Premier League

ဂရီလစ္ရွ္ဟာ မန္ယူအတြက္ ၿပီးျပည့္စုံတဲ့ ေခၚယူမႈျဖစ္လာႏိုင္မယ္လို႔ ယုံၾကည္ေနတဲ့ ေရးပါလာ

အာဆင္နယ္ကစားသမားေဟာင္း ေရးပါလာက မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီလစ္ရွ္ကို ေခၚယူဖို႔ တုိက္တြန္းလုိက္ၿပီး သူ႕ရဲ႕ကစားပုံနဲ႔ လုပ္အားႏွဳန္းေတြဟာ အသင္းအတြက္ ေကာင္းေကာင္းအသုံးဝင္မွာျဖစ္တယ္လို႔ အႀကံျပဳလုိက္ပါတယ္။

ကနဦးက ပစ္မွတ္ထားေနခဲ့တဲ့ လက္စတာစီးတီးကြင္းလယ္ကစားသမား ဂ်ိမ္းစ္ မက္ဒီဆန္ရဲ႕ ကင္းပါဝါအားကစားကြင္းမွာ စာခ်ဳပ္သက္တမ္းတိုး လက္မွတ္ထိုးဖို႔ရွိေနတဲ့ အေနအထားေတြေၾကာင့္လည္း ဗီလာအသင္းေခါင္းေဆာင္ဟာ ယူႏုိက္တက္ရဲ႕ တျခားေရြးခ်ယ္စရာတစ္ခုအျဖစ္ ေျပာင္းလဲလာဖို႔ ရွိေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္သြင္းဂိုး ၇ ဂိုးနဲ႔ ဖန္တီးမွဳ ၅ ႀကိမ္ ျပဳလုပ္ထားတဲ့ အက္စတန္ဗီလာအသင္းရဲ႕ ငယ္ေမြးၿခံေပါက္ကစားသမားဟာ ဒီရာသီမွာ ပုံစံေကာင္းေတြ ျပသေနခဲ့ၿပီး သူ႕ရဲ႕ ခန္႔မွန္းတန္ေၾကးကလည္း ေပါင္သန္း ၈၀ ေလာက္အထိ တိုးျမင့္လာခဲ့တာျဖစ္ပါတယ္။

“ကစားသမားတိုင္းဟာ သူ႕ေဈးနဲ႔သူရွိေနၿပီး ဂ်က္ခ္ကေတာ့ လက္ရွိေစ်းကြက္မွာ ေပါင္ သန္း ၈၀ အထက္ တန္ေၾကးရွိေနႏိုင္သလို ၿပီးျပည့္စုံတဲ့ ကစားသမားတစ္ေယာက္လည္းျဖစ္ၿပီး မန္ယူလို အသင္းႀကီးတစ္သင္းမွာ ကစားဖို႔လိုအပ္တဲ့ စြမ္းေဆာင္ရည္ေတြပိုင္ဆိုင္ထားပါတယ္။ သူ႕အေနနဲ႔ ထိပ္တန္းအဆင့္မွာ ကစားႏိုင္မလားလို႔ ေမးလာခဲ့ရင္ ကြၽန္ေတာ္ကေတာ့ သူေကာင္းေကာင္းလုပ္ႏုိင္မယ္လုိ႔ပဲ ေျဖမိမွာပါ”လို႔ ေရးပါလာက Talk Sport ကို ေျပာၾကားသြားပါတယ္။

ေရးပါလာက ဂရီလစ္ရွ္ဟာ ကြင္းထဲမွာ ေနရာစုံ လုိက္ပါကစားတတ္သလို ေဘာလုံးလက္ခံဖို႔ အျမဲအသင့္ျဖစ္ေနတဲ့ ကစားသမားျဖစ္ၿပီး ယုံၾကည္မွဳျမင့္မားသူလည္း ျဖစ္ေၾကာင္း သုံးသပ္သြားခဲ့ၿပီး အက္စတန္ဗီလာပရိသတ္ေတြေတာ့ သူ႕ကို အသင္းမွာ ဆက္ရွိေနေစခ်င္ၾကမွာျဖစ္လို႔ သူ႕အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ခ်ဖို႔ ခက္ခဲႏုိင္တယ္လို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: TALK SPORT
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.

UNICODE: အာဆင်နယ်ကစားသမားဟောင်း ရေးပါလာက မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီလစ်ရှ်ကို ခေါ်ယူဖို့ တိုက်တွန်းလိုက်ပြီး သူ့ရဲ့ကစားပုံနဲ့ လုပ်အားနှုန်းတွေဟာ အသင်းအတွက် ကောင်းကောင်းအသုံးဝင်မှာဖြစ်တယ်လို့ အကြံပြုလိုက်ပါတယ်။

ကနဦးက ပစ်မှတ်ထားနေခဲ့တဲ့ လက်စတာစီးတီးကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆန်ရဲ့ ကင်းပါဝါအားကစားကွင်းမှာ စာချုပ်သက်တမ်းတိုး လက်မှတ်ထိုးဖို့ရှိနေတဲ့ အနေအထားတွေကြောင့်လည်း ဗီလာအသင်းခေါင်းဆောင်ဟာ ယူနိုက်တက်ရဲ့ တခြားရွေးချယ်စရာတစ်ခုအဖြစ် ပြောင်းလဲလာဖို့ ရှိနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုးနဲ့ ဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတဲ့ အက်စတန်ဗီလာအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဟာ ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနေခဲ့ပြီး သူ့ရဲ့ ခန့်မှန်းတန်ကြေးကလည်း ပေါင်သန်း ၈၀ လောက်အထိ တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။

“ကစားသမားတိုင်းဟာ သူ့ဈေးနဲ့သူရှိနေပြီး ဂျက်ခ်ကတော့ လက်ရှိဈေးကွက်မှာ ပေါင် သန်း ၈၀ အထက် တန်ကြေးရှိနေနိုင်သလို ပြီးပြည့်စုံတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပြီး မန်ယူလို အသင်းကြီးတစ်သင်းမှာ ကစားဖို့လိုအပ်တဲ့ စွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားပါတယ်။ သူ့အနေနဲ့ ထိပ်တန်းအဆင့်မှာ ကစားနိုင်မလားလို့ မေးလာခဲ့ရင် ကျွန်တော်ကတော့ သူကောင်းကောင်းလုပ်နိုင်မယ်လို့ပဲ ဖြေမိမှာပါ”လို့ ရေးပါလာက Talk Sport ကို ပြောကြားသွားပါတယ်။

ရေးပါလာက ဂရီလစ်ရှ်ဟာ ကွင်းထဲမှာ နေရာစုံ လိုက်ပါကစားတတ်သလို ဘောလုံးလက်ခံဖို့ အမြဲအသင့်ဖြစ်နေတဲ့ ကစားသမားဖြစ်ပြီး ယုံကြည်မှုမြင့်မားသူလည်း ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပြီး အက်စတန်ဗီလာပရိသတ်တွေတော့ သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ကြမှာဖြစ်လို့ သူ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနိုင်တယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: TALK SPORT
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.