Premier League

3 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဝုဗ်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်မှာ ဒေးဗစ် လူးဝစ်ဇ်အနေနဲ့ ထုတ်ပယ်ခြင်း မခံခဲ့ရသင့်ဘူးလို့ ယုံကြည်နေပြီး ဝီလီယံ ဟိုဆေးကို ပင်နယ်တီဧရိယာထဲမှာ ထိတွေ့မှုအနည်းငယ်သာဖြစ်ခဲ့သလို ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ခဲ့ပေမယ့် ဒိုင်လူကြီး ခရိတ် ပေါ်ဆင်က ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးပြီး အနီကတ်ပြ ထုတ်ပယ်ခဲ့။

-ဆောက်သမ်တန်အသင်းပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆောက်သမ်တန်ကို ၉-၀ နဲ့ အနိုင်ရရှိမှုကို ၂၀၂၀ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် တွစ်တာ ပြန်သုံးတဲ့ လုခ်ရှောက မျှဝေခဲ့တဲ့အတွက် ဒေါသထွက်ခဲ့ကြပြီး ယူနိုက်တက်ဘယ်နောက်ခံကစားသမားဟာ အသင်းဟောင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့တာဖြစ်သလို ယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့တဲ့ ဘယ်ပွဲမှာထက်မဆို အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့ဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဆောက်သမ်တန်အသင်းကို ၉-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းသားတွေရဲ့ ခြေစွမ်းနဲ့ ကစားပုံကို စိတ်ကျေနပ်ခဲ့ပြီး တစ်ယောက်လျော့အသင်းနဲ့ ကစားရတဲ့အခါမှာ နောက်တန်းမှာ ဝိုင်းဝန်းပိတ်ဆို့နေတဲ့အတွက် ထိုးဖောက်ဖို့အတွက် တစ်ခါတရံမှာ ပိုလို့တောင် ခက်ခဲတယ်လို့ ပြောကြားခဲ့။

-ဂလန်း ဟော်ဒယ်ဟာ အင်္ဂါနေ့ညက အိုးထရက်ဖို့ဒ်မှာ ဆောက်သမ်တန်အသင်းကို ၉-၀ နဲ့ မယုံကြည်နိုင်ဖွယ် အနိုင်ရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပြီး ပထမပိုင်းအပြီးမှာ ၄-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့ အညှာအတာကင်းမဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ဂိုးရလဒ်ဘယ်လိုပဲဖြစ်နေပါစေ တွန်းတွန်းတိုက်တိုက်နဲ့ ဆောက်သမ်တန်ကို အနိုင်ယူကြမယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကစားခဲ့တယ်လို့ ချီးကျူးခဲ့။

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဆောက်သမ်တန်အသင်းကို ၉-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး အဲရစ် ကန်တိုနာရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး စုစုပေါင်း ၈၃ ဂိုးနဲ့ အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ အဆင့် ၂၅ နေရာအထိ တက်ရောက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရ။

-ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန် ဟာတဲလ်က ၉ ယောက်ပဲရှိတဲ့ ဆောက်သမ်တန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းမှာ ကြောက်မက်ဖွယ်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက လက်စတာစီးတီးကို ၉-၀ နဲ့ ရှုံးနိမ့်ခဲ့တုန်းကနဲ့ ကွာခြားတယ်လို့ ပြောကြားခဲ့ပြီး ဟာဆန် ဟာတဲလ်ဟာ လက်စတာကို အရှက်ရဖွယ်ရှုံးနိမ့်ပြီးနောက် နောက်ဆက်တွဲအနေနဲ့ အသင်းကို တန်းဆင်းဇုန်ကနေ အဆင့် ၁၁ နေရာမှာ ရာသီပြီးဆုံးအောင် ကူညီပေးခဲ့ပြီး အသင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့။

-မန်ချက်စတာစီးတီးကွင်းလယ်ကစားသမားဟောင်း ဂါရတ် ဘယ်ရီဟာ အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက် ဂရီးလစ်ရှ်အနေနဲ့ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာလက်အောက်မှာ တစ်နေ့ အလုပ်လုပ်ရလိမ့်မယ်လို့ မျှော်လင့်နေပြီး အသင်းသစ်သာ ရှာဖွေခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ထက် မန်ချက်စတာစီးတီးအသင်းကို ရွေးချယ်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ဝန်ခံပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အင်္ဂါနေ့ညက ဆောက်သမ်တန်အသင်းကို ၉-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ကို ပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီး မိုက်ဒင်းရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ရာမှာ အလက်ဇန္ဒား ဂျန်ကီဝစ်ဇ်ဟာ ပထမပိုင်း ၂ မိနစ်မှာပဲ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ပင်နယ်တီပေးလိုက်ရတာက ပွဲကို ပြောင်းလဲစေခဲ့ပြီး လုံးဝ ကမောက်ကမဖြစ်သွားစေခဲ့တယ်လို့ ဝေဖန်ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက ဝုဗ္အသင္းကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အာဆင္နယ္အသင္းရဲ့ ပြဲစဥ္မွာ ေဒးဗစ္ လူးဝစ္ဇ္အေနနဲ႔ ထုတ္ပယ္ျခင္း မခံခဲ့ရသင့္ဘူးလို႔ ယုံၾကည္ေနၿပီး ဝီလီယံ ဟိုေဆးကို ပင္နယ္တီဧရိယာထဲမွာ ထိေတြ႕မႈအနည္းငယ္သာျဖစ္ခဲ့သလို ရည္ရြယ္ခ်က္ရွိရွိလုပ္တာမဟုတ္ခဲ့ေပမယ့္ ဒိုင္လူႀကီး ခရိတ္ ေပၚဆင္က ပင္နယ္တီျပစ္ဒဏ္ေဘာသတ္မွတ္ေပးၿပီး အနီကတ္ၿပ ထုတ္ပယ္ခဲ့။

-ေဆာက္သမ္တန္အသင္းပရိသတ္ေတြဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ေဆာက္သမ္တန္ကို ၉-၀ နဲ႔ အနိုင္ရရွိမႈကို ၂၀၂၀ ဧၿပီလေနာက္ပိုင္း ပထမဆုံးအႀကိမ္ တြစ္တာ ျပန္သုံးတဲ့ လုခ္ေရွာက မၽွေဝခဲ့တဲ့အတြက္ ေဒါသထြက္ခဲ့ၾကၿပီး ယူနိုက္တက္ဘယ္ေနာက္ခံကစားသမားဟာ အသင္းေဟာင္းနဲ႔ပြဲစဥ္မွာ ၂ ဂိုး ဖန္တီးေပးနိုင္ခဲ့တာျဖစ္သလို ယူနိုက္တက္အတြက္ ပါဝင္ကစားေပးခဲ့တဲ့ ဘယ္ပြဲမွာထက္မဆို အခြင့္အေရးေတြ ပိုမိုဖန္တီးနိုင္ခဲ့ျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ေဆာက္သမ္တန္အသင္းကို ၉-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ အသင္းသားေတြရဲ့ ေျခစြမ္းနဲ႔ ကစားပုံကို စိတ္ေက်နပ္ခဲ့ၿပီး တစ္ေယာက္ေလ်ာ့အသင္းနဲ႔ ကစားရတဲ့အခါမွာ ေနာက္တန္းမွာ ဝိုင္းဝန္းပိတ္ဆို႔ေနတဲ့အတြက္ ထိုးေဖာက္ဖို႔အတြက္ တစ္ခါတရံမွာ ပိုလို႔ေတာင္ ခက္ခဲတယ္လို႔ ေျပာၾကားခဲ့။

-ဂလန္း ေဟာ္ဒယ္ဟာ အဂၤါေန႔ညက အိုးထရက္ဖို႔ဒ္မွာ ေဆာက္သမ္တန္အသင္းကို ၉-၀ နဲ႔ မယုံၾကည္နိုင္ဖြယ္ အနိုင္ရယူနိုင္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး ပထမပိုင္းအၿပီးမွာ ၄-၀ နဲ႔ ဦးေဆာင္ထားနိုင္ခဲ့တဲ့ အညႇာအတာကင္းမဲ့တဲ့ ယူနိုက္တက္ဟာ ဒုတိယပိုင္းမွာ ဂိုးရလဒ္ဘယ္လိုပဲျဖစ္ေနပါေစ တြန္းတြန္းတိုက္တိုက္နဲ႔ ေဆာက္သမ္တန္ကို အနိုင္ယူၾကမယ္ဆိုတဲ့ စိတ္မ်ိဳးနဲ႔ ကစားခဲ့တယ္လို႔ ခ်ီးက်ဴးခဲ့။

-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ေဆာက္သမ္တန္အသင္းကို ၉-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူနိုင္ခဲ့ၿပီးေနာက္ ယူနိုက္တက္ဂႏၲဝင္တိုက္စစ္မႉး အဲရစ္ ကန္တိုနာရဲ့ ဂိုးသြင္းစံခ်ိန္ကို ေက်ာ္ျဖတ္နိုင္ခဲ့ၿပီျဖစ္ၿပီး စုစုေပါင္း ၈၃ ဂိုးနဲ႔ အသင္းရဲ့တသက္တာထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ အဆင့္ ၂၅ ေနရာအထိ တက္ေရာက္နိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရ။

-ေဆာက္သမ္တန္အသင္းနည္းၿပ ဟာဆန္ ဟာတဲလ္က ၉ ေယာက္ပဲရွိတဲ့ ေဆာက္သမ္တန္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အိမ္ကြင္းမွာ ေၾကာက္မက္ဖြယ္ရႈံးနိမ့္မႈနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ ဝန္ခံေျပာၾကားခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီက လက္စတာစီးတီးကို ၉-၀ နဲ႔ ရႈံးနိမ့္ခဲ့တုန္းကနဲ႔ ကြာျခားတယ္လို႔ ေျပာၾကားခဲ့ၿပီး ဟာဆန္ ဟာတဲလ္ဟာ လက္စတာကို အရွက္ရဖြယ္ရႈံးနိမ့္ၿပီးေနာက္ ေနာက္ဆက္တြဲအေနနဲ႔ အသင္းကို တန္းဆင္းဇုန္ကေန အဆင့္ ၁၁ ေနရာမွာ ရာသီၿပီးဆုံးေအာင္ ကူညီေပးခဲ့ၿပီး အသင္းရဲ့ကံၾကမၼာကို ေျပာင္းလဲေပးနိုင္ခဲ့။

-မန္ခ်က္စတာစီးတီးကြင္းလယ္ကစားသမားေဟာင္း ဂါရတ္ ဘယ္ရီဟာ အက္စ္တြန္ဗီလာၾကယ္ပြင့္ ဂ်က္ ဂရီးလစ္ရွ္အေနနဲ႔ မန္စီးတီးနည္းၿပ ပက္ ဂြါဒီယိုလာလက္ေအာက္မွာ တစ္ေန႔ အလုပ္လုပ္ရလိမ့္မယ္လို႔ ေမၽွာ္လင့္ေနၿပီး အသင္းသစ္သာ ရွာေဖြခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္ထက္ မန္ခ်က္စတာစီးတီးအသင္းကို ေရြးခ်ယ္လိမ့္မယ္လို႔ ေမၽွာ္လင့္မိေၾကာင္း ဝန္ခံေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးေဟာင္း မိုက္ကယ္အိုဝင္က အဂၤါေန႔ညက ေဆာက္သမ္တန္အသင္းကို ၉-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ယူနိုက္တက္ကို ပင္နယ္တီေပးခဲ့တဲ့ ဒိုင္လူႀကီး မိုက္ဒင္းရဲ့ ဆုံးျဖတ္ခ်က္ကို ျပစ္တင္ေဝဖန္ခဲ့ရာမွာ အလက္ဇႏၵား ဂ်န္ကီဝစ္ဇ္ဟာ ပထမပိုင္း ၂ မိနစ္မွာပဲ အနီကတ္ၿပ ထုတ္ပယ္ခံခဲ့ရသလို ပင္နယ္တီေပးလိုက္ရတာက ပြဲကို ေျပာင္းလဲေစခဲ့ၿပီး လုံးဝ ကေမာက္ကမျဖစ္သြားေစခဲ့တယ္လို႔ ေဝဖန္ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.