Premier League Transfer News

29 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ အသင်းမှာ ပုံစံကောင်းရရှိနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း ပြန်လည်ရယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ အနာဂတ်ကိုတော့ မဆုံးဖြတ်ရသေးဘဲ ရာသီကုန်ချိန်မှာ စဉ်းစားနိုင်မှာဖြစ်တယ်လို့ဆို။

– ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လက်ညှိုးထိုးစရာ တရားခံနှစ်ဦးဖြစ်ခဲ့ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ လူမျိုးရေးခွဲခြား ရှုတ်ချခံခဲ့ကြရတဲ့ နောက်ခံလူ အိတ်ဇယ်လ် တွမ်ဇီဘီနဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်တို့အတွက် ရှာဖွေဖော်ထုတ် အရေးယူသွားမယ်လို့ ယူနိုက်တက်တာဝန်ရှိသူတွေ ထုတ်ပြန်။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်မှာ ကျောက်ဆောင်ကြီးတစ်ခုဖြစ်လာခဲ့တဲ့ အဲရစ် ဘိုင်လီရဲ့ ကြံ့ခိုင်မှုကတော့ ထင်သလောက် ကြာကြာမခံခဲ့ဘဲ ပြီးခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ပွဲမတိုင် နောက်ဆုံးထရိန်နင်မှာ ထိခိုက်မိပြီး အာဆင်နယ်နဲ့ပွဲမှာလည်း ပါဝင်နိုင်ဖို့ မရှိဘူးလို့ တာဝန်ရှိသူတွေ ထုတ်ပြန်ခဲ့သလို လင်ဒီလော့ဖ်ကလည်း ပြန်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရ။

– အသင်းရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်ခဲ့တာ ကြာပြီဖြစ်တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အနေနဲ့ ဝက်စ်ဘရွန်းနဲ့ နယူးကာဆယ်လ်တို့ ဆီက ကမ်းလှမ်းမှုတွေကို ပယ်ချပြီး ယူနိုက်တက်နည်းပြဟောင်း ဒေးဗစ်မွိုက်စ် ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့။

– အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ၄-၄-၂ နဲ့ ၃-၅-၂ ဆန်ဆန် ကစားကွက်ကို အသုံးပြုလာနိုင်သလို အဲလက်စ် တဲလက်စ်ကို ကွင်းလယ်ဘယ်တောင်ပံမှာ လုခ်ရှောရဲ့ ရှေ့ကနေ သုံးစွဲလာဖွယ်ရှိနေ။

– ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ စိတ်ပျက်စရာပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဆက်စီအကျဆုံးပရိသတ်လို့ သတ်မှတ်ထားကြတဲ့ ဒိန်းမတ်မော်ဒယ် ကက်ထရီနာ မာရီယာအနေနဲ့ မျက်ရည်ကျခဲ့ရတယ်လို့ သူ့ရဲ့ အင်စတာဂရမ်ကနေ တင်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဦးဆောင်နေတဲ့ အသင်းတွေကို ပြန်လည်လိုက်မီနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး စပါးစ်ကို အနိုင်ရခဲ့တဲ့ ရုန်းအားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အထက်မှာ ရပ်တည်နိုင်စွမ်းကို ပြသလိုက်တာလို့ တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ် ကြုံးဝါး။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အထောင်တိုက်စစ်မှာ ယုံကြည်လို့ မရတဲ့ မာစီယယ်လ်ကို တောင်ပံမှာ သုံးစွဲဖို့သာ စဉ်းစားသင့်ပြီး ကာဗာနီရဲ့ အရန်တိုက်စစ်မှူးနေရာအတွက် အက်သလက်တီကို မက်ဒရစ်အသင်းကနေ ထွက်ခွာထားခဲ့တဲ့ ဒီယေဂို ကော်စတာကို အလွတ်နဲ့ ခေါ်ယူဖို့ ကွင်းလယ်လူဟောင်း ဂျေမီ အိုဟာရာတိုက်တွန်း။

– အသင်းမှာ အခန်းကဏ္ဍ မရှိတော့သလို အငှားနဲ့ ထွက်ကစားနေခဲ့ရတဲ့ နောက်ခံလူ မားကို့စ် ရိုဟိုကို ဘိုကာဂျူနီယာစ်အသင်းဆီ ရောင်းချဖို့ ယူနိုက်တက်တာဝန်ရှိသူတွေက သဘောတူလိုက်ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးရရှိမှာလား၊ စာချုပ်ဖျက်သိမ်းပေးခဲ့တာလား ဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ အရန်တိုက်စစ်မှူး တစ်နေရာအတွက် ရိုးမားအသင်းနည်းပြ ပေါ်လို ဖွန်ဆီကာနဲ့ မပြေလည်တဲ့ တိုက်စစ်မှူး အီဒင် ဂျက်ကိုကို ခေါ်ယူနိုင်ဖို့ အေးဂျင့်ဖြစ်သူက ကမ်းလှမ်းလာခဲ့တယ်လို့ သိရပြီး အသက် ၃၄ နှစ်အရွယ် ဘောစနီးယားသားအတွက် ငွေသုံးဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ပရိသတ်တွေ တစ်ညီတစ်ညွတ်တည်း တုံ့ပြန်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ အသင္းမွာ ပုံစံေကာင္းရရွိေနၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကိုလည္း ျပန္လည္ရယူႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ အနာဂတ္ကိုေတာ့ မဆုံးျဖတ္ရေသးဘဲ ရာသီကုန္ခ်ိန္မွာ စဥ္းစားႏိုင္မွာျဖစ္တယ္လို႔ဆို။

– ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ လက္ညႇိဳးထိုးစရာ တရားခံႏွစ္ဦးျဖစ္ခဲ့ၿပီး ဆိုရွယ္မီဒီယာေတြေပၚမွာ လူမ်ိဳးေရးခြဲျခား ရႈတ္ခ်ခံခဲ့ၾကရတဲ့ ေနာက္ခံလူ အိတ္ဇယ္လ္ တြမ္ဇီဘီနဲ႔ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္တို႔အတြက္ ရွာေဖြေဖာ္ထုတ္ အေရးယူသြားမယ္လို႔ ယူႏိုက္တက္တာဝန္ရွိသူေတြ ထုတ္ျပန္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခံစစ္မွာ ေက်ာက္ေဆာင္ႀကီးတစ္ခုျဖစ္လာခဲ့တဲ့ အဲရစ္ ဘိုင္လီရဲ႕ ႀကံ့ခိုင္မႈကေတာ့ ထင္သေလာက္ ၾကာၾကာမခံခဲ့ဘဲ ၿပီးခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ပြဲမတိုင္ ေနာက္ဆုံးထရိန္နင္မွာ ထိခိုက္မိၿပီး အာဆင္နယ္နဲ႔ပြဲမွာလည္း ပါဝင္ႏိုင္ဖို႔ မရွိဘူးလို႔ တာဝန္ရွိသူေတြ ထုတ္ျပန္ခဲ့သလို လင္ဒီေလာ့ဖ္ကလည္း ျပန္ကစားႏိုင္ဖို႔ မေသခ်ာေသးဘူးလို႔ သိရ။

– အသင္းရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္ခဲ့တာ ၾကာၿပီျဖစ္တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ ဝက္စ္ဘ႐ြန္းနဲ႔ နယူးကာဆယ္လ္တို႔ ဆီက ကမ္းလွမ္းမႈေတြကို ပယ္ခ်ၿပီး ယူႏိုက္တက္နည္းျပေဟာင္း ေဒးဗစ္မြိဳက္စ္ ကိုင္တြယ္ေနတဲ့ ဝက္စ္ဟမ္းကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့။

– အေဝးကြင္းမွာ ရင္ဆိုင္ရမယ့္ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ၄-၄-၂ နဲ႔ ၃-၅-၂ ဆန္ဆန္ ကစားကြက္ကို အသုံးျပဳလာႏိုင္သလို အဲလက္စ္ တဲလက္စ္ကို ကြင္းလယ္ဘယ္ေတာင္ပံမွာ လုခ္ေရွာရဲ႕ ေရွ႕ကေန သုံးစြဲလာဖြယ္ရွိေန။

– ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ စိတ္ပ်က္စရာပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဆက္စီအက်ဆုံးပရိသတ္လို႔ သတ္မွတ္ထားၾကတဲ့ ဒိန္းမတ္ေမာ္ဒယ္ ကက္ထရီနာ မာရီယာအေနနဲ႔ မ်က္ရည္က်ခဲ့ရတယ္လို႔ သူ႔ရဲ႕ အင္စတာဂရမ္ကေန တင္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ဦးေဆာင္ေနတဲ့ အသင္းေတြကို ျပန္လည္လိုက္မီႏိုင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး စပါးစ္ကို အႏိုင္ရခဲ့တဲ့ ႐ုန္းအားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အထက္မွာ ရပ္တည္ႏိုင္စြမ္းကို ျပသလိုက္တာလို႔ တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္ ႀကဳံးဝါး။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အေထာင္တိုက္စစ္မွာ ယုံၾကည္လို႔ မရတဲ့ မာစီယယ္လ္ကို ေတာင္ပံမွာ သုံးစြဲဖို႔သာ စဥ္းစားသင့္ၿပီး ကာဗာနီရဲ႕ အရန္တိုက္စစ္မႉးေနရာအတြက္ အက္သလက္တီကို မက္ဒရစ္အသင္းကေန ထြက္ခြာထားခဲ့တဲ့ ဒီေယဂို ေကာ္စတာကို အလြတ္နဲ႔ ေခၚယူဖို႔ ကြင္းလယ္လူေဟာင္း ေဂ်မီ အိုဟာရာတိုက္တြန္း။

– အသင္းမွာ အခန္းက႑ မရွိေတာ့သလို အငွားနဲ႔ ထြက္ကစားေနခဲ့ရတဲ့ ေနာက္ခံလူ မားကို႔စ္ ႐ိုဟိုကို ဘိုကာဂ်ဴနီယာစ္အသင္းဆီ ေရာင္းခ်ဖို႔ ယူႏိုက္တက္တာဝန္ရွိသူေတြက သေဘာတူလိုက္ၿပီျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးရရွိမွာလား၊ စာခ်ဳပ္ဖ်က္သိမ္းေပးခဲ့တာလား ဆိုတာကိုေတာ့ ထုတ္ျပန္ျခင္းမရွိခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အသင္းရဲ႕ အရန္တိုက္စစ္မႉး တစ္ေနရာအတြက္ ႐ိုးမားအသင္းနည္းျပ ေပၚလို ဖြန္ဆီကာနဲ႔ မေျပလည္တဲ့ တိုက္စစ္မႉး အီဒင္ ဂ်က္ကိုကို ေခၚယူႏိုင္ဖို႔ ေအးဂ်င့္ျဖစ္သူက ကမ္းလွမ္းလာခဲ့တယ္လို႔ သိရၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္ ေဘာစနီးယားသားအတြက္ ေငြသုံးဖို႔ကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ပရိသတ္ေတြ တစ္ညီတစ္ၫြတ္တည္း တုံ႔ျပန္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.