Match Report Premier League

ဂိုးမျပတ္တဲ့ ႏုိင္ပြဲ၊ သေရပြဲေတြနဲ႔ စေနေန႔ ပရီးမီးယားလိဂ္ပြဲစဥ္မ်ား

ၿပီးခဲ့တဲ့ စေနေန႔ညေနက က်င္းပသြားခဲ့တဲ့ အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ဂိုးျပတ္အႏိုင္ရရွိမွဳေတြကို မေတြ႕ခဲ့ရဘဲ ႏွစ္သင္းေပါင္း ဂိုးအမ်ားဆုံးသြင္းတဲ့ လီဗာပူးလ္နဲ႔ ဘုန္းေမာက္ပြဲစဥ္မွာေတာင္မွာ ၃ ဂိုးသာ ရွိခဲ့သလို ဂိုးသြင္းနည္းခဲ့တဲ့ ဒီေန႔မွာ စပါးစ္အသင္းကေတာ့ ရွဳံးပြဲဆက္မွဳကို ရပ္တန္႔သြားႏုိင္ခဲ့ပါတယ္။

ဆဲလ္ဟာ့စ္ပါ့ခ္က ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ဝတ္ဖို႔ဒ္တုိ႔ရဲ႕ပြဲမွာေတာ့ အိမ္ရွင္ပဲေလ့စ္တုိ႔ ဇယားအလယ္မွာ ဆက္ေနႏုိင္ေအာင္ ႀကဳိးစားၿပီး ေဂ်ာ္ဒန္ အာယူးရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏုိင္ရရွိသြားခဲ့လို႔ အရင္အပတ္က လီဗာပူးလ္ကို အႏိုင္ယူခဲ့တဲ့ ဝတ္ဖို႔ဒ္တုိ႔ အရွိန္တန္႔သြားခဲ့ရၿပီး အဆင့္ ၁၇ မွာ ဆက္လက္ရပ္တည္ေနပါတယ္။

ရွက္ဖီးလ္ဒ္ယူႏုိက္တက္ကေတာ့ အိမ္ကြင္း ဘရမ္းေမာလ္လိန္းမွာ အသင္းေခါင္းေဆာင္ ဝါရင့္တုိက္စစ္မွဴး ဘီလီ ရွာ့ပ္ရဲ႕ သြင္းဂိုးနဲ႔ ဥေရာပ ဝင္ခြင့္အတြက္ သုံးမွတ္ရယူသြားခဲ့ၿပီး ၁၀ ေယာက္နဲ႔ ေဆာက္သမ္တန္ကေတာ့ လူေပးမွားခဲ့တဲ့ ေနာက္ခံလူ ဗယ္လာရီေၾကာင့္ နယူးကာဆယ္လ္က စိန္႔မက္ဇီမင္ရဲ႕ ဂိုးသြင္းခံခဲ့ရၿပီး ရွဳံးနိမ့္သြားခဲ့ပါတယ္။

ပခုံးဒဏ္ရာနဲ႔ မိုလီေနာ့က ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တဲ့ အဒါမာ ထရာအုိေရးေၾကာင့္ ဝုလ္ဗ္စ္တုိ႔ ကစားပုံမေကာင္းခဲ့ဘဲ အေဝးကြင္းဆုိရင္ ကစားပုံ ထက္ျမက္ျခင္းမရွိတဲ့ ဘ႐ိုက္တန္ေၾကာင့္ သူတုိ႔ႏွစ္သင္း ဂိုးမရွိသေရနဲ႔ တစ္မွတ္စီ ခြဲယူခဲ့ရတာကေတာ့ ဥေရာပဝင္ခြင့္အတြက္ ႀကဳိးစားေနတဲ့ အိမ္ရွင္ေတြ နစ္နာသြားခဲ့ရပါတယ္။

ဟိုေဆး ေမာ္ရင္ဟိုရဲ႕ ရွဳံးပြဲဆက္ေနတဲ့ စပါးစ္ကေတာ့ ဒီေန႔မွာ သေရလဒ္နဲ႔ မွတ္တမ္းဆုိးကို ရပ္တန္႔ႏုိင္ခဲ့ၿပီး ဘန္ေလရဲ႕ ခရစၥ ဝုဒ္က ပထမပုိင္းမွာ ဦးေဆာင္ဂိုး သြင္းယူခဲ့တာကို ဒုတိယပုိင္းမွာ ဒယ္လီ အယ္လီရဲ႕ ပင္နယ္တီနဲ႔ သေရရယူသြားႏုိင္ခဲ့တာျဖစ္ၿပီး စေနေန႔ ပရီးမီးယားလိဂ္ပြဲစဥ္ အက်ဥ္းခ်ဳပ္ကို ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ စနေနေ့ညနေက ကျင်းပသွားခဲ့တဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးပြတ်အနိုင်ရရှိမှုတွေကို မတွေ့ခဲ့ရဘဲ နှစ်သင်းပေါင်း ဂိုးအများဆုံးသွင်းတဲ့ လီဗာပူးလ်နဲ့ ဘုန်းမောက်ပွဲစဉ်မှာတောင်မှာ ၃ ဂိုးသာ ရှိခဲ့သလို ဂိုးသွင်းနည်းခဲ့တဲ့ ဒီနေ့မှာ စပါးစ်အသင်းကတော့ ရှုံးပွဲဆက်မှုကို ရပ်တန့်သွားနိုင်ခဲ့ပါတယ်။

ဆဲလ်ဟာ့စ်ပါ့ခ်က ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ဝတ်ဖို့ဒ်တို့ရဲ့ပွဲမှာတော့ အိမ်ရှင်ပဲလေ့စ်တို့ ဇယားအလယ်မှာ ဆက်နေနိုင်အောင် ကြိုးစားပြီး ဂျော်ဒန် အာယူးရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိသွားခဲ့လို့ အရင်အပတ်က လီဗာပူးလ်ကို အနိုင်ယူခဲ့တဲ့ ဝတ်ဖို့ဒ်တို့ အရှိန်တန့်သွားခဲ့ရပြီး အဆင့် ၁၇ မှာ ဆက်လက်ရပ်တည်နေပါတယ်။

ရှက်ဖီးလ်ဒ်ယူနိုက်တက်ကတော့ အိမ်ကွင်း ဘရမ်းမောလ်လိန်းမှာ အသင်းခေါင်းဆောင် ဝါရင့်တိုက်စစ်မှူး ဘီလီ ရှာ့ပ်ရဲ့ သွင်းဂိုးနဲ့ ဥရောပ ဝင်ခွင့်အတွက် သုံးမှတ်ရယူသွားခဲ့ပြီး ၁၀ ယောက်နဲ့ ဆောက်သမ်တန်ကတော့ လူပေးမှားခဲ့တဲ့ နောက်ခံလူ ဗယ်လာရီကြောင့် နယူးကာဆယ်လ်က စိန့်မက်ဇီမင်ရဲ့ ဂိုးသွင်းခံခဲ့ရပြီး ရှုံးနိမ့်သွားခဲ့ပါတယ်။

ပခုံးဒဏ်ရာနဲ့ မိုလီနော့က ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အဒါမာ ထရာအိုရေးကြောင့် ဝုလ်ဗ်စ်တို့ ကစားပုံမကောင်းခဲ့ဘဲ အဝေးကွင်းဆိုရင် ကစားပုံ ထက်မြက်ခြင်းမရှိတဲ့ ဘရိုက်တန်ကြောင့် သူတို့နှစ်သင်း ဂိုးမရှိသရေနဲ့ တစ်မှတ်စီ ခွဲယူခဲ့ရတာကတော့ ဥရောပဝင်ခွင့်အတွက် ကြိုးစားနေတဲ့ အိမ်ရှင်တွေ နစ်နာသွားခဲ့ရပါတယ်။

ဟိုဆေး မော်ရင်ဟိုရဲ့ ရှုံးပွဲဆက်နေတဲ့ စပါးစ်ကတော့ ဒီနေ့မှာ သရေလဒ်နဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပြီး ဘန်လေရဲ့ ခရစ္စ ဝုဒ်က ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူခဲ့တာကို ဒုတိယပိုင်းမှာ ဒယ်လီ အယ်လီရဲ့ ပင်နယ်တီနဲ့ သရေရယူသွားနိုင်ခဲ့တာဖြစ်ပြီး စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ် အကျဉ်းချုပ်ကို ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.