Premier League

ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ ရစရာမရှိအောင် လှောင်ပြောင်တာခံနေရတဲ့ သီယာဂို အယ်လ်ကန်တာရာ

လီဗာပူးလ်အသင်းပရိသတ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဘိုင်ယန်မြူးနစ်ကနေ သီယာဂို အယ်လ်ကန်တာရာ ရောက်ရှိလာတဲ့အချိန်မှာ အံ့သြတုပ်လှုပ်ခဲ့ကြမယ်ဆိုတာ နားလည်နိုင်ပါတယ်။

စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပေမယ့် ကလော့ပ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းကို ပြောင်းရွှေ့နိုင်ဖို့အတွက် အန်းဖီးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် အဓိကကစားသမားခေါ်ယူမှုတစ်ခုလို့ ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးကို ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ချဲလ်ဆီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ သီယာဂို အယ်လ်ကန်တာရာက ဒုတိယပိုင်းမှာ လူစားဝင်ပြီး ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တဲ့အချိန်မှာ ပွဲအရှိန်ကို ချက်ချင်း ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် အောက်တိုဘာလက အဲဗာတန်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာလည်း ပါဝင်ကစားပေးခဲ့ပြီး ဒီဇင်ဘာလနှောင်းပိုင်းမတိုင်ခင်အထိ အနားယူရမယ့် ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးကတည်းက သီယာဂို အယ်လ်ကန်တာရာ ဝင်ရောက်ကစားပေးခဲ့တဲ့ ပြိုင်ပွဲစုံ လီဗာပူးလ်အသင်းရဲ့ ရလဒ်တွေကတော့ မမျှော်လင့်ထားဘဲ ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်၊ ဘန်လေ၊ ယမန်နေ့ညက ဘရိုက်တန်တို့ကို ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့လက အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ၃-၂ နဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ၅ လ ကြာခဲ့ပြီဖြစ်တဲ့ သီယာဂို အယ်လ်ကန်တာရာဟာ အန်းဖီးမှာ နိုင်ပွဲတစ်ပွဲမှ ကြုံတွေ့ရခြင်းမရှိသေးတာဖြစ်ပြီး တော်တော်လေး အံ့အားသင့်ဖွယ်ကောင်းတဲ့ ကိန်းဂဏန်းအချက်အလက်ပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အန်းဖီးမှာ ဘန်လေအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့လ ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်အိမ်ကွင်း ၆၈ ပွဲအထိ ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘရိုက်တန်ကို ဗုဒ္ဓဟူးနေ့ညက ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အိမ်ကွင်းမှာ ဆက်တိုက်ရှုံးပွဲတွေ့ခဲ့ပြီဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သီယာဂို ဆေးလ်ဗားဟာ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန်မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ပြီး ပွဲအပြီးမှာတော့ တွစ်တာမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

“အနိုင်ရအောင် မကစားနိုင်ခဲ့ပေမယ့်လည်း ဘယ်ကစားသမားကမှ ဒုတိယပိုင်းမှာ ‘မင်းလည်း ဘောလုံးထိ၊ ငါလည်းဘောလုံးထိ’ ဆိုတဲ့ သီယာဂိုထက် လက်မ ပိုမထောင်နိုင်ခဲ့ပါဘူး။(၁၉ ကြိမ်)”လို့ တွစ်တာအသုံးပြုသူတစ်ဦးက လှောင်ပြောင်သရော်ခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “ဘရူနို ဖာနန်ဒက်စ် ရောက်လာခဲ့ပြီး မန်ယူနိုက်တက်ရဲ့ အရှည်လျားဆုံးအဝေးကွင်းစံချိန် စတင်ခဲ့တယ်။ သီယာဂို ရောက်လာခဲ့ပြီး လီဗာပူးလ်ရဲ့အရှည်လျားဆုံး အိမ်ကွင်းစံချိန် အဆုံးသတ်သွားတယ်။ အကျိုးသက်ရောက်မှုအကြောင်း ပြောတာပါ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းပရိသတ္ေတြဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ ဘိုင္ယန္ျမဴးနစ္ကေန သီယာဂို အယ္လ္ကန္တာရာ ေရာက္ရွိလာတဲ့အခ်ိန္မွာ အံ့ၾသတုပ္လႈပ္ခဲ့ၾကမယ္ဆိုတာ နားလည္နိုင္ပါတယ္။

စပိန္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ရရွိခဲ့ေပမယ့္ ကေလာ့ပ္ရဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းကို ေျပာင္းေရႊ႕နိုင္ဖို႔အတြက္ အန္းဖီးကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအတြက္ အဓိကကစားသမားေခၚယူမႈတစ္ခုလို႔ ခံစားခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီ ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ျပသခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးကို ေခၚယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလက ခ်ဲလ္ဆီးကို ၂-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ သီယာဂို အယ္လ္ကန္တာရာက ဒုတိယပိုင္းမွာ လူစားဝင္ၿပီး ပြဲဦးထြက္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တဲ့အခ်ိန္မွာ ပြဲအရွိန္ကို ခ်က္ခ်င္း ထိန္းခ်ဳပ္နိုင္ခဲ့တဲ့အတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ ခ်ီးက်ဴးမႈေတြ ရရွိခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္ ေအာက္တိုဘာလက အဲဗာတန္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာလည္း ပါဝင္ကစားေပးခဲ့ၿပီး ဒီဇင္ဘာလေႏွာင္းပိုင္းမတိုင္ခင္အထိ အနားယူရမယ့္ ဒူးဒဏ္ရာ ရရွိခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးကတည္းက သီယာဂို အယ္လ္ကန္တာရာ ဝင္ေရာက္ကစားေပးခဲ့တဲ့ ၿပိဳင္ပြဲစုံ လီဗာပူးလ္အသင္းရဲ့ ရလဒ္ေတြကေတာ့ မေမၽွာ္လင့္ထားဘဲ ဆိုးရြားေနခဲ့တာျဖစ္ပါတယ္။ ေဆာက္သမ္တန္၊ ဘန္ေလ၊ ယမန္ေန႔ညက ဘရိုက္တန္တို႔ကို ပရီးမီးယားလိဂ္မွာ ရႈံးနိမ့္ခဲ့သလို ၿပီးခဲ့တဲ့လက အက္ဖ္ေအဖလားၿပိဳင္ပြဲမွာလည္း မန္ခ်က္စတာယူနိုက္တက္အသင္းကို ၃-၂ နဲ႔ အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕လာခဲ့တာ ၅ လ ၾကာခဲ့ၿပီျဖစ္တဲ့ သီယာဂို အယ္လ္ကန္တာရာဟာ အန္းဖီးမွာ နိုင္ပြဲတစ္ပြဲမွ ၾကဳံေတြ႕ရျခင္းမရွိေသးတာျဖစ္ၿပီး ေတာ္ေတာ္ေလး အံ့အားသင့္ဖြယ္ေကာင္းတဲ့ ကိန္းဂဏန္းအခ်က္အလက္ပဲ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ အန္းဖီးမွာ ဘန္ေလအသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ၿပီးခဲ့တဲ့လ ပြဲစဥ္မတိုင္မီ ပရီးမီးယားလိဂ္အိမ္ကြင္း ၆၈ ပြဲအထိ ရႈံးပြဲမရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဘရိုက္တန္ကို ဗုဒၶဟူးေန႔ညက ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း အိမ္ကြင္းမွာ ဆက္တိုက္ရႈံးပြဲေတြ႕ခဲ့ၿပီျဖစ္ပါတယ္။

တိုက္တိုက္ဆိုင္ဆိုင္ပဲ သီယာဂို ေဆးလ္ဗားဟာ ဘရိုက္တန္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ပြဲခ်ိန္မိနစ္ ၉၀ အျပည့္ ပါဝင္ကစားေပးခဲ့ၿပီး ပြဲအၿပီးမွာေတာ့ တြစ္တာမွာ ၿပိဳင္ဘက္ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္မႈေတြကို ခံခဲ့ရတာျဖစ္ပါတယ္။

“အနိုင္ရေအာင္ မကစားနိုင္ခဲ့ေပမယ့္လည္း ဘယ္ကစားသမားကမွ ဒုတိယပိုင္းမွာ ‘မင္းလည္း ေဘာလုံးထိ၊ ငါလည္းေဘာလုံးထိ’ ဆိုတဲ့ သီယာဂိုထက္ လက္မ ပိုမေထာင္နိုင္ခဲ့ပါဘူး။(၁၉ ႀကိမ္)”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေလွာင္ေျပာင္သေရာ္ခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “ဘ႐ူနို ဖာနန္ဒက္စ္ ေရာက္လာခဲ့ၿပီး မန္ယူနိုက္တက္ရဲ့ အရွည္လ်ားဆုံးအေဝးကြင္းစံခ်ိန္ စတင္ခဲ့တယ္။ သီယာဂို ေရာက္လာခဲ့ၿပီး လီဗာပူးလ္ရဲ့အရွည္လ်ားဆုံး အိမ္ကြင္းစံခ်ိန္ အဆုံးသတ္သြားတယ္။ အက်ိဳးသက္ေရာက္မႈအေၾကာင္း ေျပာတာပါ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.