La Liga Ligue1 Premier League Transfer News

အက်သလက်တီကိုမှာ အလှထားတဲ့ တော်ရဲရားကို တကယ်သုံးမယ့် မိုနာကိုဆီ အာဆင်နယ်တို့ လွှဲပြောင်းပေးနိုင်မလား

အာဆင်နယ်အသင်းအနေနဲ့ ရှုပ်ထွေးမှုတွေ များစွာရှိနေပြီး အငှားချလိုက်အပြီးမှာ လာလီဂါနှစ်ပွဲသာ ကစားရသေးတဲ့ သူတို့ရဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို နောက်ထပ်တစ်သင်းဆီ ထပ်မံပို့ဆောင်သွားမလား စောင့်ကြည့်ရမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာတော့ အဖြူအမည်း သဲကွဲသွားမှာဖြစ်ပါတယ်။

သူတို့ရဲ့ ကစားသမားသစ် မာတင် အော်ဒီဂွါကို ကျောနံပါတ် ၁၁ ပေးအပ်လိုက်တာဟာ အငှားခေါ်ယူမှုတစ်ခုထက်ပိုပြီး အနာဂတ်အတွက် ရည်ရွယ်တယ်လို့ ဆိုလိုက်တာဖြစ်သလို ဒါက ဥရုဂွေးသားရဲ့ နံပါတ်ကို လွှဲပြောင်းပေးလိုက်တာလည်းဖြစ်လို့ အသင်းမှာ မရှိတဲ့သူရဲ့ နေရာကတော့ အတွေးပွားစရာဖြစ်ခဲ့ပြီး သူ့အတွက် ဆောင်းရာသီမှာ ဘာတွေဖြစ်လာနိုင်ဦးမလဲ စောင့်ကြည့်ရမှာပါ။

တော်ရဲရားကို ခေါ်ယူစဉ်က နည်းစနစ်ပိုင်းအတွက် တန်ဖိုးရှိတယ်လို့ ဆိုခဲ့ဖူးတဲ့ တီကိုဘက်ကနေ ပါတေးကို လက်လွှတ်လိုက်ရအပြီးမှာတော့ အာဆင်နယ်တို့အတွက် သိပ်ပြီး စေတနာရှိပုံ မပေါ်တော့ဘဲ သူတို့ကစားသမားကို အသုံးမချသလို ဆီမီယွန်နီအတွက်တော့ ဥရုဂွေးသားဟာ အသင်းရဲ့ အရန်အင်အား တောင့်တင်းဖို့ ရည်ရွယ်ချက်တစ်ခုအဖြစ် အလှထားသလိုသာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ သူ့ကို စီးရီးအေကလပ်အသင်းတွေနဲ့ ပြင်သစ်ကလပ် မိုနာကိုတို့က စိတ်ဝင်စားလာခဲ့ကြပြီး တီကိုအတွက် လာလီဂါ ၂ ပွဲနဲ့ လူစားဝင် ၇ ပွဲသာ ကစားထားခဲ့တဲ့ တော်ရဲရားအတွက် Principality လို့ ခေါ်တဲ့ မင်းသားပိုင်မြေက အသင်းကတော့ ဒီရာသီမှာ အငှားနဲ့ ရာသီကုန်မှာ အပြီးသတ်ခေါ်ယူမှုမျိုးဖြစ်တဲ့ သုံးနှစ်စာချုပ်ကို ပြင်ဆင်ထားခဲ့တာလို့ သတင်းတွေက ဖော်ပြနေခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ကတော့ တော်ရဲရားရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ ကြံ့ခိုင်မှုကို သံသယဖြစ်နေပြီး အသင်းမှာာလည်း အယ်လ်နန်နီ လောက်တောင် နေရာမပေးနိုင်တော့တဲ့ အခြေအနေမှာ စာချုပ်လက်ကျန်ရှိတုန်း စီးပွားရေးလုပ်ဖို့ စိတ်ကူးနေပြီး ခြောက်လအငှားနဲ့ ခေါ်ယူမယ့် အသင်းထက် ချည်နှောင်လို့ရမယ့် အသင်းကို ပိုပြီး စိတ်ဝင်စားချိန်မှာ မိုနာကိုတို့ ရှေ့တန်းရောက်လာခဲ့တာဖြစ်ပါတယ်။

နည်းပြသစ် နီကို ကိုဗက်ချ်ရဲ့ လက်ထဲမှာ ရည်မှန်းချက်ကြီးကြီးကို ပြန်လည်မွေးမြူထားတဲ့ မိုနာကိုအသင်းအနေနဲ့ တော်ရဲရားကို ဘာမှ ဖြစ်မလာနိုင်တဲ့ အသင်းတွေဖြစ်တဲ့ ဗလင်စီယာ၊ တိုရီနို၊ လာဇီယိုနဲ့ ဖီအိုရင်တီးနားတို့ထက်တော့ ပိုမိုဆွဲဆောင်နိုင်မှာဖြစ်ပြီး ပွဲအရေအတွက် ပြည့်အောင် မကစားရတဲ့ တော်ရဲရားအတွက် အာဆင်နယ်အသင်းဘက်က ကြားဝင်ဆုံးဖြတ်ခွင့်ရှိနေချိန်မှာ စာချုပ်ကို အက်သလက်တီကိုဆီက ရုပ်သိမ်းဖို့ကလည်း မခက်ခဲလှတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့ပိတ်ဖို့ ၄ ရက်သာ လိုတော့တဲ့အချိန်မှာ တနင်္လာနေ့အမီ ပူနွေးတဲ့ မြေထဲပင်လယ်ဒေသက မိုနာကိုဒေသဆီမှာ တော်ရဲရားကို မြင်တွေ့ရဖို့က ရာခိုင်နှုန်းများနေပြီး အခန်းကဏ္ဍနည်းပါးနေတဲ့ အာဆင်နယ်နဲ့ ဘာမှမထူးတဲ့ မက်ဒရစ်မြေမှာ ဆက်နေမယ့်အစား အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ သတင်းဌာနတွေဆီက ခန့်မှန်းမှု မြင့်တက်လာနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ရႈပ္ေထြးမႈေတြ မ်ားစြာရွိေနၿပီး အငွားခ်လိုက္အၿပီးမွာ လာလီဂါႏွစ္ပြဲသာ ကစားရေသးတဲ့ သူတို႔ရဲ႕ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ေနာက္ထပ္တစ္သင္းဆီ ထပ္မံပို႔ေဆာင္သြားမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာေတာ့ အျဖဴအမည္း သဲကြဲသြားမွာျဖစ္ပါတယ္။

သူတို႔ရဲ႕ ကစားသမားသစ္ မာတင္ ေအာ္ဒီဂြါကို ေက်ာနံပါတ္ ၁၁ ေပးအပ္လိုက္တာဟာ အငွားေခၚယူမႈတစ္ခုထက္ပိုၿပီး အနာဂတ္အတြက္ ရည္႐ြယ္တယ္လို႔ ဆိုလိုက္တာျဖစ္သလို ဒါက ဥ႐ုေဂြးသားရဲ႕ နံပါတ္ကို လႊဲေျပာင္းေပးလိုက္တာလည္းျဖစ္လို႔ အသင္းမွာ မရွိတဲ့သူရဲ႕ ေနရာကေတာ့ အေတြးပြားစရာျဖစ္ခဲ့ၿပီး သူ႔အတြက္ ေဆာင္းရာသီမွာ ဘာေတြျဖစ္လာႏိုင္ဦးမလဲ ေစာင့္ၾကည့္ရမွာပါ။

ေတာ္ရဲရားကို ေခၚယူစဥ္က နည္းစနစ္ပိုင္းအတြက္ တန္ဖိုးရွိတယ္လို႔ ဆိုခဲ့ဖူးတဲ့ တီကိုဘက္ကေန ပါေတးကို လက္လႊတ္လိုက္ရအၿပီးမွာေတာ့ အာဆင္နယ္တို႔အတြက္ သိပ္ၿပီး ေစတနာရွိပုံ မေပၚေတာ့ဘဲ သူတို႔ကစားသမားကို အသုံးမခ်သလို ဆီမီယြန္နီအတြက္ေတာ့ ဥ႐ုေဂြးသားဟာ အသင္းရဲ႕ အရန္အင္အား ေတာင့္တင္းဖို႔ ရည္႐ြယ္ခ်က္တစ္ခုအျဖစ္ အလွထားသလိုသာ ရွိေနခဲ့တာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ သူ႔ကို စီးရီးေအကလပ္အသင္းေတြနဲ႔ ျပင္သစ္ကလပ္ မိုနာကိုတို႔က စိတ္ဝင္စားလာခဲ့ၾကၿပီး တီကိုအတြက္ လာလီဂါ ၂ ပြဲနဲ႔ လူစားဝင္ ၇ ပြဲသာ ကစားထားခဲ့တဲ့ ေတာ္ရဲရားအတြက္ Principality လို႔ ေခၚတဲ့ မင္းသားပိုင္ေျမက အသင္းကေတာ့ ဒီရာသီမွာ အငွားနဲ႔ ရာသီကုန္မွာ အၿပီးသတ္ေခၚယူမႈမ်ိဳးျဖစ္တဲ့ သုံးႏွစ္စာခ်ဳပ္ကို ျပင္ဆင္ထားခဲ့တာလို႔ သတင္းေတြက ေဖာ္ျပေနခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ကေတာ့ ေတာ္ရဲရားရဲ႕ ကိုယ္လုံးကိုယ္ထည္နဲ႔ ႀကံ့ခိုင္မႈကို သံသယျဖစ္ေနၿပီး အသင္းမွာာလည္း အယ္လ္နန္နီ ေလာက္ေတာင္ ေနရာမေပးႏိုင္ေတာ့တဲ့ အေျခအေနမွာ စာခ်ဳပ္လက္က်န္ရွိတုန္း စီးပြားေရးလုပ္ဖို႔ စိတ္ကူးေနၿပီး ေျခာက္လအငွားနဲ႔ ေခၚယူမယ့္ အသင္းထက္ ခ်ည္ေႏွာင္လို႔ရမယ့္ အသင္းကို ပိုၿပီး စိတ္ဝင္စားခ်ိန္မွာ မိုနာကိုတို႔ ေရွ႕တန္းေရာက္လာခဲ့တာျဖစ္ပါတယ္။

နည္းျပသစ္ နီကို ကိုဗက္ခ်္ရဲ႕ လက္ထဲမွာ ရည္မွန္းခ်က္ႀကီးႀကီးကို ျပန္လည္ေမြးျမဴထားတဲ့ မိုနာကိုအသင္းအေနနဲ႔ ေတာ္ရဲရားကို ဘာမွ ျဖစ္မလာႏိုင္တဲ့ အသင္းေတြျဖစ္တဲ့ ဗလင္စီယာ၊ တိုရီႏို၊ လာဇီယိုနဲ႔ ဖီအိုရင္တီးနားတို႔ထက္ေတာ့ ပိုမိုဆြဲေဆာင္ႏိုင္မွာျဖစ္ၿပီး ပြဲအေရအတြက္ ျပည့္ေအာင္ မကစားရတဲ့ ေတာ္ရဲရားအတြက္ အာဆင္နယ္အသင္းဘက္က ၾကားဝင္ဆုံးျဖတ္ခြင့္ရွိေနခ်ိန္မွာ စာခ်ဳပ္ကို အက္သလက္တီကိုဆီက ႐ုပ္သိမ္းဖို႔ကလည္း မခက္ခဲလွတဲ့ အေျခအေနျဖစ္ပါတယ္။

ဒါေၾကာင့္ အေျပာင္းအေ႐ႊ႕ပိတ္ဖို႔ ၄ ရက္သာ လိုေတာ့တဲ့အခ်ိန္မွာ တနလၤာေန႔အမီ ပူေႏြးတဲ့ ေျမထဲပင္လယ္ေဒသက မိုနာကိုေဒသဆီမွာ ေတာ္ရဲရားကို ျမင္ေတြ႕ရဖို႔က ရာခိုင္ႏႈန္းမ်ားေနၿပီး အခန္းက႑နည္းပါးေနတဲ့ အာဆင္နယ္နဲ႔ ဘာမွမထူးတဲ့ မက္ဒရစ္ေျမမွာ ဆက္ေနမယ့္အစား အေျပာင္းအလဲျဖစ္လာႏိုင္တယ္လို႔ သတင္းဌာနေတြဆီက ခန႔္မွန္းမႈ ျမင့္တက္လာေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.