Match Report Premier League

ထိေရာက္တဲ့ တုိက္စစ္ကသာ အေျဖျဖစ္ေၾကာင္း ဂြါဒီယိုလာ သေဘာေပါက္သြားသင့္တဲ့ မန္ခ်က္စတာဒါဘီ

Super Sunday ရဲ႕ ဒုတိယပြဲစဥ္နဲ႔ ဒီတစ္ပတ္ရဲ႕ အေကာင္းဆုံးပြဲျဖစ္ခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ မန္ခ်က္စတာစီးတီးတုိ႔ရဲ႕ အုိးလ္ထရက္ဖို႔ဒ္ကြင္းက ဒါဘီပြဲကေတာ့ အိမ္ရွင္သရဲနီေတြရဲ႕ ထိေရာက္တဲ့ တုိက္စစ္ဆင္မွဳေတြနဲ႔ ႏွစ္ဂိုး-ဂိုးမရွိဆုိတဲ့ ရလဒ္ထြက္ေပၚခဲ့ၿပီး ဥေရာပဝင္ခြင့္အတြက္ အေျခအေနေကာင္းသြားခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕ မန္စီးတီးညာျခမ္းကို ပိတ္ကစားဖို႔ ျပင္လာတဲ့ ဗ်ဴဟာေတြ ဒီေန႔ပြဲမွာ ေတြ႕ခဲ့ရေပမယ့္ ဂြါဒီယိုလာကလည္း ဒါကို ႀကဳိတြက္ၿပီး ဘယ္ျခမ္းကို အားျပဳခဲ့ေပမယ့္ စတာလင္ကေတာ့ ဝန္ဘစ္ဆာကာကို မေက်ာ္ႏုိင္ခဲ့သလို ေဘာလုံးျဖန္႔တာေတြကလည္း အေစာပုိင္းပြဲေတြကလို ထိေရာက္မွဳ မရွိခဲ့လုိ႔ မန္ယူခံစစ္ေနရာယူခ်ိန္ရခဲ့သလို ေကာင္တာေတြကေနလည္း မၾကာခဏ တုိက္စစ္ဆင္ခြင့္ရခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မန္စီးတီးတုိ႔အေနနဲ႔ အပိုင္အခြင့္အေရးေတြ ဖန္တီးဖို႔ ႀကဳိးစားၿပီးမွ ဂိုးသြင္းဖို႔ လုပ္ေဆာင္ေနၿပီး ေဘာလုံးပုိင္ဆုိင္မွဳ ၇၃ ရာခိုင္ႏွဳန္းအထိ ကိုင္ကစားေနေပမယ့္ ၂၇ ရာခိုင္ႏွဳန္းသာ ရခဲ့တဲ့ မန္ယူဘက္က ဒန္နီယယ္လ္ ဂ်ိမ္းစ္နဲ႔ မာစီယယ္လ္တုိ႔ရဲ႕ တန္ျပန္တုိက္စစ္ေျပးအားေတြကလည္း ထိေရာက္ခဲ့ၿပီး အခြင့္အေရးေတြကို ဖန္တီးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ သူကိုယ္တုိင္ေသခ်ာမျမင္လိုက္ရတဲ့ ေဘာလုံးလုယူမွဳကေန ဒိုင္လူႀကီး မုိက္ဒင္းန္ရဲ႕ ဖရီးကစ္ခြင့္ျပဳခဲ့ရမွာ ဘ႐ူႏို ဖာနန္ဒက္စ္ မ,ေပးတာကို မာစီယယ္လ္က အနိမ့္ေဘာ Volley ကန္သြင္းသြားခဲ့ၿပီး မန္ယူတုိ႔အတြက္ ဦးေဆာင္ဂိုးရယူသြားႏုိင္ခဲ့ပါတယ္။ ဂိုးေပးအၿပီးမွာ မန္စီးတီးတုိ႔ ျပန္လည္ထိုးေဖာက္ခဲ့ေပမယ့္ ပြဲပန္းေနတဲ့ အေဂြ႐ိုေၾကာင့္ တုိက္စစ္က အခြင့္အေရးေတြကို အသုံးမခ်ႏုိင္ဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ေသခ်ာတဲ့ ပင္နယ္တီကို VAR ေတာင္ ျပန္မၾကည့္ဘဲခဲ့ ဒိုင္လူႀကီး မုိက္ဒင္းန္က ျငင္းပယ္ခဲ့သလို မန္ယူကြင္းလယ္လူ ဖရက္ကိုလည္း ဒိုင္ဗင္ထုိးတယ္ဆုိၿပီး အဝါကတ္ျပသခဲ့လို႔ မန္စီးတီးနဲ႔ ေနာက္ခံလူ ေအာ့တာမန္ဒီတို႔ သက္သာရာ ရခဲ့ပါတယ္။

ပထမပုိင္းမွာ အိမ္ရွင္တုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ဒုတိယပိုင္းျပန္အစမွာ ဧည့္သည္ေတြ ျပန္လည္ဖိကစားခဲ့ေပမယ့္ ၄၈ မိနစ္မွာ သြင္းယူခဲ့တဲ့ဂိုးကို လူကၽြံတယ္ဆုိၿပီး VAR နဲ႔ ပယ္ဖ်က္ခဲ့ျပန္ပါတယ္။ ဒီေနအထားက ေတာ္ေတာ္ေလး အျငင္းပြားဖြယ္ေကာင္းတဲ့ အေနအထားလည္းျဖစ္ၿပီး ဂိုးသြင္းယူဖို႔ မျဖစ္ႏုိင္တဲ့ လက္နဲ႔ ပခုံးက လူကၽြံတယ္ဆုိတာမ်ဳိးကေတာ့ VAR ရဲ႕ ဟာသဆန္တဲ့ တိက်မွဳပါပဲ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ အေဂြ႐ိုနဲ႔ ဘာနာဒို ေဆးလ္ဗားတုိ႔အစား ေဂ်ဆူးနဲ႔ မာရက္ဇ္တုိ႔ကို ထည့္ကစားၿပီး မန္စီးတီးတုိ႔ တုိက္စစ္ျမႇင့္တင္လာခဲ့ၿပီး ကစားပုံေကာင္းမလို ရွိလာခဲ့ေပမယ့္ အေဂြ႐ို မရွိတာနဲ႔ တစ္ၿပဳိင္နက္ အတြင္းကို ဝင္ၿပီး တိုက္စစ္မွဴးေနရာမွာ ကစားဖို႔ လုပ္တဲ့ စတာလင္ေၾကာင့္ မန္စီးတီးရဲ႕ ဘယ္ေတာင္ပံက အားနည္းသြားခဲ့ျပန္လို႔ မန္ယူတုိ႔ ထိန္းသိမ္းရ သက္သာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာ တန္ျပန္တုိက္စစ္ကေန ေတာင္ပံကစားသမား ဂ်ိမ္းစ္က ဆြဲေျပးၿပီး မန္ယူတုိ႔အတြက္ အပုိင္အခြင့္အေရးျဖစ္ခဲ့ေပမယ့္ ေနရာယူထားတဲ့ ဖာနန္ဒက္စ္နဲ႔ မာစီယယ္လ္တုိ႔ကို ေပးရမယ့္အစား အျပင္းကန္သြင္းခဲ့ၿပီး အီဒါဆန္ ကာကြယ္ႏုိင္ခဲ့တဲ့အတြက္ နည္းျပ ဆုိးလ္ရွားနဲ႔ ဖာနန္ဒက္စ္တုိ႔ ေတာ္ေတာ္ေလး စိတ္ပ်က္ခဲ့ရတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ မာစီယယ္လ္နဲ႔ ဝီလီယမ္စ္အစား ဘုိင္လီနဲ႔ မက္ေတာ္မီေနးတုိ႔ကို ထည့္ၿပီး ခံစစ္ကစားဖို႔ ဆုိးလ္ရွားက ျပင္ဆင္လာခဲ့ၿပီး ဂြါဒီယိုလာကေတာ့ ဘယ္ျခမ္းကို မန္ဒီနဲ႔ အားျဖည့္ခဲ့ေပမယ့္ စုဖြဲ႕မွဳေကာင္းေနတဲ့ မန္ယူခံစစ္ကို မန္စီးတီးတုိ႔ အပုိင္ျဖစ္ေအာင္ေတာ့ အခြင့္အေရးမရွာႏုိင္ခဲ့ပါဘူး။ ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဖာနန္ဒက္စ္အစား အီဂါလို ဝင္ကစားခဲ့ၿပီး စီးတီးတုိ႔ အလြန္အကၽြံ ဖိမကစားႏုိင္ေအာင္ ေျပာင္းလဲခဲ့ပါတယ္။

ခံစစ္ေကာင္းေနခဲ့တဲ့ မန္ယူေနာက္တန္းနဲ႔ ကြင္းလယ္ေၾကာင့္ တစ္ဂိုးနဲ႔ပဲ ပြဲၿပီးေတာ့မယ္လုိ႔ ထင္ေနတုန္းမွာပဲ ပြဲခ်ိန္ ၉၆ မိနစ္မွာ မန္စီးတီးဂိုးသမား အီဒါဆန္ရဲ႕ မန္ဒီရဲ႕ ေနရာယူပုံကို ေသခ်ာမၾကည့္ဘဲ အေပးမွားတဲ့ ေဘာလုံးကို ရရွိသြားခဲ့တဲ့ ကြင္းလယ္က မက္ေတာ္မီေနးက အျပင္းကန္သြင္းသြားခဲ့ၿပီး ဒုတိယအႏိုင္ဂိုးကို ရယူႏုိင္ခဲ့ၿပီး ဒီႏွစ္ ပရီးမီးယားလိဂ္ရဲ႕ မန္ခ်က္စတာဒါဘီကို ႏွစ္ေက်ာ့စလုံး အႏုိင္ရယူႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာေတာ့ မန္ယူနည္းျပ ဆုိးလ္ရွားရဲ႕ ရွိတာေလးနဲ႔ လွေအာင္ဝတ္ႏုိင္ခဲ့တဲ့ အရည္အခ်င္းကုုိ ေလးစားရမွာျဖစ္သလို သူ႕ရဲ႕နည္းျပမွတ္တမ္းမွာ တစ္ရာသီအတြင္း အမွတ္ေပးပြဲ ရွဳံးပြဲ ၇ ပြဲအထိ ရွိသြားတဲ့ ဂြါဒီယိုလာနဲ႔ မန္စီးတီးတုိ႔ကေတာ့ သူတို႔ရဲ႕ ခံယူခ်က္နဲ႔ တစ္ဖက္အသင္းအေပၚ ေလွ်ာ့တြက္တတ္တဲ့ စိတ္ကို ႀကီးႀကီးမားမားျပင္ဆင္ဖို႔ လိုအပ္ေနၿပီျဖစ္ေၾကာင္းနဲ႔ ဒီႏွစ္ မန္ခ်က္စတာရဲ႕ အနီေရာင္ေတာက္ပမွဳအျဖစ္ ေရးသားေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: Super Sunday ရဲ့ ဒုတိယပွဲစဉ်နဲ့ ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းက ဒါဘီပွဲကတော့ အိမ်ရှင်သရဲနီတွေရဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေနဲ့ နှစ်ဂိုး-ဂိုးမရှိဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဥရောပဝင်ခွင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ မန်စီးတီးညာခြမ်းကို ပိတ်ကစားဖို့ ပြင်လာတဲ့ ဗျူဟာတွေ ဒီနေ့ပွဲမှာ တွေ့ခဲ့ရပေမယ့် ဂွါဒီယိုလာကလည်း ဒါကို ကြိုတွက်ပြီး ဘယ်ခြမ်းကို အားပြုခဲ့ပေမယ့် စတာလင်ကတော့ ဝန်ဘစ်ဆာကာကို မကျော်နိုင်ခဲ့သလို ဘောလုံးဖြန့်တာတွေကလည်း အစောပိုင်းပွဲတွေကလို ထိရောက်မှု မရှိခဲ့လို့ မန်ယူခံစစ်နေရာယူချိန်ရခဲ့သလို ကောင်တာတွေကနေလည်း မကြာခဏ တိုက်စစ်ဆင်ခွင့်ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးတို့အနေနဲ့ အပိုင်အခွင့်အရေးတွေ ဖန်တီးဖို့ ကြိုးစားပြီးမှ ဂိုးသွင်းဖို့ လုပ်ဆောင်နေပြီး ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ ကိုင်ကစားနေပေမယ့် ၂၇ ရာခိုင်နှုန်းသာ ရခဲ့တဲ့ မန်ယူဘက်က ဒန်နီယယ်လ် ဂျိမ်းစ်နဲ့ မာစီယယ်လ်တို့ရဲ့ တန်ပြန်တိုက်စစ်ပြေးအားတွေကလည်း ထိရောက်ခဲ့ပြီး အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ သူကိုယ်တိုင်သေချာမမြင်လိုက်ရတဲ့ ဘောလုံးလုယူမှုကနေ ဒိုင်လူကြီး မိုက်ဒင်းန်ရဲ့ ဖရီးကစ်ခွင့်ပြုခဲ့ရမှာ ဘရူနို ဖာနန်ဒက်စ် မ,ပေးတာကို မာစီယယ်လ်က အနိမ့်ဘော Volley ကန်သွင်းသွားခဲ့ပြီး မန်ယူတို့အတွက် ဦးဆောင်ဂိုးရယူသွားနိုင်ခဲ့ပါတယ်။ ဂိုးပေးအပြီးမှာ မန်စီးတီးတို့ ပြန်လည်ထိုးဖောက်ခဲ့ပေမယ့် ပွဲပန်းနေတဲ့ အဂွေရိုကြောင့် တိုက်စစ်က အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ သေချာတဲ့ ပင်နယ်တီကို VAR တောင် ပြန်မကြည့်ဘဲခဲ့ ဒိုင်လူကြီး မိုက်ဒင်းန်က ငြင်းပယ်ခဲ့သလို မန်ယူကွင်းလယ်လူ ဖရက်ကိုလည်း ဒိုင်ဗင်ထိုးတယ်ဆိုပြီး အဝါကတ်ပြသခဲ့လို့ မန်စီးတီးနဲ့ နောက်ခံလူ အော့တာမန်ဒီတို့ သက်သာရာ ရခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းပြန်အစမှာ ဧည့်သည်တွေ ပြန်လည်ဖိကစားခဲ့ပေမယ့် ၄၈ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကို လူကျွံတယ်ဆိုပြီး VAR နဲ့ ပယ်ဖျက်ခဲ့ပြန်ပါတယ်။ ဒီနေအထားက တော်တော်လေး အငြင်းပွားဖွယ်ကောင်းတဲ့ အနေအထားလည်းဖြစ်ပြီး ဂိုးသွင်းယူဖို့ မဖြစ်နိုင်တဲ့ လက်နဲ့ ပခုံးက လူကျွံတယ်ဆိုတာမျိုးကတော့ VAR ရဲ့ ဟာသဆန်တဲ့ တိကျမှုပါပဲ။

ပွဲချိန် မိနစ် ၆၀ မှာ အဂွေရိုနဲ့ ဘာနာဒို ဆေးလ်ဗားတို့အစား ဂျေဆူးနဲ့ မာရက်ဇ်တို့ကို ထည့်ကစားပြီး မန်စီးတီးတို့ တိုက်စစ်မြှင့်တင်လာခဲ့ပြီး ကစားပုံကောင်းမလို ရှိလာခဲ့ပေမယ့် အဂွေရို မရှိတာနဲ့ တစ်ပြိုင်နက် အတွင်းကို ဝင်ပြီး တိုက်စစ်မှူးနေရာမှာ ကစားဖို့ လုပ်တဲ့ စတာလင်ကြောင့် မန်စီးတီးရဲ့ ဘယ်တောင်ပံက အားနည်းသွားခဲ့ပြန်လို့ မန်ယူတို့ ထိန်းသိမ်းရ သက်သာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ တန်ပြန်တိုက်စစ်ကနေ တောင်ပံကစားသမား ဂျိမ်းစ်က ဆွဲပြေးပြီး မန်ယူတို့အတွက် အပိုင်အခွင့်အရေးဖြစ်ခဲ့ပေမယ့် နေရာယူထားတဲ့ ဖာနန်ဒက်စ်နဲ့ မာစီယယ်လ်တို့ကို ပေးရမယ့်အစား အပြင်းကန်သွင်းခဲ့ပြီး အီဒါဆန် ကာကွယ်နိုင်ခဲ့တဲ့အတွက် နည်းပြ ဆိုးလ်ရှားနဲ့ ဖာနန်ဒက်စ်တို့ တော်တော်လေး စိတ်ပျက်ခဲ့ရတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ မာစီယယ်လ်နဲ့ ဝီလီယမ်စ်အစား ဘိုင်လီနဲ့ မက်တော်မီနေးတို့ကို ထည့်ပြီး ခံစစ်ကစားဖို့ ဆိုးလ်ရှားက ပြင်ဆင်လာခဲ့ပြီး ဂွါဒီယိုလာကတော့ ဘယ်ခြမ်းကို မန်ဒီနဲ့ အားဖြည့်ခဲ့ပေမယ့် စုဖွဲ့မှုကောင်းနေတဲ့ မန်ယူခံစစ်ကို မန်စီးတီးတို့ အပိုင်ဖြစ်အောင်တော့ အခွင့်အရေးမရှာနိုင်ခဲ့ပါဘူး။ ပွဲချိန် ၈၈ မိနစ်မှာတော့ ဖာနန်ဒက်စ်အစား အီဂါလို ဝင်ကစားခဲ့ပြီး စီးတီးတို့ အလွန်အကျွံ ဖိမကစားနိုင်အောင် ပြောင်းလဲခဲ့ပါတယ်။

ခံစစ်ကောင်းနေခဲ့တဲ့ မန်ယူနောက်တန်းနဲ့ ကွင်းလယ်ကြောင့် တစ်ဂိုးနဲ့ပဲ ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ ပွဲချိန် ၉၆ မိနစ်မှာ မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့ မန်ဒီရဲ့ နေရာယူပုံကို သေချာမကြည့်ဘဲ အပေးမှားတဲ့ ဘောလုံးကို ရရှိသွားခဲ့တဲ့ ကွင်းလယ်က မက်တော်မီနေးက အပြင်းကန်သွင်းသွားခဲ့ပြီး ဒုတိယအနိုင်ဂိုးကို ရယူနိုင်ခဲ့ပြီး ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ မန်ချက်စတာဒါဘီကို နှစ်ကျော့စလုံး အနိုင်ရယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ မန်ယူနည်းပြ ဆိုးလ်ရှားရဲ့ ရှိတာလေးနဲ့ လှအောင်ဝတ်နိုင်ခဲ့တဲ့ အရည်အချင်းကို လေးစားရမှာဖြစ်သလို သူ့ရဲ့နည်းပြမှတ်တမ်းမှာ တစ်ရာသီအတွင်း အမှတ်ပေးပွဲ ရှုံးပွဲ ၇ ပွဲအထိ ရှိသွားတဲ့ ဂွါဒီယိုလာနဲ့ မန်စီးတီးတို့ကတော့ သူတို့ရဲ့ ခံယူချက်နဲ့ တစ်ဖက်အသင်းအပေါ် လျှော့တွက်တတ်တဲ့ စိတ်ကို ကြီးကြီးမားမားပြင်ဆင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်းနဲ့ ဒီနှစ် မန်ချက်စတာရဲ့ အနီရောင်တောက်ပမှုအဖြစ် ရေးသားဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.