Premier League Transfer News

1 Feb နေ့လယ်ခင်း နောက်ဆုံးရ အာဆင်နယ်အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဘယ်နောက်ခံလူတစ်နေရာအတွက် နောက်ဆုံးနေ့မှာ ကြိုးစားမယ့်သူဟာ ခရစ္စတယ်လ်ပဲလေ့စ်အသင်းရဲ့ အသက် ၃၀ အရွယ် နောက်ခံလူ ပက်ထရစ် ဗန်အန်ဟို့လ်ပဲ ဖြစ်ဖို့များနေပြီး ဈေးကွက်ပေါက်ဈေးအရ ပေါင် ၇.၂ သန်းလို့ ဆိုထားတဲ့ နယ်သာလန်သားကို ထက်ဝက်ဈေးနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ကွင်းလယ်မှာ နေရာပေးသွားမယ်ဆိုတဲ့ ဆွဲဆောင်မှုအရ လက်စတာစီးတီးအသင်းအနေနဲ့ သူ့ကို ခေါ်ယူနိုင်ဖို့ ရှေ့ဆုံးက ဦးဆောင်နေပြီး ဝက်စ်ဘရွန်းနဲ့ ဆောက်သမ်တန်တို့ကို အသာစီးယူနိုင်ဖို့ ရှိနေ။

– ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို မိုနာကိုနဲ့ ဖီအိုရင်တီးနားအသင်းတွေက အလိုရှိနေပေမယ့်လည်း အက်သလက်တီကို မက်ဒရစ် အသင်းဘက် အငှားစာချုပ်ဖျက်သိမ်းဖို့ မရှိဘူးလို့ သိရပြီး ဥရုဂွေးသားအနေနဲ့လည်း လာလီဂါဖလားတစ်လုံးကို ရယူနိုင်ဖို့ နောက်ဆုံး ၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အခြေအနေကောင်းလာခဲ့တဲ့ ဆီမီယွန်နီရဲ့ အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေနိုင်။

– အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို ဘယ်နောက်ခံလူနေရာမှာ အားဖြည့်သွားဖို့ ဦးစားပေးစီစဉ်နေပြီး မရှိခဲ့ရင်တော့ စကော့တလန်ကလပ် ဟိုက်ဘာနီးယန်းရဲ့ အသက် ၁၈ နှစ်အရွယ် နောက်ခံလူ ဂျော့ရှ် ဒွိုက်ကိုပဲ အနာဂတ်အတွက် ခေါ်ယူသွားဖို့ ရှိနေ။

– ရိုင်ယန် ဘာထရန်ကို အလိုရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ သဘောတူညီမှု ရနိုင်ဖို့ နည်းပါးနေပြီး တကယ်လို့ မိတ်လန်းနိုင်းလ်စ်က စိန့်မေရီကွင်းကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိမယ့် တစ်ချက်တည်းကသာ သူတို့နှစ်သင်းကြား အပြောင်းအရွှေ့ အပြန်အလှန်ဖြစ်ပေါ်နိုင်။

– ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အသံတွေ ထွက်ခဲ့ပြီးမှ ငွေသုံးဖို့မရှိတဲ့ ကာတာလန်ကလပ်ရဲ့ ဘဏ္ဏာရေးအခြေအနေနဲ့ မကျင်းပနိုင်သေးတဲ့ ဥက္ကဌသစ် ရွေးကောက်ပွဲကြောင့် လက်မှတ် မထိုးနိုင်ခဲ့တဲ့ အဲရစ် ဂါစီယာကို Deadline Day မှာ ခေါ်ယူဖို့ အာဆင်နယ်နည်းပြ အာတီတာက စိတ်ဝင်စားနေ။

– အသင်းရဲ့ ကစားခွင့် မရှိသလောက် နည်းပါးနေတဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ဆက်သွယ်မှုကို စောင့်မျှော်နေပေမယ့် ငွေကြပ်နေတဲ့ အန်းဖီးလ်သားတွေအနေနဲ့ လက်ကျန် ၆ လကို အငှားနဲ့ ခေါ်ယူလို့ မရရင်တော့ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ခြေ နည်းပါးနေ။

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ မိတ်လန်းနိုင်းလ်စ်ကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ လက်လျှော့ထားခဲ့ပြီလို့ သိရပြီး အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကွင်းလယ်လူ ဂျိုးဆက် ဝီလော့ခ်ကို အငှားနဲ့ ရာသီကုန်အထိ ခေါ်ယူသွားဖို့ ကမ်းလှမ်းထား။

– အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်ကို ဘွန်ဒက်စ်လီဂါကလပ်တွေဖြစ်ကြတဲ့ ဟော့ဖန်ဟိုင်းမ်နဲ့ ဝုလ်ဖ်ဘတ်တို့က အလိုရှိနေကြပြီး ကစားသမားအနေနဲ့ ရွေးချယ်မှုကို စောင့်ကြည့်ရမှာဖြစ်သလို ဂန်ဒူဇီကိုတော့ ဟာသာဘာလင်ကနေ ပြန်လည်စေလွှတ်ဖို့ မရှိသေးဘူးလို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဘယ္ေနာက္ခံလူတစ္ေနရာအတြက္ ေနာက္ဆုံးေန႔မွာ ႀကိဳးစားမယ့္သူဟာ ခရစၥတယ္လ္ပဲေလ့စ္အသင္းရဲ႕ အသက္ ၃၀ အ႐ြယ္ ေနာက္ခံလူ ပက္ထရစ္ ဗန္အန္ဟို႔လ္ပဲ ျဖစ္ဖို႔မ်ားေနၿပီး ေဈးကြက္ေပါက္ေဈးအရ ေပါင္ ၇.၂ သန္းလို႔ ဆိုထားတဲ့ နယ္သာလန္သားကို ထက္ဝက္ေဈးနဲ႔ ေခၚယူႏိုင္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ကြင္းလယ္မွာ ေနရာေပးသြားမယ္ဆိုတဲ့ ဆြဲေဆာင္မႈအရ လက္စတာစီးတီးအသင္းအေနနဲ႔ သူ႔ကို ေခၚယူႏိုင္ဖို႔ ေရွ႕ဆုံးက ဦးေဆာင္ေနၿပီး ဝက္စ္ဘ႐ြန္းနဲ႔ ေဆာက္သမ္တန္တို႔ကို အသာစီးယူႏိုင္ဖို႔ ရွိေန။

– ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို မိုနာကိုနဲ႔ ဖီအိုရင္တီးနားအသင္းေတြက အလိုရွိေနေပမယ့္လည္း အက္သလက္တီကို မက္ဒရစ္ အသင္းဘက္ အငွားစာခ်ဳပ္ဖ်က္သိမ္းဖို႔ မရွိဘူးလို႔ သိရၿပီး ဥ႐ုေဂြးသားအေနနဲ႔လည္း လာလီဂါဖလားတစ္လုံးကို ရယူႏိုင္ဖို႔ ေနာက္ဆုံး ၇ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ အေျခအေနေကာင္းလာခဲ့တဲ့ ဆီမီယြန္နီရဲ႕ အသင္းမွာ ဆက္ေနဖို႔ ဆႏၵရွိေနႏိုင္။

– အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္အေတြ႕အႀကဳံရင့္ ကစားသမားတစ္ဦးကို ဘယ္ေနာက္ခံလူေနရာမွာ အားျဖည့္သြားဖို႔ ဦးစားေပးစီစဥ္ေနၿပီး မရွိခဲ့ရင္ေတာ့ စေကာ့တလန္ကလပ္ ဟိုက္ဘာနီးယန္းရဲ႕ အသက္ ၁၈ ႏွစ္အ႐ြယ္ ေနာက္ခံလူ ေဂ်ာ့ရွ္ ဒြိဳက္ကိုပဲ အနာဂတ္အတြက္ ေခၚယူသြားဖို႔ ရွိေန။

– ႐ိုင္ယန္ ဘာထရန္ကို အလိုရွိေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ သေဘာတူညီမႈ ရႏိုင္ဖို႔ နည္းပါးေနၿပီး တကယ္လို႔ မိတ္လန္းႏိုင္းလ္စ္က စိန႔္ေမရီကြင္းကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ ဆႏၵရွိမယ့္ တစ္ခ်က္တည္းကသာ သူတို႔ႏွစ္သင္းၾကား အေျပာင္းအေ႐ႊ႕ အျပန္အလွန္ျဖစ္ေပၚႏိုင္။

– ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အသံေတြ ထြက္ခဲ့ၿပီးမွ ေငြသုံးဖို႔မရွိတဲ့ ကာတာလန္ကလပ္ရဲ႕ ဘဏၰာေရးအေျခအေနနဲ႔ မက်င္းပႏိုင္ေသးတဲ့ ဥကၠဌသစ္ ေ႐ြးေကာက္ပြဲေၾကာင့္ လက္မွတ္ မထိုးႏိုင္ခဲ့တဲ့ အဲရစ္ ဂါစီယာကို Deadline Day မွာ ေခၚယူဖို႔ အာဆင္နယ္နည္းျပ အာတီတာက စိတ္ဝင္စားေန။

– အသင္းရဲ႕ ကစားခြင့္ မရွိသေလာက္ နည္းပါးေနတဲ့ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ ဆက္သြယ္မႈကို ေစာင့္ေမွ်ာ္ေနေပမယ့္ ေငြၾကပ္ေနတဲ့ အန္းဖီးလ္သားေတြအေနနဲ႔ လက္က်န္ ၆ လကို အငွားနဲ႔ ေခၚယူလို႔ မရရင္ေတာ့ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ႏိုင္ေျခ နည္းပါးေန။

– နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ မိတ္လန္းႏိုင္းလ္စ္ကို ေခၚယူဖို႔ ၿပိဳင္ပြဲမွာ လက္ေလွ်ာ့ထားခဲ့ၿပီလို႔ သိရၿပီး အသင္းရဲ႕ အကယ္ဒမီထြက္ လူငယ္ကြင္းလယ္လူ ဂ်ိဳးဆက္ ဝီေလာ့ခ္ကို အငွားနဲ႔ ရာသီကုန္အထိ ေခၚယူသြားဖို႔ ကမ္းလွမ္းထား။

– အဂၤလန္ ယူ-၂၁ ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္ကို ဘြန္ဒက္စ္လီဂါကလပ္ေတြျဖစ္ၾကတဲ့ ေဟာ့ဖန္ဟိုင္းမ္နဲ႔ ဝုလ္ဖ္ဘတ္တို႔က အလိုရွိေနၾကၿပီး ကစားသမားအေနနဲ႔ ေ႐ြးခ်ယ္မႈကို ေစာင့္ၾကည့္ရမွာျဖစ္သလို ဂန္ဒူဇီကိုေတာ့ ဟာသာဘာလင္ကေန ျပန္လည္ေစလႊတ္ဖို႔ မရွိေသးဘူးလို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.