Premier League

အဝေးဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းတွေဖန်တီးပေးခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်အသင်းက အင်တာမီလန်အသင်းကို ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တာက စီးရီးအေက ရှုံးပွဲကို လက်စားချေနိုင်ခဲ့တာဖြစ်တယ်လို့ နည်းပြ ပီယာလိုက ပြောကြားခဲပါတယ်။

လက်ရှိစီးရီးအေ ချန်ပီယံဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အင်တာမီလန်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့် အင်္ဂါနေ့ညမှာ ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့ပွဲအပါအဝင် အဲဒီအချိန်နောက်ပိုင်း ၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အင်တာမီလန်အသင်းအတွက် မာတီနက်ဇ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ဂျူဗင်တပ်အသင်းကို ဗိုလ်လုပွဲတက်ရောက်နိုင်စေမယ့် အခွင့်အရေးကောင်းရရှိအောင် ၂ ဂိုးသွင်းယူပေးပြီး ကူညီနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ တူရင်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နည်းပြ ပီယာလိုက အင်တာနဲ့ စီးရီးအေမှာ ကစားခဲ့တဲ့ပွဲစဉ်က အမှားတွေကို သင်ခန်းစာယူပြီး ပြန်လည်စုဖွဲ့နိုင်ခဲ့လို့ အောင်ပွဲတွေ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့် ၇၆ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာကြောင့် မပျော်မရွှင်ဖြစ်နေခဲ့ပြီး နည်းပြ ပီယာလိုက ပွဲကြပ်တွေအတွက် လန်းဆန်းနေစေချင်တာကြောင့် အနားပေးခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။

“သူ လူစားလဲရမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စနေနေ့မှာ (ရိုးမားနဲ့ စီးရီးအေပွဲစဉ်)အရေးကြီးတဲ့ပွဲစဉ်ရှိလို့ပါ။ အဲဒီတော့ သူ့ကို ကောင်းကောင်း အနားယူခွင့်ပေးထားရမှာပါ။ သူက ပွဲအများကြီးဆက်တိုက် ကစားနေရပြီး အဲဒီတော့ အခုအချိန်မှာ နည်းနည်းလေး နားလိုက်တာက ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ဴဗင္တပ္အသင္းက အင္တာမီလန္အသင္းကို ကိုပါအီတာလီယာ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ အေဝးကြင္းမွာ ၂-၁ နဲ႔ အနိုင္ရရွိခဲ့တာက စီးရီးေအက ရႈံးပြဲကို လက္စားေခ်နိုင္ခဲ့တာျဖစ္တယ္လို႔ နည္းၿပ ပီယာလိုက ေျပာၾကားခဲပါတယ္။

လက္ရွိစီးရီးေအ ခ်န္ပီယံဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၇ ရက္ေန႔မွာ အင္တာမီလန္အသင္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ေပမယ့္ အဂၤါေန႔ညမွာ ျပန္လည္အနိုင္ယူနိုင္ခဲ့တဲ့ပြဲအပါအဝင္ အဲဒီအခ်ိန္ေနာက္ပိုင္း ၅ ပြဲဆက္တိုက္ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ခရစၥတီယာနိုေရာ္နယ္ဒိုဟာ အင္တာမီလန္အသင္းအတြက္ မာတီနက္ဇ္က အဖြင့္ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း ဂ်ဴဗင္တပ္အသင္းကို ဗိုလ္လုပြဲတက္ေရာက္နိုင္ေစမယ့္ အခြင့္အေရးေကာင္းရရွိေအာင္ ၂ ဂိုးသြင္းယူေပးၿပီး ကူညီနိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္အသင္းတို႔ရဲ့ ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္ဟာ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ တူရင္မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး နည္းၿပ ပီယာလိုက အင္တာနဲ႔ စီးရီးေအမွာ ကစားခဲ့တဲ့ပြဲစဥ္က အမွားေတြကို သင္ခန္းစာယူၿပီး ျပန္လည္စုဖြဲ႕နိုင္ခဲ့လို႔ ေအာင္ပြဲေတြ ေရာက္ရွိလာခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ သြင္းဂိုး ၂ ဂိုးအထိ သြင္းယူေပးခဲ့ေပမယ့္ ၇၆ မိနစ္မွာ လူစားလဲလွယ္ျခင္းခံခဲ့ရတာေၾကာင့္ မေပ်ာ္မရႊင္ျဖစ္ေနခဲ့ၿပီး နည္းၿပ ပီယာလိုက ပြဲၾကပ္ေတြအတြက္ လန္းဆန္းေနေစခ်င္တာေၾကာင့္ အနားေပးခဲ့တာလို႔ ရွင္းျပခဲ့ပါတယ္။

“သူ လူစားလဲရမယ္လို႔ ကၽြန္ေတာ္ ေျပာခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ စေနေန႔မွာ (ရိုးမားနဲ႔ စီးရီးေအပြဲစဥ္)အေရးႀကီးတဲ့ပြဲစဥ္ရွိလို႔ပါ။ အဲဒီေတာ့ သူ႔ကို ေကာင္းေကာင္း အနားယူခြင့္ေပးထားရမွာပါ။ သူက ပြဲအမ်ားႀကီးဆက္တိုက္ ကစားေနရၿပီး အဲဒီေတာ့ အခုအခ်ိန္မွာ နည္းနည္းေလး နားလိုက္တာက ေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.