Match Report Premier League

အညှာအတာမရှိ ရက်စက်လွန်းတဲ့ ယူနိုက်တက်တို့ရဲ့ ပေါက်ကွဲအားနဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့ အရှိန်အဝါကို ပြသခဲ့တဲ့ နိုင်ပွဲ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ကာဗာနီကို အသုံးပြုခဲ့တာကလွဲရင် ကျန်တဲ့ ကစားသမားတွေကို လူစုံထုတ်ကစားခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ပွဲက အမှတ်လျော့ခဲ့တာကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့လုပ်ခဲ့သလို ဆောက်သမ်တန်တို့အနေနဲ့ ဒါကို ရင်ဆိုင်ရင်း စောစောစီးစီး ၁၀ ယောက် ဖြစ်သွားမှုနဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှာ ရုန်းကန်ခဲ့ရပါတယ်။

ပွဲချိန် ၂ မိနစ်မှာကတည်းက မက်တော်မီနေးကို အဝင်ကြမ်းခဲ့တဲ့ ဆောက်သမ်တန်လူငယ်ကွင်းလယ်လူ ဂျန်ကီဗစ်ဇ် အနီကတ်နဲ့ အထုတ်ခံရပြီး သူ့ရဲ့ ပရီးမီးယားလိဂ်ပထမဆုံး ပွဲထွက်လူစာရင်းမှာ ပါဝင်လာခွင့်က အကျည်းတန်သွားခဲ့သလို ယူနိုက်တက်တို့အတွက်တော့ နိုင်ပွဲရဖို့ အကောင်းဆုံးအခြေအနေကို ရောက်သွားခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ အိမ်ရှင်သရဲနီတွေ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဘယ်နောက်ခံလူ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို ဆောက်သမ်တန် ခံစစ်ရဲ့ မရှင်းထုတ်နိုင်ဘဲ ပေါ့လျော့မှုကနေ ညာခြမ်းကို ပြန်ကျလာတာမှာ ညာနောက်ခံလူ ဝန်ဘစ်ဆာကာက ပိတ်သွင်းယူနိုင်ခဲ့လို့ အိမ်ကွင်းမှာ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ အသင်းလိုက်ကစားပုံကနေ ဒုတိယဦးဆောင်ဂိုး ထပ်ရခဲ့ပြီး နောက်ခံလူ မက်ဂွိုင်းယား ချပေးတဲ့ ဘောလုံးကို ဘယ်ခြမ်းက ဂရင်းဝုဒ်က ဆွဲပြေးပြီး ပြန်ချိုးပေးတာကို ပင်နယ်တီအမှတ်နားမှာ အဆင်သင့်စောင့်နေတဲ့ ရက်ရှ်ဖို့ဒ်က ဆောက်သမ်တန်ဂိုးသမား မက္ကာသီကို အနိုင်ယူ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ တတိယဂိုးကို ယူနိုက်တက်တို့ ထပ်မံရရှိခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးဧရိယာထဲကို ဖြတ်တင်တဲ့ ဘောလုံးကို နေရာယူထားတဲ့ ကွင်းလယ်လူ ဖရက်ဒ် ရရှိသွားမှာ စိုးရိမ်နေတဲ့ ဆောက်သမ်တန်နောက်ခံလူ ဘက်ဒ်နာရက်ခ်ရဲ့ အလောတကြီးဖျက်ထုတ်မှုက ကိုယ့်ဂိုးကိုယ် ပြန်သွင်းခဲ့မိတာပါ။

နောက်ထပ် ၅ မိနစ်အကြာမှာတော့ ဥရုဂွေး ဝါရင့်တိုက်စစ်မှူး ကာဗာနီက စတုတ္ထဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကတော့ ရိုးရှင်းတဲ့ ကစားပုံကနေ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။ ဒီနောက်ပိုင်းမှာတော့ ပင်နယ်တီ သတ်မှတ်ပြီးမှ VAR နဲ့ ဧရိယာအပြင် ပြန်ရွှေ့ခဲ့လို့ ယူနိုက်တက်တို့ ဂိုးထပ်မရခဲ့သေးဘဲ ပထမပိုင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကာဗာနီနဲ့ လုခ်ရှောတို့ကို အနားပေးခဲ့ပြီး မာစီယယ်လ်နဲ့ ဗန်ဒဘိခ်တို့ကို ထည့်သွင်းကစားခဲ့သလို ဖရက်ဒ်က ဘယ်နောက်ခံလူအဖြစ် ပြောင်းလဲကစားခဲ့တာကြောင့် ခံစစ်မှာ အနည်းငယ် ဟာကွက်တွေ ရှိလာခဲ့ပေမယ့် တစ်ယောက်လျော့ ဆောက်သမ်တန်တို့ အသုံးမချနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ပဲ ရှေ့ဆက်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ ပိတ်ကစားနေတဲ့ ဆောက်သမ်တန်ခံစစ်ကို ယူနိုက်တက်တို့ စိတ်ရှည်ရှည်နဲ့ ထိုးဖောက်ရယူခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကို မာစီယယ်လ် ထိန်းသိမ်းရင်း တစ်ပတ်လှည့်ကန်သွင်းရာမှာ ဟန်ချက်အနည်းငယ်ပျက်နေခဲ့ပေမယ့် ဝင်အောင်အားထုတ်ရယူသွားနိုင်ခဲ့လို့ ငါးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

နောက်ထပ် နှစ်မိနစ်အကြာမှာတော့ ဂိုးသွင်းခြေပြဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်တို့ ခြောက်ဂိုးမြောက် ရရှိခဲ့ပြီး ဂရင်းဝုဒ်ရဲ့ ဂိုးဧရိယာထဲက အနီးကပ်ကန်ချက်ကို ဂိုးသမား ကာကွယ်ခဲ့လို့ ပြန်ထွက်လာတာမှာ မက်တော်မီနေးက ဂိုးဧရိယာအပြင်ကနေ အနိမ့်ဘော အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ မာစီယယ်လ်ကို ပင်နယ်တီဧရိယာထဲမှာ နောက်နေ တွန်းချခဲ့တဲ့ ဘက်ဒ်နာရက်ခ် အနီနဲ့ အထုတ်ခံခဲ့ရသလို ပင်နယ်တီပါ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ဘရူနို ဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းပြီး အသင်းကို သတ္တမမြောက်အဖြစ် ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ယူနိုက်တက်တို့ ရှစ်ဂိုးမြောက် အဋ္ဌမဂိုးကို မာစီယယ်လ်က သွင်းယူနိုင်ခဲ့ပြီး လင်ဒီလော့ဖ် ထိုးပေးတာကို ဝန်ဘစ်ဆာကာက ပြန်ဖြတ်တင်ခဲ့ရာမှာ ဧရိယာထဲမှာ အဆင်သင့်စောင့်နေတဲ့ ပြင်သစ်တိုက်စစ်မှူးက လူစားဝင်အပြီး သူ့ရဲ့ ဒုတိယဂိုးအဖြစ် ရင်ဘတ်နဲ့ ထိန်းပြီးမှ အပိုင်ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ယူနိုက်တက်တို့အနေနဲ့ ဆောက်သမ်တန်အပေါ် လက်စတာတို့ရဲ့ ဂိုးပြတ်သွင်းစံချိန်ကို တူညီနိုင်ခဲ့သလို ဒီကိုးဂိုးမြောက်ဂိုးကိုတော့ ဘယ်ခြမ်းကနေ ဖာနန်ဒက်စ်က ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို ဒန်နီယယ်လ် ဂျိမ်းစ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်တို့ကတော့ သူတို့ရဲ့အမှတ်ပေးဇယားရပ်တည်မှုရဲ့ ဒုတိယနေရာကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ အမှတ်ချင်း တူညီနိုင်ခဲ့သလို ဂိုးကွာခြားချက်ကိုလည်း သွင်းဂိုးကိုးဂိုးနဲ့ ငါးဂိုးအကွာအထိ လျှော့ချနိုင်ခဲ့လို့ ပရိသတ်တွေ ပျော်ရွှင်မှုအရ တိမ်တွေပေါ်အထိ ရောက်ခဲ့တဲ့ပွဲလို့ ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရလဒ်ဆိုးမှုတွေကို အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ကာဗာနီကို အသုံးျပဳခဲ့တာကလြဲရင္ က်န္တဲ့ ကစားသမားေတြကို လူစုံထုတ္ကစားခဲ့ၿပီး ၿပီးခဲ့တဲ့ ႏွစ္ပြဲက အမွတ္ေလ်ာ့ခဲ့တာကို အေကာင္းဆုံး တုံ႔ျပန္ႏိုင္ဖို႔လုပ္ခဲ့သလို ေဆာက္သမ္တန္တို႔အေနနဲ႔ ဒါကို ရင္ဆိုင္ရင္း ေစာေစာစီးစီး ၁၀ ေယာက္ ျဖစ္သြားမႈနဲ႔အတူ အိုးလ္ထရက္ဖို႔ဒ္မွာ ႐ုန္းကန္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မွာကတည္းက မက္ေတာ္မီေနးကို အဝင္ၾကမ္းခဲ့တဲ့ ေဆာက္သမ္တန္လူငယ္ကြင္းလယ္လူ ဂ်န္ကီဗစ္ဇ္ အနီကတ္နဲ႔ အထုတ္ခံရၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္ပထမဆုံး ပြဲထြက္လူစာရင္းမွာ ပါဝင္လာခြင့္က အက်ည္းတန္သြားခဲ့သလို ယူႏိုက္တက္တို႔အတြက္ေတာ့ ႏိုင္ပြဲရဖို႔ အေကာင္းဆုံးအေျခအေနကို ေရာက္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ အိမ္ရွင္သရဲနီေတြ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ေနာက္ခံလူ လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကို ေဆာက္သမ္တန္ ခံစစ္ရဲ႕ မရွင္းထုတ္ႏိုင္ဘဲ ေပါ့ေလ်ာ့မႈကေန ညာျခမ္းကို ျပန္က်လာတာမွာ ညာေနာက္ခံလူ ဝန္ဘစ္ဆာကာက ပိတ္သြင္းယူႏိုင္ခဲ့လို႔ အိမ္ကြင္းမွာ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ အသင္းလိုက္ကစားပုံကေန ဒုတိယဦးေဆာင္ဂိုး ထပ္ရခဲ့ၿပီး ေနာက္ခံလူ မက္ဂြိဳင္းယား ခ်ေပးတဲ့ ေဘာလုံးကို ဘယ္ျခမ္းက ဂရင္းဝုဒ္က ဆြဲေျပးၿပီး ျပန္ခ်ိဳးေပးတာကို ပင္နယ္တီအမွတ္နားမွာ အဆင္သင့္ေစာင့္ေနတဲ့ ရက္ရွ္ဖို႔ဒ္က ေဆာက္သမ္တန္ဂိုးသမား မကၠာသီကို အႏိုင္ယူ ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာ တတိယဂိုးကို ယူႏိုက္တက္တို႔ ထပ္မံရရွိခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ ဂိုးဧရိယာထဲကို ျဖတ္တင္တဲ့ ေဘာလုံးကို ေနရာယူထားတဲ့ ကြင္းလယ္လူ ဖရက္ဒ္ ရရွိသြားမွာ စိုးရိမ္ေနတဲ့ ေဆာက္သမ္တန္ေနာက္ခံလူ ဘက္ဒ္နာရက္ခ္ရဲ႕ အေလာတႀကီးဖ်က္ထုတ္မႈက ကိုယ့္ဂိုးကိုယ္ ျပန္သြင္းခဲ့မိတာပါ။

ေနာက္ထပ္ ၅ မိနစ္အၾကာမွာေတာ့ ဥ႐ုေဂြး ဝါရင့္တိုက္စစ္မႉး ကာဗာနီက စတုတၳဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကေတာ့ ႐ိုးရွင္းတဲ့ ကစားပုံကေန လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာပါ။ ဒီေနာက္ပိုင္းမွာေတာ့ ပင္နယ္တီ သတ္မွတ္ၿပီးမွ VAR နဲ႔ ဧရိယာအျပင္ ျပန္ေ႐ႊ႕ခဲ့လို႔ ယူႏိုက္တက္တို႔ ဂိုးထပ္မရခဲ့ေသးဘဲ ပထမပိုင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ကာဗာနီနဲ႔ လုခ္ေရွာတို႔ကို အနားေပးခဲ့ၿပီး မာစီယယ္လ္နဲ႔ ဗန္ဒဘိခ္တို႔ကို ထည့္သြင္းကစားခဲ့သလို ဖရက္ဒ္က ဘယ္ေနာက္ခံလူအျဖစ္ ေျပာင္းလဲကစားခဲ့တာေၾကာင့္ ခံစစ္မွာ အနည္းငယ္ ဟာကြက္ေတြ ရွိလာခဲ့ေပမယ့္ တစ္ေယာက္ေလ်ာ့ ေဆာက္သမ္တန္တို႔ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ပဲ ေရွ႕ဆက္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ပိတ္ကစားေနတဲ့ ေဆာက္သမ္တန္ခံစစ္ကို ယူႏိုက္တက္တို႔ စိတ္ရွည္ရွည္နဲ႔ ထိုးေဖာက္ရယူခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေပးပို႔မႈကို မာစီယယ္လ္ ထိန္းသိမ္းရင္း တစ္ပတ္လွည့္ကန္သြင္းရာမွာ ဟန္ခ်က္အနည္းငယ္ပ်က္ေနခဲ့ေပမယ့္ ဝင္ေအာင္အားထုတ္ရယူသြားႏိုင္ခဲ့လို႔ ငါးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ေနာက္ထပ္ ႏွစ္မိနစ္အၾကာမွာေတာ့ ဂိုးသြင္းေျချပဖို႔ ႀကိဳးစားေနတဲ့ ယူႏိုက္တက္တို႔ ေျခာက္ဂိုးေျမာက္ ရရွိခဲ့ၿပီး ဂရင္းဝုဒ္ရဲ႕ ဂိုးဧရိယာထဲက အနီးကပ္ကန္ခ်က္ကို ဂိုးသမား ကာကြယ္ခဲ့လို႔ ျပန္ထြက္လာတာမွာ မက္ေတာ္မီေနးက ဂိုးဧရိယာအျပင္ကေန အနိမ့္ေဘာ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ မာစီယယ္လ္ကို ပင္နယ္တီဧရိယာထဲမွာ ေနာက္ေန တြန္းခ်ခဲ့တဲ့ ဘက္ဒ္နာရက္ခ္ အနီနဲ႔ အထုတ္ခံခဲ့ရသလို ပင္နယ္တီပါ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က အမွားအယြင္းမရွိ ကန္သြင္းၿပီး အသင္းကို သတၱမေျမာက္အျဖစ္ ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ရွစ္ဂိုးေျမာက္ အ႒မဂိုးကို မာစီယယ္လ္က သြင္းယူႏိုင္ခဲ့ၿပီး လင္ဒီေလာ့ဖ္ ထိုးေပးတာကို ဝန္ဘစ္ဆာကာက ျပန္ျဖတ္တင္ခဲ့ရာမွာ ဧရိယာထဲမွာ အဆင္သင့္ေစာင့္ေနတဲ့ ျပင္သစ္တိုက္စစ္မႉးက လူစားဝင္အၿပီး သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ ရင္ဘတ္နဲ႔ ထိန္းၿပီးမွ အပိုင္ကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔အေနနဲ႔ ေဆာက္သမ္တန္အေပၚ လက္စတာတို႔ရဲ႕ ဂိုးျပတ္သြင္းစံခ်ိန္ကို တူညီႏိုင္ခဲ့သလို ဒီကိုးဂိုးေျမာက္ဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဖာနန္ဒက္စ္က ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဒန္နီယယ္လ္ ဂ်ိမ္းစ္က အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တဲ့ ယူႏိုက္တက္တို႔ကေတာ့ သူတို႔ရဲ႕အမွတ္ေပးဇယားရပ္တည္မႈရဲ႕ ဒုတိယေနရာကို ခိုင္ခိုင္မာမာဆုပ္ကိုင္ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးနဲ႔ အမွတ္ခ်င္း တူညီႏိုင္ခဲ့သလို ဂိုးကြာျခားခ်က္ကိုလည္း သြင္းဂိုးကိုးဂိုးနဲ႔ ငါးဂိုးအကြာအထိ ေလွ်ာ့ခ်ႏိုင္ခဲ့လို႔ ပရိသတ္ေတြ ေပ်ာ္႐ႊင္မႈအရ တိမ္ေတြေပၚအထိ ေရာက္ခဲ့တဲ့ပြဲလို႔ ဆိုရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရလဒ္ဆိုးမႈေတြကို အေကာင္းဆုံးပုံစံနဲ႔ တုံ႔ျပန္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.