Premier League

အာတီတာရဲ့ အပြောင်းအရွှေ့ဝန်ခံပြောကြားမှုအပြီး အာဆင်နယ် ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမား ၃ ဦး

အာဆင်နယ်အသင်းနည်းပြ အာတီတာက ယနေ့ည အပြောင်းအရွှေ့စျေးကွက် မပိတ်မီ ဘယ်နောက်ခံကစားသမားတစ်ဦး ခေါ်ယူချင်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အင်္ဂါနေ့မှာ ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ ယနေ့နံနက်မှာ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အပြောင်းအရွှေ့နောက်ဆုံးနေ့ မကုန်ဆုံးမီ ကစားသမားသစ် ရောက်ရှိလာနိုင်ခြေနဲ့ပတ်သက်ပြီး နည်းပြ အာတီတာဟာ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အာတီတာဟာ အပြောင်းအရွှေ့ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ငြင်းပယ်ခဲ့ခြင်းမရှိပေမယ့် ဘာဖြစ်လာဦးမလဲဆိုတာကိုလည်း လက်ရှိအချိန်မှာ မရေရာမသေချာဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တကယ်လို့ အာဆင်နယ်အသင်းသာ ယနေ့မှာ ဘယ်နောက်ခံကစားသမားသစ်တစ်ဦး ခေါ်ယူမှု ပြုလုပ်ခဲ့မယ်ဆိုရင် ခေါ်ယူနိုင်ခြေရှိတဲ့ ကစားသမား ၃ ဦးရှိနေပြီး ဘယ်ကစားသမားက အမ်းမရိတ်စ်ကို အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးအချိန်မှာ ရောက်ရှိလာနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ပက်ထရစ် ဗန် အန်ဟော့တ်

ခရစ္စတယ်ပဲလေ့စ် ဘယ်နောက်ခံကစားသမား ဗန်အန်ဟော့ကတော့ အာဆင်နယ်ကို ပြောင်းဖို့ သတင်းတွေထွက်နေခဲ့တာ တစ်ပတ်ကျော်နေခဲ့ပါပြီ။ ဒတ်ချ်နောက်ခံကစားသမားဟာ စနေနေ့က ဝုဗ်အသင်းကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ပွဲလုံး ပါဝင်ကစားပေးခဲ့ပေမယ့် ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲံအတွက် စျေးပေါပေါနဲ့ ရမယ့်ကစားသမားလည်း ဖြစ်ပါတယ်။ လူငယ်နောက်ခံကစားသမား တိုင်းရစ် မစ်ချဲလ်ဟာ ယခုရာသီ ဗန်အန်ဟော့တ် ပါဝင်ကစားပေးနိုင်ခြင်းမရှိတဲ့အချိန်မှာ ပဲလေ့စ်အတွက် အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့ပေမယ့်လည်း လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပါတယ်။

ရိုင်ယန် ဘာ့တ်ရန်း

ဆောက်သမ်တန်နောက်ခံကစားသမား ရိုင်ယန် ဘာ့တ်ရန်းကလည်း လာမယ့် ၆ လအတွင်း အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် ချဲလ်ဆီးနောက်ခံကစားသမားဟောင်းဟာ ယခုရာသီမှာ ပရီးမီးယားလိဂ် ၁၈ ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးထားပြီး အဓိကကျတဲ့အစိတ်အပိုင်းအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၃၁ နှစ်အရွယ် နောက်ခံကစားသမားနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် ဆောက်သမ်တန်က ဆမ် ဗိုကင်စ်ကို ပြီးခဲ့တဲ့အပတ်မှာ အငှားနဲ့ ထွက်ခွာခွင့်ပြုလိုက်တာက ယနေ့မှာ အာဆင်နယ်နဲ့ အပြောင်းအရွှေ့ဖြစ်နိုင်ဖွယ်မရှိမယ့် ပုံပေါ်နေပါတယ်။

ဂျော့ရှ် ဒွိုက်

အသက် ၁၈ နှစ်အရွယ် နောက်ခံကစားသမား ဂျော့ရှ် ဒွိုက်ဟာ အင်္ဂလန်က ထိပ်သီးအသင်းအများအပြားရဲ့ ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ဆယ်ကျော်သက်ကစားသမားဟာ တီယာနီနဲ့ လီဗာပူးလ်ကြယ်ပွင့် ရောဘတ်ဆန်တို့ပြီးရင် နောက်ထပ် ထိပ်တန်း စကော့တလန်သားဘယ်နောက်ခံကစားသမားဖြစ်လာဖွယ်ရှိနေသူဖြစ်ပါတယ်။ ဒွိုက်ဟာ ယခုရာသီမှာ ဟီဘာနီယန်အသင်းအတွက် စကော့တလန်ပရီးမီးယားရှစ်မှာ ၁၈ ပွဲ ပါဝင်ကစားပေးထားပြီး ဆဲလ်တစ်အသင်းကလည်း အလားအလာများစွာရှိတဲ့ ဆယ်ကျော်သက်ကစားသမားကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ဘယ်နောက်ခံနေရာမှာ တီယာနီကို အနားပေးဖို့အတွက်ရော ပြိုင်ဆိုင်မှုဖြစ်လာအောင်ပါ နောက်ထပ်ဘယ်နောက်ခံကစားသမားသစ် ခေါ်ယူချင်နေတာဖြစ်ပြီး ကိုလာစီနက်ကိုလည်း ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အစောပိုင်းမှာ ရှော်ကေးအသင်းကို ထွက်ခွာခွင့်ပေးခဲ့တာကြောင့် မဖြစ်မနေ ကစားသမားသစ် ခေါ်ယူချင်နေတာဖြစ်ပါတယ်။

“အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့ဆိုတာက အမြဲတမ်း ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့အဖြစ်အပျက်တွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါတွေက ဖြစ်လည်းဖြစ်နိုင်တယ်။ မဖြစ်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ အဲဒီကိစ္စကို ဆက်လက်လုပ်ဆောင်နေပါတယ်”လို့ အာတီတာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းနည္းၿပ အာတီတာက ယေန႔ည အေျပာင္းအေရႊ႕ေစ်းကြက္ မပိတ္မီ ဘယ္ေနာက္ခံကစားသမားတစ္ဦး ေခၚယူခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

အဂၤါေန႔မွာ ဝုဗ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္မီ ယေန႔နံနက္မွာ ျပဳလုပ္ခဲ့တဲ့ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔ မကုန္ဆုံးမီ ကစားသမားသစ္ ေရာက္ရွိလာနိုင္ေျခနဲ႔ပတ္သက္ၿပီး နည္းၿပ အာတီတာဟာ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။ အာတီတာဟာ အေျပာင္းအေရႊ႕ျဖစ္နိုင္ေျခနဲ႔ပတ္သက္ၿပီး ျငင္းပယ္ခဲ့ျခင္းမရွိေပမယ့္ ဘာျဖစ္လာဦးမလဲဆိုတာကိုလည္း လက္ရွိအခ်ိန္မွာ မေရရာမေသခ်ာဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ အာဆင္နယ္အသင္းသာ ယေန႔မွာ ဘယ္ေနာက္ခံကစားသမားသစ္တစ္ဦး ေခၚယူမႈ ျပဳလုပ္ခဲ့မယ္ဆိုရင္ ေခၚယူနိုင္ေျခရွိတဲ့ ကစားသမား ၃ ဦးရွိေနၿပီး ဘယ္ကစားသမားက အမ္းမရိတ္စ္ကို အေျပာင္းအေရႊ႕ေစ်းကြက္ ေနာက္ဆုံးအခ်ိန္မွာ ေရာက္ရွိလာနိုင္မလဲဆိုတာကို ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

ပက္ထရစ္ ဗန္ အန္ေဟာ့တ္

ခရစၥတယ္ပဲေလ့စ္ ဘယ္ေနာက္ခံကစားသမား ဗန္အန္ေဟာ့ကေတာ့ အာဆင္နယ္ကို ေျပာင္းဖို႔ သတင္းေတြထြက္ေနခဲ့တာ တစ္ပတ္ေက်ာ္ေနခဲ့ပါၿပီ။ ဒတ္ခ်္ေနာက္ခံကစားသမားဟာ စေနေန႔က ဝုဗ္အသင္းကို ၁-၀ နဲ႔အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ တစ္ပြဲလုံး ပါဝင္ကစားေပးခဲ့ေပမယ့္ ယခုရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တဲံအတြက္ ေစ်းေပါေပါနဲ႔ ရမယ့္ကစားသမားလည္း ျဖစ္ပါတယ္။ လူငယ္ေနာက္ခံကစားသမား တိုင္းရစ္ မစ္ခ်ဲလ္ဟာ ယခုရာသီ ဗန္အန္ေဟာ့တ္ ပါဝင္ကစားေပးနိုင္ျခင္းမရွိတဲ့အခ်ိန္မွာ ပဲေလ့စ္အတြက္ အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့ေပမယ့္လည္း လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကစားသမားျဖစ္ပါတယ္။

ရိုင္ယန္ ဘာ့တ္ရန္း

ေဆာက္သမ္တန္ေနာက္ခံကစားသမား ရိုင္ယန္ ဘာ့တ္ရန္းကလည္း လာမယ့္ ၆ လအတြင္း အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ ခ်ဲလ္ဆီးေနာက္ခံကစားသမားေဟာင္းဟာ ယခုရာသီမွာ ပရီးမီးယားလိဂ္ ၁၈ ပြဲအထိ ပြဲထြက္ပါဝင္ကစားေပးထားၿပီး အဓိကက်တဲ့အစိတ္အပိုင္းအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ အသက္ ၃၁ ႏွစ္အရြယ္ ေနာက္ခံကစားသမားနဲ႔ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကတည္းက သတင္းေတြထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္ ေဆာက္သမ္တန္က ဆမ္ ဗိုကင္စ္ကို ၿပီးခဲ့တဲ့အပတ္မွာ အငွားနဲ႔ ထြက္ခြာခြင့္ျပဳလိုက္တာက ယေန႔မွာ အာဆင္နယ္နဲ႔ အေျပာင္းအေရႊ႕ျဖစ္နိုင္ဖြယ္မရွိမယ့္ ပုံေပၚေနပါတယ္။

ေဂ်ာ့ရွ္ ဒြိဳက္

အသက္ ၁၈ ႏွစ္အရြယ္ ေနာက္ခံကစားသမား ေဂ်ာ့ရွ္ ဒြိဳက္ဟာ အဂၤလန္က ထိပ္သီးအသင္းအမ်ားအျပားရဲ့ ပစ္မွတ္အျဖစ္ ေပၚထြက္လာခဲ့သူျဖစ္ၿပီး ဆယ္ေက်ာ္သက္ကစားသမားဟာ တီယာနီနဲ႔ လီဗာပူးလ္ၾကယ္ပြင့္ ေရာဘတ္ဆန္တို႔ၿပီးရင္ ေနာက္ထပ္ ထိပ္တန္း စေကာ့တလန္သားဘယ္ေနာက္ခံကစားသမားျဖစ္လာဖြယ္ရွိေနသူျဖစ္ပါတယ္။ ဒြိဳက္ဟာ ယခုရာသီမွာ ဟီဘာနီယန္အသင္းအတြက္ စေကာ့တလန္ပရီးမီးယားရွစ္မွာ ၁၈ ပြဲ ပါဝင္ကစားေပးထားၿပီး ဆဲလ္တစ္အသင္းကလည္း အလားအလာမ်ားစြာရွိတဲ့ ဆယ္ေက်ာ္သက္ကစားသမားကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းနည္းၿပ အာတီတာဟာ ဘယ္ေနာက္ခံေနရာမွာ တီယာနီကို အနားေပးဖို႔အတြက္ေရာ ၿပိဳင္ဆိုင္မႈျဖစ္လာေအာင္ပါ ေနာက္ထပ္ဘယ္ေနာက္ခံကစားသမားသစ္ ေခၚယူခ်င္ေနတာျဖစ္ၿပီး ကိုလာစီနက္ကိုလည္း ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္အေစာပိုင္းမွာ ေရွာ္ေကးအသင္းကို ထြက္ခြာခြင့္ေပးခဲ့တာေၾကာင့္ မျဖစ္မေန ကစားသမားသစ္ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

“အေျပာင္းအေရႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔ဆိုတာက အျမဲတမ္း ႀကိဳတင္ခန႔္မွန္းလို႔မရနိုင္တဲ့အျဖစ္အပ်က္ေတြ ျဖစ္လာနိုင္ပါတယ္။ အဲဒါေတြက ျဖစ္လည္းျဖစ္နိုင္တယ္။ မျဖစ္တာလည္း ျဖစ္နိုင္တယ္။ ကၽြန္ေတာ္တို႔ အဲဒီကိစၥကို ဆက္လက္လုပ္ေဆာင္ေနပါတယ္”လို႔ အာတီတာက ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.