Premier League

ဂျေဆူးကို ပေါ်တင်ပြစ်ဒဏ်ကျူးလွန်ခဲ့တာတောင် ပင်နယ်တီမပေးလို့ ပေါက်ကွဲနေတဲ့ မန်စီးတီး ပရိသတ်များ

မန်ချက်စတာစီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညနေက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီရဲ့ အရှင်းဆုံး ပင်နယ်တီကို ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဘန်လေအသင်းကို ၂-၀ နဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၃ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘယ်လိုဖြစ်ပြီး ပင်နယ်တီ မရရှိခဲ့တာလဲဆိုတဲ့ စိတ်ရှုပ်ထွေးစရာ ကြီးကြီးမားမားကိစ္စတစ်ခုက ရှိနေခဲ့တာဖြစ်ပါတယ်။ အသင်းလိုက် အချိတ်အဆက်အပေးအယူပြုလုပ်ရင်း တိုက်စစ်ဆင်ခဲ့ပြီးနောက် ဂျိမ်းစ် တာကောစကီးဟာ ဂါဘရီရယ် ဂျေဆူးစ်ရဲ့ ခြေထောက်ကို ပင်နယ်တီဧရိယာထဲမှာ ရှင်းရှင်းလင်းလင်း ခြေထိုးခံထားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပြစ်ဒဏ်ကျူးလွန်ခံရမှုကြောင့် လကျသွားခဲ့ပြီး ရုပ်သံအနှေးပြကွက်တွေမှာ အင်္ဂလန်နောက်ခံကစားသမားဆီကနေ ထိတွေ့မှုရှိခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်ကို ကွင်းလယ်ဒိုင်က VAR နဲ့တောင် ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ခြင်းမရှိဘူး ဆက်လက်ကစားစေခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ အလွန်အမင်း စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညတွေမှာ ပေးအပ်ခဲ့တဲ့ မလိုလားအပ်တဲ့ ပင်နယ်တီတွေကြောင့် မန်ချက်စတာစီးတီးအသင်း ပရိသတ်တွေက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို လုံးဝ ဒေါသအိုးပေါက်ကွဲခဲ့ကြတာဖြစ်ပါတယ်။

“VAR နဲ့တောင် ပြန်မစစ်တော့ဘူးလား။ တာကောစကီးရဲ့ ဂျေဆူးစ်ရဲ့ခြေချင်းဝတ်ကို ဆိုးရွားတဲ့ ပြစ်ဒဏ်ကျူးလွန်မှုက ပင်နယ်တီဆိုတာ ရှင်းနေတာပဲ။ ဒီလိုမျိုးဖြစ်ရပ်မျိုးကိုမှ ပင်နယ်တီမပေးဘူးဆိုရင် ဘယ်လိုဖြစ်ရပ်မျိုးအတွက်မှ ပေးမှာလဲ”လို့ ပရိသတ်တစ်ဦးက ဝေဖန်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “လုံးဝ ဟာသပဲ။ မာစီယယ်လ်က မနေ့က ပင်နယ်တီရပေမယ့် တာကောစကီးက ဂျေဆူးစ်ကို ကန်တာက ပင်နယ်တီမဟုတ်ဘူးတဲ့လား”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းဟာ ဗုဒၶဟူးေန႔ညေနက ဘန္ေလအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ယခုရာသီရဲ့ အရွင္းဆုံး ပင္နယ္တီကို ျငင္းပယ္ျခင္းခံခဲ့ရပါတယ္။

ဂြါဒီယိုလာရဲ့ မန္ခ်က္စတာစီးတီးအသင္းဟာ ဘန္ေလအသင္းကို ၂-၀ နဲ႔ အနိုင္ရရွိၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၃ မွတ္ျဖတ္ ဦးေဆာင္ထားနိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဘယ္လိုျဖစ္ၿပီး ပင္နယ္တီ မရရွိခဲ့တာလဲဆိုတဲ့ စိတ္ရႈပ္ေထြးစရာ ႀကီးႀကီးမားမားကိစၥတစ္ခုက ရွိေနခဲ့တာျဖစ္ပါတယ္။ အသင္းလိုက္ အခ်ိတ္အဆက္အေပးအယူျပဳလုပ္ရင္း တိုက္စစ္ဆင္ခဲ့ၿပီးေနာက္ ဂ်ိမ္းစ္ တာေကာစကီးဟာ ဂါဘရီရယ္ ေဂ်ဆူးစ္ရဲ့ ေျခေထာက္ကို ပင္နယ္တီဧရိယာထဲမွာ ရွင္းရွင္းလင္းလင္း ေျခထိုးခံထားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ျပစ္ဒဏ္က်ဴးလြန္ခံရမႈေၾကာင့္ လက်သြားခဲ့ၿပီး ႐ုပ္သံအေႏွးျပကြက္ေတြမွာ အဂၤလန္ေနာက္ခံကစားသမားဆီကေန ထိေတြ႕မႈရွိခဲ့တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီျဖစ္စဥ္ကို ကြင္းလယ္ဒိုင္က VAR နဲ႔ေတာင္ ျပန္လည္ၾကည့္ရႈစစ္ေဆးခဲ့ျခင္းမရွိဘူး ဆက္လက္ကစားေစခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းဟာ အလြန္အမင္း စိတ္ပ်က္ခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔ညေတြမွာ ေပးအပ္ခဲ့တဲ့ မလိုလားအပ္တဲ့ ပင္နယ္တီေတြေၾကာင့္ မန္ခ်က္စတာစီးတီးအသင္း ပရိသတ္ေတြက ကြင္းလယ္ဒိုင္ရဲ့ ဆုံးျဖတ္ခ်က္ကို လုံးဝ ေဒါသအိုးေပါက္ကြဲခဲ့ၾကတာျဖစ္ပါတယ္။

“VAR နဲ႔ေတာင္ ျပန္မစစ္ေတာ့ဘူးလား။ တာေကာစကီးရဲ့ ေဂ်ဆူးစ္ရဲ့ေျခခ်င္းဝတ္ကို ဆိုးရြားတဲ့ ျပစ္ဒဏ္က်ဴးလြန္မႈက ပင္နယ္တီဆိုတာ ရွင္းေနတာပဲ။ ဒီလိုမ်ိဳးျဖစ္ရပ္မ်ိဳးကိုမွ ပင္နယ္တီမေပးဘူးဆိုရင္ ဘယ္လိုျဖစ္ရပ္မ်ိဳးအတြက္မွ ေပးမွာလဲ”လို႔ ပရိသတ္တစ္ဦးက ေဝဖန္ခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “လုံးဝ ဟာသပဲ။ မာစီယယ္လ္က မေန႔က ပင္နယ္တီရေပမယ့္ တာေကာစကီးက ေဂ်ဆူးစ္ကို ကန္တာက ပင္နယ္တီမဟုတ္ဘူးတဲ့လား”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.