Premier League Transfer News

Deadline Day ညနေခင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦးကို ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံရှစ် ကလပ် ပရက်စတန်အသင်းရဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်(စပါးစ်နောက်ခံလူနှင့် နာမည်တူ)ကို ပေါင် ၂ သန်းခွဲ + လူငယ်ကစားသမား ဗန်ဒင်ဘာ့ဂ်ကို အငှားချပေးဖို့နဲ့ သဘောတူညီခဲ့ပြီလို့ သိရ။

– မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဂျေဒန် ဘရာ့ဖ်ကိုတော့ ဂျာမန်မြေ မဟုတ်ဘဲ အီတလီမြေကို အငှားချဖို့ သဘောတူညီခဲ့ပြီဖြစ်ပြီး စီးရီးအေကလပ် အူဒီးနီးစ်အသင်းက ၆ လ အငှားစာချုပ်နဲ့ ရာသီကုန်မှာ ပေါင် ၉ သန်းပေးချေပြီး ခေါ်ယူခွင့် ရှိမှာဖြစ်ကြောင်းဆို။

– အဲဗာတန်အသင်းက သူတို့ရဲ့ တိုက်စစ်မှူး ချင့်ခ် တိုဆွန်ကို ထရက်ဘ်ဇွန်စပေါ်ကို အငှားချခဲ့ပြီး၊ မန်ချက်စတာယူနိုက်တက်ရဲ့ ဖာကန်ဒို ပယ်လစ္စထရီက စပိန်ဆီဂန်ဒါကလပ် အလာဗက်စ်၊ ဝုလ်ဗ်စ်ရဲ့ ကူထရိုနီကို ဗလင်စီယာအသင်းတွေက အငှားနဲ့ အသီးသီးခေါ်ယူခဲ့ကြ။

– လက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံတိုက်စစ်မှူး ဒီမာရိုင် ဂရေးကို လေဗာကူဆင်အသင်းဆီ ပေါင် ၂ သန်းနဲ့ ရောင်းချခဲ့ပြီး အာဆင်နယ်အသင်းက တောင်ပံရော ကွင်းလယ်မှာပါ ကစားနိုင်တဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ပြန်လည်ရရှိနိုင်ဖို့ ပစ်မှတ်ထားနေ။

– ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်ရဲ့ အစီအစဉ်တွေမှာ ပါဝင်ပုံမရတဲ့ လူငယ်ကွင်းလယ်လူ ဘီလီ ဂီးလ်မိုးကို အငှားနဲ့ ခေါ်ယူဖို့ ဆောက်သမ်တန်အသင်းက စိတ်ဝင်စားနေပြီး လက်ကျန်အချိန်တွေကို စောင့်ကြည့်ရဖွယ်ရှိနေ။

– ဘရိုက်တန်အသင်းမှာ ခပ်ကြမ်းကြမ်းကစားပုံကြောင့် လူသိများတဲ့ အသက် ၃၇ နှစ်အရွယ် အင်္ဂလိပ်ဝါရင့်တိုက်စစ်မှူးကြီး ဂလင်း မာရေးကို ဝတ်ဖို့ဒ်အသင်းဆီ အငှားချထားရာကနေ ပြန်ခေါ်ပြီး ချန်ပီယံရှစ်ကလပ်ပဲဖြစ်တဲ့ နော့တင်ဟမ် ဖောရက်စ်အသင်းကို ရောင်းချ။

– လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်မှူး ရှာပုံတော်က မပြီးဆုံးသေးဘဲ ပရက်စတန်ရဲ့ ဘန်ဒေးဗီးစ်အပြင် မာဆေးလ်နောက်ခံလူ ဒူယီ ချာလက်တာ-ဆာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၂၄ နှစ်အရွယ် ခရိုအေးရှားသားရဲ့ လေထဲမှာ ကောင်းမွန်တဲ့ စွမ်းရည်ကို တာဝန်ရှိသူတွေက သဘောကျနေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို အငှားထွက်ခွာခွင့် ပေးသွားမှာဖြစ်ပေမယ့် ဥရောပ ဝင်ခွင့်ပြိုင်ဘက်တွေထဲက တစ်သင်းအပါအဝင်ဖြစ်နေတဲ့ လက်စတာစီးတီးအသင်းဆီ စေလွှတ်ဖို့ တွန့်ဆုတ်နေပြီး ဆောက်သမ်တန်နဲ့သာ ဆွေးနွေးလိုနေ။

– ချဲလ်ဆီးအသင်းကနေ အငှားချထားခဲ့ပြီး ဗီလာပါ့ခ်မှာ ခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ ရော့စ် ဘာကလီကို ရာသီဝက်မှာ အပြီးသတ် ခေါ်ယူဖို့ အက်စ်တန်ဗီလာတာဝန်ရှိသူတွေက စိတ်ဝင်စားနေပြီး မိခင်အသင်းက တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ ရှိနေ။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ခံစစ္ပိုင္းအတြက္ ကစားသမားသစ္တစ္ဦးကို ေခၚယူဖို႔ သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး ခ်န္ပီယံရွစ္ ကလပ္ ပရက္စတန္အသင္းရဲ႕ ေနာက္ခံလူ ဘန္ေဒးဗီးစ္(စပါးစ္ေနာက္ခံလူႏွင့္ နာမည္တူ)ကို ေပါင္ ၂ သန္းခြဲ + လူငယ္ကစားသမား ဗန္ဒင္ဘာ့ဂ္ကို အငွားခ်ေပးဖို႔နဲ႔ သေဘာတူညီခဲ့ၿပီလို႔ သိရ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ေဂ်ဒန္ ဘရာ့ဖ္ကိုေတာ့ ဂ်ာမန္ေျမ မဟုတ္ဘဲ အီတလီေျမကို အငွားခ်ဖို႔ သေဘာတူညီခဲ့ၿပီျဖစ္ၿပီး စီးရီးေအကလပ္ အူဒီးနီးစ္အသင္းက ၆ လ အငွားစာခ်ဳပ္နဲ႔ ရာသီကုန္မွာ ေပါင္ ၉ သန္းေပးေခ်ၿပီး ေခၚယူခြင့္ ရွိမွာျဖစ္ေၾကာင္းဆို။

– အဲဗာတန္အသင္းက သူတို႔ရဲ႕ တိုက္စစ္မႉး ခ်င့္ခ္ တိုဆြန္ကို ထရက္ဘ္ဇြန္စေပၚကို အငွားခ်ခဲ့ၿပီး၊ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဖာကန္ဒို ပယ္လစၥထရီက စပိန္ဆီဂန္ဒါကလပ္ အလာဗက္စ္၊ ဝုလ္ဗ္စ္ရဲ႕ ကူထ႐ိုနီကို ဗလင္စီယာအသင္းေတြက အငွားနဲ႔ အသီးသီးေခၚယူခဲ့ၾက။

– လက္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံတိုက္စစ္မႉး ဒီမာ႐ိုင္ ဂေရးကို ေလဗာကူဆင္အသင္းဆီ ေပါင္ ၂ သန္းနဲ႔ ေရာင္းခ်ခဲ့ၿပီး အာဆင္နယ္အသင္းက ေတာင္ပံေရာ ကြင္းလယ္မွာပါ ကစားႏိုင္တဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ျပန္လည္ရရွိႏိုင္ဖို႔ ပစ္မွတ္ထားေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္ရဲ႕ အစီအစဥ္ေတြမွာ ပါဝင္ပုံမရတဲ့ လူငယ္ကြင္းလယ္လူ ဘီလီ ဂီးလ္မိုးကို အငွားနဲ႔ ေခၚယူဖို႔ ေဆာက္သမ္တန္အသင္းက စိတ္ဝင္စားေနၿပီး လက္က်န္အခ်ိန္ေတြကို ေစာင့္ၾကည့္ရဖြယ္ရွိေန။

– ဘ႐ိုက္တန္အသင္းမွာ ခပ္ၾကမ္းၾကမ္းကစားပုံေၾကာင့္ လူသိမ်ားတဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ အဂၤလိပ္ဝါရင့္တိုက္စစ္မႉးႀကီး ဂလင္း မာေရးကို ဝတ္ဖို႔ဒ္အသင္းဆီ အငွားခ်ထားရာကေန ျပန္ေခၚၿပီး ခ်န္ပီယံရွစ္ကလပ္ပဲျဖစ္တဲ့ ေနာ့တင္ဟမ္ ေဖာရက္စ္အသင္းကို ေရာင္းခ်။

– လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ခံစစ္မႉး ရွာပုံေတာ္က မၿပီးဆုံးေသးဘဲ ပရက္စတန္ရဲ႕ ဘန္ေဒးဗီးစ္အျပင္ မာေဆးလ္ေနာက္ခံလူ ဒူယီ ခ်ာလက္တာ-ဆာကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ခ႐ိုေအးရွားသားရဲ႕ ေလထဲမွာ ေကာင္းမြန္တဲ့ စြမ္းရည္ကို တာဝန္ရွိသူေတြက သေဘာက်ေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို အငွားထြက္ခြာခြင့္ ေပးသြားမွာျဖစ္ေပမယ့္ ဥေရာပ ဝင္ခြင့္ၿပိဳင္ဘက္ေတြထဲက တစ္သင္းအပါအဝင္ျဖစ္ေနတဲ့ လက္စတာစီးတီးအသင္းဆီ ေစလႊတ္ဖို႔ တြန႔္ဆုတ္ေနၿပီး ေဆာက္သမ္တန္နဲ႔သာ ေဆြးေႏြးလိုေန။

– ခ်ဲလ္ဆီးအသင္းကေန အငွားခ်ထားခဲ့ၿပီး ဗီလာပါ့ခ္မွာ ေျခစြမ္းျပသေနတဲ့ ကြင္းလယ္လူ ေရာ့စ္ ဘာကလီကို ရာသီဝက္မွာ အၿပီးသတ္ ေခၚယူဖို႔ အက္စ္တန္ဗီလာတာဝန္ရွိသူေတြက စိတ္ဝင္စားေနၿပီး မိခင္အသင္းက တာဝန္ရွိသူေတြနဲ႔ စကားေျပာဖို႔ ရွိေန။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.