Match Report Premier League

အက်ဇ်ပလီနဲ့ စတင်ခဲ့တဲ့ တူဟယ်လ်ရဲ့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးနိုင်ပွဲ

ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်အတွက် ပထမဆုံးနိုင်ပွဲကို ဒီနေ့မှာ ရရှိခဲ့ပြီဖြစ်ပြီး အဝေးကွင်းမို့လို့ ခံစစ်ပိတ်ပြီး ကစားနေတဲ့ ဘန်လေအသင်းကို သူနာမည်မှားခေါ်မိတဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာရဲ့ ဂိုးနဲ့ အဖွင့်လှခဲ့သလို ခံစစ်သမားတွေရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

၃-၄-၃ နဲ့ ၃-၅-၂ ကို လွယ်လွယ်ကူကူ ပြောင်းကစားနိုင်တဲ့ ပုံစံကို စမ်းသပ်ပြီး ပွဲထွက်ခဲ့တဲ့ တူဟယ်လ်ရဲ့ လူစာရင်းမှာ မေဆန်မောင်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့က အဓိကကျခဲ့ပြီး အေဘရာဟမ်ကို အထောင်ထားတဲ့ တိုက်စစ်မှာတော့ တီမို ဗာနာကို နေရာလွတ်တွေကို အသုံးချနိုင်ဖို့ နောက်က နေရာချထားခဲ့ပါတယ်။

နည်းပြအပြောင်းအလဲမှာ ခံစစ်သမားတွေရဲ့ အခန်းကဏ္ဍက လမ်းပတ်လက်ထက်ကထက် ပိုမိုတိုးတက်လာသလို သူတို့ရဲ့ တိုက်စစ်ကို လိုက်ပါတဲ့ ဟန်ကိုလည်း ကွင်းလယ်က ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေကို တီမို ဗာနာနဲ့ မေဆန်မောင့်တို့အုပ်စု အသုံးမချနိုင်ခဲ့ပေမယ့်လည်း ပွဲချိန်မိနစ် ၄၀ မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဟဒ်ဆန်-အိုဒွိုင်းနဲ့ အပေးအယူလုပ်ပြီး ရှေ့တက်လာခဲ့တဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာက ဂိုးဧရိယာထဲကို ရောက်ရှိလာချိန်မှာ ဘန်လေခံစစ်က မပိတ်ဆို့နိုင်ခင်မှာပဲ အချိန်မဆိုင်းဘဲ အပြင်းကန်သွင်းသွားခဲ့လို့ ဂိုးသမား နစ်ခ် ပုပ် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ချဲလ်ဆီးရဲ့ ညာခြမ်းတိုက်စစ်ကတော့ တောင်ပံကစားသမား သုံးယောက်လောက်နဲ့ ဘန်လေကို ဖိအားပေးသလို ဖြစ်နေခဲ့ပြီး အက်ဇ်ပီလီကွေတာ၊ မောင်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ရဲ့ သက်ရောက်မှုကလည်း ကြီးမားခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ ခံစစ်သုံးယောက်တန်း ကစားကွက်တွေနဲ့ အကျိုးပေးတယ်လို့ပဲ ပြောရမလားမသိဘဲ ကွင်းလယ်အဖျက်စစ်စစ်ဖြစ်တဲ့ ကွန်တေ မကစားနိုင်ဘဲ အားနည်းနေချိန်မှာ တူဟယ်လ်ရဲ့ နည်းစနစ်ကတော့ အသင့်တော်ဆုံးဖြစ်ခဲ့သလို မားကို့စ် အလွန်ဆိုဟာလည်း ဘယ်တောင်ပံမှာ ပိုမိုခြေပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အေဘရာဟမ်အစား ပူလီရှစ်ချ် ဝင်လာခဲ့ပြီးမှာ ချဲလ်ဆီးတိုက်စစ်က ပိုသွက်လာခဲ့ပေမယ့် တီမို ဗာနာအတွက်တော့ သိပ်ပြီး အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ဘဲ ခြေစွမ်းပြနေတဲ့ ဟဒ်ဆန်-အိုဒွိုင်းရဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့လို့ ပြတ်ပြတ်သားသား ဦးမဆောင်နိုင်ခဲ့ဘဲ ပွဲချိန် ၇၃ မိနစ်မှာတော့ သူ့အစား ရီးစ်ဂျိမ်းစ်ကို ထည့်ပြီး ပွဲကို ပိုမိုဟန်ချက်ညီဖို့ တူဟယ်လ်က ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ အနိုင်ပြတ်သားစေမယ့် ဂိုးကို ရရှိခဲ့ပြီး ဘယ်တောင်ပံကနေ ပူလီရှစ်ချ် တင်ပေးတဲ့ ဘောလုံးကို မားကို့စ် အလွန်ဆိုက ရင်ဘတ်နဲ့ ထိန်းပြီး သိပ်မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းအနေအထားက အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးပိုက်အပေါ်ဘက်ကို ဝင်သွားခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်းမှာ ဘယ်ညာနောက်ခံလူနှစ်ဦးရဲ့ သွင်းဂိုးနဲ့ သောမတ်စ် တူဟယ်လ်အတွက် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ပြန်လည်တက်ရောက်လာနိုင်ခဲ့သလို ချဲလ်ဆီးပရိသတ်တွေအတွက်တော့ တီမို ဗာနာသာ ဂိုးပြန်ရခဲ့ရင် အသင်းရဲ့ နည်းပြသစ် ရွေးချယ်မှု မှန်ကန်ပြီလို့ ရဲရဲဝံ့ဝံ့ဆိုနိုင်မယ့် အနေအထားတစ်ခုကို ရောက်လာနိုင်တော့မယ်လို့ မျှော်လင့်မိပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္အတြက္ ပထမဆုံးႏိုင္ပြဲကို ဒီေန႔မွာ ရရွိခဲ့ၿပီျဖစ္ၿပီး အေဝးကြင္းမို႔လို႔ ခံစစ္ပိတ္ၿပီး ကစားေနတဲ့ ဘန္ေလအသင္းကို သူနာမည္မွားေခၚမိတဲ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာရဲ႕ ဂိုးနဲ႔ အဖြင့္လွခဲ့သလို ခံစစ္သမားေတြရဲ႕ ဂိုးေတြနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

၃-၄-၃ နဲ႔ ၃-၅-၂ ကို လြယ္လြယ္ကူကူ ေျပာင္းကစားႏိုင္တဲ့ ပုံစံကို စမ္းသပ္ၿပီး ပြဲထြက္ခဲ့တဲ့ တူဟယ္လ္ရဲ႕ လူစာရင္းမွာ ေမဆန္ေမာင္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔က အဓိကက်ခဲ့ၿပီး ေအဘရာဟမ္ကို အေထာင္ထားတဲ့ တိုက္စစ္မွာေတာ့ တီမို ဗာနာကို ေနရာလြတ္ေတြကို အသုံးခ်ႏိုင္ဖို႔ ေနာက္က ေနရာခ်ထားခဲ့ပါတယ္။

နည္းျပအေျပာင္းအလဲမွာ ခံစစ္သမားေတြရဲ႕ အခန္းက႑က လမ္းပတ္လက္ထက္ကထက္ ပိုမိုတိုးတက္လာသလို သူတို႔ရဲ႕ တိုက္စစ္ကို လိုက္ပါတဲ့ ဟန္ကိုလည္း ကြင္းလယ္က ဟန္ခ်က္ညီေအာင္ ထိန္းညႇိေပးႏိုင္ခဲ့ၿပီး အခြင့္အေရးေတြကို တီမို ဗာနာနဲ႔ ေမဆန္ေမာင့္တို႔အုပ္စု အသုံးမခ်ႏိုင္ခဲ့ေပမယ့္လည္း ပြဲခ်ိန္မိနစ္ ၄၀ မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ပါတယ္။

ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ အေပးအယူလုပ္ၿပီး ေရွ႕တက္လာခဲ့တဲ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာက ဂိုးဧရိယာထဲကို ေရာက္ရွိလာခ်ိန္မွာ ဘန္ေလခံစစ္က မပိတ္ဆို႔ႏိုင္ခင္မွာပဲ အခ်ိန္မဆိုင္းဘဲ အျပင္းကန္သြင္းသြားခဲ့လို႔ ဂိုးသမား နစ္ခ္ ပုပ္ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးရဲ႕ ညာျခမ္းတိုက္စစ္ကေတာ့ ေတာင္ပံကစားသမား သုံးေယာက္ေလာက္နဲ႔ ဘန္ေလကို ဖိအားေပးသလို ျဖစ္ေနခဲ့ၿပီး အက္ဇ္ပီလီေကြတာ၊ ေမာင္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ရဲ႕ သက္ေရာက္မႈကလည္း ႀကီးမားခဲ့ပါတယ္။

ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ ခံစစ္သုံးေယာက္တန္း ကစားကြက္ေတြနဲ႔ အက်ိဳးေပးတယ္လို႔ပဲ ေျပာရမလားမသိဘဲ ကြင္းလယ္အဖ်က္စစ္စစ္ျဖစ္တဲ့ ကြန္ေတ မကစားႏိုင္ဘဲ အားနည္းေနခ်ိန္မွာ တူဟယ္လ္ရဲ႕ နည္းစနစ္ကေတာ့ အသင့္ေတာ္ဆုံးျဖစ္ခဲ့သလို မားကို႔စ္ အလြန္ဆိုဟာလည္း ဘယ္ေတာင္ပံမွာ ပိုမိုေျခေပၚခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ေအဘရာဟမ္အစား ပူလီရွစ္ခ်္ ဝင္လာခဲ့ၿပီးမွာ ခ်ဲလ္ဆီးတိုက္စစ္က ပိုသြက္လာခဲ့ေပမယ့္ တီမို ဗာနာအတြက္ေတာ့ သိပ္ၿပီး အခြင့္အေရးေတြ မဖန္တီးႏိုင္ခဲ့ဘဲ ေျခစြမ္းျပေနတဲ့ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ ကန္ခ်က္ကလည္း တိုင္ထိထြက္ခဲ့လို႔ ျပတ္ျပတ္သားသား ဦးမေဆာင္ႏိုင္ခဲ့ဘဲ ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ သူ႔အစား ရီးစ္ဂ်ိမ္းစ္ကို ထည့္ၿပီး ပြဲကို ပိုမိုဟန္ခ်က္ညီဖို႔ တူဟယ္လ္က ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အႏိုင္ျပတ္သားေစမယ့္ ဂိုးကို ရရွိခဲ့ၿပီး ဘယ္ေတာင္ပံကေန ပူလီရွစ္ခ်္ တင္ေပးတဲ့ ေဘာလုံးကို မားကို႔စ္ အလြန္ဆိုက ရင္ဘတ္နဲ႔ ထိန္းၿပီး သိပ္မျဖစ္ႏိုင္တဲ့ ေထာင့္က်ဥ္းအေနအထားက အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးပိုက္အေပၚဘက္ကို ဝင္သြားခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ကြင္းမွာ ဘယ္ညာေနာက္ခံလူႏွစ္ဦးရဲ႕ သြင္းဂိုးနဲ႔ ေသာမတ္စ္ တူဟယ္လ္အတြက္ ပထမဆုံးႏိုင္ပြဲကို ရယူႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၇ ေနရာကို ျပန္လည္တက္ေရာက္လာႏိုင္ခဲ့သလို ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ေတာ့ တီမို ဗာနာသာ ဂိုးျပန္ရခဲ့ရင္ အသင္းရဲ႕ နည္းျပသစ္ ေ႐ြးခ်ယ္မႈ မွန္ကန္ၿပီလို႔ ရဲရဲဝံ့ဝံ့ဆိုႏိုင္မယ့္ အေနအထားတစ္ခုကို ေရာက္လာႏိုင္ေတာ့မယ္လို႔ ေမွ်ာ္လင့္မိပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.