Premier League

ချဲလ်ဆီးက လမ်းပတ်နေရာမှာ နည်းပြမှားခန့်လိုက်ပြီလို့ ပြောခဲ့တဲ့ ပေါလ်မာဆန်

ပေါလ်မာဆန်က ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်ရဲ့နေရာမှာ သောမတ်စ် တူဟယ်ကို အစားထိုးခန့်အပ်ခဲ့တာ အမှားပြုလုပ်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး ပိုချက်တီနိုကမှ ချဲလ်ဆီးနည်းပြအလုပ်အတွက် ပိုပြီးသင့်တော်တဲ့သူ ဖြစ်လိမ့်ဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ဒေါ့မွန်နည်းပြဟောင်း သောမတ်စ် တူဟယ်ဟာ ချဲလ်ဆီးအသင်းက ဂန္တဝင်ကစားသမား ဖရန့်လမ်းပတ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ယခုအပတ်အစောပိုင်းမှာ နည်းပြသစ်အဖြစ် ထုတ်ဖော်ကြေညာခြင်း ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဂန္တဝင် ပေါလ်မာဆန်က တူဟယ်ဟာ အနောက်လန်ဒန်မှာ အရမ်းကြာကြာမနေရလောက်ဘူးလို့ ထင်မြင်နေပြီး ချဲလ်ဆီးအသင်းအနေနဲ့ ဇန်နဝါရီလအစမှာ ပိုချက်တီနို ပီအက်စ်ဂျီကို ကိုင်တွယ်ဖို့ သဘောမတူခင်ကတည်းက ဆက်သွယ်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် တာဝန်ယူကိုင်တွယ်နိုင်ခဲ့တဲ့အတွက် ချီးကျူးခြင်းခံခဲ့ရသူဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ ပီအက်စ်ဂျီနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

“ပိုချက်တီနိုကမှ သောမတ်စ် တူဟယ်ထက်စာရင် ချဲလ်ဆီးနည်းပြရာထူးအတွက် ပိုပြီး သင့်တော်ဦးမယ်။ ဟုတ်ပြီ၊ သူ့ရဲ့ တော့တင်ဟမ်ဟော့စပါးနဲ့အတိတ်ကြောင့် ချဲလ်ဆီးပရိသတ်တွေဆီက မကျေမနပ်ဖြစ်တာတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် ပိုချက်တီနိုက ပရီးမီးယားလိဂ်မန်နေဂျာအဖြစ် သက်သေပြခဲ့ပြီးသားပါ။ ကစားသမားအားလုံးကို ကောင်းကောင်းသိပြီးသားဖြစ်ပြီး တန်းပြီးတော့ အကျိုးသက်ရောက်မှု ပြသနိုင်မယ့်သူပါ”

“တူဟယ်က ပရီးမီးယားလိဂ်နဲ့ အသားကျဖို့၊ သူ့လူစာရင်းအကြောင်း သိသင့်တဲ့ဟာတွေအားလုံးကို သိဖို့ လအတော်ကြာကြာ အချိန်ယူရလိမ့်မယ်။ ဇန်နဝါရီလအစမှာ ပိုချက်တီနိုကက ပီအက်စ်ဂျီနည်းပြရာထူးကို လက်ခံခဲ့တယ်ဆိုတာ ကျွန်တော် သိပေမယ့် ချဲလ်ဆီးက သူတို့တွေ လမ်းပတ်ကို ထုတ်တော့မယ်ဆိုတာ သိနေခဲ့ရမှာပါ။ သူတို့တွေ ပိုချက်တီနိုကို စောင့်ဖို့ ပြောခဲ့ရမှာပါ။ ပိုချက်တီနိုက ပီအက်စ်ဂျီထက် ချဲလ်ဆီးနည်းပြပိုဖြစ်သင့်တယ်လို့ ကျွန်တော်ထင်တယ်”

“ပဲရစ်မှာ သူလုပ်ရမှာက အဲဒီလိဂ်ဖလားကို ရဖို့နဲ့ သူ့ကစားသမားတွေ သူတို့ အပတ်တိုင်းစီးတဲ့ ဖိနပ်တွေကို မှတ်မိနေတာ သေချာအောင် လုပ်ဖို့ပဲရှိတယ်။ သူ လန်ဒန်ကို ပြန်လာပြီး စပါးအသင်းက သူ့ကို ထုတ်ပယ်ခဲ့တာက အမှားလုပ်ခဲ့တယ်ဆိုတာကို ပြသဖို့ ပြန်လာလိမ့်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြဟောင်း ဖရန့်လမ်းပတ်ကတော့ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘောလုံးလောကနဲ့ ခပ်ဝေးဝေးနေပြီး မိသားစုအတွက် အချိန်ပေးနေမယ်ဆိုတာ ကျိန်းသေပါတယ်။ သောကြာနေ့က သူ့ရဲ့ ခွေးလေးကို ငြီးစီစီနိုင်တဲ့ လန်ဒန်မြို့ရဲ့ လမ်းမပေါ်မှာ ကျောင်းနေပြီး စိတ်ပြေလက်ပျောက်အနားယူနေတဲ့ ဓာတ်ပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ လမ်းပတ်ရဲ့မျက်နှာအမူအရာကိုကြည့်ပြီး ချဲလ်ဆီးအသင်းနဲ့ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်အတွက် စိတ်ခံစားမှု ပြင်းထန်နေဆဲဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပြီး နည်းပြလမ်းပတ်အပေါ် စာနာသနားနေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပါလ္မာဆန္က ခ်ဲလ္ဆီးအသင္းဟာ နည္းျပလမ္းပတ္ရဲ့ေနရာမွာ ေသာမတ္စ္ တူဟယ္ကို အစားထိုးခန႔္အပ္ခဲ့တာ အမွားျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ပိုခ်က္တီနိုကမွ ခ်ဲလ္ဆီးနည္းျပအလုပ္အတြက္ ပိုၿပီးသင့္ေတာ္တဲ့သူ ျဖစ္လိမ့္ဦးမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ ေဒါ့မြန္နည္းျပေဟာင္း ေသာမတ္စ္ တူဟယ္ဟာ ခ်ဲလ္ဆီးအသင္းက ဂႏၲဝင္ကစားသမား ဖရန႔္လမ္းပတ္ကို နည္းျပရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ပိုင္း ယခုအပတ္အေစာပိုင္းမွာ နည္းျပသစ္အျဖစ္ ထုတ္ေဖာ္ေၾကညာျခင္း ခံခဲ့ရသူျဖစ္ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ဂႏၲဝင္ ေပါလ္မာဆန္က တူဟယ္ဟာ အေနာက္လန္ဒန္မွာ အရမ္းၾကာၾကာမေနရေလာက္ဘူးလို႔ ထင္ျမင္ေနၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဇန္နဝါရီလအစမွာ ပိုခ်က္တီနို ပီအက္စ္ဂ်ီကို ကိုင္တြယ္ဖို႔ သေဘာမတူခင္ကတည္းက ဆက္သြယ္ခဲ့သင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပိုခ်က္တီနိုဟာ ပရီးမီးယားလိဂ္မွာ ေဆာက္သမ္တန္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ကို အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္ေအာင္ တာဝန္ယူကိုင္တြယ္နိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးျခင္းခံခဲ့ရသူျဖစ္ၿပီး ဇန္နဝါရီလ ၂ ရက္ေန႔မွာ ပီအက္စ္ဂ်ီနည္းျပအျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

“ပိုခ်က္တီနိုကမွ ေသာမတ္စ္ တူဟယ္ထက္စာရင္ ခ်ဲလ္ဆီးနည္းျပရာထူးအတြက္ ပိုၿပီး သင့္ေတာ္ဦးမယ္။ ဟုတ္ၿပီ၊ သူ႔ရဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔အတိတ္ေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြဆီက မေက်မနပ္ျဖစ္တာေတြ ရွိပါလိမ့္မယ္။ ဒါေပမယ့္ ပိုခ်က္တီနိုက ပရီးမီးယားလိဂ္မန္ေနဂ်ာအျဖစ္ သက္ေသျပခဲ့ၿပီးသားပါ။ ကစားသမားအားလုံးကို ေကာင္းေကာင္းသိၿပီးသားျဖစ္ၿပီး တန္းၿပီးေတာ့ အက်ိဳးသက္ေရာက္မႈ ျပသနိုင္မယ့္သူပါ”

“တူဟယ္က ပရီးမီးယားလိဂ္နဲ႔ အသားက်ဖို႔၊ သူ႔လူစာရင္းအေၾကာင္း သိသင့္တဲ့ဟာေတြအားလုံးကို သိဖို႔ လအေတာ္ၾကာၾကာ အခ်ိန္ယူရလိမ့္မယ္။ ဇန္နဝါရီလအစမွာ ပိုခ်က္တီနိုကက ပီအက္စ္ဂ်ီနည္းျပရာထူးကို လက္ခံခဲ့တယ္ဆိုတာ ကၽြန္ေတာ္ သိေပမယ့္ ခ်ဲလ္ဆီးက သူတို႔ေတြ လမ္းပတ္ကို ထုတ္ေတာ့မယ္ဆိုတာ သိေနခဲ့ရမွာပါ။ သူတို႔ေတြ ပိုခ်က္တီနိုကို ေစာင့္ဖို႔ ေျပာခဲ့ရမွာပါ။ ပိုခ်က္တီနိုက ပီအက္စ္ဂ်ီထက္ ခ်ဲလ္ဆီးနည္းျပပိုျဖစ္သင့္တယ္လို႔ ကၽြန္ေတာ္ထင္တယ္”

“ပဲရစ္မွာ သူလုပ္ရမွာက အဲဒီလိဂ္ဖလားကို ရဖို႔နဲ႔ သူ႔ကစားသမားေတြ သူတို႔ အပတ္တိုင္းစီးတဲ့ ဖိနပ္ေတြကို မွတ္မိေနတာ ေသခ်ာေအာင္ လုပ္ဖို႔ပဲရွိတယ္။ သူ လန္ဒန္ကို ျပန္လာၿပီး စပါးအသင္းက သူ႔ကို ထုတ္ပယ္ခဲ့တာက အမွားလုပ္ခဲ့တယ္ဆိုတာကို ျပသဖို႔ ျပန္လာလိမ့္မယ္ဆိုတာ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းနည္းျပေဟာင္း ဖရန႔္လမ္းပတ္ကေတာ့ နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ေဘာလုံးေလာကနဲ႔ ခပ္ေဝးေဝးေနၿပီး မိသားစုအတြက္ အခ်ိန္ေပးေနမယ္ဆိုတာ က်ိန္းေသပါတယ္။ ေသာၾကာေန႔က သူ႔ရဲ့ ေခြးေလးကို ၿငီးစီစီနိုင္တဲ့ လန္ဒန္ၿမိဳ႕ရဲ့ လမ္းမေပၚမွာ ေက်ာင္းေနၿပီး စိတ္ေျပလက္ေပ်ာက္အနားယူေနတဲ့ ဓာတ္ပုံေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ လမ္းပတ္ရဲ့မ်က္ႏွာအမူအရာကိုၾကည့္ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ျဖစ္ပ်က္ခဲ့တဲ့ျဖစ္ရပ္အတြက္ စိတ္ခံစားမႈ ျပင္းထန္ေနဆဲျဖစ္တယ္လို႔ ယုံၾကည္ခဲ့ၾကၿပီး နည္းျပလမ္းပတ္အေပၚ စာနာသနားေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.