Premier League

ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာယူႏိုက္တက္ လစာအသံုးစရိတ္ အမ်ားဆံုးျဖစ္ခဲ့

၂၀၁၈-၁၉ရာသီအတြင္း ကမာၻ႕ေဘာလံုးကလပ္အသင္းေတြထဲမွာ စပိန္ခ်န္ပီယံ ဘာစီလိုနာအသင္းၿပီးရင္ ပရီးမီးယားလိဂ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လစာအသံုးစရိတ္အမ်ားဆံုးအသင္း ျဖစ္လာခဲ့ပါတယ္။ ပရီးမီးယားလိဂ္မွာ နည္းျပ ဆာအဲလက္စ္ဖာဂူဆန္ မရွိေတာ့တဲ့ ေနာက္ပိုင္း ခ်န္ပီယံဆုနဲ႔ ေ၀းကြာေနခဲ့ေပမယ့္ လြန္ခဲ့တဲ့တစ္ရာသီေက်ာ္ကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးထက္ေတာင္ လစာအသံုးစရိတ္ ပိုမ်ားေနခဲ့တာလည္းပါတယ္။

Company House က ထုတ္ျပန္တဲ့ ဒီ လစာအသံုးစရိတ္ေတြမွာ ကစားသမားလစာတစ္ခုတည္းမဟုတ္ဘဲ အသင္းအမႈေဆာင္အရာရွိကအစ သန္႔ရွင္းေရးအဆံုး အသင္း၀န္ထမ္းအားလံုးရဲ႕ လစာအသံုးစရိတ္ကို ထည့္သြင္းတြက္ခ်က္ထားတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လစာအသံုးစရိတ္ဟာ ေပါင္ ၃၃၂ သန္း အထိရွိခဲ့သလို ဘာစီလိုနာအသင္းရဲ႕ လစာအသံုးစရိတ္ကေတာ့ ေပါင္ ၄၃၈ သန္းအထိ ရွိခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ လစာအျမင့္ဆံုးကစားသမားေတြထဲမွာ အလက္ဆစ္ ဆန္းခ်က္ဇ္က တစ္ပတ္ကို ေပါင္ငါးသိန္းနီးပါး၊ ဂိုးသမား ေဒးဗစ္ ဒေဟးယားက ေပါင္ ၃၇၅၀၀၀ နဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာက ေပါင္ ၂၉၀၀၀၀ တို႔ အသီးသီးရရွိေနၿပီး ျပင္သစ္တိုက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ေတာင္မွ ေပါင္ ႏွစ္သိန္းရရွိေနတယ္လို႔ သိရပါတယ္။

ဘ႑ာေရးစည္းမ်ဥ္းေတြအရ ယူအီးအက္ဖ္ေအရဲ႕ ပြဲပယ္ျပစ္ဒဏ္ကို ခံထားရတဲ့ မန္စီးတီးကေတာ့ သူတို႔ႏွစ္သင္းၿပီးရင္ တတိယေျမာက္ အမ်ားဆံုးျဖစ္ေနၿပီး ေပါင္ ၃၁၅ သန္း သံုးခဲ့ရပါတယ္။ လာလီဂါထိပ္သီး ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ခ်န္ပီယံ လီဗာပူးလ္တို႔ကလည္း လစာအသံုးစရိတ္အမ်ားဆံုး ထိပ္သီး ၅ သင္းထဲ ပါ၀င္ေနၿပီး ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီး၊ ဂ်ဴဗင္တပ္စ္နဲ႔ အာဆင္နယ္တုိ႔လည္း ၁၀ သင္းထဲ ပါဝင္ေနခဲ့ၾကပါတယ္။

လီဗာပူးအသင္းရဲ႕လစာအသံုးစရိတ္က အဲဒီမတိုင္ခင္ တစ္ရာသီကထက္ ၁၇.၇၅ ရာခိုင္ႏႈန္း ပိုမိုျမင့္တက္လာတာလည္းျဖစ္ၿပီး အဆင့္ ၁၀ မွာ ရွိေနတဲ့ အာဆင္နယ္အသင္းကေတာ့ ၂၀၁၇ ခုႏွစ္ေနာက္ပုိင္း ျပည္တြင္းမွာေရာ ဥေရာပမွာပါ ေအာင္ျမင္မႈ မရခဲ့ေပမယ့္ အာဆင္နယ္အသင္းရဲ႕ အသံုးစရိတ္ကေတာ့ ေပါင္သန္း ၂၃၀ အထိ ရွိလာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ၂၀၁၈-၁၉ရာသီအတွင်း ကမ္ဘာ့ဘောလုံးကလပ်အသင်းတွေထဲမှာ စပိန်ချန်ပီယံ ဘာစီလိုနာအသင်းပြီးရင် ပရီးမီးယားလိဂ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လစာအသုံးစရိတ်အများဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နည်းပြ ဆာအဲလက်စ်ဖာဂူဆန် မရှိတော့တဲ့ နောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့ပေမယ့် လွန်ခဲ့တဲ့တစ်ရာသီကျော်ကတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးထက်တောင် လစာအသုံးစရိတ် ပိုများနေခဲ့တာလည်းပါတယ်။

Company House က ထုတ်ပြန်တဲ့ ဒီ လစာအသုံးစရိတ်တွေမှာ ကစားသမားလစာတစ်ခုတည်းမဟုတ်ဘဲ အသင်းအမှုဆောင်အရာရှိကအစ သန့်ရှင်းရေးအဆုံး အသင်းဝန်ထမ်းအားလုံးရဲ့ လစာအသုံးစရိတ်ကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ လစာအသုံးစရိတ်ဟာ ပေါင် ၃၃၂ သန်း အထိရှိခဲ့သလို ဘာစီလိုနာအသင်းရဲ့ လစာအသုံးစရိတ်ကတော့ ပေါင် ၄၃၈ သန်းအထိ ရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လစာအမြင့်ဆုံးကစားသမားတွေထဲမှာ အလက်ဆစ် ဆန်းချက်ဇ်က တစ်ပတ်ကို ပေါင်ငါးသိန်းနီးပါး၊ ဂိုးသမား ဒေးဗစ် ဒဟေးယားက ပေါင် ၃၇၅၀၀၀ နဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ပေါင် ၂၉၀၀၀၀ တို့ အသီးသီးရရှိနေပြီး ပြင်သစ်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်တောင်မှ ပေါင် နှစ်သိန်းရရှိနေတယ်လို့ သိရပါတယ်။

ဘဏ္ဍာရေးစည်းမျဉ်းတွေအရ ယူအီးအက်ဖ်အေရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ခံထားရတဲ့ မန်စီးတီးကတော့ သူတို့နှစ်သင်းပြီးရင် တတိယမြောက် အများဆုံးဖြစ်နေပြီး ပေါင် ၃၁၅ သန်း သုံးခဲ့ရပါတယ်။ လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်တို့ကလည်း လစာအသုံးစရိတ်အများဆုံး ထိပ်သီး ၅ သင်းထဲ ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်နဲ့ အာဆင်နယ်တို့လည်း ၁၀ သင်းထဲ ပါဝင်နေခဲ့ကြပါတယ်။

လီဗာပူးအသင်းရဲ့လစာအသုံးစရိတ်က အဲဒီမတိုင်ခင် တစ်ရာသီကထက် ၁၇.၇၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတာလည်းဖြစ်ပြီး အဆင့် ၁၀ မှာ ရှိနေတဲ့ အာဆင်နယ်အသင်းကတော့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပြည်တွင်းမှာရော ဥရောပမှာပါ အောင်မြင်မှု မရခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ အသုံးစရိတ်ကတော့ ပေါင်သန်း ၂၃၀ အထိ ရှိလာခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.