Match Report Premier League

ေနာက္ထပ္အိမ္ကြင္းႏုိင္ပြဲတစ္ပြဲနဲ႔ စံခ်ိန္သစ္တစ္ခု ရရွိသြားခဲ့တဲ့ လီဗာပူးလ္

အိမ္ကြင္း အန္းဖီးလ္မွာ ယွဥ္ၿပဳိင္ကစားခဲ့ရေပမယ့္ ဘုန္းေမာက္ကို ေနာက္ကေန လုိက္ကစားခဲ့ရတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ႏွစ္ဂိုးျပန္သြင္းၿပီး အႏုိင္ရခဲ့တဲ့ပြဲမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္သစ္တစ္ခုျဖစ္တဲ့ အိမ္ကြင္း ၂၂ ပြဲဆက္အႏုိင္ မွတ္တမ္းကို ေရးထိုးႏုိင္ခဲ့ၿပီး အမွတ္အျပတ္အသတ္နဲ႔ ဆက္လက္ဦးေဆာင္ထားႏုိင္ခဲ့ပါတယ္။

ေနာက္ခံလူ ေရာဘတ္ဆန္ကို အနားေပးခဲ့ၿပီး ဒဏ္ရာက သက္သာလာခဲ့တဲ့ ဂ်ိမ္းစ္ မီလ္နာကို ဘယ္ေနာက္ခံေနရာမွာ ကစားခိုင္းခဲ့တဲ့ ဒီပြဲမွာ အဖြင့္ဂိုးကို ရရွိသြားခဲ့သူကေတာ့ ဧည့္သည္ဘုန္းေမာက္ျဖစ္ခဲ့ၿပီး ဂ်က္ဖာဆန္ လားမားရဲ႕ အနီးကပ္ ျဖတ္ပုိ႔ေပးမွဳကို ဂိုးသမား အက္ဒရီယန္ မကာကြယ္ႏုိင္ခဲ့ဘဲ ကယ္လမ္ ဝီလ္ဆင္က ပိတ္သြင္းသြားခဲ့တာပါ။

ပထမပိုင္းပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ဘုန္းေမာက္ေနာက္တန္းရဲ႕ ေဘာလုံးအထိန္းအသိမ္း ညံ့ဖ်င္းမွဳကေန လီဗာပူးလ္တို႔ ေခ်ပဂိုးျပန္ရသြားခဲ့ၿပီး ဒီေဘာလုံးကို ျဖတ္ယူႏုိင္ခဲ့တဲ့ မာေနးက ေဘးက ေျပးတက္လာတဲ့ ဆာလားဆီကို ခ်ေပးရမွာ ဆာလားက ေနာက္ခံလူေတြရဲ႕ ေျခေထာက္ၾကားကေန ကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ လီဗာပူးလ္တုိ႔ အႏိုင္ဂိုးကို သြင္းယူႏုိင္ခဲ့ၿပီး ဘုန္းေမာက္ကြင္းလယ္ကေန ေနာက္ခံလူ ဗန္ဒိုက္က လုယူၿပီး ထုိးေပးခဲ့တာကို လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ မာေနးက ဂိုးသမားရဲ႕ အေဝးတိုင္ဘက္ကို လွမ္းကန္ၿပီး အဆုံးသတ္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

ေနာက္ပုိင္းပြဲခ်ိန္ေတြမွာ လီဗာပူးလ္တုိ႔ အခြင့္အေရးေတြ အႀကိမ္ႀကိမ္ရရွိေနခဲ့ေပမယ့္လည္း အဆုံးသတ္ မေကာင္းမြန္ခဲ့လုိ႔ ဂိုးထပ္မရခဲ့ဘဲ တုိက္စစ္မွဴး ေရာဘတ္တို ဖာမီႏိုကေတာ့ အဆုံးသတ္ပုိင္းေတြ က်ဆင္းမွဳက သိသာေနခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ ဒီပြဲ အၿပီးမွာေတာ့ တနဂၤေႏြေန႔ မန္ခ်က္စတာဒါဘီမတုိင္ခင္မွာ ၂၅ မွတ္ျဖတ္ၿပီး ဦးေဆာင္သြားခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO SPORTS A2Z.

UNICODE: အိမ်ကွင်း အန်းဖီးလ်မှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘုန်းမောက်ကို နောက်ကနေ လိုက်ကစားခဲ့ရတဲ့ လီဗာပူးလ်အသင်းအနေနဲ့ နှစ်ဂိုးပြန်သွင်းပြီး အနိုင်ရခဲ့တဲ့ပွဲမှာတော့ ပရီးမီးယားလိဂ်ရဲ့ စံချိန်သစ်တစ်ခုဖြစ်တဲ့ အိမ်ကွင်း ၂၂ ပွဲဆက်အနိုင် မှတ်တမ်းကို ရေးထိုးနိုင်ခဲ့ပြီး အမှတ်အပြတ်အသတ်နဲ့ ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

နောက်ခံလူ ရောဘတ်ဆန်ကို အနားပေးခဲ့ပြီး ဒဏ်ရာက သက်သာလာခဲ့တဲ့ ဂျိမ်းစ် မီလ်နာကို ဘယ်နောက်ခံနေရာမှာ ကစားခိုင်းခဲ့တဲ့ ဒီပွဲမှာ အဖွင့်ဂိုးကို ရရှိသွားခဲ့သူကတော့ ဧည့်သည်ဘုန်းမောက်ဖြစ်ခဲ့ပြီး ဂျက်ဖာဆန် လားမားရဲ့ အနီးကပ် ဖြတ်ပို့ပေးမှုကို ဂိုးသမား အက်ဒရီယန် မကာကွယ်နိုင်ခဲ့ဘဲ ကယ်လမ် ဝီလ်ဆင်က ပိတ်သွင်းသွားခဲ့တာပါ။

ပထမပိုင်းပွဲချိန် ၂၅ မိနစ်မှာတော့ ဘုန်းမောက်နောက်တန်းရဲ့ ဘောလုံးအထိန်းအသိမ်း ညံ့ဖျင်းမှုကနေ လီဗာပူးလ်တို့ ချေပဂိုးပြန်ရသွားခဲ့ပြီး ဒီဘောလုံးကို ဖြတ်ယူနိုင်ခဲ့တဲ့ မာနေးက ဘေးက ပြေးတက်လာတဲ့ ဆာလားဆီကို ချပေးရမှာ ဆာလားက နောက်ခံလူတွေရဲ့ ခြေထောက်ကြားကနေ ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ လီဗာပူးလ်တို့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဘုန်းမောက်ကွင်းလယ်ကနေ နောက်ခံလူ ဗန်ဒိုက်က လုယူပြီး ထိုးပေးခဲ့တာကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ မာနေးက ဂိုးသမားရဲ့ အဝေးတိုင်ဘက်ကို လှမ်းကန်ပြီး အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးလ်တို့ အခွင့်အရေးတွေ အကြိမ်ကြိမ်ရရှိနေခဲ့ပေမယ့်လည်း အဆုံးသတ် မကောင်းမွန်ခဲ့လို့ ဂိုးထပ်မရခဲ့ဘဲ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကတော့ အဆုံးသတ်ပိုင်းတွေ ကျဆင်းမှုက သိသာနေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲ အပြီးမှာတော့ တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီမတိုင်ခင်မှာ ၂၅ မှတ်ဖြတ်ပြီး ဦးဆောင်သွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO SPORTS A2Z.