Match Report Premier League

သတ္တိမရှိတဲ့ မော်ရင်ညိုကို စွန့်စားရဲတဲ့ ကလော့ပ်က အလဲထိုးခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ ပြတ်သားတဲ့ နိုင်ပွဲ

ဒီနေ့ပွဲမှာ အိမ်ရှင် စပါးစ်အသင်းအနေနဲ့ ၃-၄-၃ ကစားကွက်ကို အခြေခံပွဲထွက်လာခဲ့ပြီး လီဗာပူးလ်တို့ အားသန်တဲ့ တောင်ပံတွေကို ပိတ်ဆို့ဖို့ ခံစစ်အစွန်တွေကို လူပိုသုံးခဲ့သလို ဆာလားကို ပိတ်ဆို့ဖို့ ညာသန် ဒိုဟာတီကို ဘယ်ခြမ်း Wing Back အဖြစ် သုံးခဲ့ပြီး ဧည့်သည်တွေကတော့ ဖာဘင်ညို မပါနိုင်ချိန်မှာ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းအဖြစ် မာတစ်ပ်ကို ဟန်ဒါဆန်နဲ့ ခံစစ်မှာ တွဲပေးပြီး ပွဲထွက်လာခဲ့ပါတယ်။

အဝေးကွင်းမှာဖြစ်ပေမယ့် လီဗာပူးလ်တို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး စပါးစ်ကတော့ ထုံးစံအတိုင်း ကောင်တာတွေကနေ ထိုးနှက်ဖို့ ကြိုးစားနေခဲ့သလို စောစောစီးစီးမှာပဲ ချစ်ကြည်ရေး ပြန်ရသွားပုံပေါ်တဲ့ ဆာလားနဲ့ မာနေးတို့ရဲ့ အပြန်အလှန်တွဲလုံးနဲ့ ထိုးဖောက်မှုကို မြင်ခဲ့ရတာပါ။

ပွဲချိန် ၄ မိနစ်မှာတော့ စပါးစ်ဘက်က ဆွန်ဟောင်မင် လူကျွံနေလို့ လီဗာပူးလ်တို့ ဂိုးမပေးရဘဲ သက်သာခွင့်ရခဲ့ပြီး ဧည့်သည်ကွင်းလယ်လူ သီယာဂိုကတော့ အရွယ်အစားနဲ့ မလိုက်အောင် ကွင်းလယ်မှာ ဖိုက်တာလုပ်နေခဲ့သလို သူ့ရဲ့ အဝါဖြစ်ထိုက်တဲ့ ဖျက်ထုတ်မှုတွေကနေ တစ်ကြိမ်သာ အပြခံခဲ့ရပြီး ဒိုင်လူကြီးက သက်ညှာပေးခဲ့ပါတယ်။

အာနိုးလ်ဒ်ရဲ့ ညာခြမ်းကတော့ မကြာခဏဆိုသလို ပေါက်ထွက်နေခဲ့ပြီး ဆွန်ဟောင်မင် လောကြီးနေခဲ့သလို ကိန်းကလည်း ဖျက်ထုတ်ခံရမှု တွေကြောင့် ကြံ့ခိုင်မှု အနည်းငယ်ကျဆင်းသွားပြီး တွဲဖက်အဖြစ် အချိန်မီ ရောက်မလာနိုင်ချိန်မှာ လီဗာပူးလ်နောက်တန်းနဲ့ ဂိုးသမား အယ်လစ်ဆန်တို့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စပါးစ်တို့ အနည်းငယ် ပျာလာသလို နှေးကွေးနေတဲ့ ဒိုင်ယာဦးဆောင်တဲ့ နောက်တန်းကို လီဗာပူးလ်တို့ ပိုမိုထိုးဖောက်ခွင့်ရလာပြီး ပထမပိုင်းရဲ့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ မာနေးက ချိုးပေးတာကနေ ဒိုင်ယာ ပိတ်ဆို့ဖို့ နောက်ကျနေခဲ့ရာမှာ သူနဲ့ ဂိုးသမား လိုရစ်တို့ကြားက ဖာမီနိုက ပြေးပိတ်ပြီး လီဗာပူးလ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဒဏ်ရာရသွားတဲ့ ဟာရီကိန်းနဲ့ ညာခြမ်းက သုံးစားမရတဲ့ အော်ရီယေးတို့နေရာမှာ မော်ရင်ညိုက လာမယ်လာနဲ့ ဟာရီ ဝင့်ခ်စ်တို့ကို ထည့်ခဲ့သလို ကလော့ပ်ကတော့ ကြံ့ခိုင်မှု စိတ်မချရသေးတဲ့ မာတစ်ပ်နေရာမှာ နာသန် ဖိလစ်ကို ထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ကြပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာတော့ ကစားကွက်ပြောင်းထားတာကို ကြောင်နေတဲ့ စပါးစ်နောက်တန်းရဲ့ နေရာယူပုံအမှားကနေ မာနေးရဲ့ ကန်ချက်ကို လိုရစ် ပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို ညာခြမ်းက လိုက်လာတဲ့ အာနိုးလ်ဒ်က ဖြတ်ကန်ပြီး လီဗာပူးလ်တို့အတွက် ဒုတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာတော့ ကွင်းလယ်အဖျက်သမား မရှိတဲ့ဒဏ်ကို လီဗာပူးလ်တို့ ခံခဲ့ရပြီး စပါးစ်ဘယ်ခြမ်းကနေ ဘာ့ဂ်ဗိန်း ဆွဲဝင်လာပြီး အလယ်ကို ပြန်ချပေးရာမှာ မီလ်နာ မကာကွယ်နိုင်လို့ လွတ်နေတဲ့ ကွက်လပ်ကနေ ဟွိုင်ဘယာ့ဂ်က ကန်သွင်းခဲ့ရာမှာ အယ်လစ်ဆန် မကာကွယ်နိုင်လို့ အိမ်ရှင်တွေ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့တာပါ။

စပါးစ်ရဲ့ ကစားကွက် အပြောင်းအလဲကတော့ ခံစစ်မှာ နေရာယူပုံက အမှားအယွင်းများဆဲဖြစ်ပြီး ပွဲချိန် ၅၆ မိနစ်က ဆာလားရဲ့ သွင်းဂိုးမှာ တားဆီးကာကွယ်နိုင်ခြင်းမရှိခဲ့သလို ဒီဂိုးမှာ ဘောလုံးပေးတဲ့ ဖာမီနို လက်ထိနေခဲ့လို့သာ သက်သာခဲ့သလို တိုက်စစ်မှာ ဟာရီကိန်းနေရာ ဝင်လာခဲ့တဲ့ လာမယ်လာကြောင့် ၁၀ ယောက်နဲ့ ကစားရသလိုဖြစ်နေပြီး ကားလို့စ် ဗီနီးရှပ်စ်ကို မသုံးရဲတဲ့ သူရဲဘောကြောင်မှုအတွက် ပေးဆပ်ခဲ့ရတယ်လို့ပဲ မြင်မိပါတယ်။

ဒါပေမယ့် ခံစစ်ပြဿနာက ကြီးမားဆဲဖြစ်တဲ့ စပါးစ်မှာ မော်ရင်ညိုဟာ အယ်လ်ဒါဝီရယ်လ် မပါရင် ဘာမှ လုပ်လို့ မရဘူးဆိုတာကို ပြသနေပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ဘောကို ထိန်းသိမ်းပုံမှားတဲ့ ဂျိုးရိုဒန်ကြောင့် ပြန်ကျလာတဲ့ ဘောလုံးကနေ မာနေးက တတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

တတိယဂိုး ပေးရအပြီးမှာတော့ စပါးစ်တို့ ခံစစ်သက်သက်ဖြစ်သွားခဲ့ပြီး လီဗာပူးလ်တို့ကတော့ ထရိန်နင်ဆင်းနေသလိုမျိုး ပွဲကို ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားနိုင်ခဲ့သလို မကြာခဏ ထိုးဖောက်ကန်သွင်းနေခဲ့ပြီး မော်ရင်ညိုကတော့ ဂါရက်ဘေးလ်ကို နောက်ဆုံး ဂဠုန်ဆားချက်မှုအဖြစ်နဲ့သာ ဘာ့ဂ်ဗိန်း နေရာမှာ လူစားလဲရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ လီဗာပူးလ်တို့အနေနဲ့ စပါးစ်တို့ရဲ့ အမှားကိုပဲ စောင့်ကစားသွားခဲ့ပြီး လူစားဝင်လာတဲ့ ဘေးလ်ထက် တစ်ဖက်ခံစစ်က ပိုပြီး အဆင့်မြင့်နေတာကြောင့် မော်ရင်ညိုရဲ့ ပြင်ဆင်မှု၊ ဆုံးဖြတ်ချက်နဲ့ ဗျူဟာတွေ မှားခဲ့တဲ့ပွဲမှာ ယာဂန် ကလော့ပ်ကတော့ ခံစစ်မှာ လူမစုံပေမယ့်လည်း ကွင်းလယ်၊ တိုက်စစ်တွေအားနဲ့ အနိုင်သုံးမှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ လက်ရှိချန်ပီယံတို့အနေနဲ့ ပွဲ ၂၀ ကစားအပြီးမှာ ၃၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ချန်ပီယံပြေးလမ်းထဲက ထွက်မသွားအောင် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး စပါးစ်ကတော့ ဒီလိုအချိန်တွေမှာ ထက်မြက်မှုကို ပြသဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုရမှာဖြစ်သလို ပထမအကျော့ အန်းဖီးလ်က ရှုံးကြွေးကို မဆပ်နိုင်ခဲ့ဘဲ အဆင့် ၆ မှာသာ ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲမွာ အိမ္ရွင္ စပါးစ္အသင္းအေနနဲ႔ ၃-၄-၃ ကစားကြက္ကို အေျခခံပြဲထြက္လာခဲ့ၿပီး လီဗာပူးလ္တို႔ အားသန္တဲ့ ေတာင္ပံေတြကို ပိတ္ဆို႔ဖို႔ ခံစစ္အစြန္ေတြကို လူပိုသုံးခဲ့သလို ဆာလားကို ပိတ္ဆို႔ဖို႔ ညာသန္ ဒိုဟာတီကို ဘယ္ျခမ္း Wing Back အျဖစ္ သုံးခဲ့ၿပီး ဧည့္သည္ေတြကေတာ့ ဖာဘင္ညိဳ မပါႏိုင္ခ်ိန္မွာ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းအျဖစ္ မာတစ္ပ္ကို ဟန္ဒါဆန္နဲ႔ ခံစစ္မွာ တြဲေပးၿပီး ပြဲထြက္လာခဲ့ပါတယ္။

အေဝးကြင္းမွာျဖစ္ေပမယ့္ လီဗာပူးလ္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားႏိုင္ခဲ့ၿပီး စပါးစ္ကေတာ့ ထုံးစံအတိုင္း ေကာင္တာေတြကေန ထိုးႏွက္ဖို႔ ႀကိဳးစားေနခဲ့သလို ေစာေစာစီးစီးမွာပဲ ခ်စ္ၾကည္ေရး ျပန္ရသြားပုံေပၚတဲ့ ဆာလားနဲ႔ မာေနးတို႔ရဲ႕ အျပန္အလွန္တြဲလုံးနဲ႔ ထိုးေဖာက္မႈကို ျမင္ခဲ့ရတာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာေတာ့ စပါးစ္ဘက္က ဆြန္ေဟာင္မင္ လူကြၽံေနလို႔ လီဗာပူးလ္တို႔ ဂိုးမေပးရဘဲ သက္သာခြင့္ရခဲ့ၿပီး ဧည့္သည္ကြင္းလယ္လူ သီယာဂိုကေတာ့ အ႐ြယ္အစားနဲ႔ မလိုက္ေအာင္ ကြင္းလယ္မွာ ဖိုက္တာလုပ္ေနခဲ့သလို သူ႔ရဲ႕ အဝါျဖစ္ထိုက္တဲ့ ဖ်က္ထုတ္မႈေတြကေန တစ္ႀကိမ္သာ အျပခံခဲ့ရၿပီး ဒိုင္လူႀကီးက သက္ညႇာေပးခဲ့ပါတယ္။

အာႏိုးလ္ဒ္ရဲ႕ ညာျခမ္းကေတာ့ မၾကာခဏဆိုသလို ေပါက္ထြက္ေနခဲ့ၿပီး ဆြန္ေဟာင္မင္ ေလာႀကီးေနခဲ့သလို ကိန္းကလည္း ဖ်က္ထုတ္ခံရမႈ ေတြေၾကာင့္ ႀကံ့ခိုင္မႈ အနည္းငယ္က်ဆင္းသြားၿပီး တြဲဖက္အျဖစ္ အခ်ိန္မီ ေရာက္မလာႏိုင္ခ်ိန္မွာ လီဗာပူးလ္ေနာက္တန္းနဲ႔ ဂိုးသမား အယ္လစ္ဆန္တို႔ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စပါးစ္တို႔ အနည္းငယ္ ပ်ာလာသလို ေႏွးေကြးေနတဲ့ ဒိုင္ယာဦးေဆာင္တဲ့ ေနာက္တန္းကို လီဗာပူးလ္တို႔ ပိုမိုထိုးေဖာက္ခြင့္ရလာၿပီး ပထမပိုင္းရဲ႕ နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ မာေနးက ခ်ိဳးေပးတာကေန ဒိုင္ယာ ပိတ္ဆို႔ဖို႔ ေနာက္က်ေနခဲ့ရာမွာ သူနဲ႔ ဂိုးသမား လိုရစ္တို႔ၾကားက ဖာမီႏိုက ေျပးပိတ္ၿပီး လီဗာပူးလ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေစခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဒဏ္ရာရသြားတဲ့ ဟာရီကိန္းနဲ႔ ညာျခမ္းက သုံးစားမရတဲ့ ေအာ္ရီေယးတို႔ေနရာမွာ ေမာ္ရင္ညိဳက လာမယ္လာနဲ႔ ဟာရီ ဝင့္ခ္စ္တို႔ကို ထည့္ခဲ့သလို ကေလာ့ပ္ကေတာ့ ႀကံ့ခိုင္မႈ စိတ္မခ်ရေသးတဲ့ မာတစ္ပ္ေနရာမွာ နာသန္ ဖိလစ္ကို ထည့္ၿပီး အေျပာင္းအလဲလုပ္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ကစားကြက္ေျပာင္းထားတာကို ေၾကာင္ေနတဲ့ စပါးစ္ေနာက္တန္းရဲ႕ ေနရာယူပုံအမွားကေန မာေနးရဲ႕ ကန္ခ်က္ကို လိုရစ္ ပုတ္ထုတ္လိုက္တဲ့ ေဘာလုံးကို ညာျခမ္းက လိုက္လာတဲ့ အာႏိုးလ္ဒ္က ျဖတ္ကန္ၿပီး လီဗာပူးလ္တို႔အတြက္ ဒုတိယဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ကြင္းလယ္အဖ်က္သမား မရွိတဲ့ဒဏ္ကို လီဗာပူးလ္တို႔ ခံခဲ့ရၿပီး စပါးစ္ဘယ္ျခမ္းကေန ဘာ့ဂ္ဗိန္း ဆြဲဝင္လာၿပီး အလယ္ကို ျပန္ခ်ေပးရာမွာ မီလ္နာ မကာကြယ္ႏိုင္လို႔ လြတ္ေနတဲ့ ကြက္လပ္ကေန ဟြိဳင္ဘယာ့ဂ္က ကန္သြင္းခဲ့ရာမွာ အယ္လစ္ဆန္ မကာကြယ္ႏိုင္လို႔ အိမ္ရွင္ေတြ ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့တာပါ။

စပါးစ္ရဲ႕ ကစားကြက္ အေျပာင္းအလဲကေတာ့ ခံစစ္မွာ ေနရာယူပုံက အမွားအယြင္းမ်ားဆဲျဖစ္ၿပီး ပြဲခ်ိန္ ၅၆ မိနစ္က ဆာလားရဲ႕ သြင္းဂိုးမွာ တားဆီးကာကြယ္ႏိုင္ျခင္းမရွိခဲ့သလို ဒီဂိုးမွာ ေဘာလုံးေပးတဲ့ ဖာမီႏို လက္ထိေနခဲ့လို႔သာ သက္သာခဲ့သလို တိုက္စစ္မွာ ဟာရီကိန္းေနရာ ဝင္လာခဲ့တဲ့ လာမယ္လာေၾကာင့္ ၁၀ ေယာက္နဲ႔ ကစားရသလိုျဖစ္ေနၿပီး ကားလို႔စ္ ဗီနီးရွပ္စ္ကို မသုံးရဲတဲ့ သူရဲေဘာေၾကာင္မႈအတြက္ ေပးဆပ္ခဲ့ရတယ္လို႔ပဲ ျမင္မိပါတယ္။

ဒါေပမယ့္ ခံစစ္ျပႆနာက ႀကီးမားဆဲျဖစ္တဲ့ စပါးစ္မွာ ေမာ္ရင္ညိဳဟာ အယ္လ္ဒါဝီရယ္လ္ မပါရင္ ဘာမွ လုပ္လို႔ မရဘူးဆိုတာကို ျပသေနၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အာႏိုးလ္ဒ္ရဲ႕ ျဖတ္တင္ေဘာကို ထိန္းသိမ္းပုံမွားတဲ့ ဂ်ိဳး႐ိုဒန္ေၾကာင့္ ျပန္က်လာတဲ့ ေဘာလုံးကေန မာေနးက တတိယ ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

တတိယဂိုး ေပးရအၿပီးမွာေတာ့ စပါးစ္တို႔ ခံစစ္သက္သက္ျဖစ္သြားခဲ့ၿပီး လီဗာပူးလ္တို႔ကေတာ့ ထရိန္နင္ဆင္းေနသလိုမ်ိဳး ပြဲကို ပိုင္ပိုင္ႏိုင္ႏိုင္ စိုးမိုးထားႏိုင္ခဲ့သလို မၾကာခဏ ထိုးေဖာက္ကန္သြင္းေနခဲ့ၿပီး ေမာ္ရင္ညိဳကေတာ့ ဂါရက္ေဘးလ္ကို ေနာက္ဆုံး ဂဠဳန္ဆားခ်က္မႈအျဖစ္နဲ႔သာ ဘာ့ဂ္ဗိန္း ေနရာမွာ လူစားလဲ႐ုံပဲ တတ္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ လီဗာပူးလ္တို႔အေနနဲ႔ စပါးစ္တို႔ရဲ႕ အမွားကိုပဲ ေစာင့္ကစားသြားခဲ့ၿပီး လူစားဝင္လာတဲ့ ေဘးလ္ထက္ တစ္ဖက္ခံစစ္က ပိုၿပီး အဆင့္ျမင့္ေနတာေၾကာင့္ ေမာ္ရင္ညိဳရဲ႕ ျပင္ဆင္မႈ၊ ဆုံးျဖတ္ခ်က္နဲ႔ ဗ်ဴဟာေတြ မွားခဲ့တဲ့ပြဲမွာ ယာဂန္ ကေလာ့ပ္ကေတာ့ ခံစစ္မွာ လူမစုံေပမယ့္လည္း ကြင္းလယ္၊ တိုက္စစ္ေတြအားနဲ႔ အႏိုင္သုံးမွတ္ကို စုေဆာင္းႏိုင္ခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ လက္ရွိခ်န္ပီယံတို႔အေနနဲ႔ ပြဲ ၂၀ ကစားအၿပီးမွာ ၃၇ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာ ခ်န္ပီယံေျပးလမ္းထဲက ထြက္မသြားေအာင္ ထိန္းသိမ္းထားႏိုင္ဆဲျဖစ္ၿပီး စပါးစ္ကေတာ့ ဒီလိုအခ်ိန္ေတြမွာ ထက္ျမက္မႈကို ျပသဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ဆိုရမွာျဖစ္သလို ပထမအေက်ာ့ အန္းဖီးလ္က ရႈံးေႂကြးကို မဆပ္ႏိုင္ခဲ့ဘဲ အဆင့္ ၆ မွာသာ ရပ္တည္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.