Premier League

4 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-ဝက်စ်ဟမ်းယူနိုက်တက်အသင်းနည်းပြ ဒေးဗစ်မိုရက်စ်က အက်စ်တွန်ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးပြီး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ဂျက်ဆီလင်ဂတ်ဟာ ၎င်းရဲ့အင်္ဂလန်ကစားသမားဘဝကို ပြန်လည်အသက်သွင်းနိုင်လိမ့်မယ်လို့ ထောက်ခံအားပေးခဲ့ပြီး လင်ဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ ပွဲကစားချိန်ကင်းမဲ့မှုကြောင့် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ၂၀၁၉ ခုနှစ်ကတည်းက နေရာမရတော့တာဖြစ်ပေမယ့် ယခုခြေစွမ်းအတိုင်းသာဆိုရင် ဆောက်ဂိတ်က ပြန်လည်ခေါ်ယူလိမ့်မယ်လို့ ပြောကြားခဲ့။

-ဒေါ့မွန်အသင်းဟာ ယခုလာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ဂျေဒန် ဆန်ချိုကို ရောင်းချဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပြီး Bild ရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ မူလပြောင်းရွှေ့ကြေးကို ပေါင်သန်း ၂၀ အထိ လျှော့ချပြီး ယူနိုက်တက်ကို အပြောင်းအရွှေ့ပြုလုပ်ချင်လာအောင် ကြိုးပမ်းသွားချင်နေတယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ပစ်မှတ် ကစားသမား ၂ ဦးကို သတ်မှတ်ခဲ့ပြီး ဂျူဗင်တပ်၊ ဘိုင်ယန်နဲ့ ရီးရဲလ်တို့နဲ့အပြိုင် ကွန်ဒေးကို ခေါ်ယူသွားမှာဖြစ်သလို ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်းဟာလန်းကိုလည်း ခေါ်ယူသွားဖို့ ကြိုတင်စီစဉ်နေပြီလို့ Daily Star က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက ဘရိုက်တန်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်း အဖွင့်ဂိုး ခွင့်ပြုခြင်းခံခဲ့ရပြီးနောက် လူမှုကွန်ရက်မှာ ဗီဒီယိုတင်ပြီး လီဗာပူးလ်အသင်းကို လှောင်ပြောင်သရော်ခဲ့ပြီး တွစ်တာမှာ မျက်လုံးများဆိုတဲ့ စာသားနဲ့အတူ ဘရိုက်တန်အသင်းသွင်းဂိုးသွင်းယူပြီးနောက် အိပ်ချင်ယောင်ဆောင်နေရာကနေ နိုးထလာတဲ့ပုံနဲ့ သရော်ခဲ့။

-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဒွန်နီ ဗန်ဒီဘိခ်ဟာ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ၎င်းရဲ့ စိတ်ပျော်ရွှင်စရာအကောင်းဆုံး ၄၅ မိနစ်ကို ပါဝင်ကစားပေးရတာဖြစ်ခဲ့ပြီး ယခုရာသီမှာ ယူနိုက်တက်အတွက် ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခဲ့ရတဲ့ ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ပိုမိုထက်မြက်လာသလို အသင်းဖော်တွေနဲ့လည်း ပိုမို အကျွမ်းတဝင်ရှိလာခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေက ယခုအတိုင်း အလုပ်ဆက်ကြိုးစားရင် မကြာမီအချိန်အတွင်း အချိန်တစ်ခုရောက်လာလိမ့်မယ်လို့ အားပေးထောက်ခံခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောက်သမ်တန်အသင်းကို ၉-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ယခုရာသီ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားလက်အောက်မှာ ဘာဆုဖလားမှ ရရှိမှာမဟုတ်ဘူးလို့ ခရစ္စတယ်ပဲလေ့စ် ဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန်ရဲ့ ပြောကြားချက်အရ သိရပြီး ဆိုးလ်ရှား အိုးထရက်ဖို့ဒ်မှာ တာဝန်ယူခဲ့တဲ့ကာလတလျှောက်လုံး ပုံမှန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ဂျော်ဒန်က ယူနိုက်တက်က လီဗာပူးလ်နဲ့ မန်စီးတီးနေရာကို ယူလို့ရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ယခုနွေရာသီမှာ ရောင်းထုတ်နိုင်ခြင်းမရှိဘူးဆိုရင် အလွတ်နဲ့ ထွက်ခွာခွင့်ပေးရလိမ့်မယ်လို့ ပေါ့ဂ်ဘာရဲ့အစ်ကို မားသီးယပ်စ် ပေါ့ဂ်ဘာက အရိပ်အမြွက် ပြောကြားခဲ့ပြီး ပေါ့ဂ်ဘာကို ယူနိုက်တက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းတဲ့သတင်းနဲ့ပတ်သက်ပြီး ဘာမှ မကြားရသေးဘူးလို့ သတိပေးပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်နေပြီး ပရိသတ်တွေအများစုရဲ့ နှစ်သက်ခြင်းကို မခံရတော့တဲ့ အန်သိုနီ မာစီယယ်လ်ကို အမြဲတမ်း ထောက်ခံအားပေးခဲ့သူဖြစ်ပြီး ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ မာစီယယ်လ်ကစားနေကျနေရာဖြစ်တဲ့ ကျောနံပါတ် ၉ နေရာမှာ ကာဗာနီက ကစားပြပြီး ၎င်းဟာ ပြင်သစ်တိုက်စစ်မှူးနဲ့ မတူညီတဲ့အဆင့်မှာရှိသူဖြစ်ကြောင်း ပြသပြီးနောက် ကာဗာနီကိုပဲ ဦးစားပေးအထောင်တိုက်စစ်မှူးအဖြစ် ရွေးချယ်သွားတော့မယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ကာဗာနီရဲ့ ခြေချင်းဝတ်ဒဏ်ရာက အရမ်းကြီး မပြင်းထန်ဖို့အတွက် မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပြီး စနေနေ့မှာ ကစားရမယ့် အဲဗာတန်အသင်းနဲ့ ပွဲစဉ်မတိုင်မီ အချိန်မီ ပြန်လည် ကြံ့ခိုင်လာလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက မျှော်လင့်နေကြောင်း Fantasy Football Scout က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ဝက္စ္ဟမ္းယူနိုက္တက္အသင္းနည္းၿပ ေဒးဗစ္မိုရက္စ္က အက္စ္တြန္ဗီလာအသင္းကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပြဲဦးထြက္ပါဝင္ကစားေပးၿပီး ၂ ဂိုးသြင္းယူေပးခဲ့တဲ့ ဂ်က္ဆီလင္ဂတ္ဟာ ၎ရဲ့အဂၤလန္ကစားသမားဘဝကို ျပန္လည္အသက္သြင္းနိုင္လိမ့္မယ္လို႔ ေထာက္ခံအားေပးခဲ့ၿပီး လင္ဂတ္ဟာ အိုးထရက္ဖို႔ဒ္မွာ ပြဲကစားခ်ိန္ကင္းမဲ့မႈေၾကာင့္ အဂၤလန္လက္ေရြးစင္အသင္း လူစာရင္းမွာ ၂၀၁၉ ခုႏွစ္ကတည္းက ေနရာမရေတာ့တာျဖစ္ေပမယ့္ ယခုေျခစြမ္းအတိုင္းသာဆိုရင္ ေဆာက္ဂိတ္က ျပန္လည္ေခၚယူလိမ့္မယ္လို႔ ေျပာၾကားခဲ့။

-ေဒါ့မြန္အသင္းဟာ ယခုလာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ေဂ်ဒန္ ဆန္ခ်ိဳကို ေရာင္းခ်ဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ သိရၿပီး Bild ရဲ့ေဖာ္ျပခ်က္အရ ေဒါ့မြန္အသင္းဟာ မူလေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း ၂၀ အထိ ေလၽွာ့ခ်ၿပီး ယူနိုက္တက္ကို အေျပာင္းအေရႊ႕ျပဳလုပ္ခ်င္လာေအာင္ ႀကိဳးပမ္းသြားခ်င္ေနတယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ပစ္မွတ္ ကစားသမား ၂ ဦးကို သတ္မွတ္ခဲ့ၿပီး ဂ်ဴဗင္တပ္၊ ဘိုင္ယန္နဲ႔ ရီးရဲလ္တို႔နဲ႔အၿပိဳင္ ကြန္ေဒးကို ေခၚယူသြားမွာျဖစ္သလို ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္းဟာလန္းကိုလည္း ေခၚယူသြားဖို႔ ႀကိဳတင္စီစဥ္ေနၿပီလို႔ Daily Star က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ဂယ္ရီနဗီးက ဘရိုက္တန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ လီဗာပူးလ္အသင္း အဖြင့္ဂိုး ခြင့္ျပဳျခင္းခံခဲ့ရၿပီးေနာက္ လူမႈကြန္ရက္မွာ ဗီဒီယိုတင္ၿပီး လီဗာပူးလ္အသင္းကို ေလွာင္ေျပာင္သေရာ္ခဲ့ၿပီး တြစ္တာမွာ မ်က္လုံးမ်ားဆိုတဲ့ စာသားနဲ႔အတူ ဘရိုက္တန္အသင္းသြင္းဂိုးသြင္းယူၿပီးေနာက္ အိပ္ခ်င္ေယာင္ေဆာင္ေနရာကေန နိုးထလာတဲ့ပုံနဲ႔ သေရာ္ခဲ့။

-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဒြန္နီ ဗန္ဒီဘိခ္ဟာ ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ ၎ရဲ့ စိတ္ေပ်ာ္ရႊင္စရာအေကာင္းဆုံး ၄၅ မိနစ္ကို ပါဝင္ကစားေပးရတာျဖစ္ခဲ့ၿပီး ယခုရာသီမွာ ယူနိုက္တက္အတြက္ ၂ ပြဲသာ ပြဲထြက္ပါဝင္ကစားခဲ့ရတဲ့ ဒတ္ခ်္ကြင္းလယ္ကစားသမားဟာ ပိုမိုထက္ျမက္လာသလို အသင္းေဖာ္ေတြနဲ႔လည္း ပိုမို အကၽြမ္းတဝင္ရွိလာခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ပရိသတ္ေတြက ယခုအတိုင္း အလုပ္ဆက္ႀကိဳးစားရင္ မၾကာမီအခ်ိန္အတြင္း အခ်ိန္တစ္ခုေရာက္လာလိမ့္မယ္လို႔ အားေပးေထာက္ခံခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေဆာက္သမ္တန္အသင္းကို ၉-၀ နဲ႔ အနိုင္ရရွိခဲ့ေပမယ့္လည္း ယခုရာသီ နည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားလက္ေအာက္မွာ ဘာဆုဖလားမွ ရရွိမွာမဟုတ္ဘူးလို႔ ခရစၥတယ္ပဲေလ့စ္ ဥကၠဌေဟာင္း ဆိုင္မြန္ ေဂ်ာ္ဒန္ရဲ့ ေျပာၾကားခ်က္အရ သိရၿပီး ဆိုးလ္ရွား အိုးထရက္ဖို႔ဒ္မွာ တာဝန္ယူခဲ့တဲ့ကာလတေလၽွာက္လုံး ပုံမွန္ ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တဲ့ ေဂ်ာ္ဒန္က ယူနိုက္တက္က လီဗာပူးလ္နဲ႔ မန္စီးတီးေနရာကို ယူလို႔ရမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ေပါ့ဂ္ဘာကို ယခုေႏြရာသီမွာ ေရာင္းထုတ္နိုင္ျခင္းမရွိဘူးဆိုရင္ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရလိမ့္မယ္လို႔ ေပါ့ဂ္ဘာရဲ့အစ္ကို မားသီးယပ္စ္ ေပါ့ဂ္ဘာက အရိပ္အႁမြက္ ေျပာၾကားခဲ့ၿပီး ေပါ့ဂ္ဘာကို ယူနိုက္တက္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းတဲ့သတင္းနဲ႔ပတ္သက္ၿပီး ဘာမွ မၾကားရေသးဘူးလို႔ သတိေပးေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ ဆိုးလ္ရွားက ေျခစြမ္းပိုင္း မတည္မၿငိမ္ျဖစ္ေနၿပီး ပရိသတ္ေတြအမ်ားစုရဲ့ ႏွစ္သက္ျခင္းကို မခံရေတာ့တဲ့ အန္သိုနီ မာစီယယ္လ္ကို အျမဲတမ္း ေထာက္ခံအားေပးခဲ့သူျဖစ္ၿပီး ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ မာစီယယ္လ္ကစားေနက်ေနရာျဖစ္တဲ့ ေက်ာနံပါတ္ ၉ ေနရာမွာ ကာဗာနီက ကစားျပၿပီး ၎ဟာ ျပင္သစ္တိုက္စစ္မႉးနဲ႔ မတူညီတဲ့အဆင့္မွာရွိသူျဖစ္ေၾကာင္း ျပသၿပီးေနာက္ ကာဗာနီကိုပဲ ဦးစားေပးအေထာင္တိုက္စစ္မႉးအျဖစ္ ေရြးခ်ယ္သြားေတာ့မယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ ရရွိခဲ့တဲ့ ကာဗာနီရဲ့ ေျခခ်င္းဝတ္ဒဏ္ရာက အရမ္းႀကီး မျပင္းထန္ဖို႔အတြက္ ေမၽွာ္လင့္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး စေနေန႔မွာ ကစားရမယ့္ အဲဗာတန္အသင္းနဲ႔ ပြဲစဥ္မတိုင္မီ အခ်ိန္မီ ျပန္လည္ ႀကံ့ခိုင္လာလိမ့္မယ္လို႔ မန္ခ်က္စတာယူနိုက္တက္အသင္းက ေမၽွာ္လင့္ေနေၾကာင္း Fantasy Football Scout က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.