Premier League

မိုက္ကယ္ အိုဝင္ေနာက္ပုိင္း သုံးရာသီဆက္တိုက္ ဂိုး ၂၀ နဲ႔အထက္ ပထမဆံုးသြင္းႏုိင္သူျဖစ္လာခဲ့တဲ့ ဆာလား

ဘုန္းေမာက္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ လီဗာပူးလ္အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့တဲ့ အီဂ်စ္လက္ေရြးစင္တိုက္စစ္မွဴး မိုဟာမက္ ဆာလားဟာ အသင္းသမိုင္းမွာ မိုက္ကယ္ အို၀င္ရဲ႕ ၂၀၀၀-၀၁ နဲ႔ ၂၀၀၂-၀၃ ၾကားက စံခ်ိန္ေနာက္ပုိင္း ၃ ရာသီဆက္တုိက္ အနည္းဆံုး ဂိုး ၂၀ နဲ႔အထက္ သြင္းႏိုင္ခဲ့တဲ့ ပထမဆံုးကစားသမား ျဖစ္လာခဲ့ပါတယ္။

၂၀၁၇-၁၈ ရာသီရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ စီးရီးေအကလပ္ ႐ိုးမားအသင္းကေန လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕လာခဲ့ၿပီးတဲ့ေနာက္ပိုင္း အသင္းရဲ႕ အဓိကတိုက္စစ္မွဴးတစ္ဦးျဖစ္လာသလို လစာအမ်ားဆံုးကစားသမားစာရင္း၀င္လည္းျဖစ္လာခဲ့တဲ့ ဆာလားဟာ ပရီးမီးယားလိဂ္မွာေတာ့ ဂိုးမုဆုိးတစ္ဦးအျဖစ္ သက္ေသၿပီးၿပီးခဲ့သူလည္းျဖစ္ေနခဲ့ပါၿပီ။

ဒီအီဂ်စ္တုိက္စစ္မွဴးအေနနဲ႔ အန္ဖီးလ္ကြင္းကို ပထမဆံုး ေျခခ်ခဲ့တဲ့ ရာသီမွာ ၅၂ ပြဲ ကစားၿပီး ၄၄ ဂိုး၊ လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာ ၂၇ ဂိုးနဲ႔ ဒီရာသီမွာလည္း ၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုး ၂၀ ျပည့္ေျမာက္ခဲ့ၿပီလည္း ျဖစ္ပါတယ္။

ဒီလို ၃ ရာသီဆက္ သြင္းဂိုး ၂၀ အထိ သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားက အသင္းဂႏၴဝင္တစ္ဦးျဖစ္တဲ့ မိုက္ကယ္ အို၀င္ေနာက္ပိုင္းမွာ ဆာလားမတိုင္ခင္အထိ လူး၀စ္ ဆြာရက္ဇ္နဲ႔ ဖာနန္ဒို ေတာရက္စ္တို႔လို တုိက္စစ္မွဴးေကာင္းေတြ ရွိခဲ့ေသးေပမယ့္ ၃ ရာသီဆက္တိုက္ ေျခမွန္မွန္နဲ႔ ဂိုး ၂၀ ျပည့္ဖို႔ေတာ့ လိုအပ္ခ်က္ အနည္းငယ္ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးလ္အသင္းသမိုင္းမွာ ဂႏၳ၀င္တိုက္စစ္မွဴး အီယန္ ရပ္ရွ္ကေတာ့ ၁၉၈၀ ျပည့္လြန္ႏွစ္ေတြက တစ္ရာသီအတြင္း အနည္းဆံုးသြင္းဂိုး ၂၅ ဂိုးနဲ႔အထက္ကို ၆ ရာသီဆက္တိုက္ သြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး မိုက္ကယ္ အုိဝင္ရဲ႕ စံခ်ိန္ကို လုိက္မီသြားခဲ့တဲ့ ဆာလားကေတာ့ အသင္းနဲ႔အတူ ေနာက္ထပ္ စံခ်ိန္ေတြကို ရယူသြားႏိုင္ဦးမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: SPORTING LIFE
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ အသင်းသမိုင်းမှာ မိုက်ကယ် အိုဝင်ရဲ့ ၂၀၀၀-၀၁ နဲ့ ၂၀၀၂-၀၃ ကြားက စံချိန်နောက်ပိုင်း ၃ ရာသီဆက်တိုက် အနည်းဆုံး ဂိုး ၂၀ နဲ့အထက် သွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

၂၀၁၇-၁၈ ရာသီရဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ စီးရီးအေကလပ် ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်ပိုင်း အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်လာသလို လစာအများဆုံးကစားသမားစာရင်းဝင်လည်းဖြစ်လာခဲ့တဲ့ ဆာလားဟာ ပရီးမီးယားလိဂ်မှာတော့ ဂိုးမုဆိုးတစ်ဦးအဖြစ် သက်သေပြီးပြီးခဲ့သူလည်းဖြစ်နေခဲ့ပါပြီ။

ဒီအီဂျစ်တိုက်စစ်မှူးအနေနဲ့ အန်ဖီးလ်ကွင်းကို ပထမဆုံး ခြေချခဲ့တဲ့ ရာသီမှာ ၅၂ ပွဲ ကစားပြီး ၄၄ ဂိုး၊ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ ၂၇ ဂိုးနဲ့ ဒီရာသီမှာလည်း ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီလို ၃ ရာသီဆက် သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားက အသင်းဂန္ထဝင်တစ်ဦးဖြစ်တဲ့ မိုက်ကယ် အိုဝင်နောက်ပိုင်းမှာ ဆာလားမတိုင်ခင်အထိ လူးဝစ် ဆွာရက်ဇ်နဲ့ ဖာနန်ဒို တောရက်စ်တို့လို တိုက်စစ်မှူးကောင်းတွေ ရှိခဲ့သေးပေမယ့် ၃ ရာသီဆက်တိုက် ခြေမှန်မှန်နဲ့ ဂိုး ၂၀ ပြည့်ဖို့တော့ လိုအပ်ချက် အနည်းငယ် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းသမိုင်းမှာ ဂန္ထဝင်တိုက်စစ်မှူး အီယန် ရပ်ရှ်ကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေက တစ်ရာသီအတွင်း အနည်းဆုံးသွင်းဂိုး ၂၅ ဂိုးနဲ့အထက်ကို ၆ ရာသီဆက်တိုက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မိုက်ကယ် အိုဝင်ရဲ့ စံချိန်ကို လိုက်မီသွားခဲ့တဲ့ ဆာလားကတော့ အသင်းနဲ့အတူ နောက်ထပ် စံချိန်တွေကို ရယူသွားနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: SPORTING LIFE
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.