Premier League

1 Feb နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဖာကန်ဒို ပယ်လီစထရီဟာ ယခုရာသီကုန်တဲ့အထိ လာလီဂါအသင်းဖြစ်တဲ့ အလာဗက်စ်ကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တယ်လို့ သိရပြီး ဥရုဂွေးကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက် ယူ-၂၃ အသင်းအတွက် အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့ပေမယ့်လည်း နည်းပြအဖွဲ့က စီနီယာအသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားပေးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အငှားချခဲ့တာလို့ သိရ။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားဟာ ယခုရာသီ ဒီလိုအချိန်ကာလမှာ ပရီးမီးယားလိဂ်ဖလားအကြောင်း မစဉ်းစားနိုင်ဘူးလို့ ပြောကြားခဲ့ပြီး ရှက်ဖီးယူနိုက်တက်ကို ရှုံးနိမ့်ခဲ့မှုကနေ ပြန်လာနိုင်အောင် ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်အပေါ်မှာပဲ အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ် ဖိုဒင်ကို အသက် ၉ နှစ်သားအရွယ်လောက်ကတည်းက ပစ်မှတ်ထားခဲ့ကြပေမယ့်လည်း ဖိုဒင်က မန်စီးတီးအကယ်ဒမီကလွဲပြီး အခြားအသင်းအကယ်ဒမီတွေကို ပြောင်းရွှေ့ဖို့ ကြိုးတောင်မကြိုးပမ်းခဲ့ဘူးလို့ သိရ။

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်သိုနီ မာစီယယ်လ်ဟာ ၎င်းနဲ့ ဇနီးဖြစ်သူကို လူမှုကွန်ရက်မှာ ပစ်မှတ်ထားပြီး လူမျိုးရေးခွဲခြားမှုကို ရင်ဆိုင်ခဲ့ရပြီးနောက် ၎င်းရဲ့အိမ်မှာ လုံခြုံရေးချထားပေးဖို့ အသင်းကို အကူအညီတောင်းခံခဲ့တယ်လို့ သိရပြီး မာစီယယ်လ်ရဲ့ဇနီးဖြစ်သူ မယ်လာနီဟာ ၎င်းတို့ ဇနီးမောင်နှံ ၂ ဦးစလုံးကို အသက်အန္တရာယ်ခြိမ်းခြောက်ထားတဲ့ မက်ဆေ့ဂျ်တွေ လက်ခံရရှိခဲ့တယ်လို့ အင်စတာဂရမ်မှာ ပြီးခဲ့အပတ်က ထုတ်ဖော်ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာကြယ်ပွင့်တောင်ပံကစားသမား အူ့စ်မန် ဒမ်ဘီလီဟာ လာမယ့်နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာ နူးကမ့်မှာပဲ ဆက်နေချင်တဲ့ဆန္ဒရှိတယ်နေတယ်လို့ SPORT က ဖော်ပြခဲ့ပေမယ့် လာမယ့် ၂၀၂၂ ခုနှစ်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒမ်ဘီလီအနေနဲ့ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် ယခုလာမယ့်နွေရာသီမှာ ရောင်းထုတ်ခံရဖွယ်ရှိနေတယ်လို့ သိရ။

-လာလီဂါဝါရင့်နောက်ခံကစားသမား ဆာဂျီယို ရာမို့စ်ဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေများတယ်လို့ Mirror က ဖော်ပြခဲ့ပြီး ရာမို့စ်ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ အစ်ကိုဖြစ်သူ ရီနီ ရာမို့စ်ကလည်း အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ စီစဉ်ချင်နေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် မျှော်လင့်ချက် ပိုမိုအားကောင်းလာပြီလို့ သိရ။

-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ အာဆင်နယ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းဖော် ဖရက်ဒ်ကို ရှေ့လျှောက် ၎င်းရဲ့ ညာဘက်ခြေထောက်နဲ့ ဂိုးကန်သွင်းမှု မပြုလုပ်သင့်တော့ဘူးလို့ နောက်ပြောင်ခဲ့ပြီး ဖရက်ဒ်ဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ ပင်နယ်တီဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ တဝက် မြေမကျဘောကန်သွင်းခဲ့ပေမယ့် လီနိုက ကာကွယ်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဂိုးကန်သွင်းမှုက ဂိုးမပေါက်မတည့်ခဲ့တာကို ရည်ရွယ်နောက်ပြောင်ခဲ့တာဖြစ်ဖွယ်ရှိတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံကစားသမား ဖာကန္ဒို ပယ္လီစထရီဟာ ယခုရာသီကုန္တဲ့အထိ လာလီဂါအသင္းျဖစ္တဲ့ အလာဗက္စ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္တယ္လို႔ သိရၿပီး ဥ႐ုေဂြးကြင္းလယ္ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ ယူ-၂၃ အသင္းအတြက္ အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့ေပမယ့္လည္း နည္းျပအဖြဲ႕က စီနီယာအသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ အငွားခ်ခဲ့တာလို႔ သိရ။

-မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားဟာ ယခုရာသီ ဒီလိုအခ်ိန္ကာလမွာ ပရီးမီးယားလိဂ္ဖလားအေၾကာင္း မစဥ္းစားႏိုင္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ရွက္ဖီးယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့မႈကေန ျပန္လာႏိုင္ေအာင္ ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္အေပၚမွာပဲ အာ႐ုံစိုက္သြားမယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ဟာ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဖီးလ္ ဖိုဒင္ကို အသက္ ၉ ႏွစ္သားအ႐ြယ္ေလာက္ကတည္းက ပစ္မွတ္ထားခဲ့ၾကေပမယ့္လည္း ဖိုဒင္က မန္စီးတီးအကယ္ဒမီကလြဲၿပီး အျခားအသင္းအကယ္ဒမီေတြကို ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးေတာင္မႀကိဳးပမ္းခဲ့ဘူးလို႔ သိရ။

-မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး အန္သိုနီ မာစီယယ္လ္ဟာ ၎နဲ႔ ဇနီးျဖစ္သူကို လူမႈကြန္ရက္မွာ ပစ္မွတ္ထားၿပီး လူမ်ိဳးေရးခြဲျခားမႈကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ ၎ရဲ႕အိမ္မွာ လုံၿခဳံေရးခ်ထားေပးဖို႔ အသင္းကို အကူအညီေတာင္းခံခဲ့တယ္လို႔ သိရၿပီး မာစီယယ္လ္ရဲ႕ဇနီးျဖစ္သူ မယ္လာနီဟာ ၎တို႔ ဇနီးေမာင္ႏွံ ၂ ဦးစလုံးကို အသက္အႏၲရာယ္ၿခိမ္းေျခာက္ထားတဲ့ မက္ေဆ့ဂ်္ေတြ လက္ခံရရွိခဲ့တယ္လို႔ အင္စတာဂရမ္မွာ ၿပီးခဲ့အပတ္က ထုတ္ေဖာ္ေျပာၾကားခဲ့။

-မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ဘာစီလိုနာၾကယ္ပြင့္ေတာင္ပံကစားသမား အူ႔စ္မန္ ဒမ္ဘီလီဟာ လာမယ့္ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့အခ်ိန္မွာ ႏူးကမ့္မွာပဲ ဆက္ေနခ်င္တဲ့ဆႏၵရွိတယ္ေနတယ္လို႔ SPORT က ေဖာ္ျပခဲ့ေပမယ့္ လာမယ့္ ၂၀၂၂ ခုႏွစ္ေႏြရာသီမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဒမ္ဘီလီအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုႏိုင္ခဲ့ဘူးဆိုရင္ ယခုလာမယ့္ေႏြရာသီမွာ ေရာင္းထုတ္ခံရဖြယ္ရွိေနတယ္လို႔ သိရ။

-လာလီဂါဝါရင့္ေနာက္ခံကစားသမား ဆာဂ်ီယို ရာမို႔စ္ဟာ လာမယ့္ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ျဖစ္ႏိုင္ေျခမ်ားတယ္လို႔ Mirror က ေဖာ္ျပခဲ့ၿပီး ရာမို႔စ္ရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္ေနတဲ့ အစ္ကိုျဖစ္သူ ရီနီ ရာမို႔စ္ကလည္း အဂၤလန္ကို ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ခ်င္ေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ ပိုမိုအားေကာင္းလာၿပီလို႔ သိရ။

-မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အာဆင္နယ္အသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ အသင္းေဖာ္ ဖရက္ဒ္ကို ေရွ႕ေလွ်ာက္ ၎ရဲ႕ ညာဘက္ေျခေထာက္နဲ႔ ဂိုးကန္သြင္းမႈ မျပဳလုပ္သင့္ေတာ့ဘူးလို႔ ေနာက္ေျပာင္ခဲ့ၿပီး ဖရက္ဒ္ဟာ အာဆင္နယ္နဲ႔ပြဲစဥ္မွာ ပင္နယ္တီဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ တဝက္ ေျမမက်ေဘာကန္သြင္းခဲ့ေပမယ့္ လီႏိုက ကာကြယ္ႏိုင္ခဲ့သလို ဒုတိယပိုင္းမွာလည္း ဂိုးကန္သြင္းမႈက ဂိုးမေပါက္မတည့္ခဲ့တာကို ရည္႐ြယ္ေနာက္ေျပာင္ခဲ့တာျဖစ္ဖြယ္ရွိတယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.