Premier League

Dead Line day အကြိုနေ့ နောက်ဆုံးရ ပရီးမီယားလိဂ် အပြောင်းအရွှေ့များ

-ထရက်ဇွန်စပေါ်အသင်းဟာ တော့တင်ဟမ်ဟော့စပါး အပယ်ခံ နောက်ခံကစားသမား ဒန်နီ ရို့စ်နဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ talkSPORT က ဖော်ပြခဲ့ပြီး နည်းပြမော်ရင်ဟိုလက်အောက်မှာ ပွဲထွက်ခွင့်မရဖြစ်နေတဲ့ အသက် ၃၀ အရွယ်ကစားသမားကို ၃ နှစ်ခွဲ စာချုပ် ကမ်းလှမ်းခဲ့တယ်လို့ သိရ။

-နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ဂျိုး ဝီလ်လော့ခ်ကို အငှားချချင်လာအောင် အာဆင်နယ်အသင်းကို စည်းရုံးနေတယ်လို့ သိရပြီး အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ စနေနေ့ညနေက ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံ ထိုင်နေခဲ့ရသူဖြစ်ပြီး ယခုရာသီ ၇ ပွဲကစားထားရာမှာ ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိသေးတယ်လို့ သိရ။

-မန်ချက်စတာစီးတီးအသင်းဟာ ဘရာဇီးလ်ဆယ်ကျော်သက်ကစားသမား ကေးကီကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းကို အလဲထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး အသက် ၁၇ နှစ်အရွယ် ဖလူမီနန့်စ်ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ ၁၂ လလောက်ကတည်းက လီဗာပူးလ်အသင်းရဲ့ စောင့်ကြည့်ခြင်းခံခဲ့ရသူဖြစ်သလို အန်းဖီးကို ပြောင်းရွှေ့ချင်လိုတဲ့ဆန္ဒရှိပုံပေါ်ခဲ့ပေမယ့် မန်စီးတီးကို ဖလူမီးနန့်စ်အသင်းက ကနဦး ပေါင် ၅ သန်းအပြင် သိသာထင်ရှားတဲ့ ထပ်ဆောင်းပေးချေမှုတွေ မျှော်လင့်နေ။ ဒါ့အပြင် မန်ချက်စတာစီးတီးအသင်းဟာ နောက်ထပ် ဖလူမီနန့်စ် လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ မီတင်ညိုကိုလည်း ကမ်းလှမ်းမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ ဖလူမီနန့်အသင်းဥက္ကဌက အတည်ပြုပြောကြားခဲ့ပြီး လူငယ်ကစားသမား ၂ ဦးအတွက် စုစုပေါင် ပေါင် ၉ သန်းဝန်းကျင် ကုန်ကျလိမ့်မယ်လို့ သိရ။

-လီဗာပူးလ်အသင်းဟာ လက်ကျန်ရာသီကုန်အထိ ၎င်းတို့ရဲ့ ဗဟိုခံစစ်နေရာအတွက် ဖြည့်ဆည်းပေးနိုင်မယ့် ကစားသမားအဖြစ် နယူးယောက်ရက်ဘူးလ်နောက်ခံကစားသမား အာရွန်လောင်းကို သတ်မှတ်ခဲ့တယ်လို့ သိရပြီး ယူအက်စ်အေလက်ရွေးစင်နော်ကခံကစားသမားဟာ အတွေ့အကြုံရှိပြီး ယာယီဖြေရှင်းနည်းအတွက် သင့်တော်တဲ့ပမာဏနဲ့ ခေါ်ယူနိုင်မှာဖြစ်တာကြောင့် လီဗာပူးလ်ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေတယ်လို့ ESPN က ဖော်ပြခဲ့။

-လက်စတာစီးတီးအသင်းဟာ ၎င်းတို့ရဲ့ တောင်ပံကစားသမား ဂရေးအတွက် လေဗာကူဆင်အသင်းနဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီမှု ရရှိခဲ့ပြီဖြစ်လို့ သိရပြီး ၆ လစာချုပ်သက်တမ်းသာ ကျန်ရှိတော့တဲ့ တောင်ပံကစားသမားအတွက် လေဗာကူဆင်အသင်းက ယူရို ၃ သန်း ပေးချေသွားရမှာဖြစ်တယ်လို့ Sky Deutschland က ဖော်ပြခဲ့။

-အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ် နောက်ခံကစားသမား ပက်ထရစ် ဗန် အန်ဟော့တ်ကို နောက်ကျ ခေါ်ယူမှုပြုလုပ်သွားဖို့ စဉ်းစားနေတယ်လို့ Daily Mirror က ဖော်ပြခဲ့ပြီး နည်းပြ အာတီတာဟာ အပြောင်းအရွှေ့စျေးကွက်ပိတ်မယ့် တနင်္လာနေ့ည မတိုင်မီ ကီရန် တီယာနီအတွက် ယှဉ်ပြိုင်မှုဖြစ်လာအောင်နဲ့ ဘယ်နောက်ခံနေရာအတွက် အရန်အနေနဲ့ထားလို့ရအောင် နောက်ခံကစားသမားသစ် ခေါ်ယူချင်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အာဆင်နယ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ စနေနေ့ည ပွဲစဉ်အပြီးမှာ အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဘရန်ဒန် ဝီလီယံအနေနဲ့ ယခုလမှာ အငှားနဲ့ အသင်းကို စွန့်ခွာမှာမဟုတ်ဘူးလို့ အတည်ပြု ပြောကြားခဲ့ပြီး နားချိန်မရှိတဲ့ ရာသီဖြစ်တာကြောင့် တောင့်တင်းတဲ့လူစာရင်းရှိဖို့လိုအပ်တယ်လို့ ပြောကြားခဲ့။

-တော့တင်ဟမ်ဟော့စပါးအသင်းဟာ အလားအလာများစွာရှိသူအဖြစ် သတ်မှတ်ခံထားရတဲ့ လိုက်ပ်ဇစ်နောက်ခံကစားသမား အီဘရာဟီမာ ကိုနာတေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမန်ဘောလုံးသတင်းထောက် ခရစ်ရှန် ဖော့ခ်က ပြောကြားခဲ့ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဗဟိုခံစစ်ရော၊ ညာနောက်ခံကစားသမားအဖြစ်ပါ ကစားပေးနိုင်တဲ့အတွက် စပါးအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်တယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ထရက္ဇြန္စေပၚအသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါး အပယ္ခံ ေနာက္ခံကစားသမား ဒန္နီ ရို႔စ္နဲ႔ သေဘာတူညီမႈ ရရွိသြားခဲ့ၿပီလို႔ talkSPORT က ေဖာ္ျပခဲ့ၿပီး နည္းျပေမာ္ရင္ဟိုလက္ေအာက္မွာ ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ အသက္ ၃၀ အရြယ္ကစားသမားကို ၃ ႏွစ္ခြဲ စာခ်ဳပ္ ကမ္းလွမ္းခဲ့တယ္လို႔ သိရ။

-နယူးကာဆယ္ယူနိုက္တက္အသင္းဟာ ဂ်ိဳး ဝီလ္ေလာ့ခ္ကို အငွားခ်ခ်င္လာေအာင္ အာဆင္နယ္အသင္းကို စည္း႐ုံးေနတယ္လို႔ သိရၿပီး အသက္ ၂၁ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ စေနေန႔ညေနက ယူနိုက္တက္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံ ထိုင္ေနခဲ့ရသူျဖစ္ၿပီး ယခုရာသီ ၇ ပြဲကစားထားရာမွာ ၂ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ရရွိေသးတယ္လို႔ သိရ။

-မန္ခ်က္စတာစီးတီးအသင္းဟာ ဘရာဇီးလ္ဆယ္ေက်ာ္သက္ကစားသမား ေကးကီကို ေခၚယူမယ့္ ၿပိဳင္ပြဲမွာ လီဗာပူးလ္အသင္းကို အလဲထုိးဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရၿပီး အသက္ ၁၇ ႏွစ္အရြယ္ ဖလူမီနန္႔စ္ၾကယ္ပြင့္ဟာ လြန္ခဲ့တဲ့ ၁၂ လေလာက္ကတည္းက လီဗာပူးလ္အသင္းရဲ႕ ေစာင့္ၾကည့္ျခင္းခံခဲ့ရသူျဖစ္သလုိ အန္းဖီးကို ေျပာင္းေရႊ႕ခ်င္လုိတဲ့ဆႏၵရွိပံုေပၚခဲ့ေပမယ့္ မန္စီးတီးကို ဖလူမီးနန္႔စ္အသင္းက ကနဦး ေပါင္ ၅ သန္းအျပင္ သိသာထင္ရွားတဲ့ ထပ္ေဆာင္းေပးေခ်မႈေတြ ေမွ်ာ္လင့္ေန။ ဒါ့အျပင္ မန္ခ်က္စတာစီးတီးအသင္းဟာ ေနာက္ထပ္ ဖလူမီနန္႔စ္ လူငယ္ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ မီတင္ညိဳကိုလည္း ကမ္းလွမ္းမႈ ျပဳလုပ္သြားမွာျဖစ္တယ္လုိ႔ ဖလူမီနန္႔အသင္းဥကၠဌက အတည္ျပဳေျပာၾကားခဲ့ၿပီး လူငယ္ကစားသမား ၂ ဦးအတြက္ စုစုေပါင္ ေပါင္ ၉ သန္းဝန္းက်င္ ကုန္က်လိမ့္မယ္လုိ႔ သိရ။

-လီဗာပူးလ္အသင္းဟာ လက္က်န္ရာသီကုန္အထိ ၎တို႔ရဲ့ ဗဟိုခံစစ္ေနရာအတြက္ ျဖည့္ဆည္းေပးနိုင္မယ့္ ကစားသမားအျဖစ္ နယူးေယာက္ရက္ဘူးလ္ေနာက္ခံကစားသမား အာရြန္ေလာင္းကို သတ္မွတ္ခဲ့တယ္လို႔ သိရၿပီး ယူအက္စ္ေအလက္ေရြးစင္ေနာ္ကခံကစားသမားဟာ အေတြ႕အၾကဳံရွိၿပီး ယာယီေျဖရွင္းနည္းအတြက္ သင့္ေတာ္တဲ့ပမာဏနဲ႔ ေခၚယူနိုင္မွာျဖစ္တာေၾကာင့္ လီဗာပူးလ္ရဲ့ ပစ္မွတ္ထဲမွာ ပါဝင္ေနတယ္လို႔ ESPN က ေဖာ္ျပခဲ့။

-လက္စတာစီးတီးအသင္းဟာ ၎တို႔ရဲ့ ေတာင္ပံကစားသမား ဂေရးအတြက္ ေလဗာကူဆင္အသင္းနဲ႔ ေျပာင္းေရႊ႕ေၾကးကို သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္လို႔ သိရၿပီး ၆ လစာခ်ဳပ္သက္တမ္းသာ က်န္ရွိေတာ့တဲ့ ေတာင္ပံကစားသမားအတြက္ ေလဗာကူဆင္အသင္းက ယူရို ၃ သန္း ေပးေခ်သြားရမွာျဖစ္တယ္လို႔ Sky Deutschland က ေဖာ္ျပခဲ့။

-အာဆင္နယ္အသင္းဟာ ခရစၥတယ္ပဲေလ့စ္ ေနာက္ခံကစားသမား ပက္ထရစ္ ဗန္ အန္ေဟာ့တ္ကို ေနာက္က် ေခၚယူမႈျပဳလုပ္သြားဖို႔ စဥ္းစားေနတယ္လို႔ Daily Mirror က ေဖာ္ျပခဲ့ၿပီး နည္းၿပ အာတီတာဟာ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္မယ့္ တနလၤာေန႔ည မတိုင္မီ ကီရန္ တီယာနီအတြက္ ယွဥ္ၿပိဳင္မႈျဖစ္လာေအာင္နဲ႔ ဘယ္ေနာက္ခံေနရာအတြက္ အရန္အေနနဲ႔ထားလို႔ရေအာင္ ေနာက္ခံကစားသမားသစ္ ေခၚယူခ်င္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ ဆိုးလ္ရွားက အာဆင္နယ္အသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ စေနေန႔ည ပြဲစဥ္အၿပီးမွာ အသင္းရဲ့ ဘယ္ေနာက္ခံကစားသမား ဘရန္ဒန္ ဝီလီယံအေနနဲ႔ ယခုလမွာ အငွားနဲ႔ အသင္းကို စြန႔္ခြာမွာမဟုတ္ဘူးလို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီး နားခ်ိန္မရွိတဲ့ ရာသီျဖစ္တာေၾကာင့္ ေတာင့္တင္းတဲ့လူစာရင္းရွိဖို႔လိုအပ္တယ္လို႔ ေျပာၾကားခဲ့။

-ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အလားအလာမ်ားစြာရွိသူအျဖစ္ သတ္မွတ္ခံထားရတဲ့ လုိက္ပ္ဇစ္ေနာက္ခံကစားသမား အီဘရာဟီမာ ကိုနာေတးကို ေခၚယူဖုိ႔ စိတ္ဝင္စားေနတယ္လို႔ ဂ်ာမန္ေဘာလံုးသတင္းေထာက္ ခရစ္ရွန္ ေဖာ့ခ္က ေျပာၾကားခဲ့ၿပီး အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ဗဟိုခံစစ္ေရာ၊ ညာေနာက္ခံကစားသမားအျဖစ္ပါ ကစားေပးႏုိင္တဲ့အတြက္ စပါးအသင္းရဲ႕ စိတ္ဝင္စားမႈကို ခံေနရတာျဖစ္တယ္လုိ႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.