Premier League

ဂျိမ်းစ် မီလ်နာနဲ့ ကွင်းဘေးစည်းမှာ စကားများပြီးမှ ပွေ့ဖက်ခဲ့တဲ့အကြောင်းကို ရှင်းပြခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က တနင်္ဂနွေနေ့ညကနေ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဂျိမ်းစ် မီလ်နာနဲ့ ကွင်းဘေးစည်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ ဘာပြောခဲ့ကြလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဂိုးမရှိသရေကျနေချိန် ၅၇ မိနစ်မှာ ကာတစ် ဂျုံးစ်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် ဂျိမ်းစ် မီလ်နာဟာ မပျော်မရွှင်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး သိပ်မကြာမီအခိုက်အတံ့မှာပဲ ဂျုံးစ်က မိုဟာမက်ဆာလာကို ဂိုးသွင်းနိုင်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် လီဗာပူးလ်က ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဂျိမ်းစ် မီလ်နာနဲ့ ယာဂန် ကလော့ပ်တို့ဟာ ကွင်းဘေးစည်းမှာ ရယ်မောခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ပြီး နောက်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဗိုင်နယ်လ်ဒွမ်၊ ဆာလားရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ဝက်စ်ဟမ်းအသင်းကို ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ခရိတ်ဒေါ်ဆင်က ဝက်ဟမ်းယူနိုက်တက်အသင်းအတွက် နှစ်သိမ့်ဂိုးကို ပွဲပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ဂျိမ်းစ် မီလ်နာကို လူစားလဲလှယ်ခဲ့တဲ့အချိန်မှာ ၎င်းနဲ့ ဝါရင့်ကွင်းလယ်ကစားသမားတို့ ဘာတွေပြောခဲ့လဲဆိုတာကို အတိအကျ ပြောပြသွားခဲ့ပါတယ်။

“သူ မပျော်မရွှင် ဖြစ်နေခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ကစားကွက် ပြောင်းလဲခဲ့ပြီး မီလီက နည်းနည်း နောက်ရောက်သွားတယ်။ ကျွန်တော်တို့ မီလီကို ပြောခဲ့တယ်။ ဘာလို့လဲဆိုတော သူ့မှာ တံကောက်ကြောဒဏ်ရာ နည်းနည်းရှိခဲ့လို့ပါ။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို ထိန်းကစား၊ ဘောလုံးနဲ့ ပြေးမယ့်အစား ဘောလုံးများများ ပေးလို့ မှာခဲ့ပြီး ဒီလို ဖြစ်ခဲ့တာပါပဲ’

“ဒါပေမယ့် ကျွန်တော်တို့ သူ့ကို လူစားလဲလှယ်မယ်ဆိုတာ ရှင်းလင်းခဲ့ပြီး ကျွန်တော်တို့ ကာတစ် သွေးပူလေ့ကျင့်ခန်း သေချာလုပ်ပြီးတဲ့အထိ စောင့်ဆိုင်းခဲ့တယ်။ ပြီးတော့ ကျွန်တော် မီလီ နောက်ဆုံးအရှည်ကြီး ပြေးလွှားသွားတာကို မြင်တွေ့ခဲ့ရပြီး တွေးခဲ့မိတာက ဟာ ငါတို့တွေ အဓိကဟာကို လွဲနေပြီ။ ငါတို့တွေ အချိန်အခိုက်အတံ့ကို လွဲချော်ခဲ့ပြီဆိုတာပဲ။ ကျွန်တော် တကယ့် တကယ်ကို စိတ်ပူသွားခဲ့တယ်”

“ပြီးတော့ သူ လူစားလဲခံရပြီးပြောတယ်။ ခင်ဗျား ပြောတော့ ကျွန်တော့်ကို ပိုပြီး နောက်ဆင်းဆော့ဆို။ အခု ကျွန်တော် နည်းနည်းပဲ ပြေးတော့ ခင်ဗျား ကျွန်တော့်ကို လူစားလဲပြီတဲ့။ ပြီးတော့ သူထွက်သွားပြီး ပြန်လာပြောခဲ့တယ်။ ဟုတ်ပါတယ်၊ ဒါနဲ့စကားမစပ် ကောင်းလိုက်တဲ့ ရည်ရွယ်ချက်၊ ကောင်းလိုက်တဲ့ ဆုံးဖြတ်ချက်ပဲတဲ့”လို့ ပြောကြားခဲ့ပါတယ်။