Premier League Transfer News

29 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ကစားသမားသစ် မာတင် အော်ဒီဂွါဒ်ကို နည်းစနစ်ပိုင်း ကောင်းမွန်သူဖြစ်လို့ တိုက်စစ်နေရာအတော်များများမှာ အသုံးပြုနိုင်ကြောင်း ပြောကြားသွားခဲ့ပြီး ပရိသတ်အများစိုးရိမ်နေကြတဲ့ လူငယ်ကစားသမား အီမီးလ် စမစ်ရိုးအတွက် အနှောင့်အယှက်ဖြစ်စရာမရှိကြောင်း အရိပ်အမြွက်ဆိုသွားခဲ့။

– လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်အတွက် သောမတ်စ် ပါတေး ပါဝင်နိုင်ဖွယ်ရှိကြောင်း နည်းပြ အာတီတာ ရှင်းလင်းသွားခဲ့ပြီး အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းလည်း အသင်းနဲ့ ပြန်လည်ပူးပေါင်းလေ့ကျင့်နေပြီလို့ သိရ။

– ဘယ်နောက်ခံလူ အရန်တစ်နေရာအတွက် ဂျော်ဒန် အမာဗီဟာ အကောင်းဆုံးဖြစ်ပေမယ့် အသင်းရဲ့ လိုအပ်ချက်အရ Homegrown ကစားသမားတစ်ဦးမဟုတ်တာကြောင့် ခေါ်ယူဖို့ ချီတုံချတုံဖြစ်နေရပြီး ဘာထရန်နဲ့ မစ်ချဲလ်တို့အပြင် အာဆင်နယ်အသင်းအနေနဲ့ စကော့တလန်ကလပ် ဟိုက်ဘာနီးယန်းအသင်းက လူငယ်ကစားသမား ဂျော့ရှ် ဒွိုက်ကိုလည်း စဉ်းစားနေ။

– ပွဲထွက်ခွင့်နည်းပါးနေခဲ့သလို ခြေစွမ်းလည်း ကျဆင်းနေခဲ့တဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်အနေနဲ့ လက်ကျန်ရာသီဝက်ကို အငှားထွက်ကစားဖို့ ပြင်ဆင်နေတာကြောင့် ဝုလ်ဗ်စ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်အသင်းအတွက်လည်း ဘယ်နောက်ခံလူ တစ်ဦးကိုလည်း မဖြစ်မနေ ရှာဖွေသွားဖို့ရှိလာ။

– လီဗာပူးလ်အသင်းအနေနဲ့ ဆိုကရာတစ်ကို လက်လွှတ်ခဲ့ရအပြီးမှာ တကယ်လို့ ဈေးကွက်ထဲမှာ လှုပ်ရှားနိုင်ခြင်းမရှိဘူးဆိုရင် အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီကို ခေါ်ယူသွားဖို့ စောင့်ကြည့်နေပြီး မြောက်လန်ဒန်ကလပ်ဘက်က စာချုပ်ဖျက်သိမ်းချင်နေမှုအရ အငှားနဲ့ပဲ ဖြစ်ဖွယ်ရှိနေ။

– မိုနာကိုအသင်းအနေနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အလှပြကစားသမားပဲဖြစ်နေခဲ့တဲ့ လူးကပ်စ် တော်ရဲရားကို လက်ကျန် ရာသီမှာ အငှားနဲ့ ခေါ်ယူပြီး ရာသီကုန်မှာ အဆင်ပြေရင် အပြီးသတ် ခေါ်ယူသွားဖို့ ကြိုးစားနေပြီး အာဆင်နယ်ဘက်ကလည်း သဘောတူဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူ အသင်းခေါင်းဆောင်ဟောင်းကြီး တိုနီ အက်ဒမ်စ်က အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးဟာ ဥရောပဈေးကွက်မှာ နုလွန်းသေးပြီး အေးဂျင့်တွေ လှည့်စားသမျှ ခံနေရသူဖြစ်သလို ဝီလီယန်ကို ခေါ်ယူမှုကတော့ အသင်းအတွက် အရှုံးသက်သက်ပဲလို့ ပြစ်တင်ဝေဖန်သွားခဲ့။

– အပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အာဆင်နယ်အသင်းအနေနဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်မှုကို လာမယ့်ရက်ပိုင်းအတွင်း အဖြူအမည်း သဲသဲကွဲကွဲ သိရဖွယ်ရှိနေတယ်လို့ဆို။

– ဘယ်တောင်ပံကနေ ညာတောင်ပံကို ပြောင်းလဲကစားပြီး ကြိုးစားမှုရဲ့ အသီးအပွင့်တွေကို ခံစားနေရတဲ့ လူငယ်ကစားသမား ဘူကာယို ဆာကာဟာ လာမယ့်နှစ်တွေအတွင်းမှာ အာယန် ရော့ဘင်နဲ့ ဂါရက် ဘေးလ်တို့လိုမျိုး ထူးခြားကောင်းမွန်လာမယ့် ကစားသမားလို့ စောင့်ကြည့်သူတွေက သုံးသပ်သွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:










REF: INTERNET SOURCES
SPORTS A2Z.