Premier League Transfer News

30 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်နဲ့ တာဝန်ရှိသူတွေအတွက် အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချရစေမယ့် ဒဏ်ရာသုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပြီး ဗန်ဒိုက်က နွေရာသီ၊ ဂိုမက်ဇ်က ရာသီပိတ်ခါနီးမှ ပြန်ကစားနိုင်မှာ ဖြစ်သလို မာတစ်ပ်ကလည်း လနဲ့ချီပြီး နားရနိုင်တယ်လို့ သိရ။

– အာဆင်နယ်အသင်းဆီက သူတို့ရဲ့ ပေါင် ၃၅ သန်းတန် ပြောင်းရွှေ့ကြေးရှင် နောက်ခံလူ ရှကိုဒရန် မူစတာဖီအတွက် စာချုပ်ဖျက်သိမ်း ပေးနိုင်မလားဆိုတာကို ချိတ်ဆက်စုံစမ်းနေပြီး အဆင်ပြေမယ်ဆိုရင် ၂၈ နှစ်သားကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ရှိနေ။

– အိုလံပီယာကော့စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့အပြီးမှာ လီဗာပူးလ်အသင်းအတွက် ဖလားပွဲ ၄ ပွဲသာ ကစားခွင့်ရသေးတဲ့ နောက်ခံလူ ကော့စတတ်စ် ဆီမီကတ်စ်အနေနဲ့ ဒီအသင်းမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ယာဂန် ကလော့ပ်ရဲ့လက်အောက် ခြေစွမ်းပြခွင့်ရနိုင်ဖို့ မျှော်လင့်နေတယ်လို့ဆို။

– လီဗာပူးလ်အသင်းအနေနဲ့ သူတို့နဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ ရက်ဒ်ဘူးလ်အုပ်စုနဲ့ အပြောင်းအရွှေ့ပိတ်ခါနီးမှာ ကစားသမားတစ်ဦးကို အငှားခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး နယူးယောက် ရက်ဒ်ဘူးလ်အသင်းရဲ့ အမေရိကန်လက်ရွေးစင်နောက်ခံလူ အာရွန် လောင်းကို ချိတ်ဆက်နေ။

– သီယာဂို အယ်လ်ကန်တာရာကို ကွင်းလယ်အထိုင် နံပါတ် ၆ နေရာမှာ ကစားခိုင်းဖို့ အစီအစဉ်ကို နည်းပြ ကလော့ပ်အနေနဲ့ စွန့်လွှတ်ပြီး တိုက်စစ်မှူးတွေနောက်က နံပါတ် ၁၀ ဆန်ဆန် ကစားဖို့ လုပ်ဆောင်နေခဲ့ပြီလားလို့ စောင့်ကြည့်သူတွေက သုံးသပ်ခဲ့ကြပြီး စပါးစ်နဲ့ပွဲက သူ့ရဲ့ ပုံစံက ပိုမိုအလုပ်ဖြစ်ခဲ့တယ်လို့ ဆိုနေကြ။

– ပြီးခဲ့တဲ့ပွဲမှာ လီဗာပူးလ်နောက်တန်းနဲ့ ကွင်းလယ်ကစားသမားတွေရဲ့ ခြေချစရာမရှိအောင် ဝိုင်းဝန်းဖျက်ထုတ်ခဲ့ကြမှုကနေ ခြေကျင်းဝတ် ဒဏ်ရာရရှိသွားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ နှစ်လခန့် အနားယူရတော့မှာဖြစ်ကြောင်း သိရ။

– လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းက အလိုရှိနေခဲ့တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို တစ်ချက်ခုတ် နှစ်ချက်ပြတ် ပီအက်စ်ဂျီရောက်အောင် ဆုတောင်းရမှာဖြစ်ပြီး ပြိုင်ဘက်ရဲ့ အင်အား ကြီးထွားမလာအောင်နဲ့ သူတို့လိုချင်တဲ့ အမ်ဘာပေကို ခေါ်ယူရရှိနိုင်အောင် မျှော်လင့်ရမှာဖြစ်တယ်လို့ ဆိုနေကြ။

– ဝက်စ်ဟမ်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ နောက်ခံလူ နာသန် ဖိလစ်ကိုရော ကွင်းလယ်လူ ဖာဘင်ညိုကိုပါ မသုံးစွဲဘဲ ဟန်ဒါဆန်နဲ့ ရီးစ် ဝီလီယမ်စ်တို့နဲ့ ပွဲထွက်လာနိုင်ပြီး ကားတစ်ဂျုံးစ် ပါဝင်လာနိုင်တဲ့ ကွင်းလယ်ရှေ့မှာ MSF တိုက်စစ်ကိုပဲ ဆက်လက် သုံးစွဲဖွယ်ရှိတယ်လို့ လီဗာပူးလ်ပရိသတ်ဝက်ဘ်ဆိုက် ခန့်မှန်း။

– ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ သူ့ရဲ့ ရပ်တည်မှုနဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်းပြသဖို့ အချိန်ရောက်နေပြီလို့ စောင့်ကြည့်လေ့လာသူတွေက သတိပေးလိုက်ပြီး အဖြူအမည်း သဲသဲကွဲကွဲ မသိရမှုက အသင်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေကို ရှုပ်ထွေးစေကြောင်း သုံးသပ်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ တာဝန္ရွိသူေတြအတြက္ အေျပာင္းအေ႐ႊ႕ေဈးကြက္ထဲမွာ ျပတ္ျပတ္သားသား ဆုံးျဖတ္ခ်က္ ခ်ရေစမယ့္ ဒဏ္ရာသုံးသပ္ခ်က္ေတြ ထြက္ေပၚလာခဲ့ၿပီး ဗန္ဒိုက္က ေႏြရာသီ၊ ဂိုမက္ဇ္က ရာသီပိတ္ခါနီးမွ ျပန္ကစားႏိုင္မွာ ျဖစ္သလို မာတစ္ပ္ကလည္း လနဲ႔ခ်ီၿပီး နားရႏိုင္တယ္လို႔ သိရ။

– အာဆင္နယ္အသင္းဆီက သူတို႔ရဲ႕ ေပါင္ ၃၅ သန္းတန္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီအတြက္ စာခ်ဳပ္ဖ်က္သိမ္း ေပးႏိုင္မလားဆိုတာကို ခ်ိတ္ဆက္စုံစမ္းေနၿပီး အဆင္ေျပမယ္ဆိုရင္ ၂၈ ႏွစ္သားကိုပဲ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ရွိေန။

– အိုလံပီယာေကာ့စ္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့အၿပီးမွာ လီဗာပူးလ္အသင္းအတြက္ ဖလားပြဲ ၄ ပြဲသာ ကစားခြင့္ရေသးတဲ့ ေနာက္ခံလူ ေကာ့စတတ္စ္ ဆီမီကတ္စ္အေနနဲ႔ ဒီအသင္းမွာ ကမာၻ႔အေကာင္းဆုံးနည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕လက္ေအာက္ ေျခစြမ္းျပခြင့္ရႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ဆို။

– လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔နဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိေနတဲ့ ရက္ဒ္ဘူးလ္အုပ္စုနဲ႔ အေျပာင္းအေ႐ႊ႕ပိတ္ခါနီးမွာ ကစားသမားတစ္ဦးကို အငွားေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး နယူးေယာက္ ရက္ဒ္ဘူးလ္အသင္းရဲ႕ အေမရိကန္လက္ေ႐ြးစင္ေနာက္ခံလူ အာ႐ြန္ ေလာင္းကို ခ်ိတ္ဆက္ေန။

– သီယာဂို အယ္လ္ကန္တာရာကို ကြင္းလယ္အထိုင္ နံပါတ္ ၆ ေနရာမွာ ကစားခိုင္းဖို႔ အစီအစဥ္ကို နည္းျပ ကေလာ့ပ္အေနနဲ႔ စြန႔္လႊတ္ၿပီး တိုက္စစ္မႉးေတြေနာက္က နံပါတ္ ၁၀ ဆန္ဆန္ ကစားဖို႔ လုပ္ေဆာင္ေနခဲ့ၿပီလားလို႔ ေစာင့္ၾကည့္သူေတြက သုံးသပ္ခဲ့ၾကၿပီး စပါးစ္နဲ႔ပြဲက သူ႔ရဲ႕ ပုံစံက ပိုမိုအလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုေနၾက။

– ၿပီးခဲ့တဲ့ပြဲမွာ လီဗာပူးလ္ေနာက္တန္းနဲ႔ ကြင္းလယ္ကစားသမားေတြရဲ႕ ေျခခ်စရာမရွိေအာင္ ဝိုင္းဝန္းဖ်က္ထုတ္ခဲ့ၾကမႈကေန ေျခက်င္းဝတ္ ဒဏ္ရာရရွိသြားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းအေနနဲ႔ ႏွစ္လခန႔္ အနားယူရေတာ့မွာျဖစ္ေၾကာင္း သိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းက အလိုရွိေနခဲ့တဲ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ပီအက္စ္ဂ်ီေရာက္ေအာင္ ဆုေတာင္းရမွာျဖစ္ၿပီး ၿပိဳင္ဘက္ရဲ႕ အင္အား ႀကီးထြားမလာေအာင္နဲ႔ သူတို႔လိုခ်င္တဲ့ အမ္ဘာေပကို ေခၚယူရရွိႏိုင္ေအာင္ ေမွ်ာ္လင့္ရမွာျဖစ္တယ္လို႔ ဆိုေနၾက။

– ဝက္စ္ဟမ္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္မွာ ေနာက္ခံလူ နာသန္ ဖိလစ္ကိုေရာ ကြင္းလယ္လူ ဖာဘင္ညိဳကိုပါ မသုံးစြဲဘဲ ဟန္ဒါဆန္နဲ႔ ရီးစ္ ဝီလီယမ္စ္တို႔နဲ႔ ပြဲထြက္လာႏိုင္ၿပီး ကားတစ္ဂ်ဳံးစ္ ပါဝင္လာႏိုင္တဲ့ ကြင္းလယ္ေရွ႕မွာ MSF တိုက္စစ္ကိုပဲ ဆက္လက္ သုံးစြဲဖြယ္ရွိတယ္လို႔ လီဗာပူးလ္ပရိသတ္ဝက္ဘ္ဆိုက္ ခန႔္မွန္း။

– ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္အေနနဲ႔ သူ႔ရဲ႕ ရပ္တည္မႈနဲ႔ အနာဂတ္ကို ရွင္းရွင္းလင္းလင္းျပသဖို႔ အခ်ိန္ေရာက္ေနၿပီလို႔ ေစာင့္ၾကည့္ေလ့လာသူေတြက သတိေပးလိုက္ၿပီး အျဖဴအမည္း သဲသဲကြဲကြဲ မသိရမႈက အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ အစီအစဥ္ေတြကို ရႈပ္ေထြးေစေၾကာင္း သုံးသပ္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.