Premier League

စက်ရုပ်လူသားကို တက်သုတ်ရိုက်ခေါ်ဖို့ စီစဉ်နေပြီး ပရီးမီးယားလိဂ်နောက်ခံကစားသမားကိုလည်း စုံစမ်းမေးမြန်းထားတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ လိုင်လီအသင်းက ဆဗင် ဘော့တ်မန်းကို အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် တက်သုတ်ရိုက် ခေါ်သွားဖွယ်ရှိတယ်လို့ Sunday World က ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဂျိုရယ် မာတစ်ပ်ကို ဒဏ်ရာကြောင့် နောက်ထပ်တစ်ကြိမ် ဆုံးရှုံးခဲ့ရတဲ့အတွက် တနင်္လာနေ့ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မတိုင်မီ ခံစစ်ကစားသမားတစ်ဦး အရခေါ်ယူသွားဖို့ ဆုံးဖြတ်ချက် ချထားတယ်လို့ သိရပြီး ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ပိတ်ဖို့ ရက်ပိုင်းအလိုမှာ ဘော့တ်မန်းကို စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

မာတစ်ပ်ရဲ့ နောက်ဆုံးဒဏ်ရာဟာ ကြာသပတေးနေ့ညက စပါးအသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်းမှာ ရရှိခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် နောက်ခံကစားသမားရဲ့ နောက်ဆုံးရရှိခဲ့တဲ့ဒဏ်ရာကြောင့် ပွဲအပြီးမှာ နည်းပြ ကလော့ပ်အနေနဲ့ တော်တော်လေး စိတ်ထိခိုက်နေခဲ့တယ်လို့ လီဗာပူးလ်အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြချက်အရ သိရပါတယ်။

ရလဒ်အနေနဲ့ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ဟာ ဗန်ဒိုက်၊ ဂျိုး ဂိုးမက်ဇ်၊ ဖာဘင်ညိုနဲ့ မာတစ်ပ်တို့လို ကစားသမားတွေမပါဝင်ဘဲ ဝက်စ်ဟမ်းနဲ့ ကစားရမယ့် တနင်္ဂနွေနေ့ပွဲစဉ်ကို ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး ဗဟိုခံစစ်နေရာအတွက် ဟန်ဒါဆင်၊ နတ် ဖိလစ်၊ ဝီလီယံတို့ကိုသာ ကလော့ပ်အနေနဲ့ ရွေးချယ်စရာကျန်ရှိတော့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုလအစောပိုင်းတုန်းက ဘော့တ်မန်းကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့သေးပေမယ့် ဘဏ္ဍာရေးအခြေအနေကြောင့် စိတ်ဝင်စားမှုကို နောက်တဆင့် မတက်နိုင်ခဲ့တာဖြစ်တယ်လို့ Sunday World က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ကြိုတင်မမြင်နိုင်တဲ့ အခြေအနေအရပ်ရပ်က လီဗာပူးလ်အသင်းအတွက် တက်သုတ်ရိုက် ခေါ်ယူမှုပြုလုပ်ဖို့အတွက် ခိုင်လုံတဲ့အကြောင်းအရင်းတွေ ဖြစ်လာခဲ့ပြီး ကလော့ပ်အတွက် လုံးဝမဖြစ်မနေလိုအပ်နေတာကတော့ ဗဟိုခံစစ်ကစားသမားပဲ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမားဟာ ပီအက်စ်ဂျီ၊ လိုင်ယွန်တို့နဲ့ လီဂူးဝမ်းမှာ ဆုဖလားအတွက် ပြိုင်ပွဲဝင်နေရတဲ့ လိုင်လီအသင်းအတွက် လက်ရှိမှာ အကောင်းဆုံးစွမ်းဆောင်ပေးနေသူဖြစ်ပြီး စုစုပေါင်း ၂၇ ပွဲ ပါဝင်ကစားပေးထားရာမှာ ယခုရာသီပွဲစဉ်တစ်ပွဲကိုမှ လွဲချော်ထားခြင်းမရှိတဲ့ ကစားသမားဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ထပ်ဗဟိုခံစစ်နေရာအတွက် ဝက်စ်ဟမ်းယူနိုက်တက် နောက်ခံကစားသမား အစ်ဆာ ဒီအော့ပ်ကို ခေါ်ယူဖို့ မေးမြန်းစုံစမ်းမှု ပြုလုပ်ခဲ့တယ်လို့ The Athletic ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်စ်ဟာ အသင်းလူစာရင်းကို အပြောင်းအရွှေ့စျေးကွက်မပိတ်မီမှာ အားနည်းအောင် လုပ်ဖို့ထက် ပိုပြီးတောင့်တင်းလာအောင် လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းအတွက် ဗဟိုခံစစ်နေရာဟာ တော်တော်လေး ကစားသမားပေါများတဲ့ နေရာတစ်ခုဖြစ်ပြီး အိန်ဂျယ်လို အော့ဂ်ဘွန်နာ၊ ခရိတ် ဒေါ်ဆင်၊ ဖေဘီယန် ဘယ်ဘူအဲနာ စတဲ့ကစားသမားတွေက မယုံနိုင်ဖွယ် မြင့်မားတဲ့ခြေစွမ်းအဆင့်အတန်းကို ပြသနေကြတာဖြစ်ပါတယ်။

အစ်ဆာ ဒီအော့ပ်ဟာ ယခုရာသီမှာ ခက်ခက်ခဲခဲ ကစားနေခဲ့ရသူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက အငှားနဲ့ ထွက်ခွာခွင့်ပြုဖို့ မပြင်ဆင်ထားပေမယ့်လည်း စာချုပ်ထဲမှာ ပေါင်သန်း ၂၀ ကျော်ပမာဏနဲ့ အပြီးသတ်ဝယ်ယူဖို့ အချက်ပါရင်တော့ အခြေအနေပြောင်းလဲသွားနိုင်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ ခံစစ်ကစားသမား ခေါ်ယူမှုပြုလုပ်ဖို့ အမှန်တကယ်လိုအပ်နေတာဖြစ်ပြီး ဒီအော့ပ်က အဲဒီနေရာအတွက် သင့်တော်တဲ့သူလား ငြင်းခုန်စရာဖြစ်လာနိုင်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ပါရမီရှိသူဆိုတာ သံသယဖြစ်စရာမရှိပေမယ့် ကလော့ပ်အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ရလောက်အောင် တကယ်ကောင်းရဲ့လား မေးခွန်းထုတ်စရာပါပဲ။

တူးလူ့စ်နောက်ခံကစားသမားဟောင်းရဲ့ ဆုံးဖြတ်ချက်တွေဟာ တော်တော်လေး ဆိုးရွားခဲ့ပြီး အတွေ့အကြုံနဲ့ တိုးတက်အောင် လုပ်ကောင်းလုပ်လို့ ရနိုင်တဲ့အရာလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ လီဗာပူးလ်ကလည်း ဘယ်လိုပဲဖြစ်ဖြစ် ဗဟိုခံစစ်ကစားသမားတစ်ဦးကို အန်ဖီးအရောက်ခေါ်ယူဖို့ လိုအပ်နေတာဖြစ်တာကြောင့် လက်ရှိအချိန်မှာ ဒီအော့ပ်အနေနဲ့ လီဗာပူးလ်အတွက် ကစားပေးရလောက်တဲ့အဆင့်အတန်းမှာ မရှိနေဘူးဆိုပေမယ့် အန်းဖီးမှာဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားထဲက တစ်ဦးဖြစ်မလာဘူးလို့လည်း မပြောနိုင်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ လိုင္လီအသင္းက ဆဗင္ ေဘာ့တ္မန္းကို အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ တက္သုတ္ရိုက္ ေခၚသြားဖြယ္ရွိတယ္လို႔ Sunday World က ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္ဟာ ဂ်ိဳရယ္ မာတစ္ပ္ကို ဒဏ္ရာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ ဆုံးရႈံးခဲ့ရတဲ့အတြက္ တနလၤာေန႔ အေျပာင္းအေရႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မတိုင္မီ ခံစစ္ကစားသမားတစ္ဦး အရေခၚယူသြားဖို႔ ဆုံးျဖတ္ခ်က္ ခ်ထားတယ္လို႔ သိရၿပီး ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ဖို႔ ရက္ပိုင္းအလိုမွာ ေဘာ့တ္မန္းကို စိတ္ဝင္စားမႈ ျပန္လည္အသက္သြင္းဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

မာတစ္ပ္ရဲ့ ေနာက္ဆုံးဒဏ္ရာဟာ ၾကာသပေတးေန႔ညက စပါးအသင္းကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္းမွာ ရရွိခဲ့တာျဖစ္ၿပီး အသက္ ၂၉ ႏွစ္အရြယ္ ေနာက္ခံကစားသမားရဲ့ ေနာက္ဆုံးရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္ ပြဲအၿပီးမွာ နည္းၿပ ကေလာ့ပ္အေနနဲ႔ ေတာ္ေတာ္ေလး စိတ္ထိခိုက္ေနခဲ့တယ္လို႔ လီဗာပူးလ္အသင္းရဲ့တရားဝင္ဝက္ဘ္ဆိုက္က ေဖာ္ျပခ်က္အရ သိရပါတယ္။

ရလဒ္အေနနဲ႔ လီဗာပူးလ္အသင္းနည္းၿပ ကေလာ့ပ္ဟာ ဗန္ဒိုက္၊ ဂ်ိဳး ဂိုးမက္ဇ္၊ ဖာဘင္ညိဳနဲ႔ မာတစ္ပ္တို႔လို ကစားသမားေတြမပါဝင္ဘဲ ဝက္စ္ဟမ္းနဲ႔ ကစားရမယ့္ တနဂၤေႏြေန႔ပြဲစဥ္ကို ယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး ဗဟိုခံစစ္ေနရာအတြက္ ဟန္ဒါဆင္၊ နတ္ ဖိလစ္၊ ဝီလီယံတို႔ကိုသာ ကေလာ့ပ္အေနနဲ႔ ေရြးခ်ယ္စရာက်န္ရွိေတာ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ယခုလအေစာပိုင္းတုန္းက ေဘာ့တ္မန္းကို ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ခဲ့ေသးေပမယ့္ ဘ႑ာေရးအေျခအေနေၾကာင့္ စိတ္ဝင္စားမႈကို ေနာက္တဆင့္ မတက္နိုင္ခဲ့တာျဖစ္တယ္လို႔ Sunday World က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ႀကိဳတင္မျမင္နိုင္တဲ့ အေျခအေနအရပ္ရပ္က လီဗာပူးလ္အသင္းအတြက္ တက္သုတ္ရိုက္ ေခၚယူမႈျပဳလုပ္ဖို႔အတြက္ ခိုင္လုံတဲ့အေၾကာင္းအရင္းေတြ ျဖစ္လာခဲ့ၿပီး ကေလာ့ပ္အတြက္ လုံးဝမျဖစ္မေနလိုအပ္ေနတာကေတာ့ ဗဟိုခံစစ္ကစားသမားပဲ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ပီအက္စ္ဂ်ီ၊ လိုင္ယြန္တို႔နဲ႔ လီဂူးဝမ္းမွာ ဆုဖလားအတြက္ ၿပိဳင္ပြဲဝင္ေနရတဲ့ လိုင္လီအသင္းအတြက္ လက္ရွိမွာ အေကာင္းဆုံးစြမ္းေဆာင္ေပးေနသူျဖစ္ၿပီး စုစုေပါင္း ၂၇ ပြဲ ပါဝင္ကစားေပးထားရာမွာ ယခုရာသီပြဲစဥ္တစ္ပြဲကိုမွ လြဲေခ်ာ္ထားျခင္းမရွိတဲ့ ကစားသမားျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ေနာက္ထပ္ဗဟိုခံစစ္ေနရာအတြက္ ဝက္စ္ဟမ္းယူနိုက္တက္ ေနာက္ခံကစားသမား အစ္ဆာ ဒီေအာ့ပ္ကို ေခၚယူဖို႔ ေမးျမန္းစုံစမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ The Athletic ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဝက္စ္ဟမ္းနည္းၿပ ေဒးဗစ္မိုရက္စ္ဟာ အသင္းလူစာရင္းကို အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္မီမွာ အားနည္းေအာင္ လုပ္ဖို႔ထက္ ပိုၿပီးေတာင့္တင္းလာေအာင္ လုပ္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဝက္စ္ဟမ္းအသင္းအတြက္ ဗဟိုခံစစ္ေနရာဟာ ေတာ္ေတာ္ေလး ကစားသမားေပါမ်ားတဲ့ ေနရာတစ္ခုျဖစ္ၿပီး အိန္ဂ်ယ္လို ေအာ့ဂ္ဘြန္နာ၊ ခရိတ္ ေဒၚဆင္၊ ေဖဘီယန္ ဘယ္ဘူအဲနာ စတဲ့ကစားသမားေတြက မယုံနိုင္ဖြယ္ ျမင့္မားတဲ့ေျခစြမ္းအဆင့္အတန္းကို ျပသေနၾကတာျဖစ္ပါတယ္။

အစ္ဆာ ဒီေအာ့ပ္ဟာ ယခုရာသီမွာ ခက္ခက္ခဲခဲ ကစားေနခဲ့ရသူျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းက အငွားနဲ႔ ထြက္ခြာခြင့္ျပဳဖို႔ မျပင္ဆင္ထားေပမယ့္လည္း စာခ်ဳပ္ထဲမွာ ေပါင္သန္း ၂၀ ေက်ာ္ပမာဏနဲ႔ အၿပီးသတ္ဝယ္ယူဖို႔ အခ်က္ပါရင္ေတာ့ အေျခအေနေျပာင္းလဲသြားနိုင္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ဆက္လက္ထိန္းသိမ္းထားခ်င္တယ္ဆိုရင္ေတာ့ ခံစစ္ကစားသမား ေခၚယူမႈျပဳလုပ္ဖို႔ အမွန္တကယ္လိုအပ္ေနတာျဖစ္ၿပီး ဒီေအာ့ပ္က အဲဒီေနရာအတြက္ သင့္ေတာ္တဲ့သူလား ျငင္းခုန္စရာျဖစ္လာနိုင္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ပါရမီရွိသူဆိုတာ သံသယျဖစ္စရာမရွိေပမယ့္ ကေလာ့ပ္အတြက္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသနိုင္ရေလာက္ေအာင္ တကယ္ေကာင္းရဲ့လား ေမးခြန္းထုတ္စရာပါပဲ။

တူးလူ႔စ္ေနာက္ခံကစားသမားေဟာင္းရဲ့ ဆုံးျဖတ္ခ်က္ေတြဟာ ေတာ္ေတာ္ေလး ဆိုးရြားခဲ့ၿပီး အေတြ႕အၾကဳံနဲ႔ တိုးတက္ေအာင္ လုပ္ေကာင္းလုပ္လို႔ ရနိုင္တဲ့အရာလည္း ျဖစ္ခ်င္ျဖစ္ေနနိုင္ပါတယ္။ လီဗာပူးလ္ကလည္း ဘယ္လိုပဲျဖစ္ျဖစ္ ဗဟိုခံစစ္ကစားသမားတစ္ဦးကို အန္ဖီးအေရာက္ေခၚယူဖို႔ လိုအပ္ေနတာျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္မွာ ဒီေအာ့ပ္အေနနဲ႔ လီဗာပူးလ္အတြက္ ကစားေပးရေလာက္တဲ့အဆင့္အတန္းမွာ မရွိေနဘူးဆိုေပမယ့္ အန္းဖီးမွာဆိုရင္ေတာ့ ကမၻာ့အေကာင္းဆုံးေနာက္ခံကစားသမားထဲက တစ္ဦးျဖစ္မလာဘူးလို႔လည္း မေျပာနိုင္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.