Premier League

ဒါဘီနဲ႔ ပဲြမွာ လူမ်ိဳးေရးခြဲျခားခံခဲ့ရတဲ့ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ လင္ဂတ္

ၾကာသပေတးေန႔က ဒါဘီေကာင္တီနဲ႔ အက္ဖ္ေအဖလား ပဥၥမအဆင့္ပြဲစဥ္မွာ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို လူမ်ိဳးေရးခြဲျခားေလွာင္ေျပာင္ခဲ့တဲ့ ပရိသတ္ကို ေဖာ္ထုတ္ႏိုင္ဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတာ၀န္ရွိသူေတြက စံုစမ္းစစ္ေဆးမွဳေတြ ျပဳလုပ္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ဒါဘီကို အႏိုင္ရခဲ့တဲ့ အဲဒီပြဲအၿပီးမွာ ဂ်က္ဆီလင္ဂတ္န႔ဲအတူ အသင္းသားေတြအားလံုး ကားေပၚတက္ဖို႔လုပ္ေနတုန္းမွာ ပရိသတ္တစ္ဦးက လင္ဂတ္ကို ရည္ရြယ္ၿပီး နစ္ဂါဆိုတဲ့ အသားအေရာင္ခြဲျခားၿပီး ၾကမ္းတမ္းတဲ့ အသံုးအႏႈန္းကို ထပ္တလဲလဲ ေအာ္ေျပာဆိုခဲ့ပါတယ္။

လင္ဂတ္ဟာ ပ႐ိုက္ပါ့ခ္က အက္ဖ္ေအဖလားပြဲစဥ္မွာ ပြဲခ်ိန္ျပည့္ ၀င္ေရာက္ကစားသြားခဲ့ၿပီး တျခားပရိသတ္ေတြကလည္း သူ႔ကို ေအာ္ဟစ္ဆဲဆိုခဲ့တာေတြ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္မွာ လင္ဂတ္ ဂိုးမသြင္းႏိုင္တာနဲ႔ ဂိုးဖန္တီးမႈ မလုပ္ေပးႏိုင္တာကို ရည္ရြယ္ၿပီး ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့တဲ့ ပရိသတ္ေတြလည္း ရွိခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တာ၀န္ရွိသူေတြကေတာ့ ဒီျဖစ္ရပ္ကို သိသိခ်င္း ဒါဘီ႐ွဳိင္းယားေဒသ ရဲတပ္ဖြဲ႕ကို တိုင္ၾကားခဲ့သလို ရဲတပ္ဖြဲ႔ဘက္ကလည္း လိုအပ္တဲ့ အခ်က္အလက္ေတြကို မ်က္ျမင္သက္ေသေတြဆီကတဆင့္ ေတာင္းဆိုထားၿပီး စီစီတီဗီမွတ္တမ္းေတြကိုလည္း စံုစမ္းစစ္ေဆးေနတယ္လို႔ ဆိုပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းက လူမည္းကစားသမားေတြဟာ ဒီရာသီတစ္ေလွ်ာက္လံုး ပစ္မွတ္ထားေလွာင္ေျပာင္ခံေနရၿပီး ရာသီအစပိုင္းကလည္း ေပါ့ဘာ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဖရက္တို႔ေတြလည္း အလားတူ ေလွာင္ေျပာင္ခံခဲ့ရသလို ဖမ္းဆီးအေရးယူမွဳေတြလည္း ရွိခဲ့ၿပီး ရာသီအစက ၀ုလ္ဗ္စ္နဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ေပါ့ဘာကိုလည္း အသက္အႏၲရာယ္ၿခိမ္းေျခာက္တဲ့အထိ ဖိအားေပးခဲ့တဲ့ အျဖစ္မ်ဳိးေတြလည္း ႀကဳံခဲ့ရေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ကြာသပတေးနေ့က ဒါဘီကောင်တီနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့တဲ့ ပရိသတ်ကို ဖော်ထုတ်နိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်က ဒါဘီကို အနိုင်ရခဲ့တဲ့ အဲဒီပွဲအပြီးမှာ ဂျက်ဆီလင်ဂတ်နဲ့အတူ အသင်းသားတွေအားလုံး ကားပေါ်တက်ဖို့လုပ်နေတုန်းမှာ ပရိသတ်တစ်ဦးက လင်ဂတ်ကို ရည်ရွယ်ပြီး နစ်ဂါဆိုတဲ့ အသားအရောင်ခွဲခြားပြီး ကြမ်းတမ်းတဲ့ အသုံးအနှုန်းကို ထပ်တလဲလဲ အော်ပြောဆိုခဲ့ပါတယ်။

လင်ဂတ်ဟာ ပရိုက်ပါ့ခ်က အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲချိန်ပြည့် ဝင်ရောက်ကစားသွားခဲ့ပြီး တခြားပရိသတ်တွေကလည်း သူ့ကို အော်ဟစ်ဆဲဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ လင်ဂတ် ဂိုးမသွင်းနိုင်တာနဲ့ ဂိုးဖန်တီးမှု မလုပ်ပေးနိုင်တာကို ရည်ရွယ်ပြီး အော်ဟစ်လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ကို သိသိချင်း ဒါဘီရှိုင်းယားဒေသ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သလို ရဲတပ်ဖွဲ့ဘက်ကလည်း လိုအပ်တဲ့ အချက်အလက်တွေကို မျက်မြင်သက်သေတွေဆီကတဆင့် တောင်းဆိုထားပြီး စီစီတီဗီမှတ်တမ်းတွေကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက လူမည်းကစားသမားတွေဟာ ဒီရာသီတစ်လျှောက်လုံး ပစ်မှတ်ထားလှောင်ပြောင်ခံနေရပြီး ရာသီအစပိုင်းကလည်း ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်နဲ့ ဖရက်တို့တွေလည်း အလားတူ လှောင်ပြောင်ခံခဲ့ရသလို ဖမ်းဆီးအရေးယူမှုတွေလည်း ရှိခဲ့ပြီး ရာသီအစက ဝုလ်ဗ်စ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ပေါ့ဘာကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ ဖိအားပေးခဲ့တဲ့ အဖြစ်မျိုးတွေလည်း ကြုံခဲ့ရကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.