Premier League

4 Feb နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီး တောင်ပံကြယ်ပွင့် ဟာကင်း ဇီယက်ရှ်က ချဲလ်ဆီးအသင်းမှာ အပြည့်အဝ အသားကျသွားပြီလို့ ခံစားနေရတာကြောင့် လက်ကျန်ရာသီဝက်ကို အင်တိုက်အားတိုက်နဲ့ ကစားသွားနိုင်မယ်လို့ မျှော်လင့်နေကြောင်း ပရိသတ်တွေကို ပြောကြားခဲ့ပြီး အသင်းကို အမှတ်ပေးဇယားထိပ်ပိုင်းကို ပို့ဆောင်ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရ။

-တော့တင်ဟမ်ဟော့စပါးနည်းပြ ဟိုဆေး မော်ရင်ညိုဟာ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ချဲလ်ဆီးနည်းပြအဖြစ်နဲ့ အောင်မြင်မှုတွေရယူရတာက လွယ်ကူတယ်ဆိုတာကို သမိုင်းကြောင်းက သက်သေပြသခဲ့တယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးဟာ အမြဲတမ်း အလွန်ကောင်းမွန်တဲ့လူစာရင်းနဲ့ အလွန်ကောင်းမွန်တဲ့နည်းပြတွေရှိတာကြောင့် ဆုဖလားတွေရရှိဖို့ အလွန်ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ပေးနိုင်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ဟာ ဟယ်ရီကိန်းမပါဝင်နိုင်မှုကြောင့် ချဲလ်ဆီးအတွက် အားတက်စရာတစ်ခု ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့လေ့ကျင့်ရေးကို လွဲချော်ခဲ့တဲ့ ခိုင် ဟားဗတ်ဇ်နဲ့ ကတ် ဇူးမားတို့ကို ပွဲမတိုင်မီ ကြံ့ခိုင်မှုကို နောက်ကျစမ်းသပ်မှုတွေ ပြုလုပ်သွားဖို့ လိုအပ်လိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့။

-ချဲလ်ဆီးလူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘီလီ ဂီးလ်မိုး၊ အန်ဂျိုရင်တို့ကို အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ အငှားနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ၎င်းတို့ ၂ ဦးကို လေ့ကျင့်ရေးမှာ လေ့ကျင့်နေတာ မြင်တွေ့ခဲ့ရပြီးနောက်မှာ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်ခဲ့တယ်လို့ နည်းပြ သောမတ်စ် တူဟယ်က ဝန်ခံပြောကြားခဲ့ပြီး ဂီးလ်မိုးဟာ ယနေ့ညနေ စပါးနဲ့ပွဲစဉ်မှာ ခိုင် ဟားဗတ်ဇ် မကစားနိုင်ဘူးဆိုရင် ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာဖွယ်ရှိတယ်လို့ သိရ။

-တော့တင်ဟမ်ဟော့စပါးနည်းပြ မော်ရင်ညိုက ချဲလ်ဆီးနဲ့ပွဲမတိုင်မီမှာ ပီအက်စ်ဂျီနည်းပြဟောင်း သောမတ်စ် တူဟယ်ကို ပရီးမီးယားလိဂ်က ပြင်သစ်မှာတုန်းကထက် ပိုပြီး စိန်ခေါ်မှုတွေရှိလိမ့်မယ်လို့ ပြောကြားခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြသစ်က မော်ရင်ညိုရဲ့ ပြောဆိုမှုကို လုံးဝသဘောတူညီတယ်လို့ ပြောကြားခဲ့ပြီး အံဝင်ခွင်ကျဖြစ်မယ်ဆိုရင် ဘာကို ပိုကောင်းလဲ၊ ဘာက ပိုဆိုးလဲဆိုတာ အရေးမပါတော့ဘဲ အခုအချိန်မှာ လုံးဝ အံဝင်ခွင်ကျဖြစ်နေတာကြောင့် လုံးဝသက်တောင့်သက်သာရှိတယ်လို့ ခံစားနေရကြောင်း ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီအတွက် ခေါ်ယူချင်တဲ့ ပစ်မှတ်ကစားသမား စာရင်းထဲမှာ အလာဘာ၊ အူပါမီကာနိုတို့နဲ့အတူ ဘိုင်ယန်မြူးနောက်ခံကစားသမား နစ်ကလပ်စ် ဆူးလ်ကို ထည့်သွင်းခဲ့တယ်လို့ insidefutbol က ဖော်ပြခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်များစွာ ခေါ်ယူခဲ့ပေမယ့်လည်း ယခုလာမယ့်နွေရာသီမှာ နည်းပြသစ် သောမတ်စ်တူဟယ်ကို ထောက်ခံတဲ့အနေနဲ့ စျေးကွက်ထဲ ဝင်ရောက်လှုပ်ရှားသွားဖွယ်ရှိတယ်လို့ သိရ။

-ဘောလုံးဝေဖန်သုံးသပ်သူ မာ့ခ် လော်ရန်ဆန်က တော့တင်ဟမ်ဟော့စပါးအသင်းဟာ မြောက်လန်ဒန်မှာ ချဲလ်ဆီးအသင်းကို သရေကစားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး ချဲလ်ဆီးဟာ သောမတ်စ် တူဟယ်လက်ထက် ၂ ပွဲမှာ ၄ မှတ်ရယူပေးထားတာကြောင့် မြင့်မားတဲ့ ယုံကြည်မှုနဲ့အတူ တော့တင်ဟမ်ဟော့စပါး အိမ်ကွင်းကို လာရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့်လည်း ၂ သင်းစလုံးဟာ မြောက်လန်ဒန်မှာ သရေ ၁ မှတ်စီ ခွဲယူကြမယ်လို့ မာ့ခ် လော်ရန်ဆန်က ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းက လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ်အလာဘာဟာ ရီးရဲလ်မက်ဒရစ်နဲ့ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုခဲ့တယ်လို့ ကောလာဟလတွေထွက်ပေါ်ခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို သွားတော့မယ်လို့ မျှော်မှန်းခြင်းခံနေရပြီလို့ နောက်ဆုံးရသတင်းတွေက ဖော်ပြခဲ့ပေမယ့် သြစတြီးယားလက်ရွေးစင်နောက်ခံကစားသမားဟာ စပိန်ထက် ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေ ရရှိနိုင်မယ့် ပရီးမီးယားလိဂ်ကိုပဲ ပြောင်းလာဖို့ စဉ်းစားနေတယ်လို့ သိရ။

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ဘီလီ ဂီးလ်မိုးက မေဆင်မောင့်ဟာ ချဲလ်ဆီးလူငယ်ကစားသမားတွေအားလုံးက ထောက်ခံတဲ့သူဖြစ်တာကြောင့် နောက်ထပ်တစ်ကြိမ် အနာဂတ်မှာ ချဲလ်ဆီးအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နိုင်မယ့် အခွင့်အရေး ပိုမိုရရှိလိမ့်မယ်လို့ ယုံကြည်နေပြီး ချဲလ်ဆီးပရိသတ်တွေဟာ ဇန်နဝါရီ ၂၄ ရက်နေ့က လူတန်တောင်းနဲ့ပွဲမတိုင်မီ နာရီပိုင်းအလိုမှာ မေဆင်မောင့်ကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားစေဖို့ စီစဉ်ထားတဲ့ လူစာရင်းကြောင့် အံ့သြဝမ်းသာဖြစ်ခဲ့ကြပြီး ၂၀၀၁ ခုနှစ်တုန်းက ဂျွန်တယ်ရီနောက်ပိုင်း အသက် ၂၂ မှာပဲ အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ အသက်အငယ်ဆုံးအသင်းခေါင်းဆောင်ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


-တော့တင်ဟမ်ဟော့စပါးနည်းပြ ဟိုဆေး မော်ရင်ညိုဟာ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျရဲ့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ချဲလ်ဆီးနည်းပြအဖြစ်နဲ့ အောင်မြင်မှုတွေရယူရတာက လွယ်ကူတယ်ဆိုတာကို သမိုင်းကြောင်းက သက်သေပြသခဲ့တယ်လို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးဟာ အမြဲတမ်း အလွန်ကောင်းမွန်တဲ့လူစာရင်းနဲ့ အလွန်ကောင်းမွန်တဲ့နည်းပြတွေရှိတာကြောင့် ဆုဖလားတွေရရှိဖို့ အလွန်ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ပေးနိုင်တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးလူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘီလီ ဂီးလ်မိုး၊ အန်ဂျိုရင်တို့ကို အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ အငှားနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ၎င်းတို့ ၂ ဦးကို လေ့ကျင့်ရေးမှာ လေ့ကျင့်နေတာ မြင်တွေ့ခဲ့ရပြီးနောက်မှာ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်ခဲ့တယ်လို့ နည်းပြ သောမတ်စ် တူဟယ်က ဝန်ခံပြောကြားခဲ့ပြီး ဂီးလ်မိုးဟာ ယနေ့ညနေ စပါးနဲ့ပွဲစဉ်မှာ ခိုင် ဟားဗတ်ဇ် မကစားနိုင်ဘူးဆိုရင် ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာဖွယ်ရှိတယ်လို့ သိရ။


-ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီအတွက် ခေါ်ယူချင်တဲ့ ပစ်မှတ်ကစားသမား စာရင်းထဲမှာ အလာဘာ၊ အူပါမီကာနိုတို့နဲ့အတူ ဘိုင်ယန်မြူးနောက်ခံကစားသမား နစ်ကလပ်စ် ဆူးလ်ကို ထည့်သွင်းခဲ့တယ်လို့ insidefutbol က ဖော်ပြခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်များစွာ ခေါ်ယူခဲ့ပေမယ့်လည်း ယခုလာမယ့်နွေရာသီမှာ နည်းပြသစ် သောမတ်စ်တူဟယ်ကို ထောက်ခံတဲ့အနေနဲ့ ဈေးကွက်ထဲ ဝင်ရောက်လှုပ်ရှားသွားဖွယ်ရှိတယ်လို့ သိရ။




REF: INTERNET SOURCES
SPORTS A2Z.