Premier League

3 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့နည်းပြ မီခယ်လ် အာတီတာက သူ့အနေနဲ့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ ထုတ်ပယ်ခံရမှုကို ရှုထောင့် ၅ မျိုးကနေ ၁၀ ကြိမ် ပြန်ကြည့်ခဲ့ပေမယ့် အနီကတ်ပြသင့်တယ်လို့ လုံးဝမထင်ကြောင်းနဲ့ VAR တွေအနေနဲ့ ဒါဟာ အများအယွင်းဖြစ်တယ်ဆိုတာကို သေသေချာချာ ပြန်ကြည့်သင့်ကြောင်း ဝေဖန်။

– ရှော်လ်ကာအသင်းကို ထွက်ခွာပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ဂျာမန်နောက်ခံလူ ရှကိုဒရန် မူစတာဖီအတွက် အာဆင်နယ်အသင်းဖော် ရော့ဘ် ဟိုးလ်ဒင်းက အမှတ်တရစကား ပြောကြားလိုက်ပြီး သူ့ရဲ့ ဒီအသင်းကစားသမားဘဝ စကတည်းက အတူရှိခဲ့တဲ့ အစ်ကိုကြီး အနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး အောင်မြင်မှုတွေကို ရယူနိုင်ပါစေလို့ ဆုတောင်းပေးခဲ့။

– ဒေးလီးမေးလ်ရဲ့ ဆောင်းပါးတွေမှာ သူ့ရဲ့ သုံးသပ်ချက်ကို အမြဲရေးသားလေ့ရှိတဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘတ်က ဒေးဗစ် လူးဝစ်ဇ်ရဲ့ အနီကတ်အတွက် ဒိုင်တွေ အကုန်လုံး မှားယွင်းကြောင်းနဲ့ မတော်တဆမှုတစ်ခုမှာ အဝါဆိုတာ အလွန်ဆုံးပဲဖြစ်သင့်ကြောင်း ပြောကြားသွား။

– အာဆင်နယ်နည်းပြဖြစ်လာတဲ့ မီခယ်လ် အာတီတာရဲ့ လက်ထက်မှာ ရရှိခဲ့တဲ့ အနီကတ် ၉ ကတ်ဟာ တခြားအသင်းတွေနဲ့ ယှဉ်ရင် ဒုတိယအများဆုံးအသင်းထက် ၃ ဆ ပိုမိုများပြားနေပြီး စည်းကမ်းလိုက်နာမှု မှတ်တမ်းနဲ့ ဒိုင်တွေရဲ့ နှိပ်ကွပ်မှုက စိုးရိမ်စရာဖြစ်နေ။

– အာဆင်နယ်အသင်းရဲ့ လက်ထောက်ခေါင်းဆောင် ဟက်တာ ဘယ်လာရင်က သူအရင်က ပြောဖူးသလိုပဲ အာဆင်နယ်အသင်းကို ပြိုင်ဘက်အသင်းတွေက နိုင်တာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ရှုံးပွဲတွေ့စေတာလို့ ဒေးဗစ် လူးဝစ်ဇ်နဲ့ လီနိုတို့ရဲ့ အနီကတ်တွေ အတွက် မေးမြန်းမှုအပြီးမှာ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြောကြားခဲ့။

– အသင်းနည်းပြ မီခယ်လ် အာတီတာက အာဆင်နယ်အသင်းရဲ့ အခွင့်အရေးတွေ လွဲချော်မှုတွေအပေါ် ညည်းတွားလိုက်ပြီး ဝုလ်ဗ်စ်ဘက်ကို ပထမပိုင်းမှာကတည်းက အနည်းဆုံး ၃-၄ ဂိုး သွင်းယူထားနိုင်သင့်သလို ဒါက ရှုံးနိမ့်မှုရဲ့ အကြောင်းရင်းတစ်ရပ်လို့ဆို။

– အက်စတန်ဗီလာအသင်းရဲ့ လက်ထောက်မန်နေဂျာ ဂျွန်တယ်ရီက ဒေးဗစ် လူးဝစ်ဇ်ဟာ သူ့ဘာသာသူ ဘောလုံးကို သန့်သန့်ရှင်းရှင်း ကစားခဲ့တယ်လို ကာကွယ်ပြောကြားလိုက်ပြီး အနီကတ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ သူ့အမြင်မှာ လုံးဝအဓိပ္ပါယ်မရှိကြောင်းဆိုသွားခဲ့။

– အာဆင်နယ်အသင်းကနေ ရီးစ် နယ်လ်ဆန် မထွက်ခွာဖြစ်ခဲ့တာဟာ ဗလင်စီယာနဲ့ ဂျာမန်အသင်းတွေဆီကို သူ့ရဲ့ မိခင်ကလပ် အာဆင်နယ်အသင်းက အငှားကြေးတောင်းဆိုမှု များပြားခဲ့လို့ဖြစ်ပြီး ခေါ်ယူလိုတဲ့ အသင်းတွေက လက်လျှော့သွားခဲ့တာဖြစ်ကြောင်း သိရ။

– အက်စတန်ဗီလာရဲ့ ဗီလာပါ့ခ်ကွင်းကို သွားရောက်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသမား မတ် ရိုင်ယန်နဲ့ နောက်ခံလူ ကီရန် တီယာနီတို့ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြ အာတီတာက ပြောကြားလိုက်ပြီး လီနိုနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ ပွဲပယ်ခံရချိန်မှာ အင်အားတောင့်တင်းဖို့ အလိုရှိနေ။

– စကိုင်းစပို့စ်ရဲ့ ဘောလုံးတင်ဆက်သူတွေဖြစ်ကြတဲ့ ရီယို ဖာဒီနန်က လီနိုရဲ့ အနီကတ်ရယူပုံက ဟာသဖြစ်ခဲ့တယ်လို့ ပြောကြားလိုက်ချိန်မှာ စပါးစ်နည်းပြဟောင်း ဂလင်း ဟော်ဒယ်လ်ကတော့ လီနိုဟာ ဘောလုံးကို ထိန်းသိမ်းဖို့နဲ့ ကန်ထုတ်ဖို့ နှစ်ခုကြားမှာ ပြဿနာဖြစ်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကြိုမတွေးထားတဲ့ စိတ်က သူ့ကို ဒုက္ခပေးခဲ့တာလို့ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕နည္းျပ မီခယ္လ္ အာတီတာက သူ႔အေနနဲ႔ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ထုတ္ပယ္ခံရမႈကို ရႈေထာင့္ ၅ မ်ိဳးကေန ၁၀ ႀကိမ္ ျပန္ၾကည့္ခဲ့ေပမယ့္ အနီကတ္ျပသင့္တယ္လို႔ လုံးဝမထင္ေၾကာင္းနဲ႔ VAR ေတြအေနနဲ႔ ဒါဟာ အမ်ားအယြင္းျဖစ္တယ္ဆိုတာကို ေသေသခ်ာခ်ာ ျပန္ၾကည့္သင့္ေၾကာင္း ေဝဖန္။

– ေရွာ္လ္ကာအသင္းကို ထြက္ခြာေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္တဲ့ ဂ်ာမန္ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီအတြက္ အာဆင္နယ္အသင္းေဖာ္ ေရာ့ဘ္ ဟိုးလ္ဒင္းက အမွတ္တရစကား ေျပာၾကားလိုက္ၿပီး သူ႔ရဲ႕ ဒီအသင္းကစားသမားဘဝ စကတည္းက အတူရွိခဲ့တဲ့ အစ္ကိုႀကီး အေနနဲ႔ က်န္းမာေရးကို ဂ႐ုစိုက္ၿပီး ေအာင္ျမင္မႈေတြကို ရယူႏိုင္ပါေစလို႔ ဆုေတာင္းေပးခဲ့။

– ေဒးလီးေမးလ္ရဲ႕ ေဆာင္းပါးေတြမွာ သူ႔ရဲ႕ သုံးသပ္ခ်က္ကို အၿမဲေရးသားေလ့ရွိတဲ့ ပရီးမီးယားလိဂ္ ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလက္တန္ဘတ္က ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အနီကတ္အတြက္ ဒိုင္ေတြ အကုန္လုံး မွားယြင္းေၾကာင္းနဲ႔ မေတာ္တဆမႈတစ္ခုမွာ အဝါဆိုတာ အလြန္ဆုံးပဲျဖစ္သင့္ေၾကာင္း ေျပာၾကားသြား။

– အာဆင္နယ္နည္းျပျဖစ္လာတဲ့ မီခယ္လ္ အာတီတာရဲ႕ လက္ထက္မွာ ရရွိခဲ့တဲ့ အနီကတ္ ၉ ကတ္ဟာ တျခားအသင္းေတြနဲ႔ ယွဥ္ရင္ ဒုတိယအမ်ားဆုံးအသင္းထက္ ၃ ဆ ပိုမိုမ်ားျပားေနၿပီး စည္းကမ္းလိုက္နာမႈ မွတ္တမ္းနဲ႔ ဒိုင္ေတြရဲ႕ ႏွိပ္ကြပ္မႈက စိုးရိမ္စရာျဖစ္ေန။

– အာဆင္နယ္အသင္းရဲ႕ လက္ေထာက္ေခါင္းေဆာင္ ဟက္တာ ဘယ္လာရင္က သူအရင္က ေျပာဖူးသလိုပဲ အာဆင္နယ္အသင္းကို ၿပိဳင္ဘက္အသင္းေတြက ႏိုင္တာ မဟုတ္ဘဲ ကိုယ့္ဘာသာကိုယ္ ရႈံးပြဲေတြ႕ေစတာလို႔ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ လီႏိုတို႔ရဲ႕ အနီကတ္ေတြ အတြက္ ေမးျမန္းမႈအၿပီးမွာ တိုက္႐ိုက္မဟုတ္ေပမယ့္ သြယ္ဝိုက္ေျပာၾကားခဲ့။

– အသင္းနည္းျပ မီခယ္လ္ အာတီတာက အာဆင္နယ္အသင္းရဲ႕ အခြင့္အေရးေတြ လြဲေခ်ာ္မႈေတြအေပၚ ညည္းတြားလိုက္ၿပီး ဝုလ္ဗ္စ္ဘက္ကို ပထမပိုင္းမွာကတည္းက အနည္းဆုံး ၃-၄ ဂိုး သြင္းယူထားႏိုင္သင့္သလို ဒါက ရႈံးနိမ့္မႈရဲ႕ အေၾကာင္းရင္းတစ္ရပ္လို႔ဆို။

– အက္စတန္ဗီလာအသင္းရဲ႕ လက္ေထာက္မန္ေနဂ်ာ ဂြၽန္တယ္ရီက ေဒးဗစ္ လူးဝစ္ဇ္ဟာ သူ႔ဘာသာသူ ေဘာလုံးကို သန႔္သန႔္ရွင္းရွင္း ကစားခဲ့တယ္လို ကာကြယ္ေျပာၾကားလိုက္ၿပီး အနီကတ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ဟာ သူ႔အျမင္မွာ လုံးဝအဓိပၸါယ္မရွိေၾကာင္းဆိုသြားခဲ့။

– အာဆင္နယ္အသင္းကေန ရီးစ္ နယ္လ္ဆန္ မထြက္ခြာျဖစ္ခဲ့တာဟာ ဗလင္စီယာနဲ႔ ဂ်ာမန္အသင္းေတြဆီကို သူ႔ရဲ႕ မိခင္ကလပ္ အာဆင္နယ္အသင္းက အငွားေၾကးေတာင္းဆိုမႈ မ်ားျပားခဲ့လို႔ျဖစ္ၿပီး ေခၚယူလိုတဲ့ အသင္းေတြက လက္ေလွ်ာ့သြားခဲ့တာျဖစ္ေၾကာင္း သိရ။

– အက္စတန္ဗီလာရဲ႕ ဗီလာပါ့ခ္ကြင္းကို သြားေရာက္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဂိုးသမား မတ္ ႐ိုင္ယန္နဲ႔ ေနာက္ခံလူ ကီရန္ တီယာနီတို႔ ျပန္လည္ပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း နည္းျပ အာတီတာက ေျပာၾကားလိုက္ၿပီး လီႏိုနဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔ ပြဲပယ္ခံရခ်ိန္မွာ အင္အားေတာင့္တင္းဖို႔ အလိုရွိေန။

– စကိုင္းစပို႔စ္ရဲ႕ ေဘာလုံးတင္ဆက္သူေတြျဖစ္ၾကတဲ့ ရီယို ဖာဒီနန္က လီႏိုရဲ႕ အနီကတ္ရယူပုံက ဟာသျဖစ္ခဲ့တယ္လို႔ ေျပာၾကားလိုက္ခ်ိန္မွာ စပါးစ္နည္းျပေဟာင္း ဂလင္း ေဟာ္ဒယ္လ္ကေတာ့ လီႏိုဟာ ေဘာလုံးကို ထိန္းသိမ္းဖို႔နဲ႔ ကန္ထုတ္ဖို႔ ႏွစ္ခုၾကားမွာ ျပႆနာျဖစ္ခဲ့တာ ျဖစ္ၿပီး သူ႔ရဲ႕ ႀကိဳမေတြးထားတဲ့ စိတ္က သူ႔ကို ဒုကၡေပးခဲ့တာလို႔ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.