Premier League Transfer News

ဘာစီလိုနာ ဒေဝါလီခံရလုနီးနီးဖြစ်နေတာကို နားလည်နိုင်စေမယ့် ပေါက်ကြားလာတဲ့ မက်ဆီရဲ့စာချုပ်ပါအချက်များ

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ကွင်းအတွင်းမှာလည်း အမှန်တကယ်ရုန်းကန်နေရပြီး လာလီဂါဖလားအတွက် ပြိုင်ပွဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ၁၀ မှတ်အကွာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

ဒီယေဂို ဆီမြွန်နီရဲ့အသင်းဟာ တစ်ပွဲလျော့နေတာကြောင့် ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ကြားက ကွာဟမှုက ပိုလို့တောင် များပြားလာနိုင်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ဘာစီလိုနာဟာ ပြီးခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲမှာ အက်သလက်တစ်ဘီလ်ဘာအိုကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆုဖလားတစ်လုံးရရှိမယ့်အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ ကွင်းပြင်ပ ပြဿနာတွေကလည်း ပိုလို့တောင် စိုးရိမ်စရာဖြစ်လာနေတာဖြစ်ပြီး ယခုအပတ်အစောပိုင်းက ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်အရ ၎င်းတို့ဟာ ပေါင် ၁.၁ ဘီလီယံ အကြွေးတင်နေတယ်လို့ သိရပါတယ်။

အဲဒီသတင်းဟာ စပိန်သတင်းစာ El Mundo ကို ဘာစီလိုနာအသင်းဟာ ဒေဝါလီခံရဖို့ အလွန်နီးစပ်နေပြီဆိုတဲ့ ပြောကြားမှုဆီ ဦးတည်စေခဲ့ပြီး ဘဏ္ဍာရေးအကြပ်အတည်းတွေ ဖြစ်နေတဲ့အချိန်မှာပဲ လီယွန်နယ် မက်ဆီရဲ့ စာချုပ်ပါ အသေးစိတ်အချက်အလက်တွေကို El Mundo ကပဲ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ El Mundo က မက်ဆီရဲ့ စာချုပ် ကော်ပီကို သတင်းရေးသားဖို့အတွက် ပြန်လည်ပြုပြင်ပြီး ဖော်ပြခဲ့တာဖြစ်ပြီး ယင်းစာချုပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ်ပြီး မယုံကြည်နိုင်ဖွယ် ယူရို ၅၅၅ သန်းကျော် တန်ကြေးရှိတဲ့ စာချုပ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

ယင်းပမာဏဟာ လစာ၊ ပုံရိပ်အသုံးပြုခနဲ့ ဆုကြေးငွေတွေအားလုံး အပြီးအစီး ပမာဏဖြစ်ပြီး တစ်ရာသီကို ယူရို ၁၃၈ သန်းအပြင် အခြားအပိုဆုကြေးငွေတွေလည်း ရရှိနေတာဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ချိန်တုန်းကလည်း စာချုပ်သစ် ချုပ်ဆိုခအဖြစ် စာချုပ်မှာ လက်မှတ်ထိုးရုံနဲ့ ယူရို ၁၁၅ သန်းကျော် ရရှိခဲ့တဲ့အပြင် သစ္စာရှိကြေးအဖြစ် ယူရို ၇၈ သန်းနီးပါးလည်း ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ယင်းစာချုပ်ထဲမှာ ပါဝင်တဲ့ ငွေကြေးပမာဏစုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းအထိ ရရှိထားခဲ့ပြီးဖြစ်တယ်လို့ El Mundo က ဖော်ပြခဲ့ပြီး ရူးသွပ်ချင်စရာကိန်းဂဏန်းတွေကြောင့် ဘာစီလိုနာအသင်း ဘာကြောင့် အကြွေးတွေအရမ်းများပြားနေလဲဆိုတာကို အံ့အားသင့်စရာမရှိတော့ပါဘူး။ အမှန်တကယ်တော့ မက်ဆီအတွက် ဘာစီလိုနာအသင်း ပေးချေခဲ့ရတဲ့ ငွေကြေး တစ်ကျပ်ကအစ တန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက အာဂျင်တီးနားကြယ်ပွင့် အသင်းအတွက် လုပ်ပေးခဲ့တာတွေကြောင့် ဘာမှ နှမျောတွန့်တိုစရာလည်း ရှိမှာမဟုတ်ပါဘူး။

ဒါပေမယ့် ဘာစီလိုနာအသင်း အကြွေးတွေ အရမ်းများနေတာက ယခုလာမယ့်နွေရာသီမှာ မက်ဆီ အသင်းကနေ ထွက်ခွာဖို့ ပိုလို့တောင် ဖြစ်နိုင်တဲ့ပုံပေါ်နေစေတာဖြစ်ပြီး ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လီယွန်နယ်မက်ဆီကိုလည်း ဘယ်လိုနည်းနဲ့မှှ စာချုပ်သစ် ချုပ်နိုင်မယ့်လမ်းလည်း မမြင်တော့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ လက္ရွိအခ်ိန္မွာ ကြင္းအတြင္းမွာလည္း အမွန္တကယ္႐ုန္းကန္ေနရၿပီး လာလီဂါဖလားအတြက္ ၿပိဳင္ပြဲမွာ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ၁၀ မွတ္အကြာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

ဒီေယဂို ဆီႁမြန္နီရဲ့အသင္းဟာ တစ္ပြဲေလ်ာ့ေနတာေၾကာင့္ ဘာစီလိုနာအသင္းနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ၾကားက ကြာဟမႈက ပိုလို႔ေတာင္ မ်ားျပားလာနိုင္ေသးတယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ၿပီး ဘာစီလိုနာဟာ ၿပီးခဲ့တဲ့ စပိန္စူပါဖလားၿပိဳင္ပြဲမွာ အက္သလက္တစ္ဘီလ္ဘာအိုကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဆုဖလားတစ္လုံးရရွိမယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဘာစီလိုနာအသင္းရဲ့ ကြင္းျပင္ပ ျပႆနာေတြကလည္း ပိုလို႔ေတာင္ စိုးရိမ္စရာျဖစ္လာေနတာျဖစ္ၿပီး ယခုအပတ္အေစာပိုင္းက ဘာစီလိုနာအသင္းရဲ့ ထုတ္ျပန္ခ်က္အရ ၎တို႔ဟာ ေပါင္ ၁.၁ ဘီလီယံ အေႂကြးတင္ေနတယ္လို႔ သိရပါတယ္။

အဲဒီသတင္းဟာ စပိန္သတင္းစာ El Mundo ကို ဘာစီလိုနာအသင္းဟာ ေဒဝါလီခံရဖို႔ အလြန္နီးစပ္ေနၿပီဆိုတဲ့ ေျပာၾကားမႈဆီ ဦးတည္ေစခဲ့ၿပီး ဘ႑ာေရးအၾကပ္အတည္းေတြ ျဖစ္ေနတဲ့အခ်ိန္မွာပဲ လီယြန္နယ္ မက္ဆီရဲ့ စာခ်ဳပ္ပါ အေသးစိတ္အခ်က္အလက္ေတြကို El Mundo ကပဲ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ El Mundo က မက္ဆီရဲ့ စာခ်ဳပ္ ေကာ္ပီကို သတင္းေရးသားဖို႔အတြက္ ျပန္လည္ျပဳျပင္ၿပီး ေဖာ္ျပခဲ့တာျဖစ္ၿပီး ယင္းစာခ်ဳပ္ဟာ ၂၀၁၇ ခုႏွစ္တုန္းက ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ျဖစ္ၿပီး မယုံၾကည္နိုင္ဖြယ္ ယူရို ၅၅၅ သန္းေက်ာ္ တန္ေၾကးရွိတဲ့ စာခ်ဳပ္ဆိုတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ယင္းပမာဏဟာ လစာ၊ ပုံရိပ္အသုံးျပဳခနဲ႔ ဆုေၾကးေငြေတြအားလုံး အၿပီးအစီး ပမာဏျဖစ္ၿပီး တစ္ရာသီကို ယူရို ၁၃၈ သန္းအျပင္ အျခားအပိုဆုေၾကးေငြေတြလည္း ရရွိေနတာျဖစ္ပါတယ္။ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ခ်ိန္တုန္းကလည္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခအျဖစ္ စာခ်ဳပ္မွာ လက္မွတ္ထိုး႐ုံနဲ႔ ယူရို ၁၁၅ သန္းေက်ာ္ ရရွိခဲ့တဲ့အျပင္ သစၥာရွိေၾကးအျဖစ္ ယူရို ၇၈ သန္းနီးပါးလည္း ရရွိခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ယင္းစာခ်ဳပ္ထဲမွာ ပါဝင္တဲ့ ေငြေၾကးပမာဏစုစုေပါင္းရဲ့ ၉၂ ရာခိုင္ႏႈန္းအထိ ရရွိထားခဲ့ၿပီးျဖစ္တယ္လို႔ El Mundo က ေဖာ္ျပခဲ့ၿပီး ႐ူးသြပ္ခ်င္စရာကိန္းဂဏန္းေတြေၾကာင့္ ဘာစီလိုနာအသင္း ဘာေၾကာင့္ အေႂကြးေတြအရမ္းမ်ားျပားေနလဲဆိုတာကို အံ့အားသင့္စရာမရွိေတာ့ပါဘူး။ အမွန္တကယ္ေတာ့ မက္ဆီအတြက္ ဘာစီလိုနာအသင္း ေပးေခ်ခဲ့ရတဲ့ ေငြေၾကး တစ္က်ပ္ကအစ တန္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခုေလာက္ကတည္းက အာဂ်င္တီးနားၾကယ္ပြင့္ အသင္းအတြက္ လုပ္ေပးခဲ့တာေတြေၾကာင့္ ဘာမွ ႏွေမ်ာတြန႔္တိုစရာလည္း ရွိမွာမဟုတ္ပါဘူး။

ဒါေပမယ့္ ဘာစီလိုနာအသင္း အေႂကြးေတြ အရမ္းမ်ားေနတာက ယခုလာမယ့္ေႏြရာသီမွာ မက္ဆီ အသင္းကေန ထြက္ခြာဖို႔ ပိုလို႔ေတာင္ ျဖစ္နိုင္တဲ့ပုံေပၚေနေစတာျဖစ္ၿပီး ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ လီယြန္နယ္မက္ဆီကို ဘယ္လိုနည္းနဲ႔မွွ စာခ်ဳပ္သစ္ ခ်ဳပ္နိုင္မယ့္လမ္းလည္း မျမင္ေတာ့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.