Match Report Premier League

VAR ေၾကာင့္ လူကၽြံေဘာကေန လြတ္ကင္းၿပီး ႏုိင္ပြဲရခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္အသင္းကေတာ့ ဒီေန႔မွာ ဝက္စ္ဟမ္းနဲ႔ပြဲကို ႏုိင္ပြဲရယူဖို႔ ကစားသမားေတြေရာ ပရိသတ္ေတြကပါ ေတာင့္တေနခဲ့ၾကၿပီး လာမယ့္ ပြဲက်န္ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ တစ္မွတ္ရဖို႔ အႏိုင္ႏုိင္႐ုန္းကန္ရမယ့္ ကြာဟခ်က္ေၾကာင့္ သုံးမွတ္ရယူႏုိင္ဖို႔ ပစ္မွတ္ထားခဲ့ေပမယ့္ ခက္ခက္ခဲခဲ ကစားၿပီးမွ အႏုိင္ရခဲ့တာလည္းျဖစ္ပါတယ္။

ပါဘလို မာရီရဲ႕ ပထမဆုံးပရီးမီးယားလိဂ္ပြဲထြက္ခြင့္ ရခဲ့တဲ့ပြဲမွာ နည္းျပ အာတီတာရဲ႕ လူထုတ္ပုံကေတာ့ သိပ္သဘာဝမက်ခဲ့ဘဲ အလယ္လူ ဆုိကရာတစ္ကို ညာေနာက္ခံမွာ ကစားခိုင္းခဲ့တာက ညာျခမ္းတုိက္စစ္တစ္ခုလုံးကို ပ်က္စီးေစခဲ့ၿပီး ဝက္စ္ဟမ္းတုိ႔ကို အသက္ရွဴေခ်ာင္ေစခဲ့တာပါ။

အာတီတာရဲ႕ ဆရာေဟာင္း ေဒးဗစ္မြဳိက္စ္ကလည္း ဒီေန႔ပြဲမွာ ဟဲလားကို အေထာင္ထားၿပီး အျမင့္ေဘာေတြအတြက္ ဦးတည္လာခဲ့ေပမယ့္ ပါဘလို မာရီရဲ႕ အရပ္အေမာင္းေၾကာင့္ ဓာတ္ျပယ္သြားခဲ့ၿပီး အန္တိုနီယိုနဲ႔ ဘိုဝင္တုိ႔ရဲ႕ ဘယ္ညာေတာင္ပံ တန္ျပန္တုိက္စစ္ေတြကိုေတာ့ အာဆင္နယ္တို႔ အသည္းအသန္ ကာကြယ္ေနခဲ့ရပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ခဲ့ၿပီး ဒုတိယပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ ပြဲခ်ိန္ ၇၉ မိနစ္မွာ အႏုိင္ဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။ ဒီဂိုးကို စည္းၾကပ္ အမ်ဳိးသမီးဒိုင္ ဆီယန္ မက္ဆီက အလံေထာင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ ကစားကြက္ထဲမပါတဲ့ နယ္လ္ဆန္တစ္ဦးတည္းသာ လူကၽြံေနတာျဖစ္ၿပီး ဂိုးဖန္တီးခဲ့တဲ့ အုိေဇးလ္နဲ႔ ဂိုးသြင္းတဲ့ လာကာဇက္တုိ႔ လူမကၽြံတာေၾကာင့္ ဂိုးရရွိခဲ့တာပါ။

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးေပါက္ ၂ ႀကိမ္သာ တည့္ခဲ့လို႔ ဂိုးရဖို႔ ခက္ခဲေနခဲ့ရာမွာ ရွားရွားပါးပါးတုိက္စစ္ဆင္ ဂိုးသြင္းႏိုင္မွဳဟာ စည္းၾကပ္ဒိုင္ေၾကာင့္ ပ်က္ျပယ္ေတာ့မလို ျဖစ္ခဲ့ရၿပီး VAR ၾကားဝင္ခဲ့လို႔သာ ႏုိင္ပြဲတစ္ပြဲနဲ႔အတူ သုံးမွတ္စုေဆာင္းႏုိင္ခဲ့တာျဖစ္ၿပီး ဒီနည္းပညာနဲ႔ ကံမစပ္တဲ့ ေျမာက္လန္ဒန္သားေတြအတြက္ ေပ်ာ္ရႊင္စရာ စေနေန႔ညျဖစ္ခဲ့ေၾကာင္း ေရးသားေဖာ္ျပလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းကတော့ ဒီနေ့မှာ ဝက်စ်ဟမ်းနဲ့ပွဲကို နိုင်ပွဲရယူဖို့ ကစားသမားတွေရော ပရိသတ်တွေကပါ တောင့်တနေခဲ့ကြပြီး လာမယ့် ပွဲကျန် မန်ချက်စတာစီးတီးနဲ့ပွဲမှာ တစ်မှတ်ရဖို့ အနိုင်နိုင်ရုန်းကန်ရမယ့် ကွာဟချက်ကြောင့် သုံးမှတ်ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ပါဘလို မာရီရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်ခွင့် ရခဲ့တဲ့ပွဲမှာ နည်းပြ အာတီတာရဲ့ လူထုတ်ပုံကတော့ သိပ်သဘာဝမကျခဲ့ဘဲ အလယ်လူ ဆိုကရာတစ်ကို ညာနောက်ခံမှာ ကစားခိုင်းခဲ့တာက ညာခြမ်းတိုက်စစ်တစ်ခုလုံးကို ပျက်စီးစေခဲ့ပြီး ဝက်စ်ဟမ်းတို့ကို အသက်ရှူချောင်စေခဲ့တာပါ။

အာတီတာရဲ့ ဆရာဟောင်း ဒေးဗစ်မွိုက်စ်ကလည်း ဒီနေ့ပွဲမှာ ဟဲလားကို အထောင်ထားပြီး အမြင့်ဘောတွေအတွက် ဦးတည်လာခဲ့ပေမယ့် ပါဘလို မာရီရဲ့ အရပ်အမောင်းကြောင့် ဓာတ်ပြယ်သွားခဲ့ပြီး အန်တိုနီယိုနဲ့ ဘိုဝင်တို့ရဲ့ ဘယ်ညာတောင်ပံ တန်ပြန်တိုက်စစ်တွေကိုတော့ အာဆင်နယ်တို့ အသည်းအသန် ကာကွယ်နေခဲ့ရပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ပွဲချိန် ၇၉ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကို စည်းကြပ် အမျိုးသမီးဒိုင် ဆီယန် မက်ဆီက အလံထောင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ ကစားကွက်ထဲမပါတဲ့ နယ်လ်ဆန်တစ်ဦးတည်းသာ လူကျွံနေတာဖြစ်ပြီး ဂိုးဖန်တီးခဲ့တဲ့ အိုဇေးလ်နဲ့ ဂိုးသွင်းတဲ့ လာကာဇက်တို့ လူမကျွံတာကြောင့် ဂိုးရရှိခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးပေါက် ၂ ကြိမ်သာ တည့်ခဲ့လို့ ဂိုးရဖို့ ခက်ခဲနေခဲ့ရာမှာ ရှားရှားပါးပါးတိုက်စစ်ဆင် ဂိုးသွင်းနိုင်မှုဟာ စည်းကြပ်ဒိုင်ကြောင့် ပျက်ပြယ်တော့မလို ဖြစ်ခဲ့ရပြီး VAR ကြားဝင်ခဲ့လို့သာ နိုင်ပွဲတစ်ပွဲနဲ့အတူ သုံးမှတ်စုဆောင်းနိုင်ခဲ့တာဖြစ်ပြီး ဒီနည်းပညာနဲ့ ကံမစပ်တဲ့ မြောက်လန်ဒန်သားတွေအတွက် ပျော်ရွှင်စရာ စနေနေ့ညဖြစ်ခဲ့ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.