Premier League

3 Feb နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးဂန္တဝင်နောက်ခံကစားသမား ဂျွန် တယ်ရီဟာ ၎င်းရဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်း ဒေးဗစ် လူးဝစ်ဇ်ဟာ အင်္ဂါနေ့ညက ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်ကစားသမားဘဝ ၃ ကြိမ်မြောက် အနီကတ်ပြသခံခဲ့ရပြီးနောက် အနီကတ် ဘယ်တော့မှ မဖြစ်သင့်ဘူးလို့ ပြောကြားခဲ့ပြီး ဒေးဗစ်အနေနဲ့ ဘောလုံးရယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆွဲမိခဲ့တာကြောင့် ပင်နယ်တီ ပေးသင့်တယ်ဆိုပေမယ့် အနီကတ် ပြသရမယ့်ကိစ္စမဟုတ်ဘူးဆိုတာကို ဘောလုံးမကစားဖူးရင်လည်း ကိုယ့်ဘာသာ စည်းမျဉ်းစည်းကမ်းတွေကို ပြန်ကြည့်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးနောက်ခံကစားသမား ရူဒီဂါဟာ ပြီးခဲ့တဲ့အပတ်မှာ နည်းပြ ဖရန့်လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ချဲလ်ဆီးအသင်းက ဆုံးဖြတ်ရာမှာ အဓိကအခန်းကဏ္ဍနေ ပါဝင်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်သွားခဲ့ပြီး ချဲလ်ဆီးအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဆီသွားပြီး နည်းပြလမ်းပတ်ကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေက အခြေအမြစ်မရှိဘဲ ဘုတ်အဖွဲ့နဲ့ နည်းပြအခြေအနေ ဒါမှမဟုတ် တခြားဘယ်လိုအကြောင်းအရာမျိုးကိုမဆို ဘယ်တုန်းကမှ ပြောကြားခဲ့ဖူးခြင်းမရှိဘူးလို့ The Athletic ကို ပြောကြားခဲ့။

-ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမား ဟာကီမီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပြီး အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ငွေကြေးရှာဖွေဖို့ လိုအပ်နေတဲ့အတွက် မဖြစ်မနေရောင်းထုတ်ရဖွယ်ရှိနေတာကို အခွင့်ကောင်းယူပြီး ယခုရာသီကုန်မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားကြမယ်လို့ သိရ။

-ဘာစီလိုနာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးအချိန်မှာ ချဲလ်ဆီးနောက်ခံကစားသမား မားကို့စ် အလွန်ဆိုကို ခေါ်ယူချင်နေခဲ့ပေမယ့် ချဲလ်ဆီးအသင်းကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းလို့မရတာကြောင့် နည်းပြ သောမတ်စ် တူဟယ်အနေနဲ့ အပြောင်းအရွှေ့စျေးကွက်ပိတ်ခါနီး နာရီပိုင်းအလိုမှာ ဘယ်နောက်ခံနေရာအတွက် ပြန်လည်ဖြည့်ဆည်းဖို့ ကစားသမားသစ်ရှာဖွေရမယ့်ကိစ္စအတွက် ခေါင်းမကိုက်ခဲ့ရတာဖြစ်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့။

-ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကြယ်ပွင့်ကစားသမား ဂျော်ဂျင်ညိုနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် အီတလီကွင်းလယ်ကစားသမားရဲ့ အေးဂျင့်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ အားကစားဂျာနယ်လစ် နီကိုလို စကီရာက ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် နည်းပြသစ် တူဟယ်က ၎င်းရဲ့ ပထမဆုံးပွဲစဉ် ၂ ပွဲမှာ အီတလီကွင်းလယ်ကစားသမားကို ပွဲထွက်လူစာရင်းထဲကို ပြန်လည်ထည့်သွင်းခဲ့ပြီးနောက် ဂျော်ဂျင်ညိုဟာ ဘုတ်အဖွဲ့ရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိခဲ့။

-အီတလီသတင်းစာ Tuttosport က တိုမိုရီကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့စဉ်အချိန်အတွင်း အေစီမီလန်အသင်းရဲ့ ကစားသမားခေါ်ယူမှုဖြစ်တဲ့ ကြယ်ပွင့်နောက်ခံကစားသမားကို ချီးကျူးခဲ့ပြီး နားလည်ရတကယ်ခက်ခဲတဲ့ အခြေအနေတွေထဲက တစ်ခုမှာရှိနေတဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်တယ်လို့ ဖော်ပြခဲ့။

-ချဲလ်ဆီးအသင်းဟာ အက်စ်တွန်ဗီလာအသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ရော့စ် ဘာကလေရဲ့ အနာဂတ်ကို ယခုရာသီကုန်မှာ အဆုံးအဖြတ်ပေးသွားမယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပြီး နည်းပြသစ် သောမတ်စ် တူဟယ်ကလည်း ချဲလ်ဆီးအသင်းမှာရှိတဲ့ လူအားလုံးကို ၎င်းအနေနဲ့ အနည်းဆုံးတော့ ဘာကလေကို အကဲဖြတ်သုံးသပ်ချင်မှု ပြုလုပ်ချင်တာဖြစ်ကောင်းဖြစ်လိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရှိအောင် ပြုလုပ်ခဲ့တယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနည်းပြဟောင်း လမ်းပတ်ဟာ ဂိုးရရှိပြီးရင် ရေသောက်တဲ့အကျင့်ရှိတာကြောင့် ပရိသတ်တွေဟာ နည်းပြသစ် သောမတ်စ် တူဟယ်ကိုလည်း မျက်စိဒေါက်ထောက် စောင့်ကြည့်ခဲ့ပြီး ပထမပွဲမှာ ဂိုးမရလို့ မထူးခြားခဲ့ပေမယ့် ဒုတိယပွဲမှာ အက်ဇ်ပလီကွေတာက ဂိုးသွင်းယူနိုင်ခဲ့တဲ့အချိန်မှာတော့ လမ်းပတ်အတိုင်းပဲ ရေပြေးသောက်ခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့် လမ်းပတ်ရဲ့ Meme ကို တူဟယ်က ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုရမှာဖြစ်။

-ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဟာကင်း ဇီယက်ရှ်ဟာ ကြာသပတေးနေ့ညမှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ ချဲလ်ဆီးအတွက် ကွဲပြားခြားနားမှုတွေ ပြုလုပ်ပေးဖို့ အသင့်အနေအထားနဲ့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီး မော်ရိုကို လက်ရွေးစင်ကြယ်ပွင့်ဟာ ပွဲကြီးပွဲကောင်းအတွက် လိုအပ်တဲ့အခြေအနေတွေ ၁၀၀ ရာခိုင်နှုန်းအပြည့်ရှိနေပြီဖြစ်တယ်လို့ beINSports ဂျာနယ်လစ် အီဘရာဟင် ခါဒရာက ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးဂႏၲဝင္ေနာက္ခံကစားသမား ဂၽြန္ တယ္ရီဟာ ၎ရဲ့ ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္း ေဒးဗစ္ လူးဝစ္ဇ္ဟာ အဂၤါေန႔ညက ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ အာဆင္နယ္ကစားသမားဘဝ ၃ ႀကိမ္ေျမာက္ အနီကတ္ျပသခံခဲ့ရၿပီးေနာက္ အနီကတ္ ဘယ္ေတာ့မွ မျဖစ္သင့္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ေဒးဗစ္အေနနဲ႔ ေဘာလုံးရယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဆြဲမိခဲ့တာေၾကာင့္ ပင္နယ္တီ ေပးသင့္တယ္ဆိုေပမယ့္ အနီကတ္ ျပသရမယ့္ကိစၥမဟုတ္ဘူးဆိုတာကို ေဘာလုံးမကစားဖူးရင္လည္း ကိုယ့္ဘာသာ စည္းမ်ဥ္းစည္းကမ္းေတြကို ျပန္ၾကည့္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးေနာက္ခံကစားသမား ႐ူဒီဂါဟာ ၿပီးခဲ့တဲ့အပတ္မွာ နည္းၿပ ဖရန႔္လမ္းပတ္ကို ရာထူးကေန ထုတ္ပယ္ဖို႔ ခ်ဲလ္ဆီးအသင္းက ဆုံးျဖတ္ရာမွာ အဓိကအခန္းက႑ေန ပါဝင္ခဲ့တယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္သြားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းထိပ္ပိုင္းတာဝန္ရွိသူေတြဆီသြားၿပီး နည္းျပလမ္းပတ္ကို ထုတ္ပယ္ဖို႔ ေတာင္းဆိုခဲ့တယ္ဆိုတဲ့ သတင္းေတြက အေျခအျမစ္မရွိဘဲ ဘုတ္အဖြဲ႕နဲ႔ နည္းျပအေျခအေန ဒါမွမဟုတ္ တျခားဘယ္လိုအေၾကာင္းအရာမ်ိဳးကိုမဆို ဘယ္တုန္းကမွ ေျပာၾကားခဲ့ဖူးျခင္းမရွိဘူးလို႔ The Athletic ကို ေျပာၾကားခဲ့။

-ခ်ဲလ္ဆီး၊ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ဟာ အသက္ ၂၂ ႏွစ္အရြယ္ ေနာက္ခံကစားသမား ဟာကီမီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သိရၿပီး အင္တာမီလန္အသင္းဟာ ဘ႑ာေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ေငြေၾကးရွာေဖြဖို႔ လိုအပ္ေနတဲ့အတြက္ မျဖစ္မေနေရာင္းထုတ္ရဖြယ္ရွိေနတာကို အခြင့္ေကာင္းယူၿပီး ယခုရာသီကုန္မွာ ေခၚယူဖို႔ ႀကိဳးပမ္းသြားၾကမယ္လို႔ သိရ။

-ဘာစီလိုနာအသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ ေနာက္ဆုံးအခ်ိန္မွာ ခ်ဲလ္ဆီးေနာက္ခံကစားသမား မားကို႔စ္ အလြန္ဆိုကို ေခၚယူခ်င္ေနခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းကို အငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ ေဆြးေႏြးညႇိႏွိုင္းလို႔မရတာေၾကာင့္ နည္းၿပ ေသာမတ္စ္ တူဟယ္အေနနဲ႔ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ခါနီး နာရီပိုင္းအလိုမွာ ဘယ္ေနာက္ခံေနရာအတြက္ ျပန္လည္ျဖည့္ဆည္းဖို႔ ကစားသမားသစ္ရွာေဖြရမယ့္ကိစၥအတြက္ ေခါင္းမကိုက္ခဲ့ရတာျဖစ္တယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့။

-ခ်ဲလ္ဆီးအသင္းဟာ ကြင္းလယ္ၾကယ္ပြင့္ကစားသမား ေဂ်ာ္ဂ်င္ညိဳနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ အီတလီကြင္းလယ္ကစားသမားရဲ့ ေအးဂ်င့္နဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တယ္လို႔ အားကစားဂ်ာနယ္လစ္ နီကိုလို စကီရာက ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အသင္းကေန ထြက္ခြာဖို႔ သတင္းေတြထြက္ေပၚေနခဲ့ေပမယ့္ နည္းျပသစ္ တူဟယ္က ၎ရဲ့ ပထမဆုံးပြဲစဥ္ ၂ ပြဲမွာ အီတလီကြင္းလယ္ကစားသမားကို ပြဲထြက္လူစာရင္းထဲကို ျပန္လည္ထည့္သြင္းခဲ့ၿပီးေနာက္ ေဂ်ာ္ဂ်င္ညိဳဟာ ဘုတ္အဖြဲ႕ရဲ့ ယုံၾကည္မႈကို ျပန္လည္ရရွိခဲ့။

-အီတလီသတင္းစာ Tuttosport က တိုမိုရီကို ထြက္ခြာခြင့္ေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ့ ဆုံးျဖတ္ခ်က္ကို ေဝဖန္ခဲ့စဥ္အခ်ိန္အတြင္း ေအစီမီလန္အသင္းရဲ့ ကစားသမားေခၚယူမႈျဖစ္တဲ့ ၾကယ္ပြင့္ေနာက္ခံကစားသမားကို ခ်ီးက်ဴးခဲ့ၿပီး နားလည္ရတကယ္ခက္ခဲတဲ့ အေျခအေနေတြထဲက တစ္ခုမွာရွိေနတဲ့ ထိပ္တန္းကစားသမားတစ္ဦးျဖစ္တယ္လို႔ ေဖာ္ျပခဲ့။

-ခ်ဲလ္ဆီးအသင္းဟာ အက္စ္တြန္ဗီလာအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားေနတဲ့ ေရာ့စ္ ဘာကေလရဲ့ အနာဂတ္ကို ယခုရာသီကုန္မွာ အဆုံးအျဖတ္ေပးသြားမယ္လို႔ Daily Mail ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး နည္းျပသစ္ ေသာမတ္စ္ တူဟယ္ကလည္း ခ်ဲလ္ဆီးအသင္းမွာရွိတဲ့ လူအားလုံးကို ၎အေနနဲ႔ အနည္းဆုံးေတာ့ ဘာကေလကို အကဲျဖတ္သုံးသပ္ခ်င္မႈ ျပဳလုပ္ခ်င္တာျဖစ္ေကာင္းျဖစ္လိမ့္မယ္ဆိုတာ ရွင္းရွင္းလင္းလင္းသိရွိေအာင္ ျပဳလုပ္ခဲ့တယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းနည္းျပေဟာင္း လမ္းပတ္ဟာ ဂိုးရရွိၿပီးရင္ ေရေသာက္တဲ့အက်င့္ရွိတာေၾကာင့္ ပရိသတ္ေတြဟာ နည္းျပသစ္ ေသာမတ္စ္ တူဟယ္ကိုလည္း မ်က္စိေဒါက္ေထာက္ ေစာင့္ၾကည့္ခဲ့ၿပီး ပထမပြဲမွာ ဂိုးမရလို႔ မထူးျခားခဲ့ေပမယ့္ ဒုတိယပြဲမွာ အက္ဇ္ပလီေကြတာက ဂိုးသြင္းယူႏုိင္ခဲ့တဲ့အခ်ိန္မွာေတာ့ လမ္းပတ္အတုိင္းပဲ ေရေျပးေသာက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ လမ္းပတ္ရဲ႕ Meme ကုိ တူဟယ္က ဆက္လက္ထိန္းသိမ္းထားတယ္လုိ႔ ဆုိရမွာျဖစ္။

-ခ်ဲလ္ဆီးေတာင္ပံၾကယ္ပြင့္ ဟာကင္း ဇီယက္ရွ္ဟာ ၾကာသပေတးေန႔ညမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ကစားရမယ့္ပြဲစဥ္မွာ ခ်ဲလ္ဆီးအတြက္ ကြဲျပားျခားနားမႈေတြ ျပဳလုပ္ေပးဖို႔ အသင့္အေနအထားနဲ႔ ႀကံ႕ခုိင္မႈျပည့္ဝေနၿပီျဖစ္ၿပီး ေမာ္ရိုကို လက္ေရြးစင္ၾကယ္ပြင့္ဟာ ပြဲႀကီးပြဲေကာင္းအတြက္ လုိအပ္တဲ့အေျခအေနေတြ ၁၀၀ ရာခုိင္ႏႈန္းအျပည့္ရွိေနၿပီျဖစ္တယ္လုိ႔ beINSports ဂ်ာနယ္လစ္ အီဘရာဟင္ ခါဒရာက ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.