Premier League

မမျှတလွန်းလို့ တဖက်သတ်ဆန်လွန်းလို့ ဘောလုံးလောကသာတွေကြား ပွက်လောရိုက်နေတဲ့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ အနီကတ်ပြဿနာ

အာဆင်နယ်ဝါရင့်နေုာက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်ဟာ ဝုဗ်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အဝါကတ်ပြားလောက်သာ ပြသသင့်တဲ့ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် မှားယွင်းစွာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရတာဖြစ်ပါတယ်။

ဒေးဗစ် လူးဝစ်ဇ်ဟာ ဘောလုံးနောက်ကို ပြေးလိုက်ခဲ့ချိန်မှာ ဂိုးသွင်းယူဖို့ ကြိုးစားနေတဲ့ ဝီလီယံ ဟိုဆေးကို မတော်တဆ ထိတွေ့မိခဲ့တာကြောင့် ဝုဗ်တိုက်စစ်မှူးဟာ ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့တာဖြစ်ပါတယ်။ ဘယ်သူကမှ အဲဒီဖြစ်စဉ်ဟာ ပြစ်ဒဏ်ဘောမဟုတ်ဘူးလို့ မငြင်းနိုင်ခဲ့ကြဘဲ ပင်နယ်တီ ပေးခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း တကယ်လို့ ဘောလုံးကို အမှန်တကယ် ဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုရင် ကစားသမားကို အနီကတ်နဲ့ ဆုံးရှုံးပြီး ပင်နယ်တီ ပေးရတာကနေ ကာကွယ်ထားတဲ့ ဥပဒေသ ရှိနေပါတယ်။ လူးဝစ်ဇ်ဟာ အမှန်တကယ်ပဲ ဟိုဆေးဆီကနေ ဘောလုံးကို ပြန်လည်ရယူဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပြီး မတော်တဆ ပြစ်ဒဏ်ကျူးလွန်မိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်မျိုးအတွက် ပင်နယ်တီနဲ့ အဝါကတ်ပြား ပြသတာာက လက်ခံနိုင်စရာ အပြစ်ပေးမှုဖြစ်ပေမယ့်လည်း ကွင်းလယ်ဒိုင် ခရိတ် ပေါ်ဆင်နဲ့ VAR ဒိုင် ဂျွန်မော့စ်တို့ကတော့ ဆုံးဖြတ်ချက် မှားယွင်းစွာ ချမှတ်ခဲ့ပါတယ်။ ဥပဒေရဲ့ ဆိုလိုရင်းက တကယ်လို့ ကစားသမားဟာ ပြိုင်ဘက်ကစားသမား ရှင်းရှင်းလင်းလင်း ဂိုးသွင်းယူမယ့်အခွင့်အရေးကို ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့မယ်ဆိုရင် ပင်နယ်တီပေးပြီး ကစားသမားကို ထုတ်ပယ်ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘတ်က ဝီလီယံ ဟိုဆေးနဲ့ ဖြစ်စဉ်ဟာ မတော်တဆသာ ဖြစ်ခဲ့ပြီး ခရိတ်ပေါ်ဆင်နဲ့ ဂျွန်မော့စ်တို့ဟာ ဒေးဗစ် လူးဝစ်ဇ်ကို မှားယွင်းစွာ ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး အာဆင်နယ်အနေနဲ့ မမျှတစွာ ဆက်ဆံခံခဲ့ရတာလို့ ခံစားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

တယ်လီဗွီးရှင် ဘောလုံးဝေဖန်သူတွေဖြစ်တဲ့ ဂလန်း ဟော်ဒယ်နဲ့ ရီယို ဖာဒီနန်တို့ကလည်း ဒေးဗစ် လူးဝစ်ဇ်နဲ့ ယန် ဘက်နာရက်ခ်တို့ အင်္ဂါနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အငြင်းပွားဖွယ်ထုတ်ပယ်ခံခဲ့ရတဲ့အတွက် ဒေါသထွက်ခဲ့ကြပါတယ်။ အက်ဖ်အေရဲ့ စည်းမျဉ်းစည်းကမ်းတွေမှာ တရားဝင်ထုတ်ပြန်ကြေညာထားတာက ‘ကစားသမားတစ်ဦးဟာ ပြိုင်ဘက်ကစားသမားကို ၎င်းတို့ရဲ့ ပင်နယ်တီဧရိယာအတွင်းမှာ သိသာထင်ရှားတဲ့ ဂိုးသွင်းခွင့်ကို ငြင်းပယ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးပြီး ကျူးလွန်သူကစားသမားကို သတိပေးရမှာဖြစ်ပြီး တကယ်လို့ ပြစ်ဒဏ်ကျူးလွန်တဲ့ကစားသမားရဲ့ ကြိုးပမ်းမှုဟာ ဘောလုံးကို အခြေအနေအားလုံးမှာ(ဥပမာ- ဘောလုံးထိနိုင်ဖို့ ဖြစ်နိုင်ခြေမရှိဘဲ ကိုင်ထားခြင်း၊ ဆွဲထားခြင်း၊ တွန်းခြင်း) ရယူဖို့ ကြိုးပမ်းမယ်ဆိုရင် ထုတ်ပယ်ရမယ်’လို့ ဖော်ပြထားပါတယ်။

“ဒီစည်းမျဉ်းက အဓိပ္ပာယ်မရှိပါဘူး။ ဒီစည်းမျဉ်းက အဓိပ္ပာယ်မရှိဘူး။ တကယ်လို့ ခင်ဗျားသူ့ကို လဲကျအောင် ဝင်တိုက်ပြီး ကျွန်တော်က ဘောလုံးကို ယူဖို့ ကြိုစားခဲ့တာပါ။ ကျွန်တော့်ကို အဝါကတ်ပဲ ပြမှာလို့ ပြောမှာပေါ့”

“ဒါပေမယ့် ကျွန်တော်တို့ ဒီညမှာ လုံးဝ ပြစ်ဒဏ်မကျူးလွန်ဘဲ ရှောင်ရှားဖို့ ကြိုးပမ်းခဲ့တဲ့ ကစားသမား ၂ ယောက်ကို မြင်ခဲ့ရပြီး တမျိုးမျိုးနဲ့ ထိတွေ့လိုက်တာနဲ့ ဒိုင်လူကြီးက ထိတွေ့မှုရှိခဲ့လို့ အနီကတ်ပြခံရမယ် ပြောတယ်။ ဒါက မမှန်နိုင်ပါဘူး”လို့ ဂလန်း ဟော်ဒယ်က ပြောကြားခဲ့ပါတယ်။

“အဲဒါက ခင်ဗျား ဘောလုံးနဲ့ပတ်သက်ပြီး သိသမျှအားလုံးနဲ့ ဆန့်ကျင်ပြီး ဖြစ်သွားတာပါ။ အဲဒါက ရူးကြောင်ကြောင် စည်းမျဉ်းပါ။ လူမှုကွန်ရက်ပေါ်က တုံ့ပြန်မှုတွေက ခင်ဗျား အဲဒီအကြောင်း သိသင့်တာနဲ့ပတ်သက်ပြီး အားလုံးကို ပြောပြပါလိမ့်မယ်။ ဘယ်နေရာမှာမှ လုံးဝ ယုံကြည်ကြမှာမဟုတ်ပါဘူး”


“မိုက်ဒင်းက သူ့ရဲ့ ဒိုင်လူကြီးဘဝသက်တမ်းတလျှောက် အနီကတ် ၁၀၉ ကတ်ပြခဲ့တယ်။ အခြားဒိုင်လူကြီးတွေအားလုံးထက် ပိုများတယ်။ အဲဒီတော့ သူ့အိတ်ထဲက အနီကတ်ထုတ်ဖို့လည်း သိပ်တွေးမှာမဟုတ်ပါဘူး။ ခင်ဗျားက အခုအချိန်မှာ သင်ကြားခဲ့ရတာတွေကို Rebooted လုပ်ရတော့မှာပါ။ တစ်ဦးချင်းအနေနဲ့ ခင်ဗျား တကယ် ကွင်းထဲဝင်ပြီး ဘောလုံးကို ရှောင်လွှဲဖို့ ကြိုးပမ်းမယ့်အစား ဘောလုံးကိုပဲ ရယူဖို့ ကြိုးပမ်းရမှာ။ အဲဒါက ရူးကြောင်ကြောင်ကြီး”လို့ ဖာဒီနန်က ယန် ဘက်နာရက်ခ်ကို မိုက်ဒင်းမှ မဆင်မခြင် အနီကဒ်ထုတ်ပြလိုက်တဲ့ ဖြစ်ရပ်ကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဝုဗ်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်မှာ ဒေးဗစ် လူးဝစ်ဇ်အနေနဲ့ ထုတ်ပယ်ခြင်း မခံခဲ့ရသင့်ဘူးလို့ ယုံကြည်နေပြီး ဝီလီယံ ဟိုဆေးကို ပင်နယ်တီဧရိယာထဲမှာ ထိတွေ့မှုအနည်းငယ်သာဖြစ်ခဲ့သလို ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ခဲ့ပေမယ့် ဒိုင်လူကြီး ခရိတ် ပေါ်ဆင်က ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးပြီး အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ အပေါ် မမျှတကြောင်း သူ့အမြင်ကို ထုတ်ဖော်ပြောသွားခဲ့ပါတယ်


-ချဲလ်ဆီးဂန္တဝင်နောက်ခံကစားသမား ဂျွန် တယ်ရီဟာ ၎င်းရဲ့ ချဲလ်ဆီးအသင်းဖော်ဟောင်း ဒေးဗစ် လူးဝစ်ဇ်ဟာ အင်္ဂါနေ့ညက ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်ကစားသမားဘဝ ၃ ကြိမ်မြောက် အနီကတ်ပြသခံခဲ့ရပြီးနောက် အနီကတ် ဘယ်တော့မှ မဖြစ်သင့်ဘူးလို့ ပြောကြားခဲ့ပြီး ဒေးဗစ်အနေနဲ့ ဘောလုံးရယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆွဲမိခဲ့တာကြောင့် ပင်နယ်တီ ပေးသင့်တယ်ဆိုပေမယ့် အနီကတ် ပြသရမယ့်ကိစ္စမဟုတ်ဘူးဆိုတာကို ဘောလုံးမကစားဖူးရင်လည်း ကိုယ့်ဘာသာ စည်းမျဉ်းစည်းကမ်းတွေကို ပြန်ကြည့်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္ဝါရင့္ေနုာက္ခံကစားသမား ေဒးဗစ္လူးဝစ္ဇ္ဟာ ဝုဗ္အသင္းကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း အဝါကတ္ျပားေလာက္သာ ျပသသင့္တဲ့ျပစ္ဒဏ္က်ဴးလြန္ခဲ့ေပမယ့္ မွားယြင္းစြာ တိုက္႐ိုက္အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရသလို ပင္နယ္တီလည္း ေပးခဲ့ရတာျဖစ္ပါတယ္။

ေဒးဗစ္ လူးဝစ္ဇ္ဟာ ေဘာလုံးေနာက္ကို ေျပးလိုက္ခဲ့ခ်ိန္မွာ ဂိုးသြင္းယူဖို႔ ႀကိဳးစားေနတဲ့ ဝီလီယံ ဟိုေဆးကို မေတာ္တဆ ထိေတြ႕မိခဲ့တာေၾကာင့္ ဝုဗ္တိုက္စစ္မႉးဟာ ပင္နယ္တီဧရိယာထဲမွာ လဲက်သြားခဲ့တာျဖစ္ပါတယ္။ ဘယ္သူကမွ အဲဒီျဖစ္စဥ္ဟာ ျပစ္ဒဏ္ေဘာမဟုတ္ဘူးလို႔ မျငင္းႏိုင္ခဲ့ၾကဘဲ ပင္နယ္တီ ေပးခဲ့တာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း တကယ္လို႔ ေဘာလုံးကို အမွန္တကယ္ ဖ်က္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့တယ္ဆိုရင္ ကစားသမားကို အနီကတ္နဲ႔ ဆုံးရႈံးၿပီး ပင္နယ္တီ ေပးရတာကေန ကာကြယ္ထားတဲ့ ဥပေဒသ ရွိေနပါတယ္။ လူးဝစ္ဇ္ဟာ အမွန္တကယ္ပဲ ဟိုေဆးဆီကေန ေဘာလုံးကို ျပန္လည္ရယူဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး မေတာ္တဆ ျပစ္ဒဏ္က်ဴးလြန္မိခဲ့တာလည္း ျဖစ္ပါတယ္။

ဒီလိုျဖစ္စဥ္မ်ိဳးအတြက္ ပင္နယ္တီနဲ႔ အဝါကတ္ျပား ျပသတာာက လက္ခံႏိုင္စရာ အျပစ္ေပးမႈျဖစ္ေပမယ့္လည္း ကြင္းလယ္ဒိုင္ ခရိတ္ ေပၚဆင္နဲ႔ VAR ဒိုင္ ဂြၽန္ေမာ့စ္တို႔ကေတာ့ ဆုံးျဖတ္ခ်က္ မွားယြင္းစြာ ခ်မွတ္ခဲ့ပါတယ္။ ဥပေဒရဲ႕ ဆိုလိုရင္းက တကယ္လို႔ ကစားသမားဟာ ၿပိဳင္ဘက္ကစားသမား ရွင္းရွင္းလင္းလင္း ဂိုးသြင္းယူမယ့္အခြင့္အေရးကို ရည္႐ြယ္ခ်က္ရွိရွိ ျပစ္ဒဏ္က်ဴးလြန္ခဲ့မယ္ဆိုရင္ ပင္နယ္တီေပးၿပီး ကစားသမားကို ထုတ္ပယ္ရမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလက္တန္ဘတ္က ဝီလီယံ ဟိုေဆးနဲ႔ ျဖစ္စဥ္ဟာ မေတာ္တဆသာ ျဖစ္ခဲ့ၿပီး ခရိတ္ေပၚဆင္နဲ႔ ဂြၽန္ေမာ့စ္တို႔ဟာ ေဒးဗစ္ လူးဝစ္ဇ္ကို မွားယြင္းစြာ ထုတ္ပယ္ခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး အာဆင္နယ္အေနနဲ႔ မမွ်တစြာ ဆက္ဆံခံခဲ့ရတာလို႔ ခံစားသင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တယ္လီဗြီးရွင္ ေဘာလုံးေဝဖန္သူေတြျဖစ္တဲ့ ဂလန္း ေဟာ္ဒယ္နဲ႔ ရီယို ဖာဒီနန္တို႔ကလည္း ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ယန္ ဘက္နာရက္ခ္တို႔ အဂၤါေန႔ည ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ အျငင္းပြားဖြယ္ထုတ္ပယ္ခံခဲ့ရတဲ့အတြက္ ေဒါသထြက္ခဲ့ၾကပါတယ္။ အက္ဖ္ေအရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြမွာ တရားဝင္ထုတ္ျပန္ေၾကညာထားတာက ‘ကစားသမားတစ္ဦးဟာ ၿပိဳင္ဘက္ကစားသမားကို ၎တို႔ရဲ႕ ပင္နယ္တီဧရိယာအတြင္းမွာ သိသာထင္ရွားတဲ့ ဂိုးသြင္းခြင့္ကို ျငင္းပယ္ဖို႔ ႀကိဳးစားခဲ့မယ္ဆိုရင္ ကြင္းလယ္ဒိုင္က ပင္နယ္တီေပးၿပီး က်ဴးလြန္သူကစားသမားကို သတိေပးရမွာျဖစ္ၿပီး တကယ္လို႔ ျပစ္ဒဏ္က်ဴးလြန္တဲ့ကစားသမားရဲ႕ ႀကိဳးပမ္းမႈဟာ ေဘာလုံးကို အေျခအေနအားလုံးမွာ(ဥပမာ- ေဘာလုံးထိႏိုင္ဖို႔ ျဖစ္ႏိုင္ေျခမရွိဘဲ ကိုင္ထားျခင္း၊ ဆြဲထားျခင္း၊ တြန္းျခင္း) ရယူဖို႔ ႀကိဳးပမ္းမယ္ဆိုရင္ ထုတ္ပယ္ရမယ္’လို႔ ေဖာ္ျပထားပါတယ္။

“ဒီစည္းမ်ဥ္းက အဓိပၸာယ္မရွိပါဘူး။ ဒီစည္းမ်ဥ္းက အဓိပၸာယ္မရွိဘူး။ တကယ္လို႔ ခင္ဗ်ားသူ႔ကို လဲက်ေအာင္ ဝင္တိုက္ၿပီး ကြၽန္ေတာ္က ေဘာလုံးကို ယူဖို႔ ႀကိဳစားခဲ့တာပါ။ ကြၽန္ေတာ့္ကို အဝါကတ္ပဲ ျပမွာလို႔ ေျပာမွာေပါ့”

“ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီညမွာ လုံးဝ ျပစ္ဒဏ္မက်ဴးလြန္ဘဲ ေရွာင္ရွားဖို႔ ႀကိဳးပမ္းခဲ့တဲ့ ကစားသမား ၂ ေယာက္ကို ျမင္ခဲ့ရၿပီး တမ်ိဳးမ်ိဳးနဲ႔ ထိေတြ႕လိုက္တာနဲ႔ ဒိုင္လူႀကီးက ထိေတြ႕မႈရွိခဲ့လို႔ အနီကတ္ျပခံရမယ္ ေျပာတယ္။ ဒါက မမွန္ႏိုင္ပါဘူး”လို႔ ဂလန္း ေဟာ္ဒယ္က ေျပာၾကားခဲ့ပါတယ္။

“အဲဒါက ခင္ဗ်ား ေဘာလုံးနဲ႔ပတ္သက္ၿပီး သိသမွ်အားလုံးနဲ႔ ဆန႔္က်င္ၿပီး ျဖစ္သြားတာပါ။ အဲဒါက ႐ူးေၾကာင္ေၾကာင္ စည္းမ်ဥ္းပါ။ လူမႈကြန္ရက္ေပၚက တုံ႔ျပန္မႈေတြက ခင္ဗ်ား အဲဒီအေၾကာင္း သိသင့္တာနဲ႔ပတ္သက္ၿပီး အားလုံးကို ေျပာျပပါလိမ့္မယ္။ ဘယ္ေနရာမွာမွ လုံးဝ ယုံၾကည္ၾကမွာမဟုတ္ပါဘူး”


“မိုက္ဒင္းက သူ႔ရဲ႕ ဒိုင္လူႀကီးဘဝသက္တမ္းတေလွ်ာက္ အနီကတ္ ၁၀၉ ကတ္ျပခဲ့တယ္။ အျခားဒိုင္လူႀကီးေတြအားလုံးထက္ ပိုမ်ားတယ္။ အဲဒီေတာ့ သူ႔အိတ္ထဲက အနီကတ္ထုတ္ဖို႔လည္း သိပ္ေတြးမွာမဟုတ္ပါဘူး။ ခင္ဗ်ားက အခုအခ်ိန္မွာ သင္ၾကားခဲ့ရတာေတြကို Rebooted လုပ္ရေတာ့မွာပါ။ တစ္ဦးခ်င္းအေနနဲ႔ ခင္ဗ်ား တကယ္ ကြင္းထဲဝင္ၿပီး ေဘာလုံးကို ေရွာင္လႊဲဖို႔ ႀကိဳးပမ္းမယ့္အစား ေဘာလုံးကိုပဲ ရယူဖို႔ ႀကိဳးပမ္းရမွာ။ အဲဒါက ႐ူးေၾကာင္ေၾကာင္ႀကီး”လို႔ ဖာဒီနန္က ယန္ ဘက္နာရက္ခ္ကို မိုက္ဒင္းမွ မဆင္မျခင္ အနီကဒ္ထုတ္ျပလိုက္တဲ့ ျဖစ္ရပ္ကို ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။


မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားက ဝုဗ္အသင္းကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ ပြဲစဥ္မွာ ေဒးဗစ္ လူးဝစ္ဇ္အေနနဲ႔ ထုတ္ပယ္ျခင္း မခံခဲ့ရသင့္ဘူးလို႔ ယုံၾကည္ေနၿပီး ဝီလီယံ ဟိုေဆးကို ပင္နယ္တီဧရိယာထဲမွာ ထိေတြ႕မႈအနည္းငယ္သာျဖစ္ခဲ့သလို ရည္႐ြယ္ခ်က္ရွိရွိလုပ္တာမဟုတ္ခဲ့ေပမယ့္ ဒိုင္လူႀကီး ခရိတ္ ေပၚဆင္က ပင္နယ္တီျပစ္ဒဏ္ေဘာသတ္မွတ္ေပးၿပီး အနီကတ္ျပ ထုတ္ပယ္ခဲ့တဲ့ အေပၚ မမွ်တေၾကာင္း သူ႔အျမင္ကို ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္


-ခ်ဲလ္ဆီးဂႏၲဝင္ေနာက္ခံကစားသမား ဂြၽန္ တယ္ရီဟာ ၎ရဲ႕ ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္း ေဒးဗစ္ လူးဝစ္ဇ္ဟာ အဂၤါေန႔ညက ဝုဗ္အသင္းနဲ႔ပြဲစဥ္မွာ အာဆင္နယ္ကစားသမားဘဝ ၃ ႀကိမ္ေျမာက္ အနီကတ္ျပသခံခဲ့ရၿပီးေနာက္ အနီကတ္ ဘယ္ေတာ့မွ မျဖစ္သင့္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ေဒးဗစ္အေနနဲ႔ ေဘာလုံးရယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဆြဲမိခဲ့တာေၾကာင့္ ပင္နယ္တီ ေပးသင့္တယ္ဆိုေပမယ့္ အနီကတ္ ျပသရမယ့္ကိစၥမဟုတ္ဘူးဆိုတာကို ေဘာလုံးမကစားဖူးရင္လည္း ကိုယ့္ဘာသာ စည္းမ်ဥ္းစည္းကမ္းေတြကို ျပန္ၾကည့္လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.