Premier League

ေရာဘတ္ဆန္အေနနဲ႔ ဘုန္းေမာက္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တဲ့အေၾကာင္းကို ကေလာ့ပ္ရွင္းလင္း

ဘုန္းေမာက္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ လီဗာပူးလ္အသင္းက အႏုိင္ရခဲ့တဲ့ပြဲစဥ္မွာ ဘယ္ေနာက္ခံလူ အန္ဒ႐ူး ေရာဘတ္ဆန္ မပါဝင္ခဲ့တဲ့ အေၾကာင္းရင္းကို လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ပြဲအၿပီးမွာ ရွင္းလင္းေျပာၾကားလိုက္ပါတယ္။

ေရာဘတ္ဆန္ ပါဝင္မလာခဲ့တဲ့ ဘယ္ေနာက္ခံလူေနရာကို စြယ္စုံရ ၀ါရင့္ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာက ဆင္းကစားခဲ့ရၿပီး လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ စေကာ့တလန္ေနာက္ခံလူရဲ႕ ျမန္ႏွဳန္းျမင့္ေျပးလႊားမွဳေတြနဲ႔ မေမာမပန္းကစားတဲ့ ပုံစံကိုေတာ့ တစ္ပြဲဆုိတစ္ပြဲ လြမ္းစရာလည္းျဖစ္ခဲ့ပါတယ္။

ပြဲအၿပီး BT Sportsနဲ႔ အင္တာဗ်ဴးမွာ ကေလာ့ပ္က “အလွည့္က်သံုးတဲ့စနစ္ေၾကာင့္လို႔ ေျပာမလား၊ ႀကံ့ခိုင္မႈျပႆနာေၾကာင့္လို႔ပဲ ဆိုရမလား မသိပါဘူး။ တကယ္ေတာ့ ဒီေန႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ သူက ပါ၀င္ကစားသင့္ခဲ့တာပါ။ ဒါေပမယ့္ နည္းနည္းေလး ေနရထိုင္ရ မေကာင္းဘူးဆိုတာနဲ႔ သူ႔ကို မသံုးခဲ့တာပါ။ ဘာျပႆနာမွေတာ့ မရွိပါဘူး။ ဗုဒၶဟူးေန႔ပြဲကို သူ ပါ၀င္ကစားဖို႔ အဆင္သင့္ျဖစ္ႏိုင္ေပမယ့္ ဒီပြဲကိုေတာ့ အဆင္သင့္မျဖစ္ခဲ့ပါဘူး”လို႔ ေျပာပါတယ္။

ဂ်ာမန္သားနည္းျပရဲ႕ ေျပာၾကားခ်က္အရ ေရာဘတ္ဆန္ဟာ အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ကိုေတာ့ ပါ၀င္ကစားႏိုင္ဖို႔ ရွိေနၿပီး တျခားဒဏ္ရာလိုမ်ဳိး ႀကီးမားတဲ့ ကိစၥရပ္ေတြ ျဖစ္ပြားခဲ့တာမဟုတ္ဘဲ ပြဲပန္းေန႐ုံသက္သက္လုိ႔လည္း ခန္႔မွန္းရပါတယ္။

မိုဟာမက္ ဆာလားနဲ႔ ဆာဒီယို မာေနးတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ႏွစ္ဂိုး-တစ္ဂိုး ရလဒ္ထြက္ခဲ့တဲ့ ဒီပြဲမွာ ပြဲအေျဖကိုအလွည့္အေျပာင္းျဖစ္ေစႏိုင္ခဲ့တဲ့ ဘုန္းေမာက္ကစားသမား ဖေရဆာရဲ႕ ကန္သြင္းမွဳကို ေရာဘတ္ဆန္အစား ၀င္ကစားတဲ့ မီလ္နာက ဂိုးစည္းနားကေန ဖ်က္ထုတ္သြားႏိုင္ခဲ့ၿပီး အိမ္ကြင္းအန္ဖီးလ္မွာ ၂၂ ပြဲဆက္အႏိုင္ရတဲ့ အဂၤလိပ္ေဘာလုံးေလာကရဲ႕ အျမင့္ဆုံးစံခ်ိန္ကိုလည္း တင္ရွိႏုိင္ခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဘုန်းမောက်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ လီဗာပူးလ်အသင်းက အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘယ်နောက်ခံလူ အန်ဒရူး ရောဘတ်ဆန် မပါဝင်ခဲ့တဲ့ အကြောင်းရင်းကို လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပွဲအပြီးမှာ ရှင်းလင်းပြောကြားလိုက်ပါတယ်။

ရောဘတ်ဆန် ပါဝင်မလာခဲ့တဲ့ ဘယ်နောက်ခံလူနေရာကို စွယ်စုံရ ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာက ဆင်းကစားခဲ့ရပြီး လီဗာပူးလ်ပရိသတ်တွေအတွက်တော့ စကော့တလန်နောက်ခံလူရဲ့ မြန်နှုန်းမြင့်ပြေးလွှားမှုတွေနဲ့ မမောမပန်းကစားတဲ့ ပုံစံကိုတော့ တစ်ပွဲဆိုတစ်ပွဲ လွမ်းစရာလည်းဖြစ်ခဲ့ပါတယ်။

ပွဲအပြီး BT Sportsနဲ့ အင်တာဗျူးမှာ ကလော့ပ်က “အလှည့်ကျသုံးတဲ့စနစ်ကြောင့်လို့ ပြောမလား၊ ကြံ့ခိုင်မှုပြဿနာကြောင့်လို့ပဲ ဆိုရမလား မသိပါဘူး။ တကယ်တော့ ဒီနေ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် သူက ပါဝင်ကစားသင့်ခဲ့တာပါ။ ဒါပေမယ့် နည်းနည်းလေး နေရထိုင်ရ မကောင်းဘူးဆိုတာနဲ့ သူ့ကို မသုံးခဲ့တာပါ။ ဘာပြဿနာမှတော့ မရှိပါဘူး။ ဗုဒ္ဓဟူးနေ့ပွဲကို သူ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နိုင်ပေမယ့် ဒီပွဲကိုတော့ အဆင်သင့်မဖြစ်ခဲ့ပါဘူး”လို့ ပြောပါတယ်။

ဂျာမန်သားနည်းပြရဲ့ ပြောကြားချက်အရ ရောဘတ်ဆန်ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်ကိုတော့ ပါဝင်ကစားနိုင်ဖို့ ရှိနေပြီး တခြားဒဏ်ရာလိုမျိုး ကြီးမားတဲ့ ကိစ္စရပ်တွေ ဖြစ်ပွားခဲ့တာမဟုတ်ဘဲ ပွဲပန်းနေရုံသက်သက်လို့လည်း ခန့်မှန်းရပါတယ်။

မိုဟာမက် ဆာလားနဲ့ ဆာဒီယို မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုး-တစ်ဂိုး ရလဒ်ထွက်ခဲ့တဲ့ ဒီပွဲမှာ ပွဲအဖြေကိုအလှည့်အပြောင်းဖြစ်စေနိုင်ခဲ့တဲ့ ဘုန်းမောက်ကစားသမား ဖရေဆာရဲ့ ကန်သွင်းမှုကို ရောဘတ်ဆန်အစား ဝင်ကစားတဲ့ မီလ်နာက ဂိုးစည်းနားကနေ ဖျက်ထုတ်သွားနိုင်ခဲ့ပြီး အိမ်ကွင်းအန်ဖီးလ်မှာ ၂၂ ပွဲဆက်အနိုင်ရတဲ့ အင်္ဂလိပ်ဘောလုံးလောကရဲ့ အမြင့်ဆုံးစံချိန်ကိုလည်း တင်ရှိနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.