Match Report Premier League

လန်ဒန်အဝေးကွင်းနှစ်ပွဲမှာ နိုင်ပွဲဆက်ခဲ့ပြီး ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်လာတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ အားလုံးစိတ်အဝင်စားဆုံးဖြစ်တဲ့ ခံစစ်ကြောင်းမှာ နာသန် ဖိလစ်ကို အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ တွဲပြီး နေရာချထားခဲ့သလို ကွင်းလယ်မှာ မီလ်နာ၊ ဗိုင်နယ်လ်ဒွမ်တို့နဲ့ သီယာဂိုကို တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဆာလားနဲ့ ရှာကျီရီတို့ကို အိုရီဂီနဲ့တွဲပြီး ပွဲထုတ်ခဲ့ပါတယ်။

ပထမပိုင်းမှာ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ အပြန်အလှန် ထိုးဖောက်နိုင်ခဲ့ကြပြီး ဝက်စ်ဟမ်းတို့ရဲ့ အခွင့်အရေးတွေကို အယ်လစ်ဆန် ဦးဆောင်တဲ့ ခံစစ်က ကာကွယ်သွားနိုင်ခဲ့သလို လီဗာပူးလ်ရဲ့ အိုရီဂီကတော့ တိုက်စစ်တစ်ခြမ်းကို ပျက်ပြားစေခဲ့ပြီး ဆာလားကလည်း အပိုင်အလုံးမျိုး မရခဲ့လို့ ၄၅ မိနစ်အပြီးမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာလည်း အိုရီဂီနဲ့ ဆာလားတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ပေမယ့် ပွဲချိန် ၅၆ မိနစ်မှာတော့ ဘယ်ခြမ်းမှာ လွတ်လွတ်ကျွတ်ကျွတ် နေရာယူထားခဲ့တဲ့ ဆာလားက ကားတစ်ဂျုံးစ်ရဲ့ ပေးပို့မှုကနေ ဝက်စ်ဟမ်းနောက်ခံလူတွေကို လှည့်စားပြီး အဖွင့်ဂိုးအဖြစ် ဝေ့ဝိုက်ကန်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ဝက်စ်ဟမ်းရဲ့ ထောင့်ကန်ဘောကနေ လီဗာပူးလ်တို့ တန်ပြန်တိုက်စစ်ကို စတင်နိုင်ခဲ့ပြီး ထိရောက်တိကျလွန်းတဲ့ ပေးပို့မှုတွေကနေ ရှာကျီရီက ဆာလားရဲ့ ပြေးလမ်းကြောင်းထဲကို အမြင့်ဘောပေးပို့ခဲ့ရတာမှာ အီဂျစ်တိုက်စစ်မှူးက တစ်ချက်ပဲ ထိန်းပြီး ဂိုးသမား ဖာဘီယန်စကီးနဲ့အတွေ့မှာ ဘယ်ခြေနဲ့ Slot ထိုးထည့်ပြီး ဒုတိယဂိုးကို ရယူပေးခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဖာမီနိုနဲ့ ချိမ်ဘာလိန်တို့ လူစားဝင်ကစားခဲ့ကြပြီး ပွဲချိန် ၈၄ မိနစ်မှာတော့ သူတို့နှစ်ဦးရဲ့ အတွဲအဖက်နဲ့ ဝက်စ်ဟမ်း နောက်တန်းကို ဖြတ်ကျော်ပြီး အတွင်းကို ချိုးပေးခဲ့တာကို အဆင်သင့်ရှိနေတဲ့ ဗိုင်နယ်လ်ဒွမ်က အလျင်အမြန် ပိတ်သွင်းယူနိုင်ခဲ့လို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးလ်တို့ ဝက်စ်ဟမ်းကွင်းမှာ Clean Sheet ကိုတော့ ထိန်းသိမ်းရယူဖို့ မစွမ်းသာခဲ့ဘဲ ပွဲချိန် ၈၇ မိနစ်မှာ ခရက်စ်ဝဲလ်ရဲ့ ထောင့်ကန်ဘောကနေ တိုက်စစ်အသင်းရော ခံစစ်အသင်းကပါ ခေါင်းတိုက်မှုတွေနဲ့ လွဲချော်ပြီး ကျလာခဲ့တဲ့ ဘောလုံးကို နောက်ခံလူ ဒေါ်ဆန်က နှစ်သိမ့်ချေပဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာ သုံးဂိုး-တစ်ဂိုးနဲ့ ယာဂန် ကလော့ပ်ရဲ့လူတွေ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီပွဲအနိုင်ကြောင့် လီဗာပူးလ်တို့ ရမှတ် ၄၀ နဲ့ တတိယနေရာကနေ အမှတ်တူ မန်ချက်စတာယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့သလို မန်စီးတီးရဲ့ အမှားကိုလည်း စောင့်နိုင်တဲ့ အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဝက်စ်ဟမ်းကတော့ အဆင့် ၄ ထဲမှာ ဆက်လက်ရပ်တည်နိုင်မယ့် အခွင့်အရေးကို အိမ်ကွင်းရှုံးပွဲနဲ့ လက်လွှတ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ အားလုံးစိတ္အဝင္စားဆုံးျဖစ္တဲ့ ခံစစ္ေၾကာင္းမွာ နာသန္ ဖိလစ္ကို အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ တြဲၿပီး ေနရာခ်ထားခဲ့သလို ကြင္းလယ္မွာ မီလ္နာ၊ ဗိုင္နယ္လ္ဒြမ္တို႔နဲ႔ သီယာဂိုကို တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာလားနဲ႔ ရွာက်ီရီတို႔ကို အိုရီဂီနဲ႔တြဲၿပီး ပြဲထုတ္ခဲ့ပါတယ္။

ပထမပိုင္းမွာ လီဗာပူးလ္နဲ႔ ဝက္စ္ဟမ္းတို႔ အျပန္အလွန္ ထိုးေဖာက္ႏိုင္ခဲ့ၾကၿပီး ဝက္စ္ဟမ္းတို႔ရဲ႕ အခြင့္အေရးေတြကို အယ္လစ္ဆန္ ဦးေဆာင္တဲ့ ခံစစ္က ကာကြယ္သြားႏိုင္ခဲ့သလို လီဗာပူးလ္ရဲ႕ အိုရီဂီကေတာ့ တိုက္စစ္တစ္ျခမ္းကို ပ်က္ျပားေစခဲ့ၿပီး ဆာလားကလည္း အပိုင္အလုံးမ်ိဳး မရခဲ့လို႔ ၄၅ မိနစ္အၿပီးမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာလည္း အိုရီဂီနဲ႔ ဆာလားတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ အဖြင့္ဂိုးနဲ႔ ေဝးေနခဲ့ေပမယ့္ ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဘယ္ျခမ္းမွာ လြတ္လြတ္ကြၽတ္ကြၽတ္ ေနရာယူထားခဲ့တဲ့ ဆာလားက ကားတစ္ဂ်ဳံးစ္ရဲ႕ ေပးပို႔မႈကေန ဝက္စ္ဟမ္းေနာက္ခံလူေတြကို လွည့္စားၿပီး အဖြင့္ဂိုးအျဖစ္ ေဝ့ဝိုက္ကန္သြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ဝက္စ္ဟမ္းရဲ႕ ေထာင့္ကန္ေဘာကေန လီဗာပူးလ္တို႔ တန္ျပန္တိုက္စစ္ကို စတင္ႏိုင္ခဲ့ၿပီး ထိေရာက္တိက်လြန္းတဲ့ ေပးပို႔မႈေတြကေန ရွာက်ီရီက ဆာလားရဲ႕ ေျပးလမ္းေၾကာင္းထဲကို အျမင့္ေဘာေပးပို႔ခဲ့ရတာမွာ အီဂ်စ္တိုက္စစ္မႉးက တစ္ခ်က္ပဲ ထိန္းၿပီး ဂိုးသမား ဖာဘီယန္စကီးနဲ႔အေတြ႕မွာ ဘယ္ေျခနဲ႔ Slot ထိုးထည့္ၿပီး ဒုတိယဂိုးကို ရယူေပးခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဖာမီႏိုနဲ႔ ခ်ိမ္ဘာလိန္တို႔ လူစားဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ သူတို႔ႏွစ္ဦးရဲ႕ အတြဲအဖက္နဲ႔ ဝက္စ္ဟမ္း ေနာက္တန္းကို ျဖတ္ေက်ာ္ၿပီး အတြင္းကို ခ်ိဳးေပးခဲ့တာကို အဆင္သင့္ရွိေနတဲ့ ဗိုင္နယ္လ္ဒြမ္က အလ်င္အျမန္ ပိတ္သြင္းယူႏိုင္ခဲ့လို႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ဒါေပမယ့္ လီဗာပူးလ္တို႔ ဝက္စ္ဟမ္းကြင္းမွာ Clean Sheet ကိုေတာ့ ထိန္းသိမ္းရယူဖို႔ မစြမ္းသာခဲ့ဘဲ ပြဲခ်ိန္ ၈၇ မိနစ္မွာ ခရက္စ္ဝဲလ္ရဲ႕ ေထာင့္ကန္ေဘာကေန တိုက္စစ္အသင္းေရာ ခံစစ္အသင္းကပါ ေခါင္းတိုက္မႈေတြနဲ႔ လြဲေခ်ာ္ၿပီး က်လာခဲ့တဲ့ ေဘာလုံးကို ေနာက္ခံလူ ေဒၚဆန္က ႏွစ္သိမ့္ေခ်ပဂိုးအျဖစ္ သြင္းယူေပးႏိုင္ခဲ့ၿပီး ပြဲအၿပီးမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ယာဂန္ ကေလာ့ပ္ရဲ႕လူေတြ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ လီဗာပူးလ္တို႔ ရမွတ္ ၄၀ နဲ႔ တတိယေနရာကေန အမွတ္တူ မန္ခ်က္စတာယူႏိုက္တက္ကို ဖိအားေပးႏိုင္ခဲ့သလို မန္စီးတီးရဲ႕ အမွားကိုလည္း ေစာင့္ႏိုင္တဲ့ အေနအထားကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ဝက္စ္ဟမ္းကေတာ့ အဆင့္ ၄ ထဲမွာ ဆက္လက္ရပ္တည္ႏိုင္မယ့္ အခြင့္အေရးကို အိမ္ကြင္းရႈံးပြဲနဲ႔ လက္လႊတ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.