

အီဂါလိုက သူ႕အေနနဲ႔ ည ၁၁ နာရီမွာမွ ဒီကိစၥကို သိခဲ့ရတာျဖစ္ေၾကာင္းနဲ႔ သူကိုယ္တုိင္ စကားျပန္ကို ေခၚၿပီး ဒါ႐ိုက္တာေတြဆီကို သြားေတြ႕ခဲ့ကာ အသင္းေျပာင္းဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္လုိ႔လည္း ဆိုခဲ့ပါတယ္။

“ကၽြန္ေတာ့္ေအးဂ်င့္က ေျပာတယ္ဗ်။ မန္ယူကို ေျပာင္းမယ္ဆုိရင္ ကၽြန္ေတာ္ရေနတဲ့ လစာေငြကို ေလွ်ာ့ခ်မွ ရလိမ့္မယ္တဲ့။ သူ႕ကို ေျပာလုိက္တယ္။ ငါ ယူႏိုက္တက္ကို သြားခ်င္တယ္။ ျဖစ္ေအာင္လုပ္လိုက္၊ က်န္တာ ဘာမွ ဂ႐ုမစိုက္ဘူးလို႔ ေျပာခဲ့ၿပီး ေနာက္တစ္ေန႔မွာ အားလုံး အဆင္ေျပသြားခဲ့ၿပီလို႔ အေမ့ကို ေျပာလုိက္ေတာ့ ကၽြန္ေတာ့္အတြက္ ဝမ္းသာၿပီး ငိုခဲ့ေသးတယ္”လို႔ အီဂါလိုက အသင္းကို ေရာက္လာခဲ့ပုံကို ေျပာျပသြားခဲ့ေၾကာင္းလည္း သိရပါတယ္။

ဝတ္ဖို႔ဒ္အသင္းနဲ႔အတူ ကစားခဲ့စဥ္က ပရီးမီးယားလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးဆုကိုလည္း ရရွိခဲ့ဖူးတဲ့ အီဂါလိုဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၆ ဂိုး ရရွိခဲ့ၿပီးၿပီျဖစ္ေၾကာင္း မွတ္တမ္းေတြအရ သိရၿပီး မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေက်ာနံပါတ္ ၂၅ နဲ႔အတူ ဂိုးေတြ ဘယ္ေလာက္ ထပ္ေပါင္းထည့္ ႏုိင္ဦးမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တရုတ်ကလပ်အသင်း ရှန်ဟိုင်းဂရင်းလန်းရှင်ဟွာအသင်းကနေ အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ မန်ချက်စတာယူနိုက်တက်ကို ခြောက်လအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုအနေနဲ့ လစာငွေလျှော့ယူပြီး ပြောင်းရွှေ့ကစားခဲ့တာဖြစ်တယ်လို့ ထုတ်ဖောပြောကြားလိုက်ပါတယ်။

အငှားပြောင်းရွှေ့ကြေး ပေါင် ၄ သန်း ပေးချေခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းရရှိမယ့် အီဂါလိုက သူ့ကို အင်္ဂလန်ရဲ့ အပြောင်းအရွှေ့ကာလ ပိတ်သိမ်းခါနီးမှာ အေးဂျင့်ဖြစ်သူက ဆက်သွယ်ခဲ့တာနဲ့ သူ့ဘက်က ဘာမှ စဉ်းစားမနေခဲ့ကြောင်းကိုလည်း ပြန်ပြောပြပါတယ်။

“တော်တော်လေးတော့ ဇာတ်လမ်းဆန်တယ်ဗျ။ အပြောင်းအရွှေ့မပိတ်ခင် တစ်ရက်အလိုမှာ မန်ချက်စတာယူနိုက်တက်က ကမ်းလှမ်းမှု ရှိတယ်လို့ အေးဂျင့်က လာပြောပြီး တခြားအသင်းတွေကလည်း စိတ်ဝင်စားမှုတွေ ရှိသေးတယ်တဲ့။ သူ့ကို ကျေးဇူးပြုပြီး ယူနိုက်တက်ကိုပဲ ရွေးပေးပါ။ အဆင်ပြေမယ်ဆိုရင်ပေါ့လို့ ကျွန်တော် ပြန်ပြောလိုက်တယ်”လို့ အီဂါလိုက မန်ချက်စတာယူနိုက်တက်ရဲ့ MUTV ကို ပြောကြားခဲ့ပါတယ်။

အီဂါလိုက သူ့အနေနဲ့ ည ၁၁ နာရီမှာမှ ဒီကိစ္စကို သိခဲ့ရတာဖြစ်ကြောင်းနဲ့ သူကိုယ်တိုင် စကားပြန်ကို ခေါ်ပြီး ဒါရိုက်တာတွေဆီကို သွားတွေ့ခဲ့ကာ အသင်းပြောင်းဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

“ကျွန်တော့်အေးဂျင့်က ပြောတယ်ဗျ။ မန်ယူကို ပြောင်းမယ်ဆိုရင် ကျွန်တော်ရနေတဲ့ လစာငွေကို လျှော့ချမှ ရလိမ့်မယ်တဲ့။ သူ့ကို ပြောလိုက်တယ်။ ငါ ယူနိုက်တက်ကို သွားချင်တယ်။ ဖြစ်အောင်လုပ်လိုက်၊ ကျန်တာ ဘာမှ ဂရုမစိုက်ဘူးလို့ ပြောခဲ့ပြီး နောက်တစ်နေ့မှာ အားလုံး အဆင်ပြေသွားခဲ့ပြီလို့ အမေ့ကို ပြောလိုက်တော့ ကျွန်တော့်အတွက် ဝမ်းသာပြီး ငိုခဲ့သေးတယ်”လို့ အီဂါလိုက အသင်းကို ရောက်လာခဲ့ပုံကို ပြောပြသွားခဲ့ကြောင်းလည်း သိရပါတယ်။

ဝတ်ဖို့ဒ်အသင်းနဲ့အတူ ကစားခဲ့စဉ်က ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးဆုကိုလည်း ရရှိခဲ့ဖူးတဲ့ အီဂါလိုဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုး ရရှိခဲ့ပြီးပြီဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၂၅ နဲ့အတူ ဂိုးတွေ ဘယ်လောက် ထပ်ပေါင်းထည့် နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.